လက်သည်းခွံ အရောင်ကနေ သိနိုင်တဲ့ သင့်ရဲ့ ကျန်းမာရေး…

မိန်းကလေးတွေရဲ့ထူးခြားတဲ့ အလှပတွေထဲမှာ လက်သည်းအလှပကလည်း ကိုယ်ခန္ဒာအစိတ်ပိုင်းတွေထဲမှာ အရေးပါဆုံး အရာတစ်ခုဖြစ်လာတယ်။ လက်သည်းအရောင်တွေ က သင့်ရဲ့ကျန်းမာရေးနဲ့ ဘယ်လိုမျိုးပက်သတ်နေလဲ? လက်သည်းခွံအရောင်ဖြူဖျော့ခြင်း သူ့အရောင်က ဖြူဖျော့ပြီး ပန်းရောင်အနည်းငယ်သန်းသလိုလိုရှိလိမ့်မယ်။ ကျန်းမာရေးသတိထားရမှာကတော့ ဆီးချိုရောဂါ , နှလုံး နဲ့ ကျောက်ကပ် အသည်း ရောဂါတို့အဖြစ်များတတ်ကြပါတယ်။ သူတို့တွေက သွေးအားနည်းတယ်။ သံဓာတ်ချို့တဲ့တယ်။ ဒါကြောင့် သွေးအားကောင်းအောင် အစားသောက်စားဖို့လိုအပ်ပါတယ်။ လက်သည်းခွံ နီညိုရောင် ဖြစ်ခြင်း လက်သည်းခွံအရောင်က နီသလိုလို ညိုသလိုလို ရှိနေမယ်ဆိုရင် သူက နှလုံးရောဂါသေချာပေါက် ခံစားနေရမှာဖြစ်တယ်။ဒါ့အပြင် လက်သည်းခွံအောက်မှာ အဖြူရောင် စက်ဝိုင်းခုံးလေးလို လက်သည်းပွင့်ရှိနေမယ်ဆိုရင်တော့ အရေပြားရောဂါ ဖြစ်နိုင်တယ်။ လက်သည်းခွံအရောင်ဝါခြင်း လက်သည်းခွံအရောင်ဝါတတ်တာကတော့သက်ကြီးပိုင်းတွေအဖြစ်များကြပါတယ်။ လက်သည်းခွံဝါနေပြီးတော့ လက်သည်းခွံကအလိုလိုကွဲလာမယ်။ ဘာကြောင့် လက်သည်းဝါနေရတာလဲဆိုတော့ ဆေးလိပ်သောက်လို့အဖြစ်များတာပါဘဲ။ အဆုတ် နဲ့ အသည်း ကျန်းမာရေးကို … Read more

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ဓမ္မတာလာခြင်းနဲ့ပတ်သက်ပြီး ဒါတွေကိုသိထားသင့်ပါတယ်

ကလေးပေါက်စလေးအဖြစ်ကနေ အပျိုပေါက်လေးအဖြစ်ပြောင်းလဲလာချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကြုံရနိုင်သလို ရာသီသွေးဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာမှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့လိုပါမယ်။ ရာသီလာတာက ရှောင်လွှဲလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး ရာသီလာတာက အပျိုဖော်ဝင်တဲ့ မိန်းကလေးတိုင်း တွေ့ကြုံရမယ့် ကိစ္စဖြစ်ပြီး မိန်းကလေးတိုင်းဘဝမှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဆိုတာကို လက်ခံထားဖို့လိုပါမယ်။ ရာသီလာရင် ဘယ်လောက်ကြာမလဲ ရာသီလာတဲ့အခါ ပုံမှန်အားဖြင့် ၃ ရက်ကနေ ၅ ရက်အတွင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ရာသီသွေးဆင်းတာကလည်း နည်းတဲ့သူက နည်းနိုင်ပြီး များတဲ့သူကများနိုင်ပါတယ် ဘယ်အချိန်မှာ ရာသီစလာတတ်လဲ များသောအားဖြင့်ကတော့ အသက် ၁၂ နှစ် ကနေ ၁၃ နှစ်ဝန်းကျင်မှာလာတတ်ပါတယ်။ ဒီထက်ပိုစောနိုင်သလို နောက်ကျတာမျိုးလည်းရှိနိုင်ပါတယ်။ ရာသီလာချိန်မှာ ဘယ်လိုတွေခံစားရနိုင်လဲ ရာသီလာတိုင်းမှာ အခုလိုတွေမဖြစ်မနေခံစားရနိုင်တာမဟုတ်ပေမယ့် ခံစားရနိုင်ခြေတော့ရှိပါတယ်။ မအီမသာဖြစ်မယ် – … Read more

ဇတ်တော်ထဲက မိန်းမပျက် အင်္ဂါရပ် (၂၅)ရပ် ပြည့်တန်ဆာတူတဲ့ မိန်းမဆိုတာ

မိန်းမပျက်​အင်္ဂါ ၂၅ ချက်​ ၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။ ၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။ ၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။ ၄။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။ ၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။ ၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။ ၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။ ၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။ ၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။ ၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။ ၁၁။ လင်ကို ကျောပေးအိပ်ခြင်း။ ၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။ ၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။ ၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို … Read more

ရောက်ရောက်ချင်းနေ့ပဲ အိမ်ရှင်ရဲ့ လက်ဝတ်ရတနာ သိန်း (၅၀) ဖိုးကို မ သြားတဲ့ အိမ်ဖော်

ရောက်ရောက်ချင်းနေ့ပဲ အိမ်ရှင်ရဲ့ လက်ဝတ်ရတနာ သိန်း (၅၀) ဖိုးကို မ သြားတဲ့ အိမ်ဖော် ဒီပို့စ်ကို တင်ရင်ကောင်းမလား မတင်ဘဲနေရင် ကောင်းမလား စဉ်းစားနေမိတာ။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်တာတော့ အမှန်ပါ။ ဒါပေမယ့် ကိုယ့်လို တစ်ခြားသူတွေကို မဖြစ်စေချင်လို့ တင်ဖို့ ဆုံးဖြတ်လိုက်တာပါ ပုံပါအမျိုးသမီးဟာ ကျွန်မအဒေါ်အိမ်မှာ အိမ်အကူလိုလို့ အေးဂျင့်ကနေ တစ်ဆင့် ရောက်လာပါတယ်။ ဒီကြားထဲမှာ အဒေါ်မိသားစုလည်း အိမ်ပြောင်းတဲ့ကိစ္စနဲ့ အလုပ်တွေတော့များနေတာ ဟိုဘက်အိမ်ကပစ္စည်း ဒီဘက်အိမ်ရွှေ့နေတာ သူရောက်လာတဲ့နေ့မှာပဲ အိမ်ဟောင်းကိုသန့်ရှင်းရေးလုပ်ဖို့ပြောခဲ့တယ် အဲ့ရောက်တဲ့ညမှာပဲ သူက ဘီဒိုထဲထည့်ထားတဲ့ လက်ဝတ်ရတနာ သိန်း (၅၀) ဖိုးရှိပါတယ် ယူပြီး ညတွင်းချင်းပဲ ပြန်သွားခဲ့တယ်။ သူ့ပုံ CCTV မွာ မှတ်တမ်းရှိတယ်။ အေးဂျင့်ကိုပြောတော့လည်း အေးဂျင့်က သူ့လိပ်စာ အတိအက် … Read more

ဒီလိုအချက်တွေရှိတဲ့မိန်းမကို သင်လုံးဝမယူပါနဲ့…

ချစ်သူရွေးကြတဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာလဲ။ တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ် (၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ် သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး … သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင် သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ…။ (၂) စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ် တခါတရံ ကိုယ်ချစ်တဲ့သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။ … Read more

သင်ကြိုက်တဲ့ အရောင်တွေကပြောတဲ့ သင့်အကြောင်း

လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက် တဲ့အရောင်တွေ ကိုယ်စီ ရှိကြ ပါတယ်။ အဲ့လို မတူညီတဲ့အရောင်တွေပေါ် အခြေခံပြီး လူတွေရဲ့ စိတ်နေ စိတ်ထားလေးတွေကို ပြောပြပေးချင်ပါတယ်။ (၁) အနီရောင် အနီရောင် ကြိုက်တဲ့ သူတွေက ရဲရင့်ပြီး ပြတ်သားကြ ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အားအင်အပြည့်ရှိတဲ့ သူတွေလည်း ဖြစ် ပါတယ်။ စူးစမ်းလေ့လာ ရတာကို ကြိုက်နှစ်သက်ကြတဲ့သူတွေ ဖြစ်ပြီး ရည်မှန်းချက်တွေ၊ စိတ်အား ထက်သန် မှုတွေနဲ့ ပြည့်နှက်နေ သူတွေလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့တွေက ပြိုင်ဆိုင် လိုစိတ်လည်း ပြင်းထန် ကြပါတယ်။ (၂) အဝါရောင် အဝါရောင်ကြိုက်တဲ့သူတွေက ပျော်ရွှင်မှုနဲ့ လေ့လာ ရတာကို ကြိုက်တဲ့ သူတွေဖြစ် ပါတယ်။ အကြံဉာဏ် အသစ်တွေ၊ ကိုယ်စုဆောင်း … Read more

မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးညမှာ ကွာရှင်းပြတ်စဲခြင်း…

မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအနံ့ အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။ သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်….ရှင့်အမေကော မစားဘူးလား.…?ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် …. သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်…ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်ပြောတော့..အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။ ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲ   ငြင်းဆိုရာကနေနောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။ နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။ လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။ အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင် ဖြတ်သန်းနေတယ်…။နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမက နေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။ လမ်းခုလတ်တနေရာမှာလူတစ်ယောက်ဟာဟောင်းနွမ်းစုတ်ပြတ်တဲ့အဝတ်အစားဝတ်ဆင်လျက် အလွန်ဆာလောင်မွတ်သိပ်စွာတောင်းရမ်းနေတဲ့သူတစ်ယောက်ကိုတွေ့တော့ … Read more

သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ

သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ လူတော်တော်များများက တစ်ခြားသူတွေရဲ့ အမြင်တွေကို အရမ်းဂရုစိုက်တတ်ကြသလို သူများတွေဆီမှာ အကောင်းမြင်ရဖို့အတွက် လူတွေရဲ့ အကြိုက်ကို လိုက်တတ်ကြပါတယ်။ ဒီလိုမျိုး သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်လုပ်နေတာများတဲ့အခါ ကိုယ့်ရဲ့ ပုံစံအမှန်ဟာ ပျောက်ကွယ်သွားတတ်တာပါပဲ။ ဒီတော့ သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်ပြီး သူများတွေဆီမှာ အမြဲတမ်း အကောင်းမြင်နေရဖို့ ကြိုးစားနေစရာမလိုပါဘူး .. ။ (1) နေရတကာမှာ သူများအကြိုက် လိုက်နေစရာ မလိုပါဘူး သူများဆီက အကောင်းမြင်ခံရဖို့အတွက် တစ်ခြားသူတွေရဲ့ အကြိုက်လိုက်ပေးရတာဟာ အရမ်းကိုပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ ကိုယ်မလုပ်ချင်တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ငဲ့ကွက်ပြီး လုပ်ပေးနေစရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်မကြိုက်တဲ့၊ ကိုယ်မလုပ်ချင်အရာအတွက် ငြင်းဆိုတတ်တာမျိုးကသာ ကိုယ့်အတွက် … Read more

နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော်

နှလုံးလမ်းကြောင်းက ပြောတဲ့ အချစ်ရေး… လက်ဖ၀ါးကိုကြည့် လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေ တာတွေ့ရပြီး လက္ခဏာ ဆရာတွေ ကတော့ အချစ်ရေး ဘ၀နဲ့ အလုပ် အကိုင် စတာတွေကို ဟောပြော နိုင်ပါတယ်။ ဗေဒင်ရယ်လို့ မဟုတ်ပေမယ့် စာဖတ်သူတို့ အတွက် အပျော်သဘော အနေနဲ့ နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော် …။ နှလုံးလမ်းကြောင်း နှလုံးလမ်းကြောင်းက လက်ဖ၀ါးရဲ့ အလည် လက်သည်းရဲ့အောက် နားထိရောက် တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ် ဖက်ကို အတူတူစပ် လိုက်လို့ နှလုံး လမ်းကြောင်းက လခြမ်း လိုပုံစံမျိုးဖြစ် သွားလား ဒါမှမဟုတ် တပြေးညီဖြစ် သွားလားဆိုတာကို အရင်ကြည့် လိုက်ပါနော် … လခြမ်း” နှလုံးလမ်းကြောင်းကပြောတဲ့ … Read more

အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု….

အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု သူများတွေများကြည့်လိုက်ရင် မျက်နှာ အသားအရေလေးက နူးညံ့ချောမွတ် ဝင်းပလို့ဆိုပြီး အားကျရတဲ့ အဖြစ်မျိုး ကြုံဖူးကြတယ်မဟုတ်လား။ နဂိုကိုမှ အသားအရေေ ကာင်းတဲ့ လူတွေရှိပေမယ့်လို့ အသားအရေေ ကာင်းအောင် lifestyle တစ်ခုလုံး စည်းစနစ်ကျကျ သွားနေတဲ့လူတွေလည်း ရှိနေပါတယ်။ ဒါဆိုရင် အဲဒီလူတွေ မနက်တိုင်း အသားအရေေ ကာင်းအောင် ဘယ်လိုတွေ လုပ်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မျက်နှာသစ်ဆေးရွေးချယ်မှု မနက်ပိုင်းဟာ ညပိုင်းမျက်နှာသစ် တာလောက် သိပ်ပြီး ဂျေးဖုန်တွေ မများတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အားပြင်းတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးဘဲ ပျော့တဲ့ မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပါတယ်။ (၂) နေရောင်ကိုကြောက်ကြတယ် မနက်မိုးလင်းတာနဲ့ နေရောင်ကာ ခရင်ကို လိမ်းလေ့ရှိကြပါတယ်။ အပြင်သွားမှမဟုတ်ဘဲ တီဗီ၊ … Read more