တနင်္ဂနွေ ဒီကာလအတွင်း အလုပ်ကိစ္စတွေမှာ တာဝန်ယူ၊တာဝန်ခံရမဲ့အလုပ်မျိုးတွေကို စတင်တာဝန်ပေးပါက မလုပ် နိုင်၊လုပ်နိုင်ဆိုတာ ချင့်ချိန်ပြီးမှသာအလုပ်လက်ခံစေချင်ပါတယ်။ တန်ဖိုးရှိသော လက်ဝတ်ရတနာများ ဝင်လာခြင်း၊ ဆုံးရှုံးသွားပြီ ထင်ရ တဲ့အရာများ ပြန်လည်ရရှိခြင်းမျိုးတွေ့ကြုံမယ်။ သားသမီးရတနာဝင်ကိန်းရှိတဲ့ကာလဖြစ်တာမို့ သားဆုပန်ခြင်းမျိုး၊ ဆရာဝန်နဲ့စစ်ဆေးပြသခြင်းမျိုးဆောင်ရွက်သင့်ပါတယ်။မိမိတို့အနေနဲ့ အခက်အခဲတွေက ကိုယ်ကြောင့်မဟုတ်ဘဲအခြားလူကြောင့်မိမိအခက်အခဲ များရတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ လိုက်လေ ဝေးလေဖြစ်နေ တတ်ပါတယ်။ ပုံမှန်ဝင်ငွေလေးကိုပဲ ရောင့်ရဲသင့်တဲ့ ကာလပါပဲ။ သားသမီး၊ အောက်လက်ငယ်သား၊ ဆွေမျိုးများ၏ပြဿနာများ ဖြေရှင်းပေးနေရတတ်ပါ တယ်။၎င်းတို့နှင့်ပတ်သက်၍ စိတ်သောကရောက်နေရတတ်ပါ တယ်။ စုမဲစုခြင်း၊ စပ်တူရှယ်ယာလုပ်ခြင်း စတဲ့ ငွေကြေးကိစ္စရပ်များ စိတ်ညစ်ရတတ်ပါတယ်။ ယခုကာလဟာ ကံညံ့ သည်ဟုထင်ရပေမယ့် မိမိယုံကြည်ကိုးကွယ် ရာ ဘာသာရေးကို အားစိုက်ပြုလုပ်ပါက ချက်ချင်းနတ်မ သကဲ့သို့ ကံ ကောင်းခြင်းများ ကြုံတွေ့ ရရှိတတ်ပါတယ်။ ကျန်းမာရေးကတော့အရေပြားယားယံခြင်း၊ […]
Day: August 13, 2023
ကျန်းမာရေးကြောင့် ဆေးရုံတက်နေရပေမယ့် ဆိုက်မပျက်တဲ့ မင်းသားစွမ်းဇာနည်
ကျန်းမာရေးအခေအြနေကြောင့် ဆေးတတ်ရောက်ကုသနေရတဲ့ မင်းသားစွမ်းဇာနည် ပရိသတ်ကြီးရေ စွမ်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားတစ်လက်အနေနဲ့သာမက သဘင်မင်းသားတစ်လက်အနေနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့အထိအောင်မြင်တဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ စွမ်းကတော့ လတ်တလောမှာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားခဲ့ပြီး ဇာတ်သဘင်ကို ပိုမို ဦးစားပေးလုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။ အလုပ်တွေကို ပြန်လည်ကြိုးစားပြီးလုပ်ကိုင်နေတဲ့ စွမ်းကတော့ မနေ့က ဆေးရုံမှာ ဆေးကုသမှုခံယူနေရကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ ပြောပြလာခဲ့ပါတယ်။ “အလုပ်တွေလုပ်ချင်သေးပါတယ် ဘယ်သူ့အတွက်ဆိုတာက ကျေးဇူးရှင်ပရိတ်သတ်တွေအတွက်မှန်ကန်တဲ့အနုပညာ ကျွန်တော့မိသားစု/ကျွန်တော့ရဲ့ကျေဇူးရှင်ဆရာသမားများ အရာရာစောင့်ရှောက်ပေးတဲ့ အကို/အမတွေ ညီလေး/ညီမလေးတွေ အတွက် ကံတရားကြီးရေ အသက်ရှင်ခွင့်ပေးပါဦး ….. ဆေးရုံမှာတော့ရှိနေဦးမယ် နိုင်ငံခြားထိ သွားကုရရင်လည်း ကုသရမယ်။ အသက်ရှင်ရင်တော့ ကိုကိုစွမ်း ပရိတ်သတ်အတွက်အလုပ်တွေအများကြီးလုပ်မယ်ပရိတ်သတ်ကြီးအတွက်စာတွေအများကြီးရေးပါဘူးဗျာ နာလည်ပေးပါ စိတ်တော့မပူပါနဲ့ ဆုတော့တောင်းပေးပါ။လိမ်လိမ်မာမာနေပေးမယ်နော် အားလုံးကိုချစ်တယ် ကြိုပြောထားတာပါ ……” ဆိုပြီး ကျန်းမာရေးတွေပြန်လည်ကောင်းမွန်အောင် […]
မြို့သူမြို့သားတွေတောင် မျက်ရည်ဝေခဲ့ရတဲ့ ဈာပနတစ်ခုပေါ့..
မုံရွာမြို့တွင် ဓားပြအဖွဲ့သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေး ပြည်သူအများအပြားလိုက်ပါပို့ဆောင် ချင်းတွင်းမောင်/People’s Spring မုံရွာမြို့တွင် လက်နက်ကိုင်လူတစ်စု၏ ဓားပြတိုက်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည် ထန်းတောကျွန်းဆွယ်ရပ်မှ အသက်(၂၅)နှစ်အရွယ် မအေးငြိမ်းသူနှင့် ၎င်း၏သန္ဓေသားအရွယ် သားယောင်္ကျားလေး အလောင်းအား ယနေ့(သြဂုတ် ၁၂ ရက်) ညနေပိုင်းက အဆိုပါမြို့မသုဿန်သို့ ပို့ဆောင်ခဲ့သည်။ အဆိုပါနာရေးအား မုံရွာမြို့ရှိ ပြည်သူလူထုအများအပြားလိုက်ပါပို့ဆောင်ခဲ့ကြသည်။ အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သြဂုတ် ၁၀ရက် ညနေ၃နာရီခန့်က လူတစ်စုက ဓားပြတိုက်ဝင်ရောက်ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ ဓားပြတိုက်သူများအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်းလည်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ကာ ဖုန်းနှင့်ဆိုင်ကယ် ဓားပြတိုက်ခဲ့သည့် တော်လှန်ရေးအယောင်ပြ Monywa Force အဖွဲ့မှ အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာ GUARDIAN FORCEတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအဖွဲ့သည် ဒလန်ရှင်းလင်းရေးဟု […]
ယနေ့ တနင်္ဂနွေ(၁၃.၈.၂၀၂၃) နေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ
ယနေ့ သြဂုတ် ၁၃၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3530 – 3630 ဥရောပယူရို 3765 – 3900 ဗြိတိသျှစတာလင်ပေါင် 4350 – 4500 သြစတြေးလျဒေါ်လာ 2210 – 2290 ဂျပန်ယန်း 23.50 – 24.50 တောင်ကိုရီးယားဝမ် 2.57 – 2.65 အိန္ဒိယရူပီး 41.11 – 42.60 စင်ကာပူဒေါ်လာ 2520 – 2610 မလေးရှားရင်းဂစ် 750 – 768 တရုတ်ယွမ် 478 – 490 ထိုင်းဘတ် 98.50 […]