၇ရက်သားသမီးစီးပွားတက်စေမည့် သပြေ၃ခက် ယတြာ သပြေ (၃)ခက် စီးပွားတက် သပြေဟု အမည်ရှိသည့် အညွန့်သည် လူသားတို့အားအထူးအကျိုးပေးသည်။အရာရာအောင်စေတက်သော သလောရှိခြင်းကြောင့် အောင်သပြေဟုလည်း ခေါ်ကြသည်။ ကပ္ပလင်္ကာရကျမ်း အရ ဤကမ္ဘာမြေပေါ်တွင် ပထမဆုံး ပေါက်သောအပင်မှာ သပြေဟုဆိုထားပါသည်။မြန်မာ့ရိုးရာ လောကီအလိုအရ သပြေသည် သောမဓါတ် သောကြာနှင့် ကြာသပတေးနံပေါင်းထားခြင်းဖြစ်ပါသည်။ သောကြာ ၆+ ကြာသပတေး ၅ ပေါင်းသော် ၁၁ရ၏။ အပူ၁၁ မီးကို ငြိမ်းစေတက်သော သဘောရှိသည်ဟု အယူအဆလည်းရှိပါသေးသည်။သောကြာဂြိုဟ်သက် ၂၁ + ကြာသပတေးဂြိုဟ်သက် ၁၉ ပေါင်းသော်၄၀ရ၏။ ၄၀ ဟူသောဂဏန်းကို လောကီအလိုအရ စကားရပ်အရ လေးနေသော အရာကို ဆယ်သည်။အဆင်ပြေစေသည်။ ကယ်ဆယ်သည်ဟုလည်း နိမိတ်ဆောင်ပါသည်။ တခြား သဘောတွေလည်း အများကြီးရှိပါသေးတယ်။ လိုရင်းမရောက်ပဲနေတော့မယ်။ သပြေ ၃ခက်ပဲ […]
Month: October 2021
တစ်ပွဲစားကြီး မောင်စံမှဲ့နှင့် သင်္ချိုင်းစောင့် မဖဲဝါတို့ ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်း
ခေတ်ကာလကား ကုန်းဘောင်မင်းဆက် ၏ ခုနစ်ဆက်မြောက် ဘကြီးတော်မင်း (စစ်ကိုင်းမင်းသား) လက်ထက် တွင်ဖြစ်သည်။မဖဲဝါ သည်ပြည်မြို့ ဇာတိဖြစ်ပြီးမွေးချင်း မှာမောင်နှမနှစ်ယောက်တည်း သာရှိသည်။အစ်ကိုဖြစ်သူ မောင်ကြံဆစ် သည်ပြည်မြို့စား ထံတွင် စာရေးတော်ကြီး အဖြစ်အမှုတော် ထမ်းလျှက်ရှိပြီး ဘွဲ့အမည်မှာ မင်းရဲဒိဗ္ဗဖြစ်သည်။မိဘနှစ်ပါးလုံး မရှေးမနှောင်း ကွယ်လွန်သွားပြီးနောက် အစ် ကိုဖြစ်သူမောင်ကြံဆစ်နှင့် အတူနေထိုင်လျှက် ရှိပြီး အစ်ကိုဖြစ်သူအား မိဘ သဖွယ်အားကိုးနေထိုင်ရရှာလေသည်။ အစ်ကိုဖြစ်သူမှာနှမအား ချစ်လွန်းသော်လည်းသောက်စား မူးယစ်တတ်ပြီး မကြာခဏ ဆိုသလိုခိုက်ရန်ဖြစ် ပွား တတ်လေ့ ရှိသည်။ မောင်ကြံဆစ် သည်သေ သောက်ခြင်းမှ အစပြုပြီး ခိုးသားဓါးမြများနှင့် လက်ပွန်းတစ်တီးနေထိုင် လာရာမှနောက်ဆုံးတွင်ပြည်မြို့စားအား ပုန်ကန်တော်လှန်ပြီး မင်းပြစ်မင်းဒဏ် သင့်လေတော့သည်။မောင်ကြံဆစ်မှ မဖဲဝါအား”နှမရေ။ အမောင်တို့ ထွက်ပြေးမှဖြစ်တော့မယ်။ ပြည်မှာ ဆက်နေရင် အသတ် ခံရ လိမ့်မယ်”ဟုပြောပြီး […]
ဆွေမျိုးမရှိတာကြောင့် ပျက်စီးနေတဲ့အိမ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ ကိုယ်တိုင် ကြိုးစားရုန်းကန်နေရတဲ့ အသက် ၉၁ နှစ်အဖွားအို
ကျွန်ုပ်တို့ပတ်ဝန်းကျင်က လူတွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေများစွာ ရှိပါသေးတယ် ။ သူတို့ဟာ သူတို့ကိုကြည့်တဲ့အခါ လူတိုင်းက သနားကြမယ့် အခြေအနေမျိုးမှာ သူတို့ ဆက်လက်ရှင်သန်ဖို့ အကောင်းမြင်စိတ်နဲ့ ကြိုးစားနေကြဆဲပါ ။ Dong Thap မှာ နေထိုင်သော အဘွားအိုရဲ့ အခြေအနေနဲ့ အလားတူ၊ ယခုနှစ်မှာ အသက် ၉၁ နှစ်ရှိပြီဖြစ်သော်လည်း ဆွေမျိုးမရှိသောကြောင့် သူမက လူတိုင်းရဲ့အကူအညီဖြင့် ရှင်သန်နေပါတယ် ။ Ngoai လို့ လူသိများတဲ့ အဘွားအိုဟာ လက်ရှိမှာ An Hoa ရွာ၊ My An Hung B ခရိုင်၊ Dong Thap ပြည်နယ်မှာ နေထိုင်နေပါတယ် ။ အသက် 90 ကျော်ပြီမို့ မျက်လုံးတွေ မှုန်ဝါးနေပြီး […]
၁.၁၁.၂၀၂၁ မှ ၇.၁၁.၂၀၂၁ အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ ယခု ကာလများ အတွင်း ခရီးသွား အလုပ်၊ ကုန်သည် အလုပ်များ အထူး အကျိုး ရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြား များ နှင့် ပတ်သက်၍ အကျိုးပေးမည်။ လက်လွန်ထားသော ငွေကြေးများ ပြန်လည် တောင်းခံ ရရှိမည်။ ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင် လည်းကောင်း ပြည်ပ ခရီးများ ရှိနေမည်။ လုပ်ငန်းခွင်နှင့် ဆက်စပ်သော ခရီးများ သွား လာရ တတ်သည်။ ခက်ခဲသော ပြဿနာ များအား ဖြေရှင်း နိုင်လိမ့်မည်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ကိုင်ရ တတ်ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ အကူအညီ ကောင်းတွေ ရရှိနိုင် ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်း တွေရဲ့ ရာထူး […]
ထန်တလန်မြို့က အဆောက်အအုံ Structure Designအားလုံးကို မေတ္တာဖြင့် လုပ်ပေးပါ့မယ်လို့ အင်ဂျင်နီယာကျော်သူနိင်က…
ထန်တလန်မြို့က အဆောက်အအုံ Structure Designအားလုံးကို မေတ္တာဖြင့် လုပ်ပေးပါ့မယ်လို့ အင်ဂျင်နီယာကျော်သူနိင်က လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။ ထန်တလန်မြို့က အဆောက်အအုံ Structure Designကို မေတ္တာဖြင့် လုပ်ပေးမယ်ဟုဆို ချင်းပြည်နယ်ထန်တလန်မြို့က လူနေအဆောက်အဉီး ဘာသာရေးအဆောက်အဉီးတွေ ဈေးစတဲ့ Structure Designအားလုံးကို မေတ္တာဖြင့် လုပ်ပေးပါ့မယ်လို့ အင်ဂျင်နီယာကျော်သူနိင်က လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။ Kyaw Thu Naing အကောင့်ပိုင်ရှင်က ဘဝမှာ ချင်းပြည်နယ်အတွက် မနှစ်က Chruch ကျောင်းတစ်ခုကို Structure Design လုပ်ပေးခဲ့ဖူးတယ်။ အခုချင်းပြည်နယ် ထန်တလန်မြို့အတွက် ဆုတောင်းပေးမယ်ဘာသာရေးအဆောက်အဉီးတွေ အိမ် တြွေပန်ဆောက်ရင် အလှူငွေထည့်ဝင်ပေးမယ်။ နောက်ပြီးတော့ထန်တလန်ကလို့ပြောရင် Structure Design ကိုမေတ္တာဖြင့်လုပ်ပေးပါ့မယ် ဆက်သွယ်ပေးပါခင်ဗျာလူနေအ ဆောက်အဉီး ဘာသာရေးအဆောက်အဉီးတွေ ဈေး စသည်ဖြင့်အားလုံးကို မေတ္တာဖြင့် လုပ်ပေးပါ့မယ်။ ကူညီချင်ပါတယ်လို့ရေးသားထားပါတယ်။ ထန်တလန်မြို့က […]
မြန်မာပြည်မှ ဉရောပ အိန္ဒိယ ကော်ပိုရိတ်များ ထွက်ခွာ၊ ဂျပန်ကုမ္ပဏီများ ဒွိဟဖြစ်နေ
ဥရောပ အစ အိန္ဒိယ အဆုံးကော်ပိုရိတ်များ မြန်မာပြည်မှ ထွက်ခွာမှု များပြားလာနေပြီး စီးပွားကြီးထွားတိုးတက်မှု ရုတ်တရက် စက်သေနေစဉ် ဂျပန်ကုမ္ပဏီများ ဆက်နေရမလား ထွက်သွားရမလား ဒွိဟဖြစ်နေကြသည်။ သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်တွင် ဂျပန်ဖွံ့ဖြိုးရေး အကူအညီဖြင့် တည်ဆောက်ခဲ့သည်။ စက်မှုဉယျာဉ်အတွင်း လုပ်ငန်း ထက်ဝက်ခန့်သည် ဂျပန်ပိုင် လုပ်ငန်းများ ဖြစ်ကြသည်။ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှာ တည်ရှိသော ဂျာမန် လက်ကားအရောင်းလုပ်ငန်း Metro ၏ ကုန်စည်သိုလှောင်ရုံတွင် အဝါနှင်အပြာ မက်ထရိုလိုဂို ပါသည့် ထရပ်ကားများ အစီအရီ ရပ်ထားကြသည်။ Metro ၏ မြို့တွင်းရှိ အရောင်းပြခန်းတွင် ကတ်ထူပုံးများ အပုံလိုက် ရှိနေသည်။ အရောင်ပြခန်းမှာ ပိတ်သိမ်းထားပြီးပြီ ဖြစ်သည်။ လုံခြုံရေးဝန်ထမ်းက ” သောကြာနေ့က ကျွန်တော်တို့ရဲ့ နောက်ဆုံး […]
NUG ရန်ပုံငွေပွဲကြီးကို အာဇာနည် မင်းမော်ကွန်အပါဝင် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေမည်
စစ်အာဏာရှင်စနစ်ကို အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာတွေနဲ့ အဘက် ဘက်မှ တော်လှန်ရင်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲကို ကျင်းပသွားဖို့ ရှိနေ ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” လို့ အမည်ပေးထားပြီး လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည ၈ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ် တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ […]
သင့်ကို အံသြသွားစေမယ့် ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်များ
သင့်ကို အံသြသွားစေမယ့် ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်များ သက်ရှိတွေထဲမှာ လူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ အရှုပ်ဆုံးလို့ အားလုံးလက်ခံထားကြပါတယ်။ အရှုပ်ဆုံးဖြစ်တာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွေမှာ ကျွန်တော်တို့ မသိသေးတဲ့အကြောင်းတွေ များစွာရှိပါတယ်။ အောက်ပါ အချက်အလက်တွေကတော့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သင်ဖတ်ပြီး အံသြသွားနိုင်ပါတယ်။ ၁။ သင့်နှာခေါင်းဟာ အနံပေါင်း ၅ဝဝဝဝ ခန့်ကို မှတ်မိနိုင်စွမ်းရှိပါတယ်။ ၂။ လူခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အနုမျူအမှုန်အပိုင်းလေးတွေဟာ နာရီတိုင်းကို အခု ၆ သိန်းခန့် အသစ်ထပ်ထပ်ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့ အမျှအသက်အရွယ်ကြီးရင့်တဲ့ ရုပ်ဖြစ်လာတာပါ။ ၃။ မွေးဖွားစ ကလေးတစ်ယောက် မှာရှိတဲ့ အရိုးတွေဟာ ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အရိုးတွေထက် အခု ၆၀ ခန့်ပိုများပါသတဲ့။ ၄။ […]
မြန်မာ့အရေးကိုကမ္ဘာကပိုမိုအာရုံစိုက်လာအောင် လုပ်ပေးလိုက်တဲ့ ဂျပန်သတင်းထောက်ကြီး….
ဂျပန်လူမျိုး သတင်းထောက်နဲ့ရုပ်ရှင် အနုပညာရှင် ယုကီကီတာဇုမိ ရဲ့ “ကျည်ဆန်ပေါက်တွေနဲ့တိုင်းပြည်” လို့ အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲတခုကို အောက်တိုဘာလ ၂၈ ကနေ ၃၁ အထိ ယိုကိုဟားမားမြို့က ဓာတ်ပုံပြပွဲနေရာတခုမှာ လုပ်နေပတယ်။ မြန်မာနွေဦးလှုပ်ရှားမှု အတွင်းမှာ ပါဝင် သတင်းယူခဲ့ပြီး နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ဒုတိယအကြိမ်မှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ယုကီ ဟာ မြန်မာ့အရေးကို ဂျပန်ပြည်သူတွေ ဆက်လက် စိတ်ပါဝင်စားနေစေဖို့ အခုလို လှုပ်ရှားမှုတွေကို လုပ်နေတာပါ။ ဓာတ်ပုံပြပွဲကို လူတွေ စိတ်ဝင်တစား လာကြည့်ကြတယ်လို့ ယုကီ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။ ယုကီရဲ့ မိတ်ဆွေ မြန်မာပြည်ဖွား ဂျပန်မှာ ကြီးပြင်းသူ ရုပ်ရှင် ဒါရိုက်တာ ကိုသိန်းတန်ကတော့ အခုထိ အင်းစိန်ထောင်ထိမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ Zawgyi/ ဂျပန်လူမျိုး သတင်းထောက်နဲ့ရုပ်ရှင် […]
မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည (ရုပ်သံ)
မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည (ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်) 💔ဂီတချိုးဖဲ့ဖျက်ဆီးသူများ။ တော်ရုံလောက်နဲ့တော့မပြောချင်ပါဘူး။ ခုဟာကတော့ ပရိသတ်ကိုမထီမဲ့မြင်လုပ်တာ လွန်လွန်းအားကြီးတယ်ထင်လို့။ MRTV ဆိုတာနိုင်ငံတော်အဆင့် ရုပ်/သံ။ ဒီလို channel ကထုတ်လွှင့်ပြသမယ့် ဂီတဆိုတာဟာ (စံ) ဖြစ်နေသင့်တယ်။ စံ မဖြစ်ရင်တောင် အမှားအယွင်းကင်းပြီး အသင့် အတင့်အရည်အသွေးတော့ရှိသင့်တယ်။ 😀ခုဟာကြီးကတော့ ပြီးပြီးရော မှတကယ့် ပြီးပြီးရော လုပ်ထားတာ။ သီချင်းဆိုတတ်တဲ့သူက တစ်ယောက်ပဲပါတယ်။ (သူသည်လည်း အကယ်ဒမီရုပ်ရှင် မင်းသားကြီးမို့သာ၊ နင်လားငါလားကောင်းတဲ့ထဲ ပါတာတော့မဟုတ်ဘူး)။ ကျန်တာတွေကတော့ အားမနာတမ်း ပြောရမယ်ဆိုရင် ဂီတနဲ့လားလားမှမသက်ဆိုင် လုံးဝမဆိုတတ်တဲ့ဟာတွေကိုထည့်ထားတာ။ 💔အသံတစ်ခုရဲ့ကာလာတို့၊ ပါဝါတို့ မရှိချင် နေပါစေဦး။ သီချင်းဘယ်လိုဆိုရမယ်ဆိုတဲ့ သညာသိလေး အခြေခံလေးတော့ရှိပြီး Note တည့်ရုံလေးတော့ဆိုတတ်တဲ့သူတွေကိုသာ ခေါ်သုံးသင့်ပါတယ်။ လမ်းဘေးမှာ ဝါးဆစ်ဘူး […]









