Knowledge

ပိန်ချင်ရင် ၁၅ ရက်ပဲ သောက်ကြည့်ပါဆိုတဲ့ ဆေးနည်း…

အဆီကျ အသားကျစ် တိုင်းရင်းဆေး အထူး အဆီကျ အသားကျစ် ပိန်ဆေးကြီး ယနေ့ခေတ် လူနေမှုပုံစံပြောင်းလဲလာမှု။ အစားအသောက်နှင့် ဇိမ်ခံပစ္စည်းများ ပေါများလာခြင်းကြောင့် အဝလွန်သည့်ပြသနာသည် ခေတ်စားလာချေပြီ။ အဝလွန်လျှင် ဖြစ်ပေါ်လာတတ်သော ကျန်းမာရေးဆိုးကျိုးများကို လူတိုင်းလိုလို သိထားပြီးဖြစ်ပါသည်။ အဆီကျဆေး ပိန်ဆေးများသည်လည်း အရှေ့တိုင်းဆေး၊ အနောက်တိုင်းဆေး စုံလင်စွာဈေးကွက်ထဲတွင် မှိုလိုပေါက်လျက်ရှိပါသည်။ သို့သော် ဘေးကင်းသော စိတ်ချရသော ဆေးအများစုမှာ တိုင်းရင်းဆေးများပင် ဖြစ်ကြသည်ကများပါသည်။ အနောက်တိုင်းဆေးများတွင်လည်း အလွန်ကောင်းသော ဆေးများရှိကြပါသည်။ သို့သော် ဈေးအဆမတန်များပြားလွန်းသဖြင့် သုံးစွဲနိုင်သူက နည်းပါးလွန်းလှပါသည်။ ယခုဖေါ်ပြမည့်ဆေးသည် အလွန်အစွမ်းထက်သော လက်တွေ့ကျသော ဆေးနည်းဖြစ်ပြီး ရှားပါးသော ဆေးနည်းမူမှန်တစ်ခုဖြစ်ပါသည်။ ဤ ဆေးကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တေဇော ဝါယောဓာတ် (အပူ) ကို ငြိမ်းစေပြီး ကိုလက်စရောခေါ် အဆီဓာတ်ကို အထူးလျှော့ချပေးသော […]

Health Care

အိပ်ယာဘေးသံပုရာသီးလေးထားအိပ်ရင် ဘာတွေအကျိုးပြုသလဲ?

ကျန်းမာရေးအတွက်ရောအသားအရေအတွက်ပါအကျိုးကျေးဇူးတွေများလှတဲ့သံပရာသီးရဲ့အသုံးဝင်ပုံတွေကိုတော့ လူတိုင်းသိကြမှာပါ အခုဖော်ပြပေးမှာကတော့ညဘက်အိပ်စက်တဲ့အခါသံပရာသီးစိတ်ကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အိပ်ရာအနီးတဝိုက်ကစားပွဲပေါ်မှာထားပေးရုံနဲ့ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲဖြစ်ပါတယ် (၁)သွေးတိုးရောဂါကိုသက်သာစေနိုင်တယ်သံံပရာသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရနံ့ကုထုံးတွေမှာအသုံးပြုခဲ့ကြတာဖြစ်ပြီးသံံပရာသီးရနံ့ဟာသွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်မို့ိလိုသွေးတိုးရောဂါရှိသူတွေအနေနဲ့အိပ်စက်တဲအ့ခါအိပ်ရာဘေးအနီးတဝိုက်မှာသံပရာသီးစိတ်ထားပေးခြင်းက သွေးပေါင်တက်ခြင်းကိုသက်သာစေနိုင်ပါတယ်။ (၂)အခန်းတွင်းလေထုကိုသန့်စင်ပေးနိုင်တယ်အိပ်စက်တဲ့အခါအိပ်ရာအနီးတဝိုက်မှာသံပရာသီစိတ်ထားပေးခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသေေစနိုင်တဲ့အပြင်ခြင်၊ယင်ကောင်စတဲ့အင်းဆက်တွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၃) ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေနိုင်တယ်ဂျပန်နိုင်ငံကဆေးပညာရှင်တွေရဲ့ lသုတေသနလေ့လာမှုတွေအရသံပရာသီးရနံ့ဟာဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေပြီးအာရုံစူးစိုက်မှုကိုပိုမိုမြင့်တက်စေနိုင်တယ်လို့ဆိုပါတယ်။ (၄)စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တယ်ရနံ့ကုထုံးပညာရှင်တွေဟာစိုးရိမ်ပူပန်မှုများသူတွေနဲ့စိတ်ကျရောဂါခံစားနေရသူတွေကိုသံပရာသီးရနံ့ကုထုံးကို အသုံးပြုကာကုသပေးလေ့ရှိပါတယ်အိပ်ခန်းတွင်းမှာသံပရာသီးစိတ်ထားပေးခြင်းကတနေ့တာစိတ်ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်မှာဖြစ်ပါတယ်။ (၅)စိတ်လန်းဆန်းပေါ့ပါးစေတယ်အိပ်ရာနိုးတဲ့အခါလေးလံထိုင်းမှိုင်းပြီးလန်းဆန်းတက်ကြွမှုမရှိခြင်းတွေကိုသံပရာသီးရနံ့က ကုစားပေးနိုင်ပါတယ်အိပ်ရာ ဘေးမှာသံပရာသီးစိတ်ထားပေးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်တဲ့အပြင် လန်းလန်းဆန်းဆန်း နိုးးထနိုင်စေပါတယ်။

Health Care

အဖုအကျိတ်အတွက် ဆေးတစ်လက်….

အကုန်အကျ သက်သာစေမည့် ခန္ဓာ ကိုယ်မှ အဖုအကျိတ်တွေကိုအလွယ်တကူ ပျောက်ကင်းစေ မည့် ဆေးနည်း ဆေးနည်း မှာ (၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) (၃) ပျားရည်စစ် ။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးလိုက်ပါ။လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည်။အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာ ပျောက်ကင်းပါသည် ။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။ ရဲမျိုးသူ (ဗောဓိမြိုင်)

Knowledge

“ဆန်ထောင်းတဲ့မောင်းစင်မှာ အရိုးကြေတဲ့ အထိအထောင်းခံခဲ့ရတဲ့ မင်းသမီးကြီး တောင်ညိုထိပ်ခေါင်တင်”

“ဆန်ထောင်းတဲ့မောင်းစင်မှာ အရိုးကြေတဲ့ အထိအထောင်းခံခဲ့ရတဲ့ မင်းသမီးကြီး တောင်ညိုထိပ်ခေါင်တင်” မြင်းကွန်း မြင်းခုံတိုင်အရေးအခင်းဟာ ကုန်းဘောင်ခေတ်မှာ အဆိုးရွား အရက်စက်ဆုံး နန်းလုတဲ့ ဖြစ်ရပ်ကြီး ဖြစ်တာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ နန်းလုပွဲတွေ ရှိကြပေမယ့် ကနောင်ကိုယ်တော်လို ခေါင်းပြတ်ပြီး သေရတဲ့သူမရှိပါဘူး။ ဒီအရေးအခင်းကြောင့် အိမ်ရှေ့စံကနောင် ကိုယ်တော်ကြီး အပါအဝင် မင်းတုန်းမင်းရဲ့ မြောက်ဆောင်တော်မိဖုရား ပဘာဒေဝီက ဖွားမြင်တဲ့ မလွန်မြို့စားမင်းသားနဲ့ပြင်စည်မြို့စားမင်းသား၊ တောင်ဆောင်တော်မိဖုရားက ဖွားမြင်တဲ့ စကုမြို့စားမင်းသား သုံးပါးလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ တကယ်ဆိုရင် မြင်းကွန်းမင်းသားဟာ အိမ်ရှေ့ကိုယ်တော်ကြီးရဲ့ တူတော်ရင်းဖြစ်သလို သားမက်တော်လည်း ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အိမ့်ရှေ့မင်းရဲ့ မြောက်ဆောင်တော် သခင်ကျေးကနေ ဖွားမြင်တဲ့ တောင်ညိုထိပ်ခေါင်တင်နဲ့ မင်းတုန်းမင်းရဲ့ တောင်ရွှေရေးဆောင်မိဖုရားက ဖွားမြင်တဲ့ မြင်းကွန်းမင်းသားကြီးတို့ကို ပေးစားထားလို့ ဖြစ်ပါတယ်။ မြင်းကွန်းမင်းသားဟာ မင်းတုန်းမင်းရဲ့ တခြားသားတော်ကြီးများနှင့်မတူပဲ […]

News

ယနေ့ သောကြာနေ့(၂၅.၈.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

သြဂုတ် ၂၅၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3660 – 3730 ဥရောပယူရို 3870 – 4010 ဗြိတိသျှစတာလင်ပေါင် 4520 – 4680 သြစတြေးလျဒေါ်လာ 2300 – 2380 ဂျပန်ယန်း 24.56 – 25.58 တောင်ကိုရီးယားဝမ် 2.69 – 2.80 အိန္ဒိယရူပီး 43.36 – 45.16 စင်ကာပူဒေါ်လာ 2670 – 2750 မလေးရှားရင်းဂစ် 771 – 803 တရုတ်ယွမ် 493 – 511 ထိုင်းဘတ် 102.88 – […]

News

အညာမြေမှာ မိုးတွေရွာဦးမယ် 🌧🌧

ရက်ကြိုခန့်မှန်းချက်မိုး 🌧 ၂၀၂၃ သြဂုတ်လ ၃၁ရက်နေ့နှင့် စက်တင်ဘာလ ၁ရက်နေ့တွေမှာ ပြည်ခရိုင် သရက်ခရိုင် အောင်လံခရိုင်မကွေးခရိုင် မကွေးခရိုင်မြို့နယ်များ မကွေးမြို့နယ် နတ်မောက်မြို့နယ် မြို့သစ်မြို့နယ် မြို့လုလင်မြို့ ဘုရားငါးဆူရွာ တောင်တွင်းကြီးမြို့နယ် မင်းဘူးခရိုင် မင်းဘူးခရိုင်မြို့နယ်များ မင်းဘူးမြို့နယ် ငဖဲမြို့နယ် ပွင့်ဖြူမြို့နယ် စလင်းမြို့နယ် စလင်းမြို့ ဆင်ဖြူကျွန်းမြို့ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ဦးမြို့ ပုဂံမြို့ ငါ့သရောက်မြို့ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်းမြို့ ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ပခုက္ကူမြို့ ကမ္မမြို့ မြစ်ခြေမြို့ ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူမြို့ ပေါက်မြို့နယ် ပေါက်မြို့ မြိုင်မြို့နယ် မြိုင်မြို့ ရေစကြိုမြို့နယ် ရေစကြိုမြို့ မြင်းခြံခရိုင် မြင်းခြံမြို့နယ် မြင်းခြံမြို့ ဆီမီးခုံမြို့ တောင်သာမြို့နယ် တောင်သာမြို့ နွားထိုးကြီးမြို့နယ် နွားထိုးကြီးမြို့ မုံရွာခရိုင် မုံရွာမြို့နယ် […]

News

ကမ္ဘာ့ရွှေဈေး နှစ်ပတ်တာ အမြင့်ဆုံးကို ပြန်ရောက် ၊ ပြည်တွင်းရွှေဈေး အမြင့်တန်းမှာ ငြိမ်နေ…..

ရင်းနှီးမြှုပ်နှံသူတွေက ဗဟိုဘဏ်တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲကို စောင့်ကြည့်နေချိန်မှာ အမေရိကန်ဒေါ်လာ အဝယ် ပျော့ပြီး ရွှေကို ဘက်ပြောင်း ပြန်ဝယ်လာတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးက နှစ်ပတ်အတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။ ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို ၁၉၂၀ ဒေါ်လာ ရှိနေတာကြောင့် ဒီလ (သြဂုတ်) ၁၀ ရက်နောက်ပိုင်း အမြင့်ဆုံး ပြန်ရောက်လာပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁၉၄၈.၉၀ ဒေါ်လာ ဖြစ်လာပါတယ်။ အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေက နှစ်ပတ်လည် အစည်းအဝေးကို အခု သြဂုတ် ၂၄ ကနေ ၂၆ အထိ ကျင်းပဖို့ ရှိနေပြီး အဲဒီဆွေးနွေးပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေကို အားလုံးက စောင့်ကြည့်နေကြပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အရင်အပတ်တွေတုန်းက တစ်အောင်စကို ၁၉၀၀ ဒေါ်လာဈေးတန်းအောက်အထိ ကျခဲ့ပြီး ဒီအပတ်မှာ ပြန်လည် […]