CDM ဝန်ထမ်းများ၊ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသူများ စစ်တပ်အရာရှိများနှင့် ထိမ်းမြားခွင့်မပြုကြောင်း ညွှန်ကြားထား စစ်တပ်အရာရှိများ လက်ထပ်ထိမ်းမြားမည့်သူ များတွင် CDM ပြုလုပ်ထားသူ (သို့မဟုတ်) စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က ) ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများ ဖြစ်ပါက လက်ထပ်ထိမ်းမြားခွင့်မပြုကြောင်း သတင်းရရှိသည်။ စစ်တပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အိမ်ထောင်မရှိသေးသူ အရာရှိများအနေဖြင့် လက်ထပ်ခွင့်တင်ပြရာတွင် ၄င်းကဲ့သို့ CDM နှင့် ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ပါက လက်ထပ်ခွင့်မပြုခြင်းသာဖြစ်ပြီး အရေးယူခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ စစ်ရေးချုပ်ရုံး၏ ညွှန်ကြားချက်အရ သိရသည်။ ကာယကံရှင်အရာရှိအနေဖြင့် ၄င်းနှင့်ထိမ်းမြားမည့်သူသည် CDM ပြုလုပ်နေသူ(သို့မဟုတ်) ဖမ်းဝရမ်းထုတ်ခံထားရသည်ကို မသိရှိဘဲ ၄င်းနှင့်ထိမ်းမြားမည့်သူ ဇနီးလောင်းမှ လက်ထပ်ခွင့်တွင် ထိန်ချန်၍ လိမ်လည်ရေးသွင်း တင်ပြပါက […]
Day: July 10, 2021
ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်၀န်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကိုဗစ်ကူး စက်ခံခဲ့ရတယ်လို့သိရပါတယ်။ ကိုယ်၀န်ဆောင်ထားရချိန်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက်စိတ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ…… အခုလို ကိုယ်၀န်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ “ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….ကိုယ်ဝန် ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့…..ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ 😁 ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေ တာလို့ပဲ ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး လူမမာကြီးလို […]
၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှုး အပါအဝင် တပ်ဖွဲ့ဝင် ၁၈၀ ထက်မနည်းသေဆုံး
စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၈၀ ဦး သေဆုံးကြောင်း စစ်ကိုင်းPDF က ယနေ့ သတင်းထုတ်ပြန်သည်။ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် KIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်များဖြစ်သည့် တပ်မ (၈၈)၊ ကသာတပ်ရင်း (၃၀၄) နှင့် (၃၀၉) တို့ကို မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ ဇူလိုင်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် PDF နှင့် KIA က ထောင်ထားသောမိုင်း (၂) လုံးမိသဖြင့် စစ်ကောင်စီအဖွဲ့ဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ […]
ထွက်လက်စတောင်ပံ တန်းလန်းကြီးဆိုတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာအငြိမ်းကို အသဲခွဲသွားတဲ့ စာရေးဆရာ
ထွက်လက်စတောင်ပံ တန်းလန်းကြီးဆိုတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာအငြိမ်းကို အသဲခွဲသွားတဲ့ စာရေးဆရာ မင်္ဂလာပါ စာဖတ်သူတို့ခင်ဗျာ … ဆရာမလေးအငြိမ်းကိုတော့ စာဖတ်ပရိတ်သတ်တွေ သိကြမယ်ထင်ပါတယ်။ တောင်တန်းမြေမှာ ပရဟိတတွေလုပ် ဆေးတွေကုပေးနေရင်းနဲ့ ပြည်သူတွေရဲ့ ချစ်ခင်ခြင်းကို ခံနေရတဲ့ ဒေါက်တာအငြိမ်းရဲ့ ဒီနေ့ရင်ဖွင့်သံလေးတွေကို စာဖတ်သူတို့ အတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။ ဒေါက်တာအငြိမ်းဟာ သိပ်ပြီးကိုယ်ကျိုးစွန့်တက်တဲ့ ပြည်သူ့ ဆရာဝန်မလေးပါ… အခုတော့ စစ်ဘေးရှောင်ပြည်သူတွေကြားမှာ မေတ္တာအလင်းရောင်တွေပေးနေတဲ့ မီးအိမ်ရှင်မလေး။ သူပေါ့… ကျွန်တော်အားကျရတဲ့ အမျိုးသမီး။ သူပေါ့…မိဘက ကြိုးစားပြီး ဆေးကျောင်းထားတာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ။ သူပေါ့…မိန်းကလေးတန်မဲ့ သာမန်ယောကျာ်းလေးတွေ မလုပ်နိုင်တဲ့ စွန့်စားမှုမျိုးလုပ်နိုင်တဲ့ အာဂ အမျိုးသမီးလေးပေါ့။ သူပေါ့… ကိုယ်ကျိုးကို မငဲ့ပဲ တစ်ခါမှမတွေ့ဘူး မစုံဘူးတဲ့ လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ့ စိတ်ရောလူပါ ကူညီနေလိုက်တာ။ […]
ကိုဗစ် ကာလ ကိုယ်ခံအားတက်စေပြီး ကုန်ကျစရိတ် သက်သာစေမယ့် အစားအစာများ”
(၁) ထမင်း၊ ဆီ၊ ပဲပြုတ် (၁၀ သားလောက် ကို မိသားစု ၃ ယောက် လောက်မျှစားရင် အသားဓါတ်လဲ အတော်အသင့်ရပြီး၊ ကုန်ကျစရိတ်သက်သာစေပါတယ်) (၂) ထမင်းဆီဆမ်း၊ ကြက်ဥကြော် (၃) ထမင်းဆီဆမ်း၊ မြေပဲလှော် (၄) ပေါင်မုန့်၊ ကြက်ဥ (၅) နွားနို့ နှင့် ပေါင်မုန့် (၆) ပဲပြုတ်၊ ကောက်ညှင်းပေါင်း (၇) ပဲဟင်း၊ ထမင်းဆီဆမ်း အခု ကျွန်တော်ပြောပြထားတာ ဥပမာ သာ ဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါကာကွယ်ဖို့ အတွက် လက်ဆေး၊ mask တပ်၊ လူစုလူဝေး ရှောင်ဖို့ လိုသလို၊ အာဟာရပြည့်အောင် စားဖို့ ကလဲ လိုပါတယ်။ အခု လို အချိန်မှာ ဝင်ငွေတွေလဲ […]
၇ ရက်ကြာရင် ပြန်ကောင်းမယ်လို့ ယုံကြည်လိုက်ပါ
၇ ရက်ကြာရင် ပြန်ကောင်းမယ်လို့ ယုံကြည်လိုက်ပါ သတိပြုရန်များ… ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။ ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။ အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ) စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ […]
ကုန်းဘောင်ခေတ်က အထက်မြက်ဆုံး မိဖုရားကြီး (သို့) စကြာဒေဝီ
ကုန်းဘောင်ခေတ် မိဖုရားများဟု ဆိုလိုက်လျှင် အလွန်ကျော်ကြားလှသည့် နန်းမတော်မယ်နု ၊ ဆင်ဖြူမရှင် နှင့် စုဖုရားလတ် တို့ကိုသာပြေးမြင် မိကြပေလိမ့်မည်။ သူတို့ကျော်သည် ဆိုရာမှာ မာနကြီးသည့်ဘက် ၊ မကောင်းသည့်ဘက် တို့တွင် ကျော်ကြားခြင်း ဖြစ်သည်။ သမိုင်းတွင် သူတို့အား မိဖုရားဆိုးများအဖြစ် မှတ်တမ်းတင်ခဲ့သည်။ သူတို့နှင့် ဆန့်ကျင်စွာ တိုင်းပြည်မင်းအား ဦးဆောင်လမ်းပြကာ အကျိုးပြုသွားခဲ့သည့် အလွန်ထူးချွန်ထက်မြက်သော မိဖုရားကြီးတစ်ပါးလည်းရှိခဲ့သည်။ မင်းတုန်းမင်း၏ တောင်ညာစံ မိဖုရားခေါင်ကြီး စကြာဒေဝီပင်ဖြစ်သည်။ စကြာဒေဝီသည် သာယာဝတီမင်း နှင့် မိဖုရားခေါင်ကြီးတို့မှ မွေးသော မင်းသွေးစစ်စစ် ဘုရင့်သမီးတော်ဖြစ်သည်။မွေးချင်း ၆ဦး ရှိခဲ့သော်လည်း စကြာဒေဝီ နှင့် မောင်တော်ပုဂံမင်းသားတို့သာ အသက်ရှင်သည်။ စကြာဒေဝီသည်ငယ်စဉ်ကတည်းကပင် စာပေဝါသနာပါပြီး ဗေဒင်အတတ် ၊ နက္ခတ်ဝေဒပညာ ၊ ကဗျာလင်္ကာရေးဖွဲ့သော အတတ်များကို […]
ညီထွဠ်ခေါင်ရဲ့ချစ်သူကောင်မလေးနှလုံးရပ်ပြီးနေအိမ်တွင် ကွယ်လွန်
ညီထွဠ်ခေါင်ရဲ့ချစ်သူကောင်မလေးနှလုံးရပ်ပြီးနေအိမ်တွင်ကွယ်လွန် ညီထွဠ်ခေါင်ရဲ့ ချစ်သူကောင်မလေးက ဇူလိုင် ၁၀ ရက်နေ့တွင် နှလုံးရပ်ပြီး နေအိမ်၌ ကွယ် လွန်သွားတယ်လို့ သိရှိရပါတယ်.. “မမေက Covid ကြောင့်ဆုံးတာလားဆိုတာတော့ အတပ်မပြောနိုင်ဘူး၊ ဆေးရုံမှာ ဆေးသေချာမစစ်ရသေးတော့လေ၊ နှလုံးရပ်ပြီး ဆုံးသွားတယ်လို့ ပြောလို့ရပါတယ်၊ အိမ်မှာဘဲ ဆုံးသွားတာပါ၊ ဆေးရုံသွားပြီးအချိန်မီ မကုလိုက်ရဘူး၊ ကျွန်တော်တို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် နေမကောင်းဖြစ်နေပြီ ” ဆိုပြီး မမေရဲ့ မိတ်ဆွေတစ်ဦးမှ 8days သို့ ေပြာပြခဲ့ပါတယ်.. သရုပ်ဆောင်ကျော်ကျော်က ” မောင်လေး ချစ်ရတဲ့မမေ… ဒီပုံလေးဟာ နောက်ဆုံးရိုက်ယူခဲ့မိတဲ့ ပုံလေးဖြစ်လိမ့်မယ်လို့မထင်ခဲ့မိဘူးဗျာ… အပူတေများတဲ့လောကကြီးကနေ ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါတော့နော်R. I. P”လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်းရေးသားထားခဲ့ပါတယ် Zawgyi ညီထွဠ်ခေါင်ရဲ့ချစ်သူကောင်မလေးနှလုံးရပ်ပြီးနေအိမ်တွင်ကွယ်လွန် ညီထွဠ်ခေါင်ရဲ့ ချစ်သူကောင်မလေးက ဇူလိုင် ၁၀ […]
ကင်းမွန် အစာသွတ်ကြော်ပြုလုပ်နည်း
-ကင်းမွန်ကို ကိုင်တွယ်ဆေးကြောထားပါ။ကင်းမွန်ထဲကိုသွတ်မည့်အဆာအဖြစ် ကြက်သား၊၀က်သား၊ ပုစွန်တို့ကို သုံးနိုင်ပါတယ်။ -အဆာလုပ်မည့်အသားကို ရေဆေးသန့်စင်ပြီး ဆား၊အချို မှုန့်နည်းနည်းစီထည့်ပါ။ ဂျင်းနဲ့ကြက်သွန်ဖြူ ထောင်းထည့်ပါ။ (အစပ်လိုချင်ရင် ငရုတ်သီးစိမ်းပါထည့်ပါ။) ပြီးရင် အားလုံးရောပြီး ညက်နေအောင်နုတ်နုတ်စင်းပါ။ ပြီးရင် နှမ်းဆီမွှေးနည်းနည်းထည့်နယ်ပြီး သန့်စင်ထားတဲ့ကင်းမွန်ကိုယ်လုံးထဲကို အစာတွေအပြည့်သိပ်ပါ။ အကြော်-အိုးထဲကို အစာသွတ်ထားတဲ့ကင်းမွန်တွေကို အသာအယာလေးစီ ထည့်ပီး ကြော်ပါ။ ကင်းမွန်အစာသွတ်ကြော်ကို ပန်းကန်ထဲစီထည့်ပြီး နံနံပင်တို့နဲ့အလှဆင်နိုင်ပါတယ်။ Credit:မူရင်းရေးသားသူ
ခုလိုကိုဗစ်ကာလမှာ အသက်ရှုကြပ်လာပီး အောက်စီဂျင်မရသလို ဖြစ်ပါက ပင်စိမ်းပင်ကိုအသုံးပြုပါ
ခုလိုကိုဗစ်ကာလမှာ အသက်ရှုကြပ်လာပီး အောက်စီဂျင်မရသလို ဖြစ်ပါက ပင်စိမ်းပင်ကိုအသုံးပြုပါ ရုတ်တရက် အသက်ရှုကြပ်လာပြီးအောက်စီဂျင်လဲ မရခဲ့သေးရင်ပင်စိမ်းရွက်ကိုထောင်းပြီး အရည်ကိုဆားခတ်ပြီးသောက်ပါ။ပင်စိမ်းပင်က နာရီပေါင်း၂ဝကြာအောင် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း 1. ပင်စိမ်း အရွက်ကိုနေတိုင်းစားပေးခြင်းအားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ်တက်သောရောဂါများ ကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ။ 2. ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။ 3. ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ရေချိုးပါက ချွေးအနံ့ မထွက်အောင်ကာကွယ်ပေးသည်။ 4. ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သောဝဲ နှင်းခူ နှင့် ယားနာများပျောက်ကင်းသည် ။ 5. ပင်စိမ်းစေ့ကို ကောင်းစွာကြိတ်ပြီးစားပေးလျှင် […]









