ဇန်နဝါရီ ၁၄ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3430 – 3460 ဥရောပယူရို 3730 – 3810 ဗြိတိသျှစတာလင်ပေါင် 4400 – 4540 သြစတြေးလျဒေါ်လာ 2275 – 2325 ဂျပန်ယန်း 23.50 – 24.10 တောင်ကိုရီးယားဝမ် 2.60 – 2.65 အိန္ဒိယရူပီး 41.10 – 41.90 စင်ကာပူဒေါ်လာ 2560 – 2610 မလေးရှားရင်းဂစ် 730 – 760 တရုတ်ယွမ် 465 – 480 ထိုင်းဘတ် 97.60 […]
Day: January 14, 2024
နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာအံ့သြစရာပါဗျာ
နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာ အံ့သြစရာပါဗျာ ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာမှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။ဒီလိုဗျ(၂၀၁၇ )ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ် ။ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ဒါပေမယ့် သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့် ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။နှစ်နှစ်ပြည့်တော့မယ်။နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာပြီလေ။ရန်ကုန်ရောက်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့် အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။ တမာရွက်တွေဝါး။တမာခေါက်ငုံ။ဆားရေငုံ မရပါဘူး။တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။ဆိုရင် ခင်ဗျားတို့ယုံမလား•••အံ့သြမလား။ကျုပ် […]
ကမ္ဘာ့ရွှေဈေး တစ်ပတ်တာ အမြင့်ဆုံးရောက်၊ မြန်မာ့ရွှေဈေးလည်း မြင့်မားလာ
အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းတွေကို ခပ်မြန်မြန် လျှော့ချလာဖွယ် ရှိပြီး အရှေ့အလယ်ပိုင်း ဒေသမှာလည်း ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ တစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ် မနေ့က သောကြာနေ့ ဈေးပိတ်ချိန်မှာ ကမ္ဘာ့ရွှေတစ်အောင်စကို ၂၀၄၉ ဒေါ်လာနဲ့ ပြီးဆုံးခဲ့ပြီး အဲဒီနေ့ အစောပိုင်းကလည်း တစ်ပတ်အတွင်း အမြင့်ဆုံး ရောက်ခဲ့ပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်) ကမ္ဘာ့ရွှေဈေးဟာ တစ်ပတ်လုံး အတက်အကျ မရှိသလောက် ငြိမ်နေခဲ့ပေမဲ့ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အထက်မှာ တစ်လနီးပါး ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁.၆ % မြင့်ပြီး ၂၀၅၁ ဒေါ်လာနဲ့ ဈေးပိတ်ထားပါတယ်။ အမေရိကန်နဲ့ ဗြိတိန်က ပင်လယ်နီထဲက သင်္ဘောအသွားအလာတွေကို အနှောင့်အယှက် ပြုနေတဲ့ ဟူသီသူပုန်တွေအပေါ် […]


