အသိပညာ


ငွေ . . . ပါးစပ်ပေါက်မပါပေမယ့် သူပါမှ အရာရောက်တဲ့နေရာတွေမှ အများကြီးပဲ ရှာတုန်းကသာ မနည်း ကုန်းရုန်းပြီးရှာရတာ ပြန်ထွက်သွားဖို့ကျတော့ လွယ်လွယ်လေးပဲ ငွေဆိုတာ အရာရာမဟုတ်ပေမယ့် သူမပါတဲ့အရာတွေကလဲ တော်တော်ကို ရှားပါလာပါပြီ ငွေ နဲ့ မေတ္တာကို ဝယ်လို့မရဘူး ငွေရှိရင် ဘယ်သူမဆို အနားမှာ ရှိချင်တာပဲလေ ငွေ နဲ့ မိတ်ဆွေကောင်းသူငယ်ချင်းကောင်းကို ဝယ်လို့မရဘူး ဒါပေမယ့် ငွေရှိမှ ခင်ချင်ကြတာချည်းပဲလေ ငွေ နဲ့ ကျန်းမာရေးကို ဝယ်လို့မရဘူး မကျန်းမာတဲ့အချိန်ကျရင် ငွေက အရေးပါတာပဲလေ ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်လို့မရဘူး ဒါပေမယ့် ငွေရှိရင် ပျော်အောင်နေလို့ရတယ် ငွေဆိုတာ ဒုတိယ ဘုရားသခင်ပဲတဲ့ ဒါ တဖြေးဖြေးမှန်လာပါပြီ ပေါင်းသင်းဆက်ဆံရေးမှာ ပညာရေးမှာ ကျန်းမာရေးတွေမှာ ငွေဆိုတာ […]

ဗေဒင်

၂၀၂၂ ခုနှစ်အတွက် မင်္ဂလာအခါရက်များ

၂၀၂၂ ခုနှစ် အတွက် မင်္ဂလာ အခါရက်များ ၁။ အိမ်တက်မင်္ဂလာ အခါရက်များ၂။ ရှင်းပြု ရဟန်းခံ အလှူမင်္ဂလာ အခါရက်များ၃။ လက်ထပ်မင်္ဂလာ အခါရက်များ၄။ အိမ်ဆောက်၊ ရေတွင်းတူး မင်္ဂလာ အခါရက်များ၅။ ထီထိုးရန် ကောင်းသောရက်များ (ထိုင်းထီတို့ စင်ကာပူထီတို့ ထိုးပါ) မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်မှ.. ၁။ အိမ်တက်မင်္ဂလာ အခါရက်များ၂။ ရှင်းပြု ရဟန်းခံ အလှူမင်္ဂလာ အခါရက်များ၃။ လက်ထပ်မင်္ဂလာ အခါရက်များ၄။ အိမ်ဆောက်၊ ရေတွင်းတူး မင်္ဂလာ အခါရက်များ၅။ ထီထိုးရန် ကောင်းသောရက်များ (ထိုင်းထီတို့ စင်ကာပူထီတို့ ထိုးပါ) မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်မှ..၁။ အိမ်တက်မင်္ဂလာ အခါရက်များ၂။ ရှင်းပြု ရဟန်းခံ အလှူမင်္ဂလာ အခါရက်များ၃။ လက်ထပ်မင်္ဂလာ အခါရက်များ၄။ အိမ်ဆောက်၊ ရေတွင်းတူး […]

ဗဟုသုတ

1 ဒီဂရီပဲ လိုပါတယ်… (စီးပွားရေးလောကမှာ အားဖြစ်စေလို့ ဖတ်ကြည့်စေချင်တယ်)

1 ဒီဂရီပဲ လိုပါတယ် (စီးပွားရေးလောကမှာ အားဖြစ်စေလို့ ဖတ်ကြည့်စေချင်တယ်) နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ့ ယူပြီး စီးပွားရေးလုပ်တယ်။လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ ဖြစ်ကုန်တယ်။ ဒီတော့ အကူအညီ လာတောင်းတယ်။ သူ လာတောင်းတာက လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို့ မဟုတ်ဘူး။ ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို့ ။ အခြေအနေ အားလုံးနားထောင်ပြီးတော့ အရိုးခံ အကြံပေးမိတယ်။ ခုလိုတဲ့ ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ့ ။ စီးပွားရေး ဆိုတာ ကြွေတလှည့် ကြက်တစ်ခုန်ပါပဲ။ အတိုးနဲ့  ယူထားတဲ့ သူတွေကို သွားတွေ့ပြီး ရှင်းပြလိုက်ပါ။ အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။ အတိုး တွတော့ ရပ်ပေးပါ။ […]

ကြားသိရသမျှ

ခိုးဆိုးလုနှိုက်တွေရဲ့လက်ချက်ကနေ မိမိရဲ့ဆိုင်ကယ်တွေ လွတ်နိုင်မယ့် အသေချာဆုံးနည်းလမ်း

ခိုးဆိုးလုနှိုက်တွေရဲ့လက်ချက်ကနေ မိမိရဲ့ဆိုင်ကယ်တွေ လွတ်နိုင်မယ့် အသေချာဆုံးနည်းလမ်း ယခုလို ကာလကြီးမှဦ စစ်ဘေးရှောင်လိုမျိုး ကိုယ့်အိမ်ကနေ အဝေးကို အချိန်ကြာကြာ သွားရလို့ ဆိုင်ကယ်တွေ မယူသွားနိုင်ရင် ခိုးဆိုးလုနှိုက်တွေရဲ့ ရန်ကို စိုးရိမ်ရပါတယ်။ လူတွေ မရှိတော့ဘူးဆိုတာနဲ့ ဖောက်ထွင်းမယ့်သူတွေက အလိုလို ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် တန်ဖိုးရှိ ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ထားပြီး သယ်ရခက်တဲ့ ဆိုင်ကယ်လို ပစ္စည်းမျိုးကတော့ အိမ်မှာပဲ ထားခဲ့ရဖို့ များပါတယ်။ တကယ်လို့ ဆိုင်ကယ်များ အိမ်မှာချန်ထားမိရင် ဆီအကုန်ဖောက်ချထားလိုက်ပါ။ ပြီးတော့ ရှေ့နောက်ဘီးတွေကို ဖြုတ်ထားလိုက်ပါ။ သူခိုးတွေက ဆီအပိုမယူလာသလို ဘီးလည်း အပိုမယူလာဘူး။ ကားနဲ့လိုက်သယ်ပြီး ခိုးရင်တော့ မပြောတတ်ဘူး။ နည်းနည်းတော့ အထောက်အကူ ဖြစ်တာပေါ့။ ဖြစ်နိုင်ရင် အင်ဂျင်ကိုပါ စက်နှိုးလို့ မရအောင် […]

ဗဟုသုတ

မင်းတုန်းမင်းကြီး မိဖုရားများရခြင်း အကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ မင်းတုန်းမင်းကြီး မိဖုရားများရခြင်း အကြောင်း မြန်မာရှင်ဘုရင်အများစုဟာ မိဖုရားများကြပါတယ်။ ဘာကြောင့်မိဖုရားများတာလဲဆိုတာကို မြန်မာမင်းအုပ်ချုပ်ပုံ ( အင်ရုံစာတမ်း ) မှာ စနစ်တကျ ဖော်ပြထားပါတယ်။ မင်းတုန်းမင်း က မိဖုရားအများကြီး ယူတာမဟုတ်ဘူး။ သူကြိုက်လို့ယူတာ သုံး၊ လေးပါးပဲ။ မင်းတုန်းမင်းလိုပဲ သူ့ထက် မိဖုရားများတဲ့ ဘိုးတော်ဘုရား၊ ဘုရင့်နောင်တို့လည်း သူတို့ယူလို့များတာ မဟုတ်ဘူး။ မြန်မာမင်းများ အုပ်ချုပ်ပုံမှာ ဗဟိုနန်းတော်ရဲ့ လက်အောက်ခံ နယ်စား၊ ရွာစား၊ မြို့စားတွေဟာ ကိုယ့်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်။ တစ်နှစ် မှ တစ်ခါ မဖြစ်စလောက် အခွန်လေးပဲ ဆက်သရတာ။ ဒီတော့ သူတို့အစဉ်အဆက် နယ်စား၊ မြို့စား ဖြစ်ရေးက သူတို့အတွက် အရေးကြီးတယ်။ နောက်တစ်ခုက နယ်စား၊ မြို့စားမင်းတွေဟာ […]

အချစ်ရေး

တွဲတာကြာလာရင်ဘာဖြစ်တတ်လဲဆိုတော့

တွဲတာကြာလာရင်ဘာဖြစ်တတ်လဲဆိုတော့ တွဲတာကြာလာရင်ဘာဖြစ်တတ်လဲဆိုတော့ ပြောစရာစကားတွေကုန်လာတယ်။တစ်ခါတစ်လေ ဖုန်းပြောနေရင်းဖြစ်ဖြစ်စာရိုက်နေရင်းဖြစ်ဖြစ် အင်းအဲနဲ့ဘာဆက်ပြောရမယ်မှန်းမသိဘူး။ ပြီးတော့ အရင်ကထက်ပိုပြီးပြဿနာများလာတယ်။ မိသားစုရေး လူမှုရေးအကုန်ပါ၀င်ပတ်သက်လာတော့ ပြဿနာသေးသေးလေးကအစကိုယ်နဲ့ဆိုင်လာတယ်။ ပြောရရင် အတူရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စတွေများလာတာပေါ့။ ဒါပေမယ့် အဲဒီကာလမှာအပြတ်များတယ်။တစ်ယောက်နဲ့တစ်ယောက်စိတ်အခန့်မသင့်ဖြစ်တာများပြီး ကြုံလာမယ့်ကိစ္စတွေကိုရင်မဆိုင်ချင်တော့တာမျိုး နည်းနည်းဆိုပြဿနာဖြစ်လို့စိတ်ကုန်စိတ်ပျက်လာပြီး အတူရှိခဲ့သမျှအချိန်တွေအကုန်ပလုံသွားတယ်။ သုံးနှစ်ကျော်လေးနှစ်၀န်းကျင်ကာလက အခက်ခဲဆုံးဖြစ်လိမ့်မယ်။အဲဒီအချိန်က တွဲခါစတုန်းကလိုအနုအရွတွေလုပ်ရမှာပျင်းလာပြီး မလိုအပ်ရင်စကားမပြောချင်ပဲ ချစ်နေရင်ရပြီတခြားဘာလိုသေးလဲဆိုတဲ့ခံစားချက်မျိုးနဲ့ စိတ် အပြောင်းအလဲစဖြစ်ကြပြီး နှစ်ဖက်လုံးအထိအခိုက်များတဲ့ကာလတွေပဲ။ ​နေ့တိုင်းတွေ့ရတဲ့သူတွေက ညဆိုဖုန်းမပြောချင်တော့ဘူး အေးဆေးနားချင်လာတယ်။ အားလပ်ချိန်တွေမှာ ကိုယ်စိတ်ပါတာတွေပဲလုပ်ချင်လာတယ် game ဆော့တာဖြစ်ဖြစ် ဇာတ်လမ်းကြည့်တာဖြစ်ဖြစ် တကူးတကကြီးအချိန်ပေးပြီးစကားပြောမနေချင်တော့တာမျိုးဖြစ်လာကြတယ်။ အမြဲမတွေ့ရတဲ့သူတွေကသံသယများလာတယ် တစ်ခုခုဆိုသွေးအေးနေပြီဆိုတဲ့ခေါင်းစဥ်နဲ့စကားများကြတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ အပေးအယူတည့်နေကြရင်တော့ပြဿနာမရှိပေမယ့် တစ်ဖက်မဟုတ်တစ်ဖက်က အဲဒီအပြောင်းအလဲဒဏ်ကိုမခံနိုင်ဘူးဆိုရင်တော့ ပြတ်သွားတာပဲ။ မပြတ်ကြရင်တောင် စိတ်ပျက်စိတ်ကုန်နေပြီး သံယောဇဥ်အရဆက်တွဲနေကြတာမျိုးလည်းရှိတယ်။ အဲလိုဖြစ်လာပြီဆိုရင် ဘာမှလုပ်မရဘူး မချစ်လို့လားဆိုလည်းမဟုတ်ဘူး ဒီအတိုင်းကိုယ့်ဘာသာအေးဆေးနေချင်ပြီး အီတာလိုလိုဟုန်သွားတာလိုလိုနဲ့ဘာဖြစ်ချင်မှန်းမသိတာမျိုးပေါ့။ ထစ်ခနဲရှိပြတ်မယ်ဖြစ်ကြပြီး လမ်းခွဲရအောင်ပြောလာရင်လည်း သဘောပဲဆိုပြီးပြန်ပြောဖို့၀န်မလေးဘူး။ အဲဒါတွေကိုခံနိုင်ရည်ရှိရင်ရှိ ဒါမှမဟုတ် နားလည်မှုရှိရင်ရှိ […]

ၾကားသိရသမွ်

တော်လှန်ရေးခေါင်းဆောင်ဗိုလ်မှူးကြီးမင်းမော်ကွန်း အတွက် ဝမ်းသာဂုဏ်ယူစရာသတင်း…

တော်လှန်ရေးခေါင်းဆောင်ဗိုလ်မှူးကြီးမင်းမော်ကွန်း အတွက် ဝမ်းသာဂုဏ်ယူစရာသတင်း… မင်းမော်ကွန်း အတွက် ဝမ်းသာဂုဏ်ယူစရာသတင်းပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ဟာဆိုရင်တော့ အမှန်တရားဘက်ကနေပြည်သူတွေနဲ့ထပ်တူ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ဒါအပြင် ခိုင်မာတဲ့စိတ်ထားကြောင့် အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ပတ်သတ်လို့ စိတ် ဓာတ်ပြတ်သားတဲ့ မင်းမော်ကွန်း ဟာ သွေးမအေးကြဖို့ပှညသြူတှကေိုအမှဲတမြး တိုကတြှနြးနတောလဲ ဖှဈပါတယြ အခုလိုအခှအနေမွေိုးမှာ ပှညသြူအခငွြးခငွြး သှေးမကှဲကှဖို့ အမှဲ သတိပေး အမှဲ ပှညသြူတှကေိလမ်းညွှန်ပေးရင်းနဲ့ ပြည်သူ့ ထိန်းသိမ်းရေး နဲ့ ပြည်သူ့ သတင်းပေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး ပြည်သူေတွကိုအမြဲ အင်အားတွေပေးနေခဲ့ပြီး ပြညသြူတှကေို စိုးရိမမြူတှကငြေးဝနေိုငအြောငြ အမွိုးမွိုး အငြးအားတှပေေးခဲ့တာရော တောလြှနရြေးကှီးအတှကြပှညသြူကာကှယရြေးတပဖြှဲမွားလိုအပခြကွမြွားကို အလှူခံပေးတာတွေရာ တော်လှန်ရေးကြီးအတွက် အလုပ်တွေ အများကြီးလုပ်ခဲ့တဲ့ ပြည်သူချစ် အနုပညာရှင် ရုပ်ရှင် […]

ၾကားသိရသမွ်

အိမ်လခမပေးတဲ့အိမ်ငှားကို အခန်းသော့ဖွင့်မရဲအောင် မြွေစိမ်းအရှင်နဲ့ သော့ခလောက်နားမှာကျကျနနခတ်ခဲ့တဲ့ အိမ်ရှင်တစ်ဦး

အိမ်လခမပေးတဲ့အိမ်ငှားကို အခန်းသော့ဖွင့်မရဲအောင် မြွေစိမ်းအရှင်နဲ့ သော့ခလောက်နားမှာကျကျနနခတ်ခဲ့တဲ့ အိမ်ရှင်တစ်ဦး ကန်ညာနိုင်ငံက Kitui ဆိုတဲ့မြို့ငယ်လေးက အများအမြင်မှာ ရယ်စရာဖြစ်စေခဲ့တဲ့အဖြစ်ပျက်လေးဟာ social media မှာပျံ့နှံ့ခဲ့ပါတယ်။ အကြောင်းကတော့ အိမ်ခန်းငှားပေးတဲ့ အိမ်ပိုင်ရှင်အမျိုးသားတစ်ဦးဟာ အိမ်လခ နှစ်လစာမပေးပဲ ၎င်းကိုရှောင်ပြေးနေတဲ့ အိမ်ငှားကောင်လေးကို ခပ်တည်တည်ပဲ ထူးထူးခြားခြားပညာပြခဲ့ပါတယ်။ ၎င်းအနေနဲ့ အိမ်ငှားကောင်လေးဆီကိုသွားခဲ့ပေမဲ့လည်း၊ အလုပ်သွားနေတယ်ဆိုတာကြောင့် မတွေ့လိုက်ရတဲ့အကြိမ်ပေါင်း များခဲ့တာကြောင့် သည်းမခံနိုင်တော့တဲ့အဆုံး အိမ်ခန်းခတ်တဲ့ သော့ပက်တာနေရာမှာမြွေစိမ်းအရှင်တစ်ကောင်နဲ့ ကျကျနန ရစ်ခွေပတ်ထားခဲ့ပါတယ်။ ထိုမြွေစိမ်းကလဲ ၎င်းလုပ်ထားပေးတဲ့အတိုင်း၊ လုံးဝကိုနေရာမရွှေ့ပဲရှိနေတာက ၎င်းအတွက်ပိုလို့တောင်အဆင်ပြေခဲ့ပါတယ်။ အိမ်ပြန်လာမဲ့ အိမ်ငှားကောင်လေးအနေနဲ့ မြွေစိမ်းကိုဖြည်ပီးမှဝင်နိုင်မလား၊ မဝင်နိုင်ဘူးလားဆိုတာကို​တေ့ မည်သူမှတော့မသိရှိသေးပေမဲ့ ရယ်စရာသတင်းတခုအနေနဲ့တော့ အများကစိတ်ဝင်စားလျက်ရှိခဲ့တာတော့ အမှန်ပါပဲလေ။ Credit Unicode အိမ်လခမပေးတဲ့အိမ်ငှားကို အခန်းသော့ဖွင့်မရဲအောင် မြွေစိမ်းအရှင်နဲ့ သော့ခလောက်နားမှာကျကျနနခတ်ခဲ့တဲ့ အိမ်ရှင်တစ်ဦး ကန်ညာနိုင်ငံက Kitui ဆိုတဲ့မြို့ငယ်လေးက အများအမြင်မှာ […]

မိုးေလ၀သ

လာမယ့် ၄၈ နာရီအတွင်း တိုင်းနဲ့ပြည်နယ် (၉) ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမည်

လာမယ့် ၄၈ နာရီအတွင်း တိုင်းနဲ့ပြည်နယ် (၉) ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ အချိန် အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်လိုက်ပါတယ်။ ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၃/၂၀၂၂) အရ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် ရွာသွန်းမယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့ သိရပါတယ်။ […]

ၾကားသိရသမွ်

မြင်သူတိုင်း မျက်ရည်ကျစေတဲ့ မင်းမော်ကွန်း သားလေးရဲ့ ညစာထမင်းဝိုင်း

မြင်သူတိုင်း မျက်ရည်ကျစေတဲ့ မင်းမော်ကွန်း သားလေးရဲ့ ညစာထမင်းဝိုင်း မြင်သူတိုင်း မျက်ရည်ကျစေတဲ့ မင်းမော်ကွန်း သားလေးရဲ့ ညစာထမင်းဝိုင်း ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက် မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်.။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့ အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်.. မင်းသားမင်းမော်ကွန်းကတော့ လူ ကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်.။ […]