အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသောက်မိတဲ့အတွက် သေမလိုဖြစ်ပြီး ဆေးရုံတက်နေရတဲ့ နေခြည်ဦး မင်းသမီး ချောလေး နေခြည်ဦး ကတော့ အနုပညာ လောက မှာ အချိန် အတို တွင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ကို ရရှိခဲ့ ပြီး နေရာတစ် နေရာ ကို ရပ် တည်ထား နိုင်ခဲ့သူ ပဲ ဖြစ်ပါ တယ် ။ ယခုနောက် ပိုင်းမှာ ဆိုရင် နေခြည်ဦး က ကြော်ငြာ တွေအပြင်ရုပ်ရှင် ဇာတ်ကား ကြီးတွေထဲမှာ တောင် ပိုမိုပါဝင်သရုပ်ဆောင် လာနေတာ ကို တွေ့မြင်ရ ပါတယ် ။ ဒါ့အပြင် သူမက အနုပညာ အလုပ်တွေ ကို လုပ်ကိုင် နေတဲ့ အပြင် Beauty Blogger […]
Month: July 2021
နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်နဲ့ ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက််ပါ
နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်နဲ့ ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက််ပါ ချင်းထည့်ပါ နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်ထည့်သောက်ပါ။ ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက်လျှင်ပိုကောင်းပါသည်။ ချင်းသည်တော်ရုံအာနိသင်ရှိသည်မဟုတ် ပိုးကိုပင်သေစေနိုင်သောသတ္တိရှိသည်။ အာယုဗေဒဆေးကျမ်းများအဆိုအရ အစပ်သုံးပါး(တြိကဋုတ်သုံးပါး)တွင်အပါအဝင်ဖြစ်သည်။ ထိုသုံးပါးသည် လူတို့စားသောအစာကိုကြေစေရုံမက ကိုယ်ခံအားကိုပါဖြစ်စေတတ်သည်။ ကိုယ်ခံအားကောင်းသောသူတွင် တော်ရုံရောဂါပိုးများမကပ်ငြိနိုင်ပေ။ ပိုးသည်ကိုယ်ခံအားမကောင်းသောအိမ်တွင်သာ ပေါက်ပွားနိုင်ပေသည်။ အစာမကြေသောသူတွင်သာ ရောဂါရောက်နိုင်သည်ဟု ဆေးကျမ်းများကဆိုသည်။ ရောဂါမူလံ အဇိဏ္ဏကံ ဟုဆိုသည်။ ‘အဇီဏ္ဏ’ ဆိုသည်မှာ အစာမကြေရောဂါဖြစ်သည်။ ချင်းသည် အစာကြေစေသောအရာဖြစ်သဖြင့် ဟင်းချက်သောအခါတိုင်းချင်းထည့်ချက်လေ့ရှိကြသည်။ ဥတုဘောဇန သင်္ဂဟကျမ်းတွင်,,, အစပ်ရသ။ ။ အစပ်သည်ပူ၏။ ထက်၏။ မစေးထန်းသွက်၏။ လေသည်းခြေကိုပျက်စေတတ်၏။ သလိပ်ကိုနိုင်၏။ ကြေလွယ်၏။ဝမ်းမီးတောက်၏။ ပိုးနာ၊ယားနာ၊အဆိပ်သင့်သောအနာကိုနိုင်၏ ..ဟုဆိုထားလေသည်။ အစပ်သုံးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော ချင်းကို တစ်နေ့လျှင် လက်ညှိုးနှစ်ဆစ်ခန့် စားသုံးပေးပါ။ သင့်အတွက် ကိုယ်ခံအားကိုဖြစ်စေရုံမက၊ […]
မိန်းကလေးတွေက စိတ်ညစ်လာတိုင်း ဘာလို့ဆံပင်ညှပ်တတ်ကြတာလဲ
မိန်းကလေးတွေ အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ ကျရှုံးမှု တစ်ခုခု စိတ်ညစ်စရာ တစ်ခုခုနဲ့ ကြုံတွေ့လာရတဲ့အခါမှာ သူတို့ကို သူတို့ပြောင်းလဲဖို့ ကြိုးစားလာတတ်ကြပါတယ် အရင်ဆုံး သူတို့ကို သူတို့ ရုပ်ရည်သွင်ပြင်ကနေပြီးတော့ ပြောင်းလဲလိုက်ပြီး ဒီလိုပြောင်းလဲမှုက စိတ်ဓာတ်ပိုင်းကိုပါ ထိရောက်မှု ရှိတဲ့အတွက်ကြောင့်ပါ များသောအားဖြင့် မိန်းကလေးတွေဟာ စိတ်ညစ်စရာကြုံလာခဲ့ရင် ဆံပင်ညှပ်တတ်ကြပါတယ် ဆံပင်ညှပ်တာက သူတို့ကို ဘာတွေပြောင်းလဲသွားစေနိုင်လို့လဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံပေါ်လို့ ဆံပင်တိုလေး ညှပ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေတဲ့ အတွက်ကြောင့်ပါ ကိုယ့်ရဲ့ဆံပင်ပုံစံပြောင်းလဲသွားသလိုပဲ ကိုယ့်ရဲ့ စိတ်တွေဟာလည်း ပြန်လည် အသစ်ဖြစ်လာစေပါတယ် လူတစ်ယောက်ရဲ့ စိတ်ဟာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ တိုက်ရိုက်အချိုးကျတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ဒါကြောင့် မိန်းကလေး တော်တော်များများက စိတ်ညစ်စရာကြုံလာတဲ့အချိန်မှာ ဆံပင်ညှပ်ဖို့ကို ဆုံးဖြတ်တတ်ကြပါတယ် စိတ်ရှုပ်ထွေးမှုကို သက်သာစေလို့ […]
ပန်းကန်ထိုင်ဆေးနေတဲ့ ဓာတ်ပုံတစ်ပုံကြောင့် နိုင်ငံကျော်မင်းသမီးဖြစ်လာခဲ့သည့် အသက်၁၆နှစ်အရွယ်ကောင်မလေး
လူတစ်ယောက်၏ ကံကမ္မာကို အထင်သေး၍မရနိုင်ပေ။လူတစ်ယောက်သည် ယနေ့တွင်ပင်ပန်းဆင်းရဲနေပေမဲ့ နောက်တစ်ရက်တွင် အောင်မြင်သော လူတစ်ယောက်လည်း ဖြစ်လာနိုင်ပေသည်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၁၆နှစ်အရွယ်သာရှိသေးသည့် Yordchangဟုအမည်ရသည့် ကောင်မလေးသည် သူမနေထိုင်သည့် ရပ်ကွက်ထဲတွင် ပန်းကန်များအား ဆေးကြောလုပ်ကိုင်ကူညီနေခဲ့ပါတယ်။ ထိုအချိန်တွင်လူတစ်ဦးဟာ ဓာတ်ပုံများကို ရိုက်ပြီး လိုင်းပေါ်တင်ရာမှ ကောင်မလေး၏ ဓာတ်ပုံလေးဟာလည်း ပါသွားခဲ့ရပါတယ်။ကောင်မလေး၏ ကာလာတွေလိမ်းခြယ်ထားခြင်းမရှိတဲ့ ချစ်စဖွယ်မေက်နှာလေးကြောင့် တစ်နိုင်ငံလုံး၏ ချစ်ခြင်းကို ခံခဲ့ရပါတော့တယ်။ ကောင်မလေးဟာ အလွတ်တန်း သရုပ်ဆောင်တစ်ဦးအနေဖြင့်ပါ အောင်မြင်လာခဲ့ပြီလည်းဖြစ်ပါတယ်။လူတိုင်းဟာတော့ ကောင်မလေးကို ဘယ်တော့မှ မိတ်ကပ်တွေလိမ်းစရာမလိုဘဲ အမြဲတမ်းလှပနေသူဟု တင်စားနေကြပါတယ်။ Shoon (Cele Daily)
ပြန်လွှတ်တဲ့အကွက်ပြီး နောက်ထပ် တစ်ကွက်ရှိသေးကြောင်းပြောလာတဲ့ ဆောင်းဦးလှိုင်
သူမရဲ့ဘဝထဲမှာ သားလေးမရှိတော့တာကြောင့် ဝမ်းနည်းနာကျည်းကာ အဆုံးထိတိုက်ပွဲဝင်ပါစေဆိုပြီး အမိန့်မပြန်ခိုင်းတဲ့ မုဆိုးမမိခင်ကြီးရဲ့ခံစားချက်
အခုချိန်ထိ မပြီးဆုံးနိုင်သေးတဲ့ ဒီတော်လှန်ရေးမှာတော့ ပြည်သူတွေအကုန်လုံးက တစ်သွေးတည်း၊တစ်သားတည်းရှိပြီး ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် လူငယ်သူရဲကောင်းလေးတွေကလည်း ဘဝရဲ့လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရရာလက်နက်ကိုဆွဲကိုင်ကာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။ သူရဲကောင်းအချင်းချင်းကလည်း တစ်ယောက်ကိုတစ်ယောက် အသက်ပေးပြီးကာကွယ်ရတဲ့အထိရဲဘော်၊ရဲဘက်စိတ်ဓာတ်အပြည့်ရှိကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ကျောင်းဆရာလေးတစ်ယောက်က CDM လုပ်ထားတဲ့အပြင် နိုင်ငံအတွက်၊မင်းကင်းနယ်အတွက်တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ကျောင်းဆရာလေးက နိုင်ငံတော်နဲ့ သူ့ရဲ့တပည့်လေးတွေအတွက်တစ်ထောင့်တစ်နေရာကနေ ကြိုးစားအားထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးချိန်မှာတပ်ပြန်ဆုတ်ဖို့အတွက် ကျောင်းဆရာလေးက ရေမကူးတတ်ဘဲနဲ့တောင် လှေတွန်းပေးခဲ့တာဖြစ်ပါတယ်။လှေဦးမှာထိုင်ပြီး နောက်ချန်တပ်ဖွဲ့တွေအတွက် ကာပစ်ပေးခဲ့လို့ ကျောင်းဆရာလေးခမျာ ကျည်ထိမှန်ပြီးကျဆုံးသွားတာဖြစ်ပါတယ်။ အမေတစ်ခု၊သားတစ်ခုဘဝမှာ သားဖြစ်သူကျောင်းဆရာလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကလည်း “သူ့သားအတွက် အမိန့်မပြန်နဲ့၊အဆုံးထိတိုက်ပါစေ”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ သားလေးနဲ့အပြီးတိုင်ခွဲခွါလိုက်ရတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ မိခင်ခများ သတိရရင် ကြည့်ဖို့အတွက် အုတ်ဂူလေးသာစီစဉ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အနာဂတ်မျိုးစက်သစ်လေးတွေကို ပညာအမွေပေးမယ့် ကျောင်းဆရာလေးကတော့ ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ရင်း အသက်ပေးလှူသွားတဲ့အကြောင်းလေးကို ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Source&Photo […]
နွေးထွေးတဲ့မေတ္တာတွေအပြည့်နဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ဆေးကုသပေးနေတဲ့ မီးအိမ်ရှင်ဂရုဏာမလေး ဒေါက်တာ A Nyein
တောင်ပေါ်ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကရုဏာရှင် ဒေါက်တာမလေး A Nyein ကိုတော့ ပရိသတ်တွေ အားလုံး သိကြမှာပါနော်..။ တိုက်ပွဲတွေကြား တစ်ရွာဝင်တစ်ရွာထွက် ပြေးလွှားရှောင်တိမ်းရင်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပြီး အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်ကျိုးစွန့် ကြိုးစားပါဝင်နေတဲ့ ဒေါက်တာမလေး A Nyein ရဲ့ အနစ်နာခံပေးဆပ်မှုတွေကလည်း ပြည်သူတွေကို လေးစားချီးကျူးစေခဲ့ပါတယ်..။ Photo Credit – Original Uploader Photo Credit – Original Uploader Photo Credit – Original Uploader လက်ရှိမှာလည်း စစ်ရှောင်ပြည်သူတွေနဲ့အတူ နေထိုင်နေတဲ့ မီးအိမ်ရှင်ဂရုဏာမလေးဟာ နွေးထွေးတဲ့မေတ္တာတွေအပြည့်နဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ဆေးကုသပေးနေတာ တွေ့ရပါတယ်..။ သူမရဲ့ငြိမ်းဆေးခန်းမှာ ဆေးခန်းလာပြတဲ့ ကလေးငယ်လေးတွေကို ဆေးကုပေးရင်း […]
ကိုယ်ပိုင်အခန်းလေးတောင် မရှိဘဲ ဘိလိယက်ခုံဘေးတွင် ကွယ်လွန်သွားတဲ့ မြန်မာ့ လက်ရွေးစင်ကစားသမား ကိုချစ်ကို
မြန်မာနိုင်ငံတွင် အရည်အချင်းရှိပြီး ထူးချွန်လွန်းတဲ့ အားကစားသမားများစွာရှိပါတယ်။ သူတို့ရဲ့ တစ်ဘဝလုံးကိုအားကစားလောကမှာပဲ နှစ်မြှုပ်ရင်း ဖြတ်သန်းကုန်ဆုံးခဲ့ကြတာပါ။ မနေ့ကလည်း မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမားတစ်ဦး ကွယ်လွန်သွားခဲ့တာကြောင့် ပြည်သူတွေအားလုံးက နှမျောတသ ဖြစ်ခဲ့ကြရပါတယ်။ သူကွန်လွန်သွားခဲ့ပုံတွေကို ပြည်သူတစ်ဦးမှ လူမှုကွန်ယက်တွင် အသေးစိတ်ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။ ကစားသမားရဲ့ နာမည်ကတော့ ကိုချစ်ကိုလို့ ခေါ်ပြီး ကိုယ်ပိုင်လေ့ကျင့်ရေးရုံရအောင် ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ ဘိလိယက်လေ့ကျင့်ရုံထဲ ကွယ်လွန်သွားတာဖြစ်ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ် လောက်ကတည်းက စဖျားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။ စဖျားတဲ့အချိန်မှာ ကိုယ်အပူချိန်တက်နေတာကြောင့် ဘယ်ဆေးခန်းမှ လက်မခံတဲ့အတွက် အသိဆရာဝန် (Family Doctor)နဲ့ ပြကြည့်တဲ့အခါ ကိုဗစ်ရောဂါမဟုတ်ကြောင်း အဆုတ်ဓာတ်မှန်တွေရိုက်၊ စစ်ဆေးမှုတွေ ပြုလုပ်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ မနေ့က မနက်ပိုင်းတွင် သူအိပ်ပျော်နေတာကို သွားနှိုးတော့မှ ဆုံးသွားမှန်းသိရပြီး […]
မိန်းကလေးတွေသိထားရမယ့် အကြောင်းအရာဖြစ်လို့ ကျော်မသွားပဲ ဖတ်ကြည့်ပါ
မိန်းကလေးတွေသိထားရမယ့် အကြောင်းအရာဖြစ်လို့ ကျော်မသွားပဲ ဖတ်ကြည့်ပါ အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထား/မထား ဘယ်လိုသိနိုင်မလဲ။အဝတ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အဝတ်အစားလဲခန်း (အဝတ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံ မသိနိုင်ပါဘူး။ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ 1. အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ 2. အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ 3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ hidden camera ရှိနေဖို့ […]
အဆိုတော် ရေမွန် ကောင်မလေးရဲ့ အရှုပ်တော်ပုံ ပေါက်ကြား
မမပန်းနုသွေး… တုတ်ထိုးမ မမပန်းနုသွေး…ဖော်လော်မော် တုတ်ထိုးမ🌚 ရေမွန်ကိုတော့သနားပါတယ်.. တချို့ယောက်ကျားတွေကအဲလိုမိန်းမမျိုးနဲ့ကျတော့ပြာပြာသလဲ တကယ်ချစ်တဲ့မိန်းကလေးတွေကျတော့. နိုင်လိုက်ကျတာ.. ၃ သိန်းပြန်တောင်းမိလို့၃ ဘဝစာလောက် ပြန်အဖော်ခံလိုက်ရတယ် အဆိုတော် ရေမွန် ကောင်းမလေးရဲ့ အရှုပ်တော်ပုံချစ်သူရဲ့နောက်ဆုံးဈာပနကိုတောင် လိုက်မပို့တဲ့အပြင် Hot Pot ဖိုးငွေသုံးသိန်းနဲ့ ဖုန်းကိုပါ ကျန်ရစ်သူမိသားစုဆီလာတောင်းနေတဲ့ ရေမွန်ကောင်မလေး အဆိုတော် ရေမွန်ဟာ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးရင်းရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့တာကြောင့်အနုပညာမောင်နုမတွေအပြင် ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ရပါတယ်။ ရေမွန်ရဲ့ဈာပနပွဲကိုတော့ နိုင်ငံရေးအခြေအနေကြောင့် နောက်ဆုံး ခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီးမိသားစုဝင်များ၊ အနုပညာမောင်နုမတွေတချို့နဲ့ ချစ်တဲ့ပရိသတ်တွေက လိုက်ပါပို့ဆောင်ပေးကြတာ တွေ့ရပါတယ်။ ယုံကြည်ချက်တစ်ခုအတွက်နဲ့ တောထဲဝင်သွားခဲ့ပြီးမတရားမှုကိုမတွန်းလှန်နိုင်လိုက်ခင်မှာ အသက်ဆုံးရှုံးသွားတဲ့ အဆိုတော်ကြီးအတွက်အားလုံးက ယူကျုံးမရဖြစ်နေခဲ့ပါတယ်။ မိခင်နဲ့ညီမဖြစ်သူကို သိပ်ချစ်ပြီး အပေါင်းအသင်းတွေ အပေါ်မှာလည်းစိတ်ကောင်းထားကာ အမြဲကူညီတတ်သူမို့ လူကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာတကယ်ကိုနှမြောစရာကောင်းလွန်းပါတယ်။ မနေ့ညကတော့ ဖေ့ဘုတ်ပေါ်မှာ […]