ၾကားသိရသမွ်

ပရဟိတအလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့ရတဲ့ ကိုစွမ်းပြည့်ရဲ့နောက်ဆုံးခရီးပုံရိပ်များ

ဒီကာလမှာ ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနေကြတဲ့သူတွေကတော့ ပြည်သူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တော်ပရဟိတသမားတွေလည်း ထွက်ပေါ်လာပြီး စေတနာ၊မေတ္တာ၊ဂရုဏာတွေနဲ့ ပြည်သူအချင်းချင်းကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပရဟိတအဖွဲ့အစည်းတွေကလည်း ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေရှိပေးနေကြတာဖြစ်ပါတယ်။ပရဟိတလူငယ်တွေကလက်ရှိအခြေအနေမှာ ကိုဗစ်နဲ့ကျည်ဆံတွေကို အံတုပြီး ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ပရဟိတလူငယ်လေးတစ်ဦးဖြစ်တဲ့ ကိုစွမ်းပြည့်က မန္တလေးတိုင်း၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှာ ပရဟိတလုပ်လာတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ စိတ်သဘောထားပြည့်ဝပြီး ကူညီချင်စိတ်ရှိတဲ့ကိုစွမ်းပြည့်က အခုဆိုရင်တော့ ကိုဗစ်ကူးစက်ခံရပြီး အဲ့ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။ကိုစွမ်းပြည့်နဲ့ရင်းနှီးခင်မင်တဲ့ မိတ်ဆွေ၊သူငယ်ချင်းတစ်ချို့ကလည်း ကျည်ဆန်တွေကြားမှမသေဘဲ ကိုဗစ်ကြောင့်သေသွားရလို့အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။ ကိုစွမ်းပြည့်ရဲ့ နောက်ဆုံးခရီးကိုလည်း မိတ်ဆွေအများအပြားက လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။အသက်ရှိနေစဉ်ကာလတစ်လျှောက်လုံး အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ကိုစွမ်းပြည့်ကတော့ သူချစ်တဲ့ပရဟိတအလုပ်ကို စွန့်ခွါသွားခဲ့ပြီဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေတဲ့ ပရဟိတလူငယ်လေး ကိုစွမ်းပြည့် ကြွေလွင့်သွားတာကြောင့် ပြည်သူတွေလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းနေရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Source&Photo Credit: Original Uploder […]

ၾကားသိရသမွ်

အဝါရောင် သင်္ကေတကို သုံးပေးပါ…

အဝါရောင် သင်္ကေတကို သုံးပေးပါ အိမ်ရှိလူအကုန် နေမကောင်းဖြစ်ပြီး အကူအညီအထောက်အပံ့ လိုအပ်ခဲ့ပါကအဝါရောင်နဲ့ပတ်သတ်တဲ့ သင်္ကေတလေး မိမိအိမ်ရဲ့ပတ်ဝန်းကျင်ရှိ လူမြင်သာတဲ့နေရာမှာ ထုတ်ပေးထားပါ ဈေးဝယ်ဖို့ / ဆေးဝယ်ဖို့ သွားရလာရခက်ခဲတာကအစ စားရေးသောက်ရေးခက်ခဲသွားတာအထိ အကူအညီပေးနိုင်ရန် ရည်ရွယ်ပါတယ် ။ အဝါရောင်ဟာ ပျော်ရွှင်ခြင်းအရောင်မို့ ဒီအရောင်လေးပဲသုံးပါရစေ ။ အရင် quarantine center တွေကိုတောင် ပြည်သူအချင်းချင်း စားရေးသောက်ရေး support ခဲ့တာမို့ ခုကိုယ့်အနီးအနား ကိုယ့်ပတ်ဝန်းကျင်ကို တခါပြန်ကူညီပေးကြဖို့ တောင်းဆိုပါရစေရှင် 🙏 – ဒီစကားလေး လက်ဆင့်ကမ်းပေးပါ ။ – ဒီ post ကလေး ပျံ့နှံ့စေဖို့ ပထမဆုံးအကြိမ် share ပေးဖို့လဲ ထပ်တောင်းဆိုပါရစေ 🙏 yellow symbol အိမ်လေးတွေကို တွေ့ခဲ့ရင် သတင်းပေးကြပါဘယ်လမ်းက […]

ၾကားသိရသမွ်

Go Away Min Aung Hlaing – Go Ayay!

နံနက် ၇ နာရီကျော်ပင်ရှိသေး၊ သူငယ်ချင်းတစ်ဦး၏ ဖုန်းဝင်လာသဖြင့် ထိတ်ခနဲစိတ်က တရိပ်ရိပ်ဒီ တက်လာသည်။ မျှော်လင့်ထားသလိုပင် သတင်းက သတင်းဆိုး။ ကျနော်တို့ဘော်ဒါ တစ်ယောက် မကြာသေးမီကပင် ဆုံးပါးသွားခဲ့ပြီတဲ့။ ကျနော်က ရန်ကုန်နှင့်ဝေးသော ဟိုး…အညာမြို့လေးသို့ ရောက်ရှိနေသည်မှာ နည်းနည်းကြာပြီမို့ ယခု လတ်လတ်ဆတ်ဆတ် ကွယ်လွန်သွားသော မိတ်ဆွေ ကိုဗစ်ကူးစက်ခံထားရမှန်း မသိလိုက်။ သူနှင့်လူ ချင်းမဆုံဖြစ်ကြတာလည်း နှစ်အတန်ငယ်ကြာခဲ့။ ကျနော့်အသိုင်းအဝိုင်းကြား ပထမဆုံးကွယ်လွန်ခြင်း သတင်းကို ရုတ်တရက်ကြားရသဖြင့် ရှော့ခ်ဖြစ်ရသည်။ ဖြစ်စဉ်ကိုမေးကြည့်တော့ ကိုဗစ်ရောဂါနှင့်အတူ နာမည်ကြီးနေသော အောက်ဆီဂျင်ကျခြင်းပြဿနာ ဆိုးဖြစ်သည်။ ကိုဗစ်နှင့် ဆောက်ဆီဂျင်ဆွဲချခံရခြင်း ပြဿနာကို ဒုတိယလှိုင်းကာလကတည်းက အသေအချာ ကြားခဲ့ဖူးသော်လည်း အောက်ဆီဂျင်လိုအပ်နေသော လူနာ အောက်ဆီဂျင်မရသဖြင့် သေဆုံးသွားရသည့် သတင်းကိုမူ ဒုတိယလှိုင်းကာလအထိ တခါမျှမကြားဖူးခဲ့။ ကိုဗစ်ရောဂါကုသပေးနေသည့်ဆေးရုံနှင့် စင်တာတိုင်းတွင် လူနာများအတွက် […]

ၾကားသိရသမွ်

Covid ဒဏ် အလူးအလဲခံစားခဲ့ရပြီး ကျန်းမာရေးပြန်ကောင်းလာတဲ့ လျှို့ဝှက်ချက်ကိုဝေမျှပေးလာတဲ့ ဘေဘီမောင် (ရုပ်သံ)

Covid ကူးစက်ခံရပြီး သေလုမျောပါး အလူးအလဲခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလာတဲ့ ဘေဘီမောင် (ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်) မြန်မာပြည်မှာ Covid ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။ လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျန်းမာရေးမကောင်းဖြစ်လို့ နေပါတယ်..။ ပြီးခဲ့တဲ့(၁၀)ရက်ကျော်ကတည်းက ဆိုးဝါးတဲ့ ရောဂါရဲ့ ဖိစီးမှုဒဏ်တွေကို သေလုမျောပါးအလူးအလဲခံစားခဲ့ရပြီး လက်ရှိမှာတော့ သက်သာလာပြီလို့ သိရပါတယ်..။ ရောဂါဖြစ်နေတဲ့အချိန်မှာ အရမ်းကြောက်ဖို့ကောင်းတာကြောင့်ပြည်သူတွေအားလုံးကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ ဝေမျှပြောပြထားပါသေးတယ်..။ “နေမကောင်းတဲ့ ၁၁ ရက်မှာ Fb ကနေသတင်းမေးစိတ်ပူပေးကြတဲ့ ဆွေမျိုးမိတ်ဆွေများရဲ့မေတ္တာဓာတ်လေးတွေကြောင့်၁၂ရက်မြောက်နေ့မှာ ကျန်းမာသက်သာလာပါပြီရှင့်🙏🏻တော်တော်အလူးအလဲ သေခါနီးလွတ်မြောက်လာတာပါ အရမ်းကြောက်ဖို့ကောင်းပါတယ် အားလုံးကိုလည်း အထူးဂရုစိုက်ဖို့လည်းပြောချင်ပါတယ်။ နောက်နေတွေမှာ ဘေဘီဖြတ်ကျော်လာခဲ့တဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းလေးမျှဝေပေးပါမယ်ရှင့်။ စာလေးတွေ တစ်ယောက်ချင်း reply မပြန်နိုင်တာ […]

က်မၼာေရး ဗဟုသုတ

ကိုဗစ်ဖြစ်နေသူရောဗစ်ကာကွယ်သူရောအထူးဆေးရပါပြီ….အခုနည်းပြထားတဲ့အတိုင်း ပြုလုပ်ပါ……

သတင်းကောင်းပါ…နောက်တမျ်ုးဆေး ကိုဗစ်ဖြစ်နေသူရော…ကိုဗစ်ကာကွယ်သူရောအထူးဆေးရပါပြီ….အခုနည်းပြထားတဲ့…အတိုင်း ပြုလုပ်ပါ…… ဆား…စနွန်းမှုန့်….ကြက်သွန်ဖြူ…..အဲဒိသုံးမျိုးကိုထဲ့ပြီး….စားပါ….အရည်ကို…..မျိုချပါ….. မနက်…တစ်….နေလယ်…တစ်…ညတစ်ခါ… တစ်နေ့…..သုံးချိန်မီဝဲသုံးဆွဲပါ ကြာကြာငုံပြီး….အရည်ကိုမျိုချပေးရင်…ပို၍ ထိယောက်ပါတယ်…….. ယုံယုံကြည်ကြည်နဲ့……ပြုလုပ်ပါ…. ကိုဗစ်ရောဂါ………၃…ရက်ဆို….ပြောက်ကင်းပါသည်……၃..ရက်ဆို….ပိုးသေသွားပြီ တကယ်သေခါပေါက်…ပိုသေတယ်ဗျ…. အခုပြထားတဲ့အတိုင်း…စားသုံးပေးပါ…..ဝါးစားပြီးအရည်ကိုမျိုချပါ ကျတော်တပြည့်…မိတ်ဆွေများ…အပေါင်းများ အသိများ…..ဘယ်သူမှမလုပ်…ကျတော်ခင်ရတဲ့သူတွေလုပ်ပါအထူး​ပျောက်တယ်…. ပုဂ္ဂိုလ်…. ဆေးပါ မယုံတဲ့သူ….လုပ်စားကြည့်ဗျ…ဘယ်လောက်ဆေးကပြင်းတယ်ဆိုတာသိရမယ်လက်တွေ့…ဗျ Cr;ပုပ္ပါးဝဏ္ဏဒိဗ္ဗ…. တောင်မကြီး….

ၾကားသိရသမွ်

ကြက်ဥဈေးတင်ရောင်း၍လူစင်စစ်မှခွေးဝဲစားကြီး ဖြစ်သွားသောကုန်ခြောက်သည် “မဗျိုင်း”

ကြက်ဥဈေးတင်ရောင်း၍လူစင်စစ်မှခွေးဝဲစားကြီး ဖြစ်သွားသောကုန်ခြောက်သည် “မဗျိုင်း” “မဗျိုင်း” ဒီနာမည်ဆို ထ ရပ်ကွက်က မသိတဲ့သူမရှိ။နှုတ် ကြမ်းအာကြမ်း ပြီး ရိုင်းစိုင်း တတ်တဲ့ ကုန်စုံဆိုင်က မဗျိုင်း။ အသားဖြူလို့သာ မဗျိုင်း လို့မှည့်ထားပေမယ့် စိတ်ဓာတ်နဲ့အသားအရည်နဲ့ မလိုက်ဖက်လွန်းတယ်လို့ပင်ဆိုရမည်။ အပေါက်ဆိုးပြီးရိုင်းစိုင်းပေမယ့် တဈေးလုံးမှာ မဗျိုင်း ဆိုင်က ကုန်စုံတာဆိုတော့ တရပ်ကွက်လုံး မဗျိုင်းဆိုင် ကိုပဲ သည်းခံဝယ်ယူနေကြရသည် အမြတ်ကလဲ ဟိုဖက်က တပဲဆို သူက တကျပ်လောက် တင်ရောင်းတတ်တဲ့ အပြင် ဈေးအနည်းငယ်စစ်မိသည်နဲ့ ကပ်ကပ်လန်အောင်ရန်တွေ့တတ်တဲ့သူမျိုး မို့လို့ တရပ်ကွက်လုံးက မချစ်သော်လည်းအောင့်ကာနမ်းနေရသည် ဒီလိုနဲ့တနေ့တော့ “မဗျိုင်း ရေ အဒေါ့်ကို ကြက်ဥလေး ငါးရာ ဖိုးလောက် အေ” “လာပြန်ပြီ ဒီစောက်အဖွားကြီး ငါးရာဖိုးဆို သုံးလုံးပဲရမှာနော်” “ဈေးတက်သွားတာလားအေ အရင်ကတလုံးမှ တရာပါ” […]

ကြားသိရသမျှ

ကိုဗစ်ရောဂါပိုး ကူးဆက်ခံရပြီး အရေးပေါ် အောက်စီဂျင်လိုအပ်နေတဲ့ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော် (ကိုကောင်းကြီး)

ပရိတ်သတ်ကြီးရေ….အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင် ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွား မှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံနေရပြီး အောက်စီဂျင်အရေးပေါ်လိုအပ်နေတဲ့အ တွက် ကောင်းထက်ဇော်ရဲ့အစ်မက အခုလိုပဲ အကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်နော်။ အဲ့ဒါကတော့”ကျွန်မမောင်လေး ကောင်းထက်ဇော်အတွက် အရေးတကြီး Oxygen လိုနေပါတယ်။လှူတာပဲဖြစ်ဖြစ် ၊ရော င်းတာပဲဖြစ်ဖြစ်အသိမိတ်ဆွေလေးများရှိ ရင် ပြောပေးကြပါလက်လှမ်းမီသလောက်လေးကူညီပေးကြပါ Share ပြီးကူ ညီပေးကြပါရန်နှင့် ရရှိခဲ့ရင်လည်း 09762711950 လေးကိုဆက်သွယ်ပေးကြပါ “ လို အမဖြစ်သူက ပြောကြားလာခဲ့ပါတယ်။ ကိုကောင်းကြီးတစ်ယောက် ကိုဗစ်ရာဂါကပ်ဆိုးကြီးကို အမြန်ဆုံးအံတုကျော်လွှားနိုင်ပါစေလို့ဆုတောင်းရင်း […]

ကြားသိရသမျှ

ရေတွင်းထဲကျတဲ့ ကလေးငယ်ကို ကယ်ဆယ်ရန်ကြိုးပမ်းသူများ ရေတွင်းထဲကျသေဆုံး

အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မက်ဒယာပရာဒေ့ရှ်ပြည်နယ်မှာ ကလေးငယ်တယောက်ကို ကယ်ဆယ်ဖို့ ကြိုးပမ်းတဲ့ လူ ၃၀ လောက် ‌ရေတွင်းထဲကျသွားပြီးနောက်မှာ အနည်းဆုံး လူ ၃ ယောက် သေဆုံးသွားကာ ကျန်အတော်များများ ပျောက်ဆုံးနေတယ်လို့ ဒေသမီဒီယာက ထုတ်ပြန်ပါတယ်။ ANI သတင်းရဲ့အဆိုအရ ဇူလိုင် ၁၅ ရက်ညနေပိုင်းက မြို့တော်ဘိုပါးအနီးရှိ ဗိဒိသျှခရိုင် ဂန့်ဂျ် ဘာဆိုဒါကျေးရွာမှာ ကလေးတယောက် ရေတွင်းကနေ ရေငင်ဆွဲနေတုန်း ရေတွင်းထဲပြုတ်ကျသွားရာကနေ ဒီဖြစ်ရပ်ကြုံရတာလို့ ဆိုပါတယ်။ ကလေးငယ်က ခြေချော်ပြီး ရေတွင်းထဲ ကျသွားတာကို ကူညီပေးဖို့ ရွာသား သုံး၊ လေးယောက် သွားကြတယ်။ သူတို့ကို ကူညီပေးဖို့ နောက်ထပ် ရွာသား ၂၅ ယောက်ကနေ အယာက် ၃၀ လောက်က ဓာတ်မီးတွေနဲ့သွားကြတာမှာ ရေတွင်းကရွှံ့နဲ့ ရေတွင်းရဲ့ခေါင်မိုးမှာ ဒီလောက်များတဲ့လူတွေနဲ့ […]

ၾကားသိရသမွ်

အမေစုကို တကယ် ဆွေးနွေးခဲ့ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာဒေါက်တာဆာဆာ ပြော

အမေစုကို တကယ် ဆွေးနွေးခဲ့ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာဒေါက်တာဆာဆာ ပြော ကျရူံးနေပြီဖြစ်တဲ့ မိအောင်လိူင် အုပ်စုနှင့် ဒီအချိန်မှာ ဆွေးနွေးစရာဘာအကြောင်းပြချက်မှ မရှိတော့ပါ။ ဒါကြီးက လုံးဝ လုံးဝ ဆွေးနွေးစရာအ ကြောင်းမရှိတဲ့ ​မြန်မာ့သမိုင်းမှာ အရက်စက်ဆုံးအကြမ်းတမ်းဆုံး လုပ်ပြနေကြပြီးပြီလေ… နောက်တစ်ခုက ဘာကိုဆွေးနွေးမှာလဲ ? ကျွန်တော်တို့ဘက်ကတော့ ဘယ်လိုနည်းနဲ့မှ လက်ခံတော့မည်မဟုတ်ပါ။ အကြမ်းဖက်အုပ်စုက အပြစ်မဲ့ပြည်သူတွေ လက်နက်အားကိုးနှင့် ရာပေါင်းများစွာ ပေါ်ပေါ်တင်တင်သတ်ပြတယ် ၊ဒါကို အားမရလို့ ကိုဗစ်ရောဂါနှင့် ပြည်သူတွေ ထပ်သတ်တယ်။ အမေစုကလည် ဆွေးနွေးမယ်မထင်ဘူး။ တစ်ခုတော့ရှိတယ်။ အမေစုကတော့တကယ့်မြေပြင်ပေါ်အဖြစ် ပြတ်တွေ မသိနိူင်လောက်ဘူး။ မြေပြင်ပေါ်က အကြမ်းဖက်အုပ်စု ရက်စက်မူတွေမသိပဲ ဆွေးနွေးမိလာခဲ့ရင်တောင် ကျွန်တော်တို့ဘက်က လက်ခံနိူင်မှာမဟုတ်ပါဘူး။ အမေစုက မေတ္တာတရားနဲ့ အုပ်ချုပ်ချင်နေတာကို ဒီအကြမ်းဖက် မိအောင်လိူင်တို့ အုပ် စုက […]

ဗဟုသုတ

ကပ်ကြီးသုံးပါး ကျော်လွှားနိုင်စေဖို့ မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ

ကပ်ကြီးသုံးပါး ကျော်လွှားနိုင်စေ ဖို့ မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ ၁)။ သူ တကာတွေ လောဘကြီးသော်လည်းမိမိက လောဘမကြီးအောင်နေပါ။ ထိုသို့နေလျှင် သူတကာငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာထိုဘေးမှ လွတ်မြောက်မည် (၂)။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိက ဒေါသမကြီးအောင်နေပါ ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည် (၃)။ သူတကာတွေ မောဟကြီးသော်လည်းမိမိကေေေမောဟမကြီးအောင်နေမည် ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။လွတ်မြောက်မည် ဤကား ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည် ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါဒအတိုင်းလိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ (၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှစွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ) (၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား […]