Knowledge

လုံးဝ လျစ်လျူမရှုထားသင့်တဲ့ သင့်ရဲ့အိပ်မက်ထဲက နိမိတ်ပုံ (၉) ခု

အခုတစ်ခေါက် တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ သင်လုံးဝ လျစ်လျူမရှုထားသင့်တဲ့ သင့်ရဲ့အိပ်မက်ထဲက နိမိတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ လူတိုင်း အိပ်မက်တွေထဲမှာ တကယ့်အပြင်က သက်ရှိ၊သက်မဲ့တွေကို ထည့်မက်ဖူးကြမှာပါ။ တစ်ခါတစ်ရံမှာတော့ အိပ်မက်တွေထဲက အရာတွေက ဝိုးတဝါးအဖြစ်နဲ့သာ မြင်တွေ့ရပေမယ့် တစ်ခါတစ်ရံမှာတော့ ထင်ထင်ရှားရှားမြင်တွေ့ရတတ်ပါတယ်။ တကယ်တော့ အိပ်မက်တွေထဲမှာမြင်တွေ့ရတဲ့ အရာတွေ အားလုံးက သင့်ရဲ့ စိတ်အခြေအနေနဲ့ လာမယ့် အနာဂါတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေကို ဖော်ညွှန်းချက်တွေလို့ တချို့ကယုံကြည်ကြပါတယ်။ အိပ်မက်တွေထဲက ဘယ်လိုအရာတွေက ဘယ်လိုအဓိပ္ပာယ်ဆောင်သလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ (၁) သေတ္တာများ အိပ်မက်တွေထဲမှာ သေတ္တာတွေကို မြင်တွေ့ရတာကို မြင်တွေ့ဖူးကြမှာပါ။ ဒီလိုသေတ္တာတွေကို ထည့်မက်တယ်ဆိုတာ သင့်ရဲ့ မသိစိတ်ကနေ သင်ဖုံးကွယ်ထားတဲ့ အရာတွေနဲ့ မြိုသိပ်ထားတဲ့ အရာတွေကို ရည်ညွှန်းပါတယ်။ လူတိုင်း လူတိုင်းမှာ လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေကို […]

News

ကမ္ဘာ့ရွှေဈေး၊ မြန်မာ့ရွှေဈေးသတင်း

အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးအခြေအနေတွေနဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်း လျှော့ချနိုင်ခြေ အလားအလာတွေကြောင့် ဒီအပတ် ဈေးကွက်ဖွင့်ရက် တနင်္လာနေ့မှာ ကမ္ဘာ့ရွှေဈေးက အရင်အပတ်တွေက ကျခဲ့သမျှကို ပြန်အဖတ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီနေ့ (တနင်္လာ) ဈေးပြန်ဖွင့်ရက်မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၅၀ ဒေါ်လာအထက် ရောက်နေပြီး ရှေ့လအတွက် ကြိုပွိုင့်ဈေးကလည်း ၂၀၅၇ ဒေါ်လာကို မြင့်လာပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်) အစ္စရေး – ဟားမတ်စ် စစ်ပွဲသာမက အမေရိကန်နဲ့ ဟူသီသူပုန်တွေကြား တိုက်ခိုက်မှုတွေပါ ဖြစ်ပွားလာလို့ အရှေ့အလယ်ပိုင်းဒေသအရေး မတည်ငြိမ်မှုတွေက ရွှေဈေးကို ဆွဲတင်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ တချိန်တည်းမှာ ရွှေဈေးကွက်ကို အဓိက တွန်းအားပေးနေတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း လျှော့နိုင်ခြေ သတင်းကလည်း ကုန်သည်တွေ စောင့်ကြည့်စရာ ဖြစ်နေပါတယ်။ […]

News

ယနေ့ တနင်္လာနေ့ (၁၅.၁.၂၀၂၄) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၁၅ ၊ ၂၀၂၄ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3410 – 3455 ဥရောပယူရို 3680 – 3735 ဗြိတိသျှစတာလင်ပေါင် 4380 – 4550 သြစတြေးလျဒေါ်လာ 2275 – 2330 ဂျပန်ယန်း 23.25 – 24.10 တောင်ကိုရီးယားဝမ် 2.60 – 2.65 အိန္ဒိယရူပီး 41.00 – 41.95 စင်ကာပူဒေါ်လာ 2560 – 2620 မလေးရှားရင်းဂစ် 700 – 750 တရုတ်ယွမ် 460 – 480 ထိုင်းဘတ် 97.70 […]

News

၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာ့ရွှေဈေးနှုန်း အတက်ဘက် ရှိနိုင်မလား?

၂၀၂၃ နှစ်ကုန် ဒီဇင်ဘာလထဲမှာတင် ကမ္ဘာ့ရွှေဈေးနှုန်းဟာ သက်တမ်းတလျှောက် အမြင့်ဆုံးဈေး $2146 အထိ အတက်ရှိခဲ့ပါသည် လက်ရှိမှာတော့ $2045 ဝန်းကျင်၌ ရှိနေပါသည်။ ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ အတက်လားရာ လမ်းကြောင်းပေါ် ၌ ဆက်လက်ရှိစေနိုင်သည့် အကြောင်းရင်းတွေ များစွာ ရှိနေတဲ့အထဲက အဓိကအချက်တွေကို ကြည့်ကြရာ၌ …. 1. ပထဝီနိုင်ငံရေး တင်းမာမှု အရှေ့အလယ်ပိုင်းစစ်ရေး တင်းမာမှု၊ ဇာတ်မျောကြီး ဖြစ်နေတဲ့ ရုရှား-ယူကရိန်း အရေး၊ တချက် တချက် ထဖောက်တတ်သည့် မြောက်ကိုရီးယား စသဖြင့် ပထဝီနိုင်ငံရေး တင်းမာမှုတွေ ရှိလာရင် ကမ္ဘာတဝန်းမှ ရင်းနှီးမြှုပ်နှံသူတွေဟာ သမာရိုးကျ ဘဏ္ဍာရေး ဈေးကွက်ထဲမှာ riskier asset တွေကို လက်ခါပြီးတော့ ရွှေကဲ့သို့ safe haven […]

Knowledge

နှလုံးအားနည်းသူများအတွက် ဆေးနည်းကောင်း…

နှလုံးအားနည်းတဲ့ရောဂါကြောင့် အိပ်မပျော်ခြင်း၊ မောပမ်းလွယ်ခြင်း၊ အပူဒဏ်မခံနိုင်ခြင်း၊ သွေးအတက်အကျ မမှန်ခြင်း စသည်တို့ ဖြစ် တတ်ကြပါတယ်။၎င်းရောဂါများအတွက် မြန်မာ့ဆေးနည်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ကံ့ကော်ပန်းဝစ္ဆံအမှုန့်ကို ပရဆေးဆိုင်များမှာ မေးဝယ်ပါ။ ပြည်ပရောက်မြန်မာများကတော့ အင်္ဂလိပ်လို Mesua ferrea Powder လို့ မေးဝယ်နိုင်ပါတယ်။ (၂) ၄င်းအမှုန့်ကို ပျားရည်နဲ့ သမအောင်ရောတေထားပြီး လေလုံတဲ့ အ၀ကျယ်ပုလင်းနဲ့ ထည့်ထားပါ။ မနက်၊ ည ဟင်းစားဇွန်း တစ်ဇွန်း ခန့် သောက်ပါ။ ကံ့ကော်ဝစ္ဆံကို နွာနို့၊ ဆိတ်နို့ တစ်မျိုးမျိုးနဲ့ ကျိုချက်ပြီး သောက်ပါ။ အတူရောမကျိုလည်း ဒီအတိုင်း သောက်နိုင် ပါတယ်။ ကံ့ကော်ဝစ္ဆံဟာ ဆေးဖက်ဝင်တဲ့ အသီးအနှုံတစ်ခုဖြစ်ပါတယ်။နှလုံးအားကောင်းလာပြီး နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။ အမောခံနိုင် လာမယ်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။ စောနွဲ့ နေဆိုင်- […]