ၾကားသိရသမွ်

PDF လေးတွေကားမှောက်တာလက်ရှိအခြေနေပါတဲ့….

pdf လေးတွေကားမှောက်တာလက်ရှိအခြေနေပါတဲ့.. PDFတွေရဲ့ဘဝဟာ တိုက်ပွဲတိုက်ရမှ မဟုတ်… လမ်းသွားရင်းလည်း အသက်အန္တာရာယ်ထိခိုက်နိင်တယ်… လက်နက်စမ်းသပ်ရင်းလည်း အသက်ပေးရနိင်တယ်…. ဒဏ်ရာရသူတွေကို အကောင်းဆုံးကုသပေးနေပါတယ်…. 3 Cobra PDF ဆုတောင်းပေးကြပါအုံး မြန်မြန်သက်သာပျောက်ကင်းကြပါစေ unicode pdf လေးတှကေားမှောကျတာလကျရှိအခွနေပေါတဲ့.. PDFတှရေဲ့ဘဝဟာ တိုကျပှဲတိုကျရမှ မဟုတျ… လမျးသှားရငျးလညျး အသကျအန်တာရာယျထိခိုကျနိငျတယျ… လကျနကျစမျးသပျရငျးလညျး အသကျပေးရနိငျတယျ…. ဒဏျရာရသူတှကေို အကောငျးဆုံးကုသပေးနပေါတယျ…. 3 Cobra PDF ဆုတောငျးပေးကွပါအုံး မွနျမွနျသကျသာပြောကျကငျးကွပါစေ unicode pdf လေးတွေကားမှောက်တာလက်ရှိအခြေနေပါတဲ့.. PDFတွေရဲ့ဘဝဟာ တိုက်ပွဲတိုက်ရမှ မဟုတ်… လမ်းသွားရင်းလည်း အသက်အန္တာရာယ်ထိခိုက်နိင်တယ်… လက်နက်စမ်းသပ်ရင်းလည်း အသက်ပေးရနိင်တယ်…. ဒဏ်ရာရသူတွေကို အကောင်းဆုံးကုသပေးနေပါတယ်…. 3 Cobra PDF ဆုတောင်းပေးကြပါအုံး မြန်မြန်သက်သာပျောက်ကင်းကြပါစေ unicode pdf လေးတှကေားမှောကျတာလကျရှိအခွနေပေါတဲ့.. PDFတှရေဲ့ဘဝဟာ တိုကျပှဲတိုကျရမှ […]

ၾကားသိရသမွ်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လာရောက်ဖြဆိုကြရန်တောင်းဆိုခဲ့ကြသော်လည်း ယနေ့အချိန်အထိ တစ်ဦးတယောက်မှလျှောက်ထားခြင်းမရှိသည့်အတွက် ဖြေဆိုခွင့် လျှောက်ထားခြင်းသတ်မှတ်ရက် တိုးမြှင့်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ရက် တိုးမြှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က ဖော်ပြခဲ့ပြီး ဖြစ်သည်။ တိုင်းဒေသကြီး/ပြည်နယ်အားလုံး (ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ပြည်နယ် (၉)ခုမှ မြို့နယ် (၄၆)မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံဒေသများ အပါအဝင်)မှ အခြေခံပညာအထက်တန်းကျောင်းများ၊ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများအဆင်ပြေချောမွေ့စေရန်အတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ […]

ၾကားသိရသမွ်

အင်တာနက်အဖြတ်ခံရတဲ့ နေရာတွေမှာ ဒီအချက်တွေလုပ်သင့်ပါတယ်

အင်တာနက် ဖြတ်ခံရတဲ့ဒေသတွေ တစ်နယ်လုံး ဖုန်းကတ်တစ်မျိုးတည်းသုံးပါ နောက် တစ်နယ်လုံးတူညီတဲ့ ဖုန်းကတ် တစ်မျိုး အရံထားပါ ဥပမာ အော်ရီဒူးတစ်မျိုးပဲ ဖုန်းခေါ် မက်ဆေ့ချ်ပို့လုပ်ပြီး ကျန်တဲ့ တယ်လီနောကို အော်ရီဒူးပျက်သွားရင်သုံးဖို့အရံထားပါ အွန်လိုင်း ရတဲ့ဒေသတွေကနေ အဲဒီဒေသတွေဆီကို အွန်လိုင်း ပေါ်ကနေ အရေးပါပြီး သိသင့်သိထိုက်တဲ့ သတင်းအကျဉ်းချုပ်တွေကို မက်ဆေ့ချ် နဲ့ပို့ပေးပါ အဲဒါကိုမှ အချင်းချင်း ပြန်ဖြန့်ကြပါ ဒီနေရာမှာ သတင်းအမှားအမှန် ခွဲခြားတတ်ဖို့တော့ အရေးကြီးပါတယ် ယုံကြည်ရတဲ့လူ ခိုင်လုံရတဲ့လူတွေဆီကရတဲ့သတင်းကိုပဲ ယူကြပါ အွန်လိုင်းရတဲ့လူတွေကလည်း သတိထားပြီး တိကျတာတွေပဲ ပို့ပေးကြပါ အင်တာနက် ပိတ်ခံရတဲ့အချိန်ဟာ ကောလဟာလ အထွက်ဆုံးအချိန်ပါ ဒါကြောင့် ဒီအချက် အရမ်းဂရုစိုက်ပါ တစ်ခါ အင်တာနက်မရတဲ့ ဒေသက ပြည်သူတွေကလည်း ဒေသတွင်းဖြစ်ပျက်မှုတွေကို ကျန်တဲ့ပြည်သူတွေဆီကို ပို့ပေးပါ ဒါမှသာလျှင် […]

ၾကားသိရသမွ်


“ရေခဲထုပ်တွေအများကြီးထည့်ထားရင်ပစ်လဲနေလို့ နှစ်ခါခွဲရောင်းရတာပါသားရယ် တစ်နေ့ လုံးရောင်းမှ ၂၅၀၀ ဘဲ မြတ်တာပါ ဈေး မဆစ်ပါနဲ့နော်…” “ဒီ ၁၅ ထုပ်ကို သားအကုန်ယူမှာလေ နည်းနည်းတော့ လျော့ပေးပါဦး..” ” အဖွား တကယ်လျော့မရတော့လို့ပါ…” “ဟုတ်ကဲ့ပါ အဖွား…ဒီမှာ ပိုက်ဆံ…” “သား ပိုက်ဆံတွေက အများကြီးဘဲ…” “အဲ့ဒါ ၁၅၀၀ မဟုတ်ဖူးလား…” “မဟုတ်ပါဘူး… ဒါ ၅၀၀ တန် တွေလား..???..” “အဖွားသေချာလေးကြည့်ပါဦး…” “တစ်သောင်းတန်တွေ 1.2.3.4.5.6.7.8.9.10… ၁၀ရွက်တောင်..ဟီး…ရော့….””ဟာ..မဟုတ်ဘူးလေ အဖွားကို အကုန်လုံးကန်တော့တာ..” “တကယ်လားဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ်သားရယ်…” “ဒါဆို ဒီရေခဲထုပ်တွေက …””သားစားရင် စား ၊ မစားရင် ဒီနားကလူတွေဝေလိုက်တော့လေ…” “ဟုတ်ပြီဗျာ…ကဲ ပျော်ရဲ့လား အဖွား…””ပျော်တာပေါ့ သားရယ်.. တစ်နေ့ လုံးရောင်းမှ ၂၅၀၀ လောက်ဘဲရတာလေအခုက တစ်သိန်းကြီးများတောင်ဆိုတော့အဖွားအရမ်းပျော်တာပေါ့..” […]

ၾကားသိရသမွ်

ချစ်ရတဲ့ သမီးငယ်လေးကို သူနဲ့အတူလွတ်မြောက်နယ်မြေထိ ခေါ်လာခဲ့သည့် သည်ခေတ်နေ

ချစ်ရတဲ့ သမီးငယ်လေးကို သူနဲ့အတူလွတ်မြောက်နယ်မြေထိ ခေါ်လာခဲ့သည့် သည်ခေတ်နေ ဒါရိုက်တာ သည်ခေတ်နေကတော့ အနုပညာနယ်ပယ်မှာ နာမည်တစ်ခုရနေပြီး အောင်မြင်နေတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးထားပြီး အမှန်တရားအတွက်ဆိုရင်လည်း ရဲဝင့်စွာရပ်တည်ခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီက လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေကစပြီး ယခုအချိန်ထိ အမှန်တရားဘက်မှာသာ ပြည်သူနဲ့အတူ ရပ်တည်ခဲ့ပြီး ယခုမှာဆိုလည်း ၅၀၅(က) ကြိး အထုတ်ခံထားရလို့ လွတ်မြောက်နယ်မြေမှာ ထွက်ပြေးတမ်းရှေင်နေတာလည်း ဖြစ်ပါတယ်။ ယခုတစ်ခါမှာဆိုရင်တော့ ဒါရိုက်တာ သည်ခေတ်နေက သူနဲ့အတူ လွတ်မြောက်နယ်မြေကိုခေါ်လာခဲ့တဲ့ သမီးလေးက တောသူမလေးတစ်ဦး ဖြစ်နေပြီး အမှန်တရားနဲ့ ချစ်‌ခြင်းမေတ္တာအကြောင်းတွေကို သမီးလေးကိုပြောပြနေတာလည်း ဖြစ်ပါတယ်နော်။ သည်ခေတ်နေက “သမီးလေးရေ… မဟုတ်တာလုပ်ရမှာနဲ့ မဟုတ်တာပြောရမှာ… လောကမှာ ကြောက်စရာဆိုလို့ အဲ့ဒီ၂ခုပဲရှိတယ်တဲ့။ မှန်တာပြော/မှန်တာလုပ်ပြီး ချစ်ခြင်းမေတ္တာနဲ့သာ ရှင်သန်ပါစေသမီးလေးရေ။ ခုတော့…ဖေဖေနဲ့ပေါင်းပြီး ကိုယ့်သမီးလေးလည်း […]

ဗဟုသုတ

ကြိုးစားသူဟာ အချိန်တိုင်းမှာအခွင့်အရေးရှိတယ်

တခါတုန်းက ရွာကလေးတစ်ရွာမှာ ငှက်မုဆိုးတစ်ယောက်ရှိသတဲ့။ သူက ငုံးငှက်တစ်မျိုးတည်းကိုပဲ ထောင်ချောက်ဆင်ပြီး ဖမ်းတယ်။ဖမ်း မိတဲ့ငုံးတွေကို ချက်ချင်းမရောင်းသေးဘူး၊ အစာရေဆာကောင်းကောင်းကျွေးပြီး အိမ်မှာထားတယ်။ ငုံးငှက်တွေဆူဖြိုးဝဖီးလာပြီး ရောင်းပန်းဝယ်ပန်းလှ၊ ဈေးကောင်းရတဲ့အချိန်မှ ထုတ်ရောင်းလေ့ရှိတယ်။တစ်နေ့မှာတော့ မုဆိုးဟာ တောထဲကနေ ငုံးတွေအမြောက်အများဖမ်းမိလာတယ်။သူက ဖမ်းမိလာတဲ့ ငုံးတွေအားလုံးကို လှောင်အိမ်ထဲထည့်ပြီး လှောင်ထားလိုက်တယ်။ သူလုပ်နေကျအတိုင်း ရေနဲ့တကွ ဆန်၊ စပါး၊ ပြောင်းစေ့စတဲ့ အစာတွေကို စိတ်တိုင်းကျနိုင်အောင် ထည့်ပေးထားတယ်။ငုံးတွေဟာ တောထဲမှာ တောင်မစားရတဲ့ အစားကောင်း အသောက်ကောင်းတွေကို စိတ်တိုင်းကျ စားရတာကြောင့် အားပါးတရ စားကြတယ်။ အစာကို ဘယ်လောက်များခုံမင်တပ်မက်ကြသလဲဆိုရင် အချိန်မရွေးကျရောက်နိုင်ပြီး အလွန်နီးကပ်လာနေတဲ့ သေခြင်းတရားကိုတောင် မေ့လျော့နေကြတယ်၊ သတိလက် လွတ်ဖြစ်နေကြတယ်။ဒါပေမဲ့..အဲဒီငုံးတွေထဲက တစ်ကောင်သော ငုံးငှက်ကတော့ သတိလက်လွတ်မဖြစ်ဘူး၊ မုဆိုးရဲ့ လှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မယ့် လမ်းစကိုပဲ စဉ်းစားတွေးတောနေတယ်။သူက ငုံးလာဝယ်တဲ့သူတွေဟာ […]

ၾကားသိရသမွ်

ထောင်ထဲမှာနေ့စဉ် အိန္ဒြာကျော်ဇင် လုပ်ရတဲ့အလုပ်အကြောင်း

ထောင်ထဲမှာနေ့စဉ် အိန္ဒြာကျော်ဇင် လုပ်ရတဲ့အလုပ်အကြောင်း ထောင်ထဲက အတူနေ အခန်းဖော်ပြောပြတဲ့ အိန္ဒြာကျော်ဇင် အကြောင်း မအူဝဲလောက်အေးချမ်းတဲ့မင်းသမီး မတွေ့ဖူးဘူးတဲ့ အမနဲ့ပက်သက်ပီးစာလေးနဲနဲလေးရေးချင်လာတာရယ် ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။ ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။ ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ […]

ကြားသိရသမျှ

အကျဥ◌်းကျနေတဲ့ အနုပညာရှင်တွေနဲ့ ပါတ်သက်ပြီး သူ့အမြင်ကို ထုတ်ပြောလာလို့ ဝေဖန်ခံနေရတဲ့ အောင်ရဲလင်း

ဖမ်ဆီ ထောင်ချခံလိုက်ရတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြတ်ပြတ်သားသားပြောလာတဲ့ အောင်ရဲလင်း ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အမျိုးသမီးအများစုကြိုက်တဲ့မင်းသားအဖြစ်နဲ့သရုပ်ဆောင်အောင်ရဲလင်းဟာလဲ အောင်မြင်ခဲ့သူတယောက်ပါနော် သူ့ရုပ်ပုံနဲ့ စတစ်ကာလေးတွေထုပ်ကြော်ငြာရင်း အခြားကြော်ငြာကဏ္ဍတွေမှာလဲ လိုက်ပြီးရိုက်နေပါတယ် သူဟာ ဆန္ဒထု◌တ်ဖော်တာတွေ နဲ့ပတ်သက်ပြီဘာတခုမှမလုပ်ခဲ့ပါဘူး အာဏာသိမ်းပြီးထဲက ဖေ့ဘွတ်ကနေပျောက်သွားပြီး ig မှာသွားနေခဲ့ပါတယ် သူ့ရဲ့igမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောင်မလေးတွေနဲ့ တွဲလိုက်ပြတ်လိုက် ဖီးလိုက် ဘီယာလေးချလိုက်နဲ့ အလုပ်များနေခဲ့တာပါ ပရိတ်သတ်တွေအကြိုက် ဆန္ဒထုတ်ဖော်တာတွေ speak out မလုပ်တာတွေကြောင့် အားမပေးတော့ရင်လဲ သူ့ကိုအားပေးတဲ့လူရှိရင် တယောက်ထဲရှိနေပါစေ အဲ့ဒီတယောက်နဲ့ပဲ အဆင်ပြေအောင်နေမယ်လို့ ပြောခဲ့ပါသေးတယ် စကစမှ အာ.ဏာသိမ်.ပြီးနောက်ပိုင်း ပြည်သူတွေ ဒက္ခရောက်နေချိန်အထိ ချစ်သူရည်းစားတွေ ထည်လဲတဲဲပီး အသဲကွဲလိုက် ဘီယာဘားသွားလိုက်နဲ့အချိန်ကုန်နေခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရသူလဲဖစ်ပါတယ် အခုတခါမှာတော့ သရုပ်ဆောင်အောင်ရဲလင်း ဟာဆိုရင် အလုပ်နဲ့ထောင်ဒ.ဏ်ကျခဲ့ခဲ့ရတဲ့ […]

ၾကားသိရသမွ်

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ ဆော့ကစားနေတဲ့ကလေးငယ်ကို မိခင်ဖြစ်သူက ရိုက်ဖို့ တုတ်ကိုင်ပြီးသွားလိုက်သောအခါ

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ သူကစားနေတာပေါ့။ဗွက်အိုင်ထဲမှာ ဆင်ကြီးလို လေးဖက်ထောက်ကြီး တွားသွားလိုက်၊ဗွက်တွေကို ဖင်ခုထိုင်လိုက်နဲ့။ ပုစွန်လုံးပေါက်လေးတွေကို ဖမ်းလိုက်၊ပြန်လွှတ်လိုက်နဲ့ အလုပ်တွေရှုပ်။သူ့ဘာသာသူ သဘောတွေကျပြီး တခစ်ခစ်ရယ် နေတတ်သေးတာ။ သူဘာလို့ အဲဒီလောက်ပျော်နေပါလိမ့် ဆိုတာကျွန်တော်မသိ။သူကတော့ ‌ဘယ်သူ့မှဂရုစိုက်ဘဲ ပျော်နေတာပဲ။ မကြာပါဘူး။ သူ့အမေက တုတ်ကြီးကိုင်ပြီးလာတော့တယ်။ကျွန်တော်တို့အနားမရောက်ခင်ကတည်းက သူ့ကိုကြိမ်းလာတာ။ သူ့မျက်နှာမှာ ခုနကပျော်နေတာတွေ ဘယ်ပျောက်သွားမှန်းမသိ။မျက်နှာက ညှိုးလာတယ်။မျက်လုံးကလေးတွေကိုကြည့်တော့ ကြောက်နေမှန်း သိသာတယ်။ “နင်လာစမ်း၊အဲဒီဗွက်တွေထဲမှာ ဘာလုပ်နေတာလဲ။”သူ့အမေကခေါ်နေပေမဲ့ သူက ချက်ချင်းမသွားဘူး။ထိုင်လျက်ပဲ။ သူ့အမေ ပိုပြီးဒေါပွလာပြီ။ “ဟဲ့၊ငါပြောနေတာမကြားဘူးလား။” ပြောလည်းပြော သူ့အနားလည်းရောက်သွားပြီး ရိုက်မယ်လို့တုတ်ကိုလှမ်းအမြှောက်မှာ ကျွန်တော်က “အစ်မ”လို့ ခေါ်လိုက်တယ်။ သူ့အမေက သူ့ကို မရိုက်မိလိုက်ဘူး။ ကျွန်တော့်ကိုလှည့်ကြည့်တယ်။ကျွန်တော်က “ဘာဖြစ်လို့ ကလေးကို ရိုက်မှာလဲ”လို့မေးလိုက်တယ်။ သူ့အမေ ကြောင်သွားတယ်။ “နင်မမြင်ဘူးလား။သူ ဗွက်ထဲမှာ ကမြင်းကြောထနေတာ”တဲ့။ “အဲဒါကြောင့် ရိုက်မှာလား။” […]

မိုးလေ၀သ


မိုးလေဝါသပညာရှင် ဆရာမလေးစုစုစံ ခန့်မှန်းလိုက်တဲ့ ၂၀၂၂ ခုနှစ် မိုးရာသီမှာ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းများနဲ့မိုးများနိုင်သော ဒေသများ….. ၂၀၂၂ မိုးရာသီ နေပြည်တော် မန္တလေးတိုင်း ရှမ်းပြည်နယ်တစ်ခုလုံး စစ်ကိုင်းတိုင်းတွေမှာ ဧပြီလမှ ဇူလိုင်လအထိ မိုးတွေရွာသွန်းနိုင်ပါတယ်။ မေလတွင် ကောလင်းခရိုင် ကသာခရိုင် ဝန်းသို ကောလင်း ပင်လည်ဘူး ဗန်းမောက်မြို့တွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး သဖန်းဆိပ်ဆည် ရေဝင်အားကောင်းပါလိမ့်မယ်။ ရွှေဘိုခရိုင် မုံရွာခရိုင် ကန့်ဘလူခရိုင် တို့တွင်လည်း မိုးရာသီစိုက်ပျိုးရေအလုံအလောက်ရရှိအောင် မိုးရွာပါလိမ့်မယ်။ မိုးဦးစောသလို မိုးလယ်လည်း မိုးရရှိနိုင်သဖြင့် မနှစ်က မိုးမခေါင်ခဲ့သလို ၂၀၂၂ ခုနှစ်သည်လည်း မိုးမခေါင်နိုင်ပဲ မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ ရှမ်းပြည်နယ်ကြီးသည်လည်း မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ မင်းဂွတ်သီးလေးရဲ့ အဝေးခန့်မှန်းချက်တွေကို ဒေသအလိုက် တင်ပေးနေမှာဖြစ်ပါတယ် ငါ့တိုင်း ငါမြို့ […]