ဒူဘိုင်းမြို့ရဲ့ အလှတရားတွေကိုခံစားကြည့်ရှုဖို့ ရဟတ်ယာဉ်ကြီးစီးကာ မြန်မာပြည်မှထွက်ခွာသွားတဲ့ နန်းမွေစံ

ပရိသတ်ကြီးရေ မော်ဒယ် နန်းမွေစံကတော့ လက်ရှိမှာ ဒူးဘိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်နော်။သူမဟာ ဒူဘိုင်းကို မရောက်ခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လည်ပတ်ခဲ့ပါသေးတယ်နော်။ ဒီကာလမှာ ပြည်ပနိုင်ငံကို ခရီးထွက် ဖို့ဆိုတာ တော်ရုံနဲ့ မရလောက်ပါဘူးနော်။ နန်းမွေစံကတော့ ပြည်တွင်းမှာ အနုပညာလှုပ်ရှားမှုတွေ မရှိတော့တာကြောင့် သူမရဲ့ အမိုက်စား ပုံရိပ်တွေကိုကြည့်ရှုဖို့ကိုယ်ပိုင် website ထောင်ပြီး member ကြေးသွင်းခိုင်းပြီး အားပေးနိုင်အောင် စီစဉ်ထားတာပါနော်။ကိုယ်ပိုင် website မှ ရတဲ့ ငွေကြေးများနဲ့ အိမ်ပိုင်တစ်လုံးကိုတောင် ရရှိပိုင် ဆိုင်ထားနိုင်ခဲ့ပါပြီနော်။ အခုလည်း ဒူဘိုင်းတစ်မြို့လုံးရဲ့ ရင်ခုန်စရာကောင်းတဲ့ အလှတရားတွေကို ဟယ်ရီကော်ပတာပေါ်ကနေအသေးစိတ်ကြည့်ရှုခံစားနေတဲ့ နန်းမွေစံရဲ့ဗီဒီယိုဖိုင်ကို တင်ပေးလာခဲ့ပါပြီနော်။ နန်းမွေစံတစ်ယောက် အရမ်းကိုပျော်ရွှင်နေတာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ကြရမှာပါနော်။ ကဲ ပရိသတ်ကြီးလည်း အားပေးကြည့်ရှု လို့ရအောင်အခုပဲ တင်ဆက်ပေးလိုက်ပါပြီနော်။ Credit Videoကြည့်ရန် … Read more

ချစ်ရာမရောက် နှစ်ရာရောက်စေနိုင်တဲ့အချက် ( ၅)ချက်

သားသမီးကို သူများထက် ကောင်းအောင် ထားနိုင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများ ၊ကိုယ့်ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ ၊ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ ၊ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ စမ်းစစ်နိုင်ဖို့အတွက် အောက်ပါလွန်ကဲမှုများကို ရေးသားလိုက်ပါတယ်။ဘယ်နှစ်ချက်ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင် ၁- အထူး အခွင့်အရေး ပေးလွန်းခြင်း အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင် တားဆီးထားပါတယ်။ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး၊ ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ … Read more

အမေစု ဇာတာကိုတွက်ချက်ပြီး ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို အတိအကျ ဟောကိန်းထုတ်လိုက်တဲ့ ဗေဒင်ဆရာမတစ်ဦး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတာကိုတွက်ချက်ပြီး ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို အတိအကျဟောကိန်းထုတ်လိုက်တဲ့ ဗေဒင်ဆရာမတစ်ဦး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယခုလက်ရှိမှာ နေအိမ်အကျယ်ချုပ်ဖြင့် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၁၉)ရက်နေ့ကပဲ အသက် (၇၆)နှစ်ပြည့်သွားခဲ့တဲ့ အမေစုက အရင်နှစ်တွေကလိုပြည်သူတွေနဲ့အတူ မရှိနိုင်ခဲ့ပေမယ့်လည်း ပြည်သူ့မေတ္တာကို ရရှိနေဆဲ ဖြစ်ပါတယ် ။ အခုလည်း မေတ္တာဖြင့် အခမဲ့ဗေဒင်ဟောပေးနေတဲ့ ဆရာမတစ်ဦးက အမေစုနဲ့ပတ်သက်ပြီးဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။ ဆရာမရဲ့ဟောကိန်းကို ပြည်သူတွေက အရမ်းစိတ်ဝင်စားနေကြပြီး ဟောစာတမ်းထဲကအတိုင်း ဖြစ်လာမလားဆိုတာကို သိချင်နေကြတာ ဖြစ်ပါတယ် ။ အမေစုရဲ့ဇာတာကိုတွက်ချက်ပြီး ထုတ်ပြန်ထားတဲ့ ဒီဟောကိန်းက သူမတစ်ယောက်တည်းရဲအဟောမဟုတ်ဘဲ ဆရာတွေရဲ့တွက်ချက်မှုတွေပါပါတဲ့ တူညီသောအဟောဖြစ်ကြောင်းဆရာမက ပြောထားပါသေးတယ်။ ဟောပြောချက်ထဲမှာတော့ အမေစုရဲ့ကံက (၇၆)နှစ်ပြည့်သွားကတည်းက ကောင်းသွားပြီဖြစ်တာကြောင့်“ဇွန်လကစပြီး (၄)လအတွင်း ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်”လို့ ပြောထားတာ တွေ့ရပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် “(၇၆)နှစ်ကစပြီး (၈၇)နှစ်ထိ အရင်ကထက်ပိုကောင်းသွားပြီးပြည်သူတွေရဲ့ ချစ်ခင်ထောက်ပံ့မှုကိုလည်း … Read more

မနက်ဖြန်ကုလအထွေထွေညီလာခံကို မြန်မာ ကိုယ်စား ပြုပြီး ဘယ်သူတက်ခွင့်ရမလဲ

မနက်ဖြန်ကုလအထွေထွေညီလာခံကို မြန်မာ ကိုယ်စား ပြုပြီး ဘယ်သူတက်ခွင့်ရမလဲ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကို အမေရိကန်နိုင်ငံ မှာ မနက်ဖြန် စက်တင်ဘာလ ၁၄ ရက်ကစတင်ပြီး ကျင်းပတော့မှာပါ။ ဒီညီလာခံမှာ မြန်မာနိုင်ငံ ကို ကိုယ်စားပြုပြီး တက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ရော ၊ စစ်ကောင်စီပါ ကိုယ်စားလှယ်တွေကို အပြိုင်အဆိုင် တင်သွင်းထားပြီး အားပြိုင်ထားကြတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကပါ ညီလာခံကို ဘယ်သူတက်ခွင့်ရမလဲဆိုတာကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပါတယ်။ ညီလာခံ စစချင်းပထမရက်မှာပဲ မြန်မာကိုယ်စားလှယ်ကိုရွေးချယ်ဖို့ ဆုံးဖြတ်မှာ မဟုတ်တဲ့အကြောင်း NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကဆိုထားပါတယ်။ မနက်ဖြန် ညီလာခံစတင်မယ့်ရက်မှာ နိုင်ငံ ၉ နိုင်ငံပါတဲ့အရည်အချင်းစိစစ်ရေးကော်မတီကို ဖွဲ့စည်းမှာဖြစ်ပြီး ဒီကော်မတီက ညီလာခံတက်ရောက်ခွင့်ပြုမယ့် ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ပေးမှာပါ။ … Read more

အိမ်ထောင်ဘက် လိုတာလား ၊ အိမ်ဖော် လိုတာလား

အိမ်ထောင်ဘက် လိုတာလား ၊ အိမ်ဖော် လိုတာလား ယောက်ျား တစ်ယောက်က သူ့အဝတ်သူ လျှော်ဖွတ်နေတာ တွေ့ရင် လူတွေက ” မင်း မိန်းမ ယူလိုက် ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ ဘူးပေါ့ ” လို့ပြောမယ်။ ယောက်ျား တစ်ယောက် ထမင်းဟင်း ချက်နေတာ မြင်ရင် လူတွေက ” မင်း မိန်းမ ယူလိုက် ပါလား၊ ကိုယ်တိုင် မချက်ရတော့ ဘူးပေါ့ ” လို့ ပြောမယ်။ အသက် ၃၅ နှစ် အရွယ်ရှိတဲ့ ယောက်ျား တစ်ယောက် သူ့ အတွင်းခံ သူ မလျှော်တတ်၊ သူ့ကော်ဖီသူ ဖျော်ဖို့ ရေနွေးတောင် မတည်တတ်၊ သူ့အိပ်ယာ သူတောင် မပြင်တတ်၊ … Read more

ပြင်သစ်နိုင်ငံက ကလေးတွေ လိမ္မာယဉ်ကျေးပီး ဉာဏ်ကောင်းနေရတဲ့ လျှို့ဝှက်ချက် (၉) ခု

ပြင်သစ်နိုင်ငံ ကလေးတွေက ယဉ်ကျေးတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်တယ် ဆိုတာကို လူတော်တော်များများ သတိထားမိကြ ပါတယ်။ ပြင်သစ်မှာ ကလေးတွေ ဇီဇာကြောင်ပြီး ဆိုးတာကို တွေ့ရခဲပါတယ်။ ကလေးတွေက အစားလည်း ကြေးမများဘဲ အိမ်နီးနားချင်းတွေ ကိုလည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ် ကြပါတယ်။ ပြင်သစ် အမျိုးသမီးတွေက ကလေးထိန်းကျောင်းနည်း အကြောင်းတွေကို ပြောပြထား ပါတယ်။ ၁။ ကလေး တစ်နှစ်အရွယ် ပြင်သစ်နိုင်ငံက ငယ်ရွယ်တဲ့ အမျိုးသမီးတွေက ကလေးမွေးပြီးရင် 10 ပတ်ထက် ပိုပြီး အိမ်မှာ မနေပါဘူး။ အလုပ်ပြန်ဝင် ကြပါတယ်။ အိမ်မှာနေရင် ကုန်ကျစရိတ် ပိုများတယ်လို့ ယူဆလို့ပါ။ ဥပဒေ အစ ကလေးမွေးပြီး 10 ပတ် အကြာအထိ ကလေးကို ပြုစုခွင့် ရှိပါတယ်။ … Read more

လူအများစု သတိမထားမိတဲ့ ညဘက် မီးဖွင့်အိပ်ခြင်းရဲ့ အန္တရာယ် (၅) ခု

မီးဖွင့်ပြီးအိပ်တာနဲ့ မီးပိတ်ပြီး အိပ်တာရဲ့ကြားမှာ ကွာခြားချက်တော့ ရှိပါတယ်။ ငယ်ငယ်ကတော့ မီးဖွင့်ပြီး အိပ်တာကိုမှ သဘောကျပါလိမ့်မယ်။ မီးဖွင့်အိပ်တဲ့အခါ သရဲ မလာနိုင်တော့ဘူး ဆိုတာမျိုး..။ ဒါပေမယ့် မီးဖွင့်အိပ်တဲ့အခါ နောက်ကွယ်မှာ ဆိုးကျိုးတွေ ရှိနေပါတယ်။ ၁။ မျိုးပွားကျန်းမာရေးကို ထိခိုက်စေခြင်း ညဘက်မှာ မီးဖွင့်အိပ်ခြင်းကြောင့် အမျိုးသမီးတွေမှာ မျိုးမပွားနိုင်တော့တဲ့အထိ ဖြစ်နိုင်ကြောင်း လေ့လာချက် တစ်ခုမှာ ဖော်ပြထားပါတယ်။ ကြွက်လေးတွေကို မီးဖွင့်ထားတဲ့ အခန်းမှာ ညဘက် အိပ်ခိုင်းတဲ့အခါ မျိုးမပွားနိုင်တော့တာကို လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။ ညဘက်မှာ အလုပ် လုပ်ရတာများတဲ့ သူနာပြု အမျိူးသမီးတွေမှာ ရာသီစက်ဝန်း မမှန်တော့တာတွေ့ရကြောင်း နောက်ထပ် လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ၂။ နှလုံးနှင့် ပတ်သက်သော ရောဂါများ ဖြစ်စေခြင်း ညဘက် မီးဖွင့်အိပ်တဲ့အခါ mealtonin … Read more

ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြအတိုက်ခံရပြီး သိန်းပေါင်း ၄သောင်း ပါသွာ

အင်းတကော်မှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြအတိုက်ခံရပြီး သိန်းပေါင်း ၄သောင်း ပါသွားတယ်လို့ သိရ စက်တင်ဘာ ၁၃-၂၀၂၁ CKC + KK (VOM) ပဲခူးမြို့၊ AYA bank ကနေ ငွေသယ်ဆောင်လာတဲ့ ငွေသယ်ကားဟာ အင်းတကော်မြို့မှာ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀၀ ပါသွားတယ်လို့ ပဲခူးဒေသခံတစ် ဦးကပြောပါတယ်။ ” သိန်း ၄၀၀၀၀ ပါသွားတယ် ။ ဖြတ်လုတဲ့သူက ၇ ယောက် ၊ ရဲကနှစ်ယောက် ၊ယာဉ်ထိန်းကတစ်ယောက်။ အယောင်ဆောင်တွေပေါ့။ အင်းတကော် သာယာကုန်းနဲ့စပ်ကြား ၊ ပဲခူးကနေ ရန်ကုန်အသွားပေါ့။ ဂိတ်စစ်တဲ့သဘောနဲ့ ပြပေါ့။ပြတော့ ပိုက်ဆံတွေကို သူ တို့စီမံထားတဲ့ကားပေါ်တင်ပြီး ပဲခူးဘက်ပြန်မောင်းပြေးပေါ့” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နေ့လယ်၂ နာရီလောက်မှာ ပဲခူး … Read more

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကို မစစ်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ် ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးဖို့ ချိန်းဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမကောင်းလို့ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံစစ်ဆေးဖို့ရှိနေပါတယ်။ ” ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့ မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။ သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။ သူမူးနေတယ်လို့ပြောပါတယ်။ကိုဗစ်တော့မဟုတ်ဘူး။အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကဘီဘီစီကိုပြောပါတယ်။ ရှေ့နေ့အဖွဲ့ ရဲ့ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။ မနက်ဖြန် အင်္ဂါ စက်တင်ဘာ ၁၄ရက်မှာတော့ ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။ … Read more

Social Media ပေါ်ပျံ့နှံ့လာသည့် နောက်ဆုံးအချိန်အထိ အမှန်တရားဘက်ရပ်တည်ခဲ့သော ကလေး (၂) ဦးရဲ့ ကျန်ရှိသော မိသားစု

Social Media ပေါ်ပျံ့နှံ့လာသည့် နောက်ဆုံးအချိန်အထိ အမှန်တရားဘက်ရပ်တည်ခဲ့သော ကလေး (၂) ဦးရဲ့ ကျန်ရှိသော မိသားစုအတွက် သင်တို့ နွေးထွေးပေးခွင့်ပါ …. မြန်မာပြည်အနှံ့မှ အသိအမှတ်ပြု ပုံဖော်ကြတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်မှ ပါစကွားလယ်နှင့် ဖီးဒေးလယ်ရဲ့ မိဘများရှိရာ စစ်ရှောင်စခန်းသို့ ကျွန်တော်တို့ သွားရောက် ဖေးမခဲ့ပါတယ်… လက်ရှိအချိန်မှာ ပါစကွားလယ် (အင်္ကျီအနီ) မိဘများနှင့် ဆုံတွေ့ပြီး ဖီးဒေးလယ်၏ ဖခင်နှင့်သာ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး သွားရောက်တွေ့ဆုံ နိုင်ခြင်းမရှိသေးပါ… ပါစကွားလယ်၏ ညီဖြစ်သူမှာ လွန်ခဲ့တဲ့ (၆) လပိုင်း (၂၃) ရက်နေ့တွင် သွေးကင်ဆာဖြင့် ကွယ်လွန်ပြီး ညီမ (၂) ဦးနှင့် မိဘများကျန်ရှိနေပါသည်။ ထို့အတူ ဖီးဒေးလယ်မှာ မိခင်ဖြစ်သူမရှိတော့ဘဲ ဖခင်ဖြစ်သူ၊ မိထွေးနှင့် ကလေး … Read more