ချောမောလှပတဲ့ ဘဏ်မန်နေဂျာမိန်းကလေးကို ချစ်ကြိုက်မိသောကြောင့် ပိုက်ဆံများကုန်သွားခဲ့သည့် အသက်၇၀အရွယ် ဘီလျံနာသူဋ္ဌေးကြီး အသက်၇၀အရွယ်ရှိနေပြီဖြစ်တဲ့ တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်မှ ဘီလျံနာအဖိုးအိုတစ်ဦးဟာ သူ၏ဇနီးသည်သေဆုံးသွားခဲ့သောကြောင့် တစ်ယောက်တည်းအထီးကျန်နေခဲ့ပါတယ်။ ထို့ကြောင့် ဘဝ၏ကူဖော်လောင်ဖက်တစ်ဦးကို ရှာဖွေနေခဲ့ချိန်တွင် လိုင်းပေါ်မှတစ်ဆင့် အသက်၃၅နှစ်အရွယ် ဘဏ်မန်နေဂျာ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ထို့နောက်စကားများပြောကြည့်ပြီး ၃ ရက်အကြာတွင် ချစ်သူရည်းစားများဖြစ်သွားခဲ့ကြပါတယ်။ ရည်းစားဖြစ်ပြီး မကြာမီအချိန်မှာဘဲ အမျိုးသမီးဟာ ကားလုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်အတွက်ဟုဆိုကာ VND နှစ်ဘီလီယံကို တောင်းခံခဲ့ပါတယ်။ သူဋ္ဌေးကြီးဟာလည်း အမျိုးသမီးကို ယုံကြည်ကာ ထုတ်ပေးခဲ့မိပါတယ်။ နောက်ပိုင်းတွင် ကောင်မလေးဟာ အမျိုးမျိုးအကြောင်းပြပြီး များပြားလှသောငွေကြေးများကို အမြဲတောင်းခံနေခဲ့ပါတယ်။ ကြာလာသောအခါ ကောင်မလေးဟာ အဆက်အသွယ်ဖြတ်ပြီး အဖိုးအိုကိုထားသွားခဲ့ပါတယ်။ အဖိုးအိုဟာ ရဲများကို အကူအညီတောင်းထားပြီး ရဲများဟာလည်း စုံစမ်းမှုများကို လုပ်ဆောင်ပေးနေတယ်ဟု သိရပါတယ်။ unicode ခြောမောလှပတဲ့ ဘဏျမနျနဂြောမိနျးကလေးကို […]
Day: September 25, 2021
တကယ်ရှိတယ်.တကယ်ဖြစ်သွားပါပြီ….Fbကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက်ရတဲ့ ကျနော့်သူငယ်ချင်း (ဖြစ်ရပ်မှန် ) သူတို့မိသားစုဘဝထဲကို ဝင်ရောက်ဖျက်စီးသွားတဲ့အရာတခုက Fbမှာပါတဲ့ messengerလေးတခု ဆိုရင် မမှားပါဘူး ။ ဒီနေ့ခေတ် Online အသုံးပြုသူ တချို့ဟာ Fb ဆိုတဲ့ စိတ်ကွယ်ရာ အရပ်ကနေ အိမ်ထောင်ရှိတာ မရှိတာ နားမလည်ကြပဲ ဒု သ န သောဆိုတဲ့ အပြစ်ကို လူမသိ သူမသိ တချို့တွေ ကျူးလွန် နေကြခြင်း ဖြစ်ပါတယ် …။ ကျနော့် သူငယ်ချင်း အကြောင်း ဆက်ရအောင် သူ့နာမည် ကျော်မြင့် သူတို့ မိသားစုက ဝန်ထမ်းတွေပါ သမီးလေး တစ်ယောက် ရှိပါတယ် ။ ဖြစ်ပုံက ဒီလိုပါ သူ့မိန်းမ Fb သုံးရင်းနဲ့ ယောကျ်ားလေးတစ်ယောက်နဲ့ […]
မိမိရဲ့ကိုယ်ပိုင်စီးပွားရေးကို အစပြုချင်တဲ့ ယောကျာ်းများအတွက် အောင်မြင်စေမယ့် နည်းလမ်းများ
မိမိရဲ့ကိုယ်ပိုင်စီးပွားရေးကို အစပြုချင်တဲ့ ယောကျာ်းများအတွက် အောင်မြင်စေမယ့် နည်းလမ်းများ ကိုယ်ပိုင်စီးပွားရေး တည်ထောင်မယ့်သူတစ်ယောက်အနေနဲ့ မိမိလုပ်ငန်းတိုးချဲ့ဖို့ရန်အတွက် အဆက်အသွယ်ကောင်းများ အများအပြားရှိဖို့လိုအပ်ပါတယ်။ မိမိရဲ့Networking ပိုင်းကို ချဲ့နိုင်သမျှ များများချဲ့လေ မိမိရဲ့စီးပွားရေး အောင်မြင်လေပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ပိုင်စီးပွားရေးကို စတင်လုပ်ကိုင်မယ့် ယောကျာ်းများအတွက် ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ မိမိကိုယ်ကိုယ်မိမိ သေသေချာချာသိနားလည်အောင် ပြုလုပ်ပါ သင့်လက်ထဲမှာ ငွေအရင်းအနှီး ဘယ်လောက်ရှိသလဲ။ ငွေဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။ တစ်နေ့လျှင် ဘယ်နှနာရီ အလုပ်လုပ်နိုင်သလဲ။ သင့်ရဲ့မိသားစုကရော သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်ရဲ့လား စတဲ့မေးခွန်းတွေနဲ့ အစပြုဖို့လိုအပ်ပါတယ်။ မိမိရဲ့သူငယ်ချင်း၊ မိသားစုဝင်ထံမှ အားပေးထောက်ခံမှု ရရှိခြင်းသည်လည်း သင့်ရဲ့လုပ်ငန်းကို အောင်မြင်စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။ မှန်ကန်တဲ့လုပ်ငန်းကို ရွေးချယ်ပါ သင်က ဘယ်လိုစီးပွားရေးမျိုးကို ဝါသနာပါတာလဲ။ ထိုလုပ်ငန်းကရော သင်နဲ့ ကိုက်ညီရဲ့လား။ လုပ်ငန်းအတွက် […]
(25.9.21)အတွက် တရက်စာ ဗေဒင်ဟောစာတန်း
တနင်္ဂနွေ အလုပ်အတွက် ခရီးထွက်ရကိန်းလေးရှိပြီး သတင်းကောင်းတွေလည်းကြားရမည်။စိတ်ကူးယာဥ်အိပ်မက်တွေကို သံယောဇဥ်တွယ်တာမနေပဲ လက်တွေ့ဘဝမှာ အကောင်အထည်ဖော်လုပ်ဆောင်သင့်တဲ့နေ့ဖြစ်ပြီး အစပိုင်း မကျွမ်းကျင်မှု့အတွက်အခက်အခဲလေးတွေရှိသော်လည်းနောက်ပိုင်းအဆင်ပြေပါွလိမ့်ွမယ်ရန်လိုနေတက်တဲ့စိတ်တေွ ဖြစ်ပေါ်နေပြီးစိတ်လိုက်မာန်ပါလုပ်ခြင်းကိုလျှော့ပါ။ ဇာတ်ကြောတက် ခါးအထက်ပါနာကျင်ကိုက်ခဲနေမယ်။ အချစ်ရေးမှာ စန်းပွင့်နေပြီး အိမ်ထောင်ရေးမှာတော့ အခက်အခဲများကြားမှ သာယာမှု့လေးတွေရှိနေပါလိမ့်မယ်။ ၅ထောင်၅သောင်း၅သိန်းဝင်ကိန်းလေးရှိပါတယ်။ အိမ်ရှိဘုရားတွင် ထန်းညွှန့် လှူဒါန်းပါ။ အပြာနုရောင်ဝတ်ဆင်ပါ။ တနင်္လာ ဒီနေ့လေးမှာ စိတ်ကူးယာဥ်မှု့လေးတွေများနေပြီး တရားဘာဝနာအားထုတ်ချင်စိတ်လေးအထူးတလည်ဖြစ်နေပါလိမ့်မယ်။အလုပ်တွေကို ခနနားပြီး မိမိလုပ်ချင်တဲ့အရာများကိုလုပ်ရင်း နာနားနေနေအပန်းဖြေသင့်တဲ့နေ့လေးဖြစ်ပါတယ်။အလုပ်လုပ်လျှင်လည်းအထူးသတိထားလုပ်ကိုင်ရမယ့်နေ့ဖြစ်နေပါလိမ့်မယ်။ ချောင်းဆိုးချွဲ ကြပ်ပြီး မောပန်းနေပါလိမ့်မယ်။ အချစ်ရေးမှာတော့ ကြားလူကြောင့် တစ်ဦးပေါ်တစ်ဦးအထင်အမြင်လွှဲမှားနေပါလိမ့်မယ်။အိမ်ထောင်ရေးမှာတော့ အရင်ထက်ပိုကောင်းတဲ့ဆက်ဆံရေးလေးဖြစ်နေပါလိမ့်မယ်။ ၂ထောင်၂သောင်း၂သိန်းဝင်ကိန်းလေးရှိပါတယ်။ အိမ်ရှိဘုရားတွင် ယို လှူဒါန်းပါ။လိမ္မော်ရောင်ဝတ်ဆင်ပါ။ အင်္ဂါ သတင်းစကားတွေကြားရပြီး ခရီးထွက်ရကိန်းလေးလည်းရှိနေပါလိမ့်မယ်။ မိသားစုအတွင်းကြုံတွေ့နေရတဲ့ ပြသနာ အနည်းကလည်း မကြာခင်ပြေလည်သွားပါလိမ့်မယ်။မိမိရဲ့အမှားအယွင်းအနည်းငယ်ကြောင့် အဆူခံရကိန်းလေးရှိပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါသော်လည်းတိုင်းရင်းဆေးသောက်ရုံဖြင့်ပျောက်ကင်းပါလိမ့်မယ်။ sgများ အချစ်ရေးမှာ ဖွင့်ပြောလျှင်အဆင်ပြေနိုင်ပြီး အိမ်ထောင်သည်များကတော့ မိသားစုသာယာစိုပြေနေပါလိမ့်မယ်။ ၂ထောင်၂သောင်း၂သိန်းဝင်ကိန်းလေးရှိပါတယ်။ […]
(၅) ရက်တာ အကောင်းမြင်လေ့ကျင့်ခန်းတစ်ခု လုပ်ကြည့်ရအောင်
ဒီတစ်ခါ စခန်းသွင်း လေ့ကျင့်ရမှာက စိတ်ဓါတ်အကောင်းမြင်မှုအကြောင်းပါပဲ။ အကောင်းမြင်စိတ်မွေးဖို့အတွက် ဝိတ်တုံးတွေ ၊ ပြေးစက်တွေ ဘာကိရိယာမှ မလိုပါဘူး။ စိတ်ကိုလေ့ကျင့်ဖို့ ရိုးရှင်းတဲ့ စိတ်လေ့ကျင့်ခန်းတွေပဲ လိုပါတယ်။ ဒီဆောင်းပါးမှာ ၅ ရက်တာ စိတ်ဓါတ်ပြုပြင်ရေးလေ့ကျင့်ခန်းတွေကို မိတ်ဆက်သွားမှာပါ။ (၁) ပထမရက် အပြုသဘောဆောင်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်ကို လေ့ကျင့်ပါမယ်။ Positive Perfectionism လို့ ဆိုနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးအပိုင်းကို အာရုံစိုက်တာ ဖြစ်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ခဲ့တဲ့ ချီးကျူးစရာ လုပ်ဆောင်ချက်တွေကို ပြန်တွေးဖို့ပါ။ အမှားတွေကိုလည်း ချန်မထားပါနဲ့။ ပြန်တွေးပါ။ ဒါပေမယ့် အမှားတွေနဲ့ကျရှုံးမှုကို ပြန်သုံးသပ်ချိန်မှာ ဒီတစ်ခါ ပိုကောင်းအောင် လုပ်မယ်လို့ မှတ်ချက်ချဖို့ မမေ့ပါနဲ့။ (၂) ဒုတိယနေ့ ဒုတိယနေ့ကတော့ အံ့ဩဖွယ်ရာတွေကို အသေးစိတ် ပြန်လေ့လာဖို့ ဖြစ်ပါတယ်။ အကောင်းမြင်တတ်ဖို့ […]
တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေ
တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေ လူတိုင်းလူတိုင်း မိမိဘဝနဲ့ ပတ်သတ်ပြီး လှပတဲ့အနာဂတ်သစ် တစ်ခုကို ဖန်တီးချင်ကြမှာပါ။အနာဂတ်မှာအဆင်ပြေချောမွေ့ တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် လက်ရှိအချိန်မှာကတည်းက အများကြီးကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။တစ်ချို့ကလည်းကိုယ့်မျှော့်လင့်ထားတဲ့အနာဂတ်ပန်းတိုင်ကိုဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ကြသလို တစ်ချို့ကျတော့လမ်း တစ်ဝက်မှာတင် လမ်းပျောက်သွားတာမျိုးတွေ ရှိတက်ကြပါတယ်။ဒီနေ့မှာတော့ တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေကိုပြောပြ ပေးချင်ပါတယ်။ (၁) မိုက်ရူးရဲမဆန်ပါနဲ့ တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ ကိစ္စတစ်ခုခုလုပ်ဆောင်ရာမှာ မိုက်ရူးရဲဆန်စွာပဲ လုပ်မိတက်ကြပါတယ်။အမှားအမှန်ကိုခွဲခြားသိမြင်နိုင်ခြင်းက အောင်မြင်မှုရဲ့ လမ်းစတစ်ခုဖြစ် တာကြောင့်ဘာပဲလုပ်လုပ် အရင်ဆုံးစဉ်းစားဆင်ခြင်မိဖို့အရေးကြီးပါတယ်။ကောင်းတဲ့အရာတစ်ခုအတွက် ရှေ့ကိုဆက် တိုးတာဟာ မှန်ကန်ပေမယ့် မှားနေတယ် မကောင်းဘူးဆိုတဲ့ အရာတွေအတွက်တော့ မိုက်ရူးဆန်စွာမလုပ်ဆောင်သင့်ပါဘူး။ မိုက်ရူးရဲဆန်စွာအမှားကိုလုပ်ဆောင်ခြင်းဟာ သာမာန်အမှားလုပ်တာထက်နှစ်ဆပိုခံရနိုင်ပါတယ်။ဒါကြောင့်ဘယ်အရာပဲလုပ်လုပ်အရင်ဆုံးစဉ်းစားပါတွေးခေါ်ပါအကြံဉာဏ်တောင်းပါ။ (၂) အချစ်ကိုမရူးသွပ်ပါနဲ့ ကမ္ဘာပေါ်ကသက်ရှိတိုင်းအတွက် ချစ်ခြင်းမေတ္တာဆိုတာလိုအပ်ပေမယ့် ၁၅၀၀ အချစ်ကတော့ တစ်ခါတစ်လေမှာ ကျွန်တော် တို့ရဲ့ ဘဝတွေကို အောက်ဆုံးအထိဆွဲချသွားတက်ပါတယ်။အနာဂတ်အတွက်ကြိုးစားနေချိန်မှာ ပိုပြီးတောင်အချစ်ကို လိမ်မာပါးနပ်စွာကိုင်တွယ်သင့်ပါတယ်။လုံးဝမချစ်နဲ့လို့မပြောချင်ပါဘူး။ချစ်ပါ။ […]
ဘဝမှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ
ဘဝမှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ (Unicode) ၁။ အလွန်အကျွံအလုပ်လုပ်ခြင်း ဟုတ်ပါတယ်။ အချိန်ပိုလုပ်ရင် ငွေပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင်တော့ အလုပ်ချည်းပဲ လုပ်နေလို့မဖြစ်ပါဘူး။ အလုပ်တွေပဲ တောက်လျှောက်လုပ်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာစေနို်င်ပါတယ်။ စိတ်ကျဝေဒနာနဲ့ စိုးရိမ်သောကတွေ များလာစေပါတယ်။ အလုပ်နဲ့ ဘဝကို မျှတနေဖို့ လိုပါတယ်။ ၂။ မိမိကိုယ်ကို မကောင်းတဲ့စကားတွေပြောခြင်း လူတိုင်း မိမိကိုယ်ကို စကားပြောတတ်ကြပါတယ်။ တစ်မိနစ်ကို စကားလုံးပေါင်း (၃၀၀)ကနေ (၁၀၀၀)လောက်အထိ ပြောကြပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို မ ကောင်းတဲ့စကားတွေ ပြောမယ်ဆိုရင် ပျော်ရွှင်မှုနဲ့ ဝေးနေပါလိမ့်မယ်။ မိမိကိုယ်ကို အားပေးတဲ့စကားတွေ၊ တွန်းအားဖြစ်စေတဲ့ စကားတွေ ပြောပေးရမှာဖြစ်ပါ တယ်။ ၃။ ထိန်းချုပ်မှုလွန်ကဲခြင်း အရာအားလုံး စိတ်တိုင်းကျဖြစ်အောင် ထိန်းချုပ်လို့မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ […]
အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း
အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း Grace Tun Shein ဂျပန်မှာ ရထားစီးရင်းအစာအိမ်အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန်အဖွားကြီးတယောက်က ရပ်တဲ့ဘူတာက mini market ထဲခေါ်သွားပြီး ကုသပေးလိုက်တဲ့ အရေးပေါ်ဆေးနည်းလေး ပါ။ဂျပန်လူမျိုးများရဲ့ ရိုးရာဆေးနည်းတစ်ခုလို့ သိရပါတယ်။ ဆေးနည်း ကြက်ဥ သို့ ဘဲဥတစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာဝ သကြားညို အနည်းငယ်ထည့်၍ သောက်လိုက်ပါ။ အစာအိမ်ကြောင့် ဗိုက်အောင့်ဗိုက်နာ ချက်ချင်းပျောက်ပါတယ်။ အရေးပေါ် ဆေးနည်းလေးပါရှင့်။ Crd ,Copy by La Wone Eain အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း Grace Tun Shein ဂျပန်မှာ ရထားစီးရင်းအစာအိမ်အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန်အဖွားကြီးတယောက်က ရပ်တဲ့ဘူတာက mini market […]







