ဗေဒင်

ဒီဟာတွေလုပ်မိရင် တစ်လကနေ ၃လအထိ ငွေမဝင်ဘဲ လာဘ်ပိတ်စေတတ်ပါတယ်

ဒီဟာတွေလုပ်မိရင် တစ်လကနေ ၃လအထိ ငွေမဝင်ဘဲ လာဘ်ပိတ်စေတတ်ပါတယ် (၁)အိပ်ယာနောက်ကျမှထခြင်း မပြုလုပ်ပါနဲ့ (၂)မနက်ပိုင်းကို ရန်ဖြစ်တာ စကားများတာတွေမလုပ်ပါနဲ့ (၃)အိပ်ယာထထချင်း မျက်နှာအရင်တန်းသစ်ပါ အစားအရင်စားတာ အိမ်သာတန်းတက်တာ မလုပ်ပါနဲ့ (၄)ဘုရားအရင်ရှိခိုးပြီးမှ အလုပ်ကိုစလုပ်ပါ (၅)ပိုက်ဆံတွေကို ပြန့်နေအောင်ထားတာမျိုး လိပ်ထားတာတို့ ပစ်စလခက်မထားပါနဲ့ (၆)စိတ်ထားကောင်းကောင်းထားပါ သူများကို အတင်းပြောတာ ပုတ်ခပ်တာမျိုးမလုပ်မိပါစေနဲ့ (၇)အနောက်အရပ် မြောက်အရပ်တွေကို ခေါင်းပေးပြီးမအိပ်မိပါစေနဲ့ (၈)ဖိနပ်အဟောင်းတွေ ထီးအပျက်တွေ နာရီအပျက်တွေ အိမ်မှာမထားပါနဲ့ (၉)ပိုက်ဆံပေါ်မှာ ဘောပင်နဲ့ ဟိုခြစ်ဒီခြစ် မရေးပါနဲ့ (၁၀)ခင်ပွန်းကြီး (၁၀)ပါးကိုလုံးဝ မပစ်မှားမိပါ​စေနဲ့ မစော်ကားမိပါ​စေ (၁၁)တစ်ပတ်ကိုတစ်ရက်တော့ အသားငါးမစားပါနဲ့ သက်သက်လွတ်စားပါ (၁၂)အိပ်ယာထထချင်း ဖုန်းသုံးတာ ဖုန်းပြောတာတွေမလုပ်ပါနဲ့ မျက်နှာအရင်သစ်ပါ (၁၃)မနက်ပိုင်း ဘယ်သူကိုမှငွေမ​ချေးပါနဲ့ (၁၄)မနက်ပိုင်း အရက်သောက်တာ မလုပ်ရပါ (၁၅)ငွေတွေကို ဖိနပ်နဲ့ထိတာ ထမိန်နဲ့ထိတာမျိုးမလုပ်မိပါစေနဲ့ […]

အခ်စ္နွင့္ဘဝ

စေတနာတွေကို တန်ဖိုးထားစေချင်တယ်

  ကိုယ်အလေးထား သလောက် ပြန်အလေးမထားတဲ့ အရပ်မှာနေနေ ရတာ တစ်ခါတစ်လေကျ .. ကိုယ့်ကိုယ်ကို ဘာမှန်း မသိအောင် ဖြစ်လာ တတ်တယ် ကျွန်မက ဘာလဲ ဆိုတဲ့မေးခွန်းမျိုး ကျွန်မကိုယ် ကျွန်မ မေးပြီး ကျွန်မမှာ ဆောက်တည် ရာမရတွေ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် အခါခါပါပဲ ။ လှည့်ထွက်ခဲ့လိုက်ပါတဲ့ ကျွန်မ သိပါတယ် ။ ကျွန်မ မလုပ်နိုင် သေးတာ ။ ကိုယ့်ဘက်က … အစစ်အမှန်တွေ ပေးနေ ပါရဲ့နဲ့ တစ်ဖက်က ပြန်ရလာ တာတွေက အပေါ်ယံတွေပဲ ဖြစ်နေတဲ့အခါ တစ်ခါတစ်လေ ကျတော့ ငိုချင် တယ် ။ သက်ရောက်မှု တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ် ဆိုပေမယ့် […]

အခ်စ္နွင့္ဘဝ

တခြားသူကို ချစ်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ …

တခြားသူကို ချစ်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ … ကိုယ်က အရိုးသားဆုံးနဲ့ချစ်ခဲ့ပေမယ့် တချို့လူတွေက ကိုယ်ချစ်ရလောက်တဲ့အထိ အဖိုးမတန်တတ်ကြဘူး ။ တစ်စုံတစ်ယောက်ကို ချစ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားခဲ့ဖူးရင် ဒီစာလေးကို အဆုံးထိဖတ်စေချင်တယ် ။ တခြားသူကို ဂရုစိုက်လွန်းတဲ့သူက ကိုယ့်ကိုယ်ကိုကျ ဂရုစိုက်ဖို့မေ့နေတတ်ကြတယ် တဲ့ .. တကယ်အမှန်ပါပဲ … သူအဆင်ပြေလားလို့တွေးရင်း ကိုယ်ငိုခဲ့ရတဲ့ရက်တွေဟာ များလှပြီ ။ ကိုယ်အဆင်မပြေတဲ့အရာတွေရှိတဲ့အခါ သွေးအေးတတ်ခဲ့သလောက် သူအဆင်မပြေဘူးဆိုတဲ့ အသံကြားတာနဲ့ ပျာယာခတ်တတ်ခဲ့ပြီလေ ။ တချို့နာကျင်ခြင်းတွေဟာ ကိုယ်လွှတ်ချလိုက်ရုံနဲ့ လွတ်မြောက်သွားတတ်ပါတယ် ။ တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူမဲ့အတူတူဆိုတဲ့ အိပ်မက်တွေမက်ခဲ့ကြပေမယ့် ကိုယ့်အနာဂတ်ကိုကျ ကိုယ်ကိုယ်တိုင် ထည့်မတွက်ကျဘူး ။ သူ့ကို ရင်နင့်အောင်ချစ်တတ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုကျ တစ်စက်လေးမှ မချစ်တတ်ခဲ့ဘူး […]

အခ်စ္ေရး

အချစ်ဦးဟာ နှလုံးသားထဲမှာ ဘာကြောင့် စွဲကျန်ရစ်နေတာလဲ…

လူတိုင်း လူတိုင်း ဘယ်တော့မှ မေ့သွားကြမှာ မဟုတ်တဲ့ တစ်ဦးတည်းသောလူက သူတို့ရဲ့အချစ်ဦးပါ။ ဘာကြောင့်မမေ့ကြလဲ ဆိုတာကတော့ ကောင်းသော သတိရခြင်းတွေနဲ့ မမေ့တဲ့သူတွေရှိသလို၊ ဆိုးတော့ အတိတ်တွေကြောင့် မေ့မသွားတဲ့ သူတွေလဲ ရှိတယ်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့- ၁။ ဘဝရဲ့ပထမဦးဆုံးသောခံစားချက်လေးများ အချစ်ဦးဆိုတာ မိသားစုမဟုတ်တဲ့ ပထမဦးဆုံးချစ်ခင်မြတ်နိုးခဲ့မိတဲ့ တစ်စိမ်းတစ်ယောက်ဖြစ်တာကြောင့် သူနဲ့ အတူလုပ်ဆောင်ခဲ့တဲ့ အရာတိုင်းဟာ မေ့မရနိုင်သော ပထမဦးဆုံးများသာ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် (အနမ်းပေးတာ၊ ပွေ့ဖက်တာ၊ ရန်ဖြစ်တာလေးတွေက အစပါ) ၂။ ရင်ခုန်ခြင်းများ ဘဝမှာတစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ရင်ခုန်ခြင်းဆိုတာကိုအချစ်ဦးက ဖြစ်စေခဲ့တယ်။ ရင်ခုန်တတ်အောင်သင်ပေးခဲ့တဲ့ ပထမဦးဆုံးကိုယ့်ရဲ့လက်ဦးဆရာအချစ်ဦးကိုဘယ်သူမှမေ့နိုင်မှာမဟုတ်ပါဘူး။ ၃။ အချစ်ဦးကိုအတွက်ထားခဲ့ဖူးတဲ့ခံယူချက် လူတစ်ယောက်ဟာသူ့ချစ်သူကို “ကမ္ဘာပေါ်မှာသူ့ထက်ပိုပြီးချစ်ရမဲ့သူမရှိတော့ဘူးလို့” သတ်မှတ်လိုက်တဲ့အခါ ဦးနှောက်နဲ့ နှလုံးသားဟာ သေတပန်သက်တစ်ဆုံးထိုခံစားချက်ကို မှတ်သွားတတ်ပါတယ်။ လူတိုင်းဟာအချစ်ဦး ကို အဲ့လိုသတ်မှတ်ခဲ့ဖူးတာကြောင့် မေ့မရနိုင်ခြင်းလည်းဖြစ်ပါတယ်။ ၄။ […]

က်မၼာေရး ဗဟုသုတ

ခြေထောက််တွေကသတိိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိိုင်တဲ့လက္ခဏာရပ်များ

ခြေထောက််တွေကသတိိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိိုင်တဲ့လက္ခဏာရပ်များ ကျွန်မတို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်မတို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ကျန်းမာရေး ချို့ယွင်းမှုတွေကို သိိရှိနိုင်ပါတယ်။ ၁။ ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း။ လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေ တယ်လို့ ယူဆနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး အကြောမလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။ ၂။ […]

အခ်စ္ေရး

မိန်းကလေးတွေရဲ့မုန်းတယ်ဆိုတဲ့စကားက ဒီလိုအဓိပ္ပာယ်တွေဆိုတာ ယူတို့ Boy တွေသိသင့်တယ်

မိန်းကလေးတွေရဲ့မုန်းတယ်ဆိုတဲ့စကားက ဒီလိုအဓိပ္ပာယ်တွေဆိုတာ ယူတို့ Boy တွေသိသင့်တယ် မိန်းကလေးတွေရဲ့စိတ်ကနားလည်ရခက်ပြီးရှုပ်ထွေးလွန်းပါတယ်။၁၀ခါမှာ ၇ခါ ၈ခါလောက်က သူတို့တကယ်ပြောချင်တဲ့စကားနဲ့ပြောင်းပြန်ကိုပြောလေ့ရှိကြပါတာပါ 🙄 ဒါကြောင့်လည်း မလိုလားအပ်တဲ့နားလည်မှုလွဲတာတွေ၊အချိန်တွေအလကားကုန်တာတွေဖြစ်ကုန်တာပေါ့။ မိန်းကလေးတွေက သူတို့ရဲ့ချစ်သူကို တစ်ခါတစ်လေမုန်းတယ်ဆိုပြီးပြောတတ်ကြတယ်။ဒါက ယောကျ်ားလေးတွေစိတ်ထဲမှာ နာကျင်သွားနိုင်တဲ့စကားဆိုပေမဲ့ တကယ်မုန်းတယ်လို့ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ စိတ်ရှုပ်တဲ့အချိန်၊ဒေါသထွက်တဲ့အချိန်တွေမှာလည်း ဒီစကားကိုပြောကြတယ်ဆိုပေမဲ့ အဲ့စကားကို အမှန်လို့မှတ်ယူပြီး ယောကျ်ားလေးဘက်ကပါ ဒေါသကိုဆွတဲ့စကားမျိုးပြောလာမယ်ဆိုရင် ပြေလည်ရမယ့်ကိစ္စက ဖြေရှင်းလို့မရဖြစ်တတ်ပါတယ်။ ပြီးတော့ တကယ်ကြီးမုန်းနေတယ်ဆိုရင်တောင် ဒါက အားပြင်းတဲ့ခံစားချက်တစ်ခုပါပဲ။အမုန်းကပြင်းထန်လာလေ အဲ့ဒီလူကိုပဲ တစ်ချိန်လုံးတွေးနေမိတတ်ပါတယ်။ပိုပြီးတွေးလေလေ အဲ့လူက သူမစိတ်ထဲပိုရောက်လေပါပဲ။အမုန်းဟာ တစ်ခါတစ်လေ အချစ်ဆိုတဲ့ခံစားချက်ဘက်ကိုလည်းပြောင်းလဲသွားတတ်ပါတယ်။အချစ်နဲ့အမုန်းက ဒင်္ဂါးပြားလို ကျောချင်းကပ်အနေအထားပါ။ဒါကြောင့်လည်း အရင်တုန်းက အရမ်းမုန်းခဲ့တယ်ဆိုတဲ့သူက အခုတော့အရမ်းချစ်ရတဲ့သူဖြစ်သွားကြတဲ့ အဖြစ်အပျက်လေးတွေပေါ်လာတာပေါ့။ မိန်းကလေးတွေပြောလေ့ရှိတဲ့ ငါနင့်ကိုမုန်းတယ်ဆိုတဲ့စကားဟာ အခြေအနေ အချိန်အခါအရလည်း ကွဲပြားမှုတွေရှိပါသေးတယ်။ *မုန်းတယ်ဆိုတဲ့စကားကိုပြောနေရင်း သူမရဲ့မျက်နှာက ပန်းရောင်သမ်းရှက်သွေးဖြာနေရင် ဒါက ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ *တစ်ခါတစ်လေ ကိုယ့်အပေါ် […]

Life Style

Single ဘဝမှာ အကြာကြီး နေနေတတ်သူတွေမှာ ရှိနေတဲ့ အကြောင်းပြချက် (၅) ချက်များ

အရွယ်ရောက်လာတာနဲ့ ကိုယ်စီ အချစ်ကို ရှာတွေ့ပြီး စုံတွဲတွေအဖြစ်နဲ့ ဖြတ်သန်းနေကြပေမယ့်လည်း တစ်ချို့တွေကတော့ Single ဘဝနဲ့ အကြာကြီး နေနေတတ်ကြပါတယ်။ Single ဘဝကို ရွေးချယ်တဲ့သူအများစုကတော့ တမင်တကာ ရွေးချယ်ထားကြတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့မှာ အခုလို အကြောင်းပြချက်တွေ ကိုယ်စီ ရှိနေကြတာပဲ ဖြစ်ပါတယ်။ (၁) ချစ်ရတဲ့သူကို မတွေ့သေးလို့ တစ်ချို့တွေကတော့ စိတ်မပါရင် ချစ်သူလည်း မထားချင်တတ်ကြပါဘူး။ သူတို့က တကယ်ချစ်မိမှသာ ချစ်သူ ထားဖို့ ရည်ရွယ်ထားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က right person တွေ့ဖို့ကို မျှော်လင့်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကတော့ စိတ်မကစားတတ်သလို ကိုယ့်ကို တကယ်ချစ်မယ့်သူနဲ့ ကိုယ်က တကယ် ချစ်ပေးနိုင်တဲ့သူကိုသာ ချစ်သူအဖြစ် လက်တွဲဖို့ ဆုံးဖြတ်ထားတဲ့သူတွေ ဖြစ်ပါတယ်။ (၂) ရည်းစားဟောင်းကို […]

ဗေဒင်

သား ညကျ ရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

သားမက်က ညကျရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ ကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ ကျား အားတိုးဆေးထဲမာခွေးလျားနက်စေ့အကြောင်း သိကြမယ်ထင်ပါတယ်။ ” မကြင်မြ..” ” ဘာတုန်းကိုဆောင်း ” ” ငါ့ ခွေးလှေးယားသီး အနက်စေ့တွေ ဘယ်မတုန်း” ” ဟင်…..ကျုပ်လည်း ဘယ်သိမတုန်း ၊ တော်က ဘယ်မှာထားလို့လဲ ” ” ကြောင်အိမ်ပေါ် တင်ထားတာလေ ”မောင်ဆောင်း အတော်ဒေါသထွက် မိတယ်။ ဘယ့်နှယ်ဗျာ…ခွေးလှေးယားသီးအနက်စေ့က ကျားခွန်အားတိုးတယ်ဆိုလို့ ဝယ်စားပါတယ် ။ ဘယ်သူမှ မစားလောက်ပါဘူးလေဆိုပြီး ကြောင်အိမ်ပေါ်တင်ထားကာမှ ပျောက်ချင်းမလှပျောက် သွားတော့ ဒေါသမထွက်ပဲရှိမလား ။ ” ငဆောင်း.. ” ” ဗျာ..အဖေ ” ” ခဏလာဦး…မောင်ဆောင်းရဲ့ ယောက္ခထီးကလှမ်းခေါ်တော့ မောင်ဆောင်းလည်း […]

အခ်စ္ေရး

လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး၊ ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ်

လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး၊ ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ် ချစ်တယ်ဆိုတဲ့ စကားလေး တစ်ခွန်းပြောဖို့အချိန်လေးခဏပဲ လိုပါတယ်။ ဒါပေမယ့် အဲ့ဒီ အနောက်မှာ ဂရုစိုက်မှုတွေပါ ဖို့လိုတယ်လေ ။ ဒါမှ ချစ်ရာရောက် မှာပေါ့။ တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ်တွေးမိတယ် ငါက ချစ်သူ ရှိတာလား ဒါမှမဟုတ် တစ်ယောက်တည်းသမားလားပေါ့ တကယ်ကို အဲ့လို တွေးမိတာပါ ။ တစ်ယောက်တည်း သမားတွေနဲ့ ဘာမှ မထူးခြားဘူးလေ။ သတိတရနဲ့ ဖုန်းဆက် လာတယ်လို့လဲ မရှိဘူး။ ထူးထူးခြားခြားလဲ အမှတ်ရ နေစရာတွေလည်း မရှိဘူး ။ သာမန်ကောင်မလေး တစ်ယောက် ဖြတ်သန်းသလိုလေးပဲ ဖေ့စ်ဘုတ် သုံးတယ်၊ သီချင်းနားထောင်တယ်၊ စာအုပ်ဖတ်ချင် ဖတ်တယ်၊ ပြီးရင် အချိန်တန်တဲ့ အခါအိပ် တယ်။ ကျွန်မ […]

အခ်စ္နွင့္ဘဝ


မိန်းကလေးတစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေသုံးတတ်တဲ့ အကွက်များ သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ် ပါတယ်။ စစ်တမ်းတွေ အရဆိုရင် Relationship တွေမှာ မိန်းကလေးတွေ ဘက်ကနေ အရင်စပြီး လမ်းခွဲတာ များပါတယ်။ ယောကျ်ား အများစုက လမ်း ခွဲရအောင် ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြ တတ်ကြ ပါ တယ် ။နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲ ချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..? ချစ်သူကောင်လေးကို လမ်းခွဲ ချင်လာပြီ […]