ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတာကိုတွက်ချက်ပြီး ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို အတိအကျဟောကိန်းထုတ်လိုက်တဲ့ ဆရာမတစ်ဦး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယခုလက်ရှိမှာ နေအိမ်အကျယ်ချုပ်ဖြင့် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၁၉)ရက်နေ့ကပဲ အသက် (၇၆)နှစ်ပြည့်သွားခဲ့တဲ့ အမေစုက အရင်နှစ်တွေကလို ပြည်သူတွေနဲ့အတူ မရှိနိုင်ခဲ့ပေမယ့်လည်း ပြည်သူ့မေတ္တာကို ရရှိနေဆဲ ဖြစ်ပါတယ် ။ အခုလည်း မေတ္တာဖြင့် အခမဲ့ဗေဒင်ဟောပေးနေတဲ့ ဆရာမတစ်ဦးက အမေစုနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။ ဆရာမရဲ့ဟောကိန်းကို ပြည်သူတွေက အရမ်းစိတ်ဝင်စားနေကြပြီး ဟောစာတမ်းထဲကအတိုင်း ဖြစ်လာမလားဆိုတာကို သိချင်နေကြတာ ဖြစ်ပါတယ် ။ အမေစုရဲ့ဇာတာကိုတွက်ချက်ပြီး ထုတ်ပြန်ထားတဲ့ ဒီဟောကိန်းက သူမတစ်ယောက်တည်းရဲ့အဟောမဟုတ်ဘဲ ဆရာတွေရဲ့တွက်ချက်မှုတွေပါပါတဲ့ တူညီသောအဟောဖြစ်ကြောင်း ဆရာမက ပြောထားပါသေးတယ်။ ဟောပြောချက်ထဲမှာတော့ အမေစုရဲ့ကံက (၇၆)နှစ်ပြည့်သွားကတည်းက ကောင်းသွားပြီဖြစ်တာကြောင့် “ဇွန်လကစပြီး (၄)လအတွင်း ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်”လို့ ပြောထားတာ တွေ့ရပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် […]
Month: July 2021
ဖမ်းဆီးခံလိုက်ရတဲ့ ပရဟိတမိခင်ကြီး ဒေါ်သန်းမြင့်အောင်ရဲ့ ဖြစ်ရပ်
ဖမ်းဆီးခံလိုက်ရတဲ့ ပရဟိတမိခင်ကြီး ဒေါ်သန်းမြင့်အောင်ရဲ့ ဖြစ်ရပ် အာဏာစတင်သိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက We Love Yangon အဖွဲ့မှာ ဥက္ကဌအဖြစ်ပါဝင်ခဲ့သလို ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကိုလည်း တည်ထောင်ခဲ့တဲ့ ဆရာမကြီးဒေါ်သန်းမြင့်အောင်ကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူကာ အင်းစိန်အကျဉ်းထောင်ထဲမှတဆင့် အမှုရင်ဆိုင်စေခဲ့ပါတယ်။ စတင်ဖမ်းဆီးခံရတဲ့ နေ့ရက်ကနေ ယနေ့ဇူလိုင် (၁) ရက်နေ့ထိ လွတ်မြောက်မှုမရှိသေးဘဲ အကျဉ်းထောင်မှာရှိနေစဉ်အတွင်း ဆေးကုသမှုမခံယူရတာကြောင့် မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ပြီး နားတစ်ဖက်လည်း မကြားရတော့ပါဘူး။ ဆရာမကြီးဟာ ဆီးချိုရောဂါရှိသူ ဖြစ်တာကြောင့် သွေးချိုအမြဲစစ်သလို ဆေးလည်းအမြဲသောက်နေရသူဖြစ်ပါတယ်။ ဆေးပြတ်လို့မရတဲ့သူကို အခုလိုမတရားချုပ်နှောင်ထားပြီး ဆေးကုသခွင့်မပေးတာဟာ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်တစ်ခုပါပဲ။ ပုံ မှန်ဆေးသောက်ရင် အကောင်းတိုင်းဖြစ်နေတဲ့ သူဟာ သောက်နေကျဆေးတွေမသောက်ရတာကြောင့် အခုလို မဖြစ်သင့်တဲ့ ဝေဒနာတွေ ကို ခံစားရတာ […]
ဒ.လန်လို့ စွပ်စွဲခံနေရုံတင်မဟုတ်ဘဲ ဆိုင်ကိုပါ မီးရှို့ခံရမယ်လို့ ခြိမ်းခြောက်စာတွေ ပို့ခံနေရတဲ့ လမင်းကဗျာ
၁၄ရက်တာ ငရဲခန်းမှ လွတ်မြောက်ခြင်း(သို့မဟုတ်) ကိုဗစ် ကို အနိုင်ယူခြင်း
၁၄ရက်တာ ငရဲခန်းမှ လွတ်မြောက်ခြင်း(သို့မဟုတ်) ကိုဗစ် ကို အနိုင်ယူခြင်း ပထမဦးစွာ ကျမသည် ဆရာဝန်တစ်ယောက်တော့မဟုတ်ပါ ကိုဗစ် လူနာများနှင့် ၁၄ရက်တာ အနီးကပ်နေထိုင်ပြုစုခဲ့ရခြင်း အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည် ကိုဗစ် စတင်ကူးစက်ခဲ့ပုံ ကျမတို့ အိမ်ရဲ့ ခေါင်းရင်းအိမ်က ကျမ အဒေါ်တို့အိမ်ပါ ဆွေမျိုးသားချင်းများဖြစ်တာကြောင့် နှစ်အိမ့် တစ်အိမ် ကူးလူးဆက်ဆံနေကြပါတယ် ကျမ အဒေါ်၏ ခင်ပွန်းဖြစ်သူ စတင် ဖျားပါတယ် သူဖျားနေတာတော့ သိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ ဦးလေးက အသက် ၆၅နှစ်ပါ ဖျားနေတာ ဘယ်နှစ်ရက်မှန်းမသိပေမယ့် တစ်ရက်တော့ oxygen ရှစ်ဆယ်ကျော်လောက်ပဲ ရှိတော့တာမို့ ဆေးရုံကို တင်ရပါတယ် ဆေးရုံရောက်တော့မှ ကိုဗစ် positiveဖြစ်မှန်းသိတာပါ ဒါပေမယ့် နောက်ရက်မနက်မှာတော့ ကျမ အဒေါ် လဲ ဖျားနေပါပြီ […]
ရတနာပုံနန်းတွင်းလူသတ်ပွဲကျင်းပခဲ့တဲ့နေရာနှင့် အသတ်ခံရသော မင်းညီမင်းသားများ
ခရစ်နှစ် ၁၈၇၈ ခုနှ်အတွင်း မင်းတုန်းမင်းကြီး လွန်စွာနာမကျန်းဖြစ်၍ ယဲ့ယဲ့မျှသာ ကျန်တော့ချိန်တွင် မန္တလေးနန်းတွင်း၌အရေးပေါ်ပြဿနာများ ပေါ်ပေါက်လာသည်။ ယင်းမှာ နောင်တတ်မည့် ဘုရင် ဘယ်မင်းသား ဖြစ်မည်နည်းဟူသော မေးခွန်းဖြစ်ပါသည်။ မင်းတုန်းမင်းကြီးက ညီတော်အိမ်ရှေ့စံကနောင်မင်းသား နတ်ရွှာလား ပြီးသည့် နောက် မည်သည့် သားတော်ကိုမျှ နန်းလျာ ( အိမ်ရှေ့မင်း ) အဖြစ် ရွှေးချယ်ခဲ့ခြင်း မရွိ၍ ဖြစ်သည် မူးကြီး အမတ်ကြီများက အိမ်ရှေမင်း အဖြစ်သားတော်တပါးအား ရွှေးချယ်ပါရန် တင်ပြခဲ့ကြ၍ မက္ခရာမင်းသားကြီးအား အိမ်ရှေ့အရာထားရန်စီစဉ်သေးသော်လည်း အထမမြောက်ခဲ့ မင်းတုန်းမင်းကြီးက သားတော်တပါးအား အိမ်ရှေ့အရာ ထားသော်ထိုသူ့အား သေတွင်းသို့ ပို့ထားသည်နှင့်သာ တူလိမ့်မည်ဟု မိန့်ကာ ခါးခါးသီးသီး ငြင်းခဲ့သည်။ အိမ်ရှေ့စံ ကနောင်မင်း လုပ်ကြံခံရသည်ကို မင်းကြီး၏ မ်က္စိမွ မထွက်နိုင်ချေ […]
ကလေးငြိမ်အောင် ဖုန်းပေးထားမိတဲ့ မိဘတွေ သတိထား
ကလေးငြိမ်အောင် ဖုန်းပေးထားမိတဲ့ မိဘတွေ သတိထား ကလေးကို ဖုန်းပေးကိုင်ပြီး အလိုလိုက် ဂိမ်းပေးဆော့ခိုင်းတဲ့ မိဘများ တကယ်ဖြစ်ရင် ကလေးဘဲခံရတာ ကိုယ်ခံရတာမှာမဟုတ်တာနော …… အခုခေတ်က ကလေးကို သေချာ မထိန်းချင်မသင်ချင်ကြတော့ဘူး ကလေးကိုမရိုက်ရဘူး ဘာညာပြောတာနဲ့ မိဘတွေက ဘာမှကို မဆုံးမတော့ဘူး ရိုက်တာနဲ့ ဆုံးမတာနဲ့ မတူပါဘူး ရိုက်မှ ဆုံးမတာမဟုတ်ဘူး မရိုက်ဘဲလေပြေလေးနဲ့လဲ ဆုံးမလို့ရတယ် အာရုံလွဲ လို့ရတယ် ကိုကအခရာဘဲ မွေးကတည်း အူဝဲကထဲကဖုန်းဆိုပြီး မမွေးလာကြပါဘူး ။ အခုphက ပထမ မျက်လုံးကိုထိခိုက်မယ် နောက် ပညာသင်ကြားရေး၊ ဘဝရေးအတွက်ပါထိခိုက်လာလိမ့်မယ် အခုကထည်းက ဖုန်းကို ဆေးစွဲနေသလိုဖြစ်နေတဲ့ကလေးက ကြီးလာရင်ဖုန်းမသုံးနဲ့လို့ပြောလို့ ရမယ်ထင်နေလို့လား ဖုန်းကသုံးတတ်ရင်တော့ဆေး မသုံးတတ်ရင်တော့ဘေးဘဲ အချိန်လေးနဲ့ကြည့်တာတော့မပြောလိုပါဘူး။ 10မိနစ်15မိနစ်ပေါ့ တချို့မိဘတွေကဂုဏ်ယူနေသေး ငါ့ကလေးကလုပ်တတ်တယ်ပေါ့ ကလေးဘဲသင်ပေးရင်အကုန်လိုက်လုပ်တတ်တယ် ကလေးတွေဖုန်းကိုင်နေတာ။ […]
တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ
အိမ်ကို လွမ်းတယ် အမေ လို့သာ အော်လိုက်တာပါ တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ လူတွေက နီးလွန်းရင် မမြင်တတ်ဘူးဆိုတာ တကယ် မှန်တယ် အမေ သမီးလဲ အမေ့ရဲ့ စေတနာတွေ မေတ္တာတွေကို အလုံးစုံမမြင်နိုင်ခဲ့ဘူး အဝေးကြီးကို ရောက်တော့မှ သမီးမှာ တန်ဖိုးတွေ သိလာရတာ အမေကြော်ကျွေးတဲ့ ကန်စွန်းရွက်ကြော်လေးပဲ ဖြစ်ဖြစ် ငပိရည်လေးပဲဖြစ်ဖြစ် ဒီတစ်ခါပြန်လာဖြစ်ရင် ဘာတစ်ခုမှ ဂျီးမများတော့ဘူး အမေချက်ကျွေးတဲ့ ဟင်းမှန်သမျှ အကုန်စားမှာ အဝေးမှာ ဘယ်လောက်စားကောင်းသောက်ကောင်းတွေပဲ ဖြစ်ဖြစ် အမေချက်တဲ့ ဟင်းတွေလောက် သမီးအရသာမတွေ့ဘူး ခေါက်ဆွဲပြုတ်နဲ့ တစ်နှပ်ပြီးခဲ့တဲ့ရက်တွေ ကြက်ဥကြော်နဲ့ တစ်နှပ် ပြီးခဲ့တဲ့ရက်တွေမှာ အိမ်က ထမင်းဝိုင်းလေးကိုလဲ ပြန်ပြီးလွမ်းတတ်လာခဲ့တယ်အမေကလဲ ဒီအရွယ်ကြီးရောက်နေပြီ စိတ်ပူနေတုန်းဆိုပြီး စိတ်ဆိုးခဲ့မိတာတွေအတွက်လဲ သမီးနောင်တတွေရနေပါပြီ အခု သမီးရောက်တဲ့အရပ်မှာ […]
“ ရေနဲ့ဖန်ခွက်ပဲ ရှိရုံနဲ့ အိမ်ထဲမှာ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး🌹🌷🌹”
“ ရေနဲ့ဖန်ခွက်ပဲ ရှိရုံနဲ့ အိမ်ထဲမှာ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး 🌹🌷🌹” အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း လိုသလို၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။ ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါနော်။ (၁) မုန်ညင်းဖြူ ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း မုန်ညင်းဖြူရဲ့ အောက်ခြေကို ထည့်ထားလိုက်ပါ။ အရွက်တွေ တဖြည်းဖြည်း ပြန်ထွက်လာတာကို တွေ့မြင်ရမှာပါ။ (၂) ကြက်သွန်နီ ဖန်ခွက်ထဲကို ရေထည့်ပြီး ကြက်သွန်နီဥ (အနည်းဆုံး ၂လက်မ အမြင့် ရှိရပါမယ်) ကို […]
ရန်ကုန်မြို့ မော်တင်ရှိ ရွှေလမင်းဆေးရုံမှ ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ပိုး တွေ့ ရှိ…
ရန်ကုန်မြို့ မော်တင်ရှိ ရွှေလမင်းဆေးရုံမှ ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ပိုး တွေ့ ရှိထား ရန်ကုန်၊ ဇူလိုင် ၃ တတိယလှိုင်းအဖြစ် ကိုဗစ်ရောဂါ တဖန်ပြန်လည် ကူးစက်ပျံ့နှံ့နေချိန် ရန်ကုန်မြို့ရှိ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော ရွှေလမင်း ဆေးရုံတွင် ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေး တွေ့ ရှိထားကြောင်း ယင်းဆေးရုံနှင့် နီးစပ်သူ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။ ယင်းဆရာဝန်များသည် လက်ရှိအချိန်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ဆေးရုံကို အသွားအလာကန့်သတ်မှု ပြုလုပ်ရန်ရှိကြောင်းလည်း သိရသည်။ ယင်းဆေးရုံသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကလည်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပြီး နောက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံလည်း ပြန်လည် လည်ပတ်နိုင်ခဲ့သည်။ ပြည်တွင်းကူးစက်မှုများ ပြန်နှံ့လာချိန်တွင် မနေ့က […]
မအလမွေးနေ့မှာ မွေးနေ့လက်ဆောင် အဖြစ် စစ်ကောင်စီမိသားစုဝင်တို့ရဲ့ USအတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းလိုက်ကြောင်း ကြေညာလိုက်တဲ့ အမေရိကန်
အမေရိကန်အစိုးရက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် (၇) ဦးနဲ့စစ်ကောင်စီမိသားစုဝင် (၁၅) တို့ရဲ့ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းလိုက်ကြောင်းဇူလိုင်လ (၂) ရက်နေ့မှာ ကြေညာလိုက်တယ်။ ထပ်တိုးစာရင်းဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကတော့ (၁) စောဒယ်နီရယ်၊ (ကောင်စီအဖွဲ့ဝင်)၊(၂) ဗညားအောင်မိုး၊ (ကောင်စီအဖွဲ့ဝင်)၊(၃) ဒေါ်အေးနုစိန်၊ (ကောင်စီအဖွဲ့ဝင်)၊(၄) ဦးချစ်နိုင် (စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး)၊(၅) ဦးအောင်နိုင်ဦး (စစ်ကောင်စီ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝန်ကြီး)၊(၆) ဦးမြင့်ကြိုင် (စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီး)၊(ရ) ဒေါ်သက်သက်ခိုင် (စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီး) တို့ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မိသားစုဝင်တွေကတော့(၁) ဒေါ်ကြူကြူလှ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး)၊(၂) ဒေါ်သန်းသန်းနွယ် (ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ဇနီး)၊(၃) ဒေါ်သက်သက်အောင် ( ဗိုလ်ချုပ်မြထွန်းဦးဇနီး)၊(၄) ဒေါ်သန်းသန်းအေး (တင်အောင်စန်း ဇနီး)၊(၅) ဒေါ်အောင်မာမြင့် (ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဇနီး)၊(၆) ဒေါ်ခိုင်ပပချစ် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဇနီး)၊(၇) […]