သက်ကြီးရွယ်အိုများနဲ့ ကလေးများကို လူငယ်ပြန်ဝန်ကြီးက ကျပ်သိန်း ၆၀၀၀ ကျော်….see more ဧရာဝတီတိုင်းဒေသကြီး၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက် ၂ နှစ်အောက်ကလေးများ၊ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများကို လူကယ်ပြန်ဝန်ကြီးဌာနမှ ကျပ်သန်း ၆၀၀၀ ကျော်ကို ထောက်ပံ့လိုက်ပါတယ်။ အဆိုပါ ထောက်ပံ့ငွေကို သြဂုတ်လ ၁၃ ရက်နေ့က ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အရ လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လူကယ်ပြန်ဝန် ကြီးဌာနက ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အစည်းအဝေးတွင် လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ကြီး ဦးမောင်မောင်သန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် […]
Day: August 14, 2021
NUG ပရိုဖိုင် ပြောင်းလဲသူ များကို ဖမ်းဆီးမည်ဟူသော စစ်ကောင်စီလုပ်ရပ်ကို နိုဗာန်ထူး ပြောပြီ
NUGအစိုးရ တရားဝင်ရေး အတွက် ဆိုရှယ်မီဒီယာ Facebookအသုံးပြုသူများက “Accept NUG Reject Military” စာတန်းပါ NUGကိုထောက်ခံ ၊စစ်တပ်ကိုညင်းဆန် ဟု ။ အဓိပ္ပါယ်ရသော ပရိုင်ဖိုင် ပြောင်းလဲမှု ကမ်ပိန်း လှုရှားမှုကို ရပ်တန့်စေရန်အတွက် နာမည်ကြီး အနု ပညာရှင်များ နှင့် လူသိများ ထင်ရှားသူများအပါ အဝင် ပရိုဖိုင်ပြောင်းလဲသူများကို ။ ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ကြေငြာပြီးနောက် နိုဗာန်ထူးက ယခုကဲ့သို့ပြောဆိုလာခြင်း ဖြစ်ပါတယ်။ အဆိုပါ စာရင်းတွင် ၅၀၅(က)ဖြင့်ဖမ်းဆီးအရေးယူရန် အမိန့်ထုတ်ထားသော နိုဗာန်ထူးလည်း ပါဝင်ခဲ့ပါသည်။ Attention မပေးကြေး ..၊ စကစ က ကတော့ ရှုံးခါနီး ကူကယ်ရာမဲ့ လုပ်ရပ် လုပ်နေတာလို့ဘဲ နားလည်ကြပါ။ စောက်လုပ်မရှိတော့ စောက်တလွဲ အလုပ်ဘဲ […]
တရားမဝင်ထီထိုးရင် ငွေစာရင်းအပိတ်ခံရနိုင်တယ် လို့ အောင်ဘာလေထီဘက်က ပြောလာ
ပြည်တွင်းမှာ တရားမဝင်ထီကိုထိုးမယ်ဆိုရင် ထိုးသူရဲ့ငွေစာရင်းတွေပိတ်ပင်ခံရတဲ့အထိဖြစ်လာနိုင်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ကအောင်ဘာလေသိန်းထီဆုဌာနရဲ့စီမံညွှန်ကြားရေးမှူးကပြောလာပါတယ်။ လတ်တလောမှာ စစ်ကောင်စီက တရားမဝင်ဘူးလို့သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေက ထီရောင်းချဖို့ပြင်ဆင်နေတယ်ဆိုပြီး နိုင်ငံပိုင်မီဒီယာကမေးတဲ့မေးခွန်းကို သူကပြန်လည်ဖြေကြားချိန်အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းရယ်လို့တိတိကျကျပြောဆိုတာမရှိပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထီအမျိုးအစားတစ်ခုကို ဖွင့်လှစ်ရောင်းချမယ်လို့ပြောနေချိန်မှာ သူရဲ့ပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ “E-Lottery(အွန်လိုင်းကနေထိုးနိုင်တဲ့ထီ)စနစ်မှာငွေပေးချေမှုကအဓိကအချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာKBZ ငွေပေးချေမှုစနစ် ၊Wave Money (ငွေလွှဲ၊ငွေလက်ခံဝန်ဆောင်မှု)တို့အပါအဝင် Mobile Payment(ဖုန်းကနေငွေပေးချေနိုင်မှု) တွေ၊ Online Payment(အွန်လိုင်းကနေငွေပေးချေမှု) တွေ၊ Bank Transfer (ဘဏ်ကိုသုံးပြီးငွေကြေးလွှဲပြောင်းမှု)အားလုံးက ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့လည်း ဒီလိုတရားမ၀င်ထီနဲ့ ပတ်သက်တဲ့ငွေပေးချေတာတွေ၊ ငွေလွှဲပြောင်းမှုတွေကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှုတွေရှိနိုင်ပါတယ်။ ဥပမာ- တရားမဝင်ထီအတွက်ငွေပေးချေမှုနဲ့ဆက်စပ်တဲ့ဘဏ်စာရင်းတွေကိုပိတ်သိမ်းတာ၊ ဘဏ်စာရင်းထဲကငွေတွေကိုထိန်းချုပ်တာ စတာတွေကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြေရှိပါတယ်”လို့ အောင်ဘာလေထီစီမံခန့်ခွဲရေးညွှန်ကြားရေးမှူးဦးညီညီလှိုင်ကပြောပါတယ်။ အောင်ဘာလေထီမှာ ထီလက်မှတ်ရောင်းချငွေစုစုပေါင်းထဲက ၆၀ရာခိုင်နှုန်းကို ဆုကြေးထုတ်ပေးပြီး ၄၀ရာခိုင်နှုန်းကို နိုင်ငံ့အခွန်အဖြစ်သတ်မှတ်ပါတယ်။ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ထီရောင်းရတဲ့ငွေတွေကနေ စစ်ကောင်စီလက်အောက်ဆီ အခွန်ငွေတွေမစီးဆင်းအောင်ဆိုပြီး အောင်ဘာလေထီကို မထိုးကြဖို့ လူထုကြားထဲလှုံ့ဆော်မှုတွေဖြစ်ခဲ့ပါတယ်။ […]
တရုတ်မြို့ကြီးအချို့ကို စိုးရိမ်ရသည့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်ပြီ
တရုတ်မြို့ကြီးအချို့ကို ရေကြီးရေလျှံမှုများ စိုးရိမ်ရသည့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန် တရုတ်နိုင်ငံ ဟူဘေးစီရင်စုခရိုင်မှာ အလွန်စိုးရိမ်ဖွယ်ရာရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အဲ့ဒီ စီရင်စုခရိုင်ထဲက မြို့ကြီးငါးမြို့ကို အနီရောင်အဆင့်သတ်မှတ်ချက်ထုတ်ပြန်ကာ သတိပေးထားရပြီဖြစ်ပါတယ်။ ဟူဘေးစီရင်စုခရိုင်မှာ အခုအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး အခုဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူအရေအတွက်ဟာ ၂၁ ဦးအထိ ရှိသွားခဲ့ပြီလို့ ဟူဘေးစီရင်စုခရိုင်အာဏာပိုင်တွေက အသိပေးသွားခဲ့ပါတယ်။ ဟူဘေးစီရင်စုခရိုင်ရဲ့မြောက်ပိုင်းဒေသမှာရှိတဲ့ ရှီဇူးမြို့တော်ရဲ့ပိုင်နက်ထဲက လူလင်ဒေသမှာ လူသေဆုံးမှု အများဆုံးဖြစ်နေတယ်လို့ သိရပြီး ရေကြီးမှုကြောင့် ဟူဘေးစီရင်စုခရိုင်အတွင်းမှာ လူနေအိမ်နဲ့ ဈေးဆိုင်ပေါင်း ၂၇၀၀ ကျော် ပျက်စီးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးအားလုံးဟာ ပြတ်တောက်ရပ်ဆိုင်းနေပြီး လူပေါင်း ၆၀၀၀ ကျော်ကို ဘေးလွတ်ကင်းရာနေရာတွေဆီ ပြောင်းရွှေ့ပေးထားရကြောင်းလည်း ဟူဘေးစီရင်စုခရိုင် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဟူဘေးစီရင်စုခရိုင်ထဲက ယီချွမ်းမြို့ဟာ […]
ကိုဗစ် တတိယလှိုင်းပြီးတော့ ပြည်သူတွေ ရင်ဆိုင်ရမယ့် နောက်ထပ်လှိုင်းတခု
မနေ့က fb ပေါ်မှာ ဗီဒီယိုဖိုင်တခု ကြည့်ရတယ်။ ၂၀၂၀ နှစ်လယ်လောက်မှာ ဗင်နီဇွဲလား နိုင်ငံသား တယောက်ကို ခရီးသွားဗီဒီယိုတွေ တင်တဲ သူတယောက်က မေးထားတဲ့ ဗီဒီယိုဖိုင်ပါ။ အဲဒီဗီဒီယိုထဲမှာ ဗင်နီဇွဲလားနိုင်ငံသားတယောက်က သူတို့နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ပြောပြသွားပါတယ်။ သူတို့နိုင်ငံရဲ့ လစာက အဲဒီအချိန်မှာ ပျမ်းမျှ တလ ၄ သောင်းလောက် ရပေမယ့် ဟမ်ဘာဂါတခုကို ၃ သောင်း ဖြစ်နေတဲ့ အကြောင်း၊ အိမ်သာသုံး စက္ကူလိပ်တထုပ်ကို ၆ သောင်းကျတဲ့ အကြောင်း၊ တန်ဖိုးအကြီးဆုံး ငွေစက္ကူက ၅၀၀ တန်ဖြစ်နေပြီး ATM စက်တွေက ၃၀၀၀ ပဲထုတ်ပေးလို့ ကတ်တွေပဲ အသုံးပြုနေရကြောင်း ပြောသွားပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ၂၀၀၀ ခုနှစ်ကျော်ထဲက […]
နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်က နတ်ရုပ်ကြီးကို တံတားလုပ်တက်နင်းဖြတ်တဲ့လူ..
လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ပုံပြင်ကလေးက ဒီလိုဗျ။ တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ်။ နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး။ တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။ ညက မိုးရွာထားတာကိုး။ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့။ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ။ ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပြီး မြောင်းကို ကူးသွားတယ်။ ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့ သိပ်မကြာလိုက်ပါဘူး။ လယ်သမားကြီးတယောက် ရောက်လာတယ်။ သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့ မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပီး […]
မွေးနေ့ကိတ်ဝယ်ရန် ငွေကြေးမတတ်နိုင်တာကြောင့် ခြံထွက်သီးနှံဖြစ်သော ဂေါ်ဖီထုပ် ခရမ်းသီးမုန်လာဥနီတို့နှင့် မွေးနေ့ကိတ်လုပ်ခဲ့သော အဖွားအို
လူသားတိုင်းက မွေးနေ့တွင် မိသားစုသို့မဟုတ် ချစ်ကသောသူတွေဆီကနေ သတိတရနှင့် မွေးနေ့ဆုတောင်းတာပေးမျိုး ငွေကြေးတတ်နိုင်လျှင်လည်း မွေးနေ့ကိတ်လေးလုပ်ပေးတာမျိုးကို ခံယူချင်ကြသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Thuanပြည်နယ် La Giမြို့တွင် နေထိုင်သော Tran Ngoc Thoအမည်ရှိသော အသက် ၁၀၁နှ စ်ရှိပြီဖြစ်သော အဖွားအိုတစ်ဦးသည် မွေးနေ့တွင် ကိတ်ဝယ်ရန် အလုပ်လက်မဲ့ဖြစ်နေသည့်အတွက် ငွေကြေးမတတ်နိုင် တာကြောင့် အိမ်ရှိ သီးနှံတွေနှင့်သာ ပြုလုပ်ပေးခဲ့သည်။ မွေးနေ့ကိတ်လေးအား ဂေါ်ဖီထုပ်ပေါ်တွင် မုန်လာဥနီကို ပုံဖော်ပြီး တင်ထားကာ ငရုတ်သီးလည်း ပါရှိပြီး ဘေးပတ်ပတ်လ ည်တွင် ခရမ်းသီးကို အခွံခွာကာ ပတ်ထားခြင်းဖြင့် တတ်စွမ်းသလောက်လေး ဖန်တီးပေးခဲ့သည်။ ထိုမွေးနေ့ပွဲကို လိုင်းပေါ်တွင် မျှဝေပြီးနောက် ဒေသရှိဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းတ စ်ဦးသည် တွေ့ရှိသွားပြီးနောက် စိတ်မကောင်းဖြစ်ကာ အနီးနားရှိ ကိတ်မုန့်ဆိုင်တွင် […]
မိနစ်(၂၀)လောက် ခြေထောက်လုပ်ရုံနဲ့ ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးများ
ပုံမှန်လေ့ကျင့်ခန်းတော်တော်များများကတော့ ကာယခွန်အားအများကြီးစိုက်ထုတ်ရပြီး ချွေးထွက်မောပန်းရတာမျိုးတွေ များပါတယ် ။ ဒီလိုလေ့ ကျင့်ခန်းတွေကြားထဲမှာမှ သက်သောင့်သက်သာနဲ့ ခန္ဓာကိုယ်အကျိုးကျေးဇူးများစေမယ့် လေ့ကျင့်ခန်းလေးကိုဖော်ပြပေးချင်ပါတယ် ။ဒါကတော့ ခြေထောက်မြှောက်လေ့ ကျင့်ခန်းပါ။ ခြေထောက်မြှောက်လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၂၀နဲ့ ပုံမှန်ပြုလုပ်ပေးရင်ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ၁- ခြေထောက်ဖောတာ ရောင်တာ သက်သာမယ် ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေလို့ ကျောက်ကပ်ရောဂါအဝလွန်တာနဲ့ မှားယွင်းတဲ့ စားသောက်ပုံတွေကြောင့်ဖြစ်တဲ့ ခြေထောက်ဖောတာ ရောင်တာတွေကို လျော့ကျစေပြီခြေထောက် သွယ်လာစေပါတယ်ဒေါက်ဖိနပ်စီးရင်ဖြစ်တဲ့ နာကျင်မှုဒါဏ်တွေကိုလည်းသက်သာလာစေပါတယ် ၂ -အစာခြေစနစ် ကောင်းမွန်လာမယ် ကိုယ်တွင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေတာကြောင့် အစာခြေစနစ်ကိုပိုမိုကောင်းမွန်လာစေပါတယ်။ အစာစုပြီး ဗိုက်ပူတာ၊ ဗိုက်အဆီစုတာတွေပါပျောက်ကင်းစေတာကြောင့် အဆီကျပြီး ခါးလေးပါသွယ်လာမှာပါ ၃- စိတ်အတက်အကျများတာ လျော့ကျလာမယ် ခြေထောက်မြှောက်လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူလေ့ကျင့်ခန်းပါလုပ်ပြီးသားဖြစ်တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ပိုရောက်ပြီး စိတ်ကိုလန်းဆန်းစေပါတယ် […]
ဖုန်းမှန် ကွဲနေတာ ဆက်သုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေ
ဖုန်းမှန် ကွဲနေတာ ဆက်သုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေ စမတ်ဖုန်း ကိုင်ဆောင်ရတဲ့သူတိုင်း အချိန်မရွေးကြုံတွေ့လာနိုင်တာကတော့ ဖုန်း မှန်သားပြင် ကွဲသွားခြင်းပဲ ဖြစ်ပါတယ်။ စမတ်ဖုန်း တစ်လုံးရဲ့ တန်ဖိုးဟာ နည်းပါးလွန်းတဲ့ ပမာဏ မဟုတ်တာကြောင့် အသစ် တစ်လုံးနဲ့ ချက်ချင်းလဲဖို့ဆိုတာလည်း သိပ်တော့ မလွယ်ကူလှပါဘူး။ မိမိတို့ ပတ်ဝန်းကျင်မှာလည်း ဖုန်းမှန်ကွဲ နေပေမယ့် ဆက်သုံးတဲ့ မိတ်ဆွေ တွေ ရှိပါလိမ့်မယ်။ သူတို့ကိုလည်း ဒီ ဆိုးကျိုး လေးတွေ သိအောင် ဝေမျှ ပေးလိုက်ပါဦး။ ဖုန်းမှန်ကွဲ ရာကနေ စိစိညက်ညက်ကြေနိုင်။ အက်ရာရှိနေတဲ့ ဖန်သားပြင် ဟာ ပြန်မကောင်းလာနိုင်တဲ့အပြင် ပိုဆိုးသွားဖို့ပဲရှိပါတယ်။ ဒီလိုမျိုး ပိုမို အက်ကွဲလာတဲ့ အချိန်မှာတော့ မသုံးသင့်ပါဘူး။ ဖန်သားစ တွေဟာ အရေပြား နဲ့ပွတ်ရှ […]
ဖုန်းကနေ လိမ်တဲ့ လိမ်နည်းအသစ် တော်တော်များများခံလိုက်ရပါပြီ
ဖုန်းကနေ လိမ်တဲ့ လိမ်နည်းအသစ် တော်တော်များများခံလိုက်ရပါပြီ မနေ့က ၆.၁၀. ၂၀ ဖုန်းတစ်လုံးဝင်လာပါတယ်….ဒကာကြီး ဦးဇင်းက ဒကာကြီးတို့နယ်ဘက်ကပါ….ဒကာကြီးတို့မြို့က ( ) ကျောင်းကိုလဲသိပါတယ်…. လိုင်းပေါ်မှာ ဒကာကြီးတို့ ကူညီနေတာတွေ့လို့ ဦးဇင်းကျောင်းမှာသုံးနေတဲ့ ကားတစ်စီး လှုချင်လို့ပါ…ဦးဇင်းက ရွှေကုက္ကိုလ် (မြဝတီမြို့နယ်)မှာ ကျောင်းထိုင်ပါတယ် ဦးဇင်းဘွဲ့အမည်က အရှင်ခေမိန္ဒ ဓမ္မစရိယ အောင်ပီးသားပါ.ဒကာကြီးတို့အသင်းကို ကားလှုချင်လို့…အဖွဲ့အစည်းတစ်ခုနဲ့ ပို့ခိုင်းလိုက်ပါ့မယ်…ကားပို့ခစရိတ်ကိုလဲ ဝတ္ထုစွန့်လိုက်ပါ့မယ္ အဆင်ပြေလား လို့ ပြောပါတယ်… ကျွန်တော်လဲ အံသြသွားတာပေါ့…ဖုန်းနံပါတ်က တော့ကိုယ်မသိတဲ့ဖုန်းပါ…ရပါတယ် ဦးဇင်း.. အဆင်ပြေသလိုပို့ခိုင်းလိုက်ပါ လက်ခံပေးပါ့မယ်ပေါ့….အဲ့ဒါနဲ့ ဖုန်းနံပတ်တခုပေးပါတယ်… ( )အဖွဲ့ က အရာရှိ ဆိုပဲ….ကျွန်တော်လဲ ဖုန်းခေါ်ကြည့်တော့…စောအယ်ထူး ဆိုလား မသိပါဘူး…ဦးဇင်း က ပို့ခိုင်းထားတာ မှန်ပါတယ်….ဘယ်အထိပို့ပေးရမလဲ ဆိုတော့ တိုက်ကြီးအထိဆို ရပီလို့ပြောလိုက်ပါတယ်… ခုန ဆက်တဲ့ […]









