ၾကားသိရသမွ်

အခုလက်ရှိအခြေအနေတွေကြောင့် အလှူငွေတွေလှူတဲ့အခါ ပြုလုပ်သင့်တဲ့အချက်တွေကိုပြောပြလာတဲ့ ခေးဆက်သွင်

သရုပ်ဆောင် ခေးဆက်သွင်ကတော့ ရုပ်သံ ဇာတ်လမ်းတွဲ များတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းကို ရရှိလာတာလည်း ဖြစ်ပါတယ်။ စုဆောင်းထားတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေလည်း အမြဲလိုလို လှူဒါန်းသူတစ်ဦးဖြစ်တာကြောင့် လူတိုင်းက အားကျ အတုယူနေကြတာပါ။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့ အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေတာကိုလည်း မြင်တွေ့ကြရ မှာပါ။. ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ ယနေ့ချိန် အထိ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကြိုးစားပမ်းစား Speak Out လုပ်ပေးနေ တာကြောင့်လည်း ပရိသတ်တွေရဲ့ ချီးကျူးခြင်းတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တတ်နိုင်တဲ့ဘက်ကနေ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် စားနပ်ရိက္ခာများလည်း လှူဒါန်းပေးနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခေးဆက်သွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လက်ရှိအခြေအနေတွေကြောင့် အလှူတွေ […]

ကျမ္မာရေး ဗဟုသုတ

ကြက်ဥ၊ သံပုရာသီးအမှည့်၊ သကြား ဒီသုံးမျိုးကို မယုံရင် လက်တွေ့စမ်းကြည့်လိုက်ပါ

ရုတ် တရက် အား အင်ကုန်ခမ်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကိုသက်သာပျောက်ကင်းစေသည့် ကြက်ဥသံံပုရာဆမ်းဆေးတစ်ခွက်”အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊မူးဝေနေရင်ပဲဖြစ်ဖြစ်အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ဆေးနည်းတစ်လက် ကိုမျှဝေပေးပါ့မယ်။ ပါဝင်ပစ္စည်းတွေကတော့ (1) ကြက်ဥအစိမ်းတစ်လုံး၊ (2) သုံပုရာသီးအမှည့်တစ်လုံး၊ (3) သကြားဖြူဟင်းစားဇွန်းနှစ်ဇွန်းတို့ကိုဖေါက် ထည့်ရောမွှေပေးပါ။ သံံပုရာအစေ့တွေကိုဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကိုနှံ့နှံ့စပ်စပ်ရောမွှေ ပြီးသောက်ပေးရင်အမောအပန်းပြေပြီးအားရှိလာမှာဖြစ်ပါတယ်။ ဒီဆေးနည်းကကျွန်တော့်ဖခင်ပေးတဲ့ရိုးရာဆေး တစ်လက်ဖြစ်ပါတယ် ။ သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေပိုပြီးသုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လည်းအားဆေးတစ်လက်ပါ။ “ကျန်းမာချမ်းသာကြပါစေ” Creditvia. sai min thant မေတ္တာဖြင့် ပြန်လည်မျှဝေသည် Aung Myat Zaw( ကျောက်ဆည်) Zawgyi ရုတ် တရက် အား အင်ကုန်ခမ်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် […]

အထွေအထွေဗဟုသုတ

ရှယ်ပြီးသိမ်းထားလို့မမှားတဲ့ ဆေးနည်း (၁၀၀) အိမ်သုံးဆေးမြီးတို မှတ်စုများ

ယခုဆေးနည်းများဟာ တချိန်မှာသင့်အတွက်အသက်တချောင်းလဲဖြစ်လာနိုင်ပါတယ်။ ဆီးသွားများလျှင်အနေခက်၊ ဥသျှစ်ရွက်သုတ်စား။ ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်၊ လေးညုင်းပွင့်သွေးလိမ်း။ ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း၊ ဧကရာဇ်မြစ်ကို ဆန်ဆေးရေ နဲ့ သွေးသောက်၊ မကျီးခေါက်သွေးသောက်။ မုတ္တယောင် (ဝှေးဥယောင်)ကျဆေး၊ ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက် ရောထောင်း အုံ၍ပတ်တီးစည်း၊ ရေဆွတ်ဆွတ်ပေး။ နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့် (1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်)၊ (2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်)၊ ရေအေးတဝသောက်။ အိပ်မပျော်လျှင်၊ ဒန်ကျွဲပင်ပြုပ်သောက်၊ မဲဇလီရွက်ဟင်းချိုချက်သောက်၊ လက်သုတ် သုတ်စား။ နှာခေါင်းသွေးလျှံ၊ကျောက်ချဉ်အမှုန့်ထောင်းရှူ။ကင်းကိုက် အဆိပ် အတောက်၊ ကျောက်ချဉ်သွေးလိမ်း။ သားအိမ်ကိုက် အကြောတက်၊ သက်ရင်းကြီးမြစ်(သို့) အ ခေါက် (၁၀)ဇွန်း၊ (2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း ရောစပ်၍သောက်။ သွေးပျစ် သွေးခဲလွန်းလျှင်၊ ရှောက်ရည် သံပုရာရည် တစ်ဝသောက်၊ ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက်။ […]