ၾကားသိရသမွ်

MPT က Huawei နှင့် ပေါင်းကာ အင်တာနက် အသုံးပြုသူများအားစောင့်ကြည့်ရန် ပြင်ဆင်နေ

မြန်မာနိုင်ငံ၏ ကာလကြာ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် MPT သည် တရုတ် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei နှင့် ပူးပေါင်းကာ အင်တာနက်အသုံးပြုသူများအား စောင့်ကြည့်ရန် ပြင်ဆင်နေကြောင်းသတင်းရရှိသည်။   “CDM လုပ်နေတဲ့ MPT ဝန်ထမ်းတွေကို ဖိအားပေးရုံးတက်ခိုင်းပြီးတော့ ဟံသာဝတီ National Gateway မှာ အင်တာနက် အသုံးပြုသူတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ စက်တွေ ဆင်နေပါတယ်” ဟု MPT မှ အမည်မဖော်လိုသူ အင်ဂျင်နီယာတစ်ဦးက ပြောသည်။ တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်သည့် Huawei သည် MPT အား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးနေသည့် တယ်လီကွန်း ကုမ္ပဏီတစ်ခုဖြစ်သည်။ ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိနေသည့် MPT သည် ၂၀၁၄ ခုနှစ်တွင် ဂျပန် ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo […]

ၾကားသိရသမွ်

မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် (ဆရာတော်ကြီး မိန့်ရင် ကွက်တိမှန်ပါတယ် သေချာလိုက်နာပါ့မယ် အရှင်ဘုရား )

ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ် မေတ္တာလေး ပွားကြရအောင် ထိုင်းမှာ ကလေးလေးတွေ ဂူပိတ်မိတုန်းကလည်း ဆရာတော်ကြီးက ပြန်တွေ့လိမ့်မယိလို့ ပြောခဲ့တာ မှန်ခဲ့ပါတယ် အခုလည်း ဆရာတော်ကြီး စကားကို သေချာလိုက်နာပါ့မယ် အရှင်ဘုရား မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း/အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။ (၁)လောကပါလ နတ်မင်းကြီး (၂)သာသနာစောင့် နတ်မင်းကြီး ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဒါန၊သီလ၊ဘာဝနာ တစ်ခုခုပြု ပြီးတိုင်း “လောကပါလနတ်မင်းကြီး နှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်/စိတ်နှစ်ဖြာချမ်း သာစွာဖြင့် မိမိတို့ ခန္ဓာ့တာဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ ” လို့ (၃)ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ။ ပြီးလျှင် “မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ်   ( […]

ကြားသိရသမျှ

ပိုက်ဆံကုန်စရာမလိုတဲ့ စိတ်အပန်းဖြေနည်း (၅) နည်း

စိန်ခေါ်မှုနဲ့ စိတ်ဖိစီးမှုတွေများတဲ့ ယနေ့ခေတ် ခေတ်သစ်လူနေမှုဘဝပုံစံတွေထဲမှာ စိတ်အပန်းဖြေစရာ နည်းလမ်းတွေလည်း မျိုးစုံရှိလာပါတယ်။ သို့ပေမယ့် ငွေကြေးကုန်ကျမှုပေါ်မူတည်ပြီး စိတ်အပန်းဖြေနည်းတွေကလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။ တကယ်တော့ လူအများစုမေ့ထားတာက ငွေကုန်ကျခံတဲ့အရာတွေကမှ စိတ်အပန်းပြေစေတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါဆို ဘယ်လိုနည်းလမ်းတွေနဲ့ ငွေမကုန်ပဲ စိတ်အပန်းဖြေလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။ (၁) ရေပန်းအောက်မှာထိုင်ပါ လေ့လာသူတွေရဲ့အကြံပြုချက်အရ ရေပန်းအောက်မှာ ထိုင်နေခြင်းက သင့်ကိုအမှန်တကယ် စိတ်အပန်းပြေစေပြီး တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်တွေရစေတယ်လို့ ဆိုပါတယ်။ တချို့သော ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ရေချိုးခန်းထဲက ရေပန်းအောက်မှာထိုင်ပြီး ငိုနေတဲ့ဇာတ်ရုပ်တွေကို ကြည့်ဖူးကြမှာပါ။ ရေပန်းအောက်မှာထိုင်နေခြင်းက စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းခြင်းတွေကို ပြေလျော့စေပြီး စိတ်ပေါ့ပါးစေတာကြောင့်ဖြစ်ပါတယ်။ (၂) အခန်းကိုရှင်းလင်းပါ သင့်အနီးနားပတ်ဝန်းကျင်ကအရာတွေက သင့်ရဲ့စိတ်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ သင့်နေထိုင်တဲ့အခန်းမှာ ရှုပ်ပွညစ်ပေနေမယ်ဆိုရင် သင့်ရဲ့စိတ်ကလည်း ထို့နည်းတူ ရှုပ်ထွေးခြင်းတွေကို ခံစားနေရမှာပါ။ ကိုယ်အချိန်တော်တော်များများနေဖြစ်တဲ့ အိပ်ခန်း […]

ၾကားသိရသမွ်

မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ

မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ ” “မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် (၁) မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ ဘာမှဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။ အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံးဖြစ်ပါတယ်။ ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သာသွားပါလေ။ (၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး အကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင်လို့ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။ကိုယ်နေထိုင်ရာမြို့နယ်နဲ့သက် ဆိုင်တဲ့ဝန်ထမ်းက ကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်။ (၃) လဝကရုံးကပေးလိုက်တဲ့ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက်ဇယား (အဘိုး၊ အဘွား အထိပဲပါပါတယ်) ဖြစ်ပြီး နောက်တစ်စောင်က ကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါတယ်။ နှစ် စောင်တည်းမို့ အရမ်းမများပါဘူး။ အဲဒါဖြည့်ပြီးရင်တော့ သန်းခေါင်စာရင်းနဲ့အတူ ရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ။ (၄) နောက်တစ်နေ့မှာတော့ အလုပ်ကနေ […]

ၾကားသိရသမွ်

ဒေါ်လာ သင်္ကေတ “ $ ” ဆိုသည်မှာ

ရေးသားသူ – ရန်ကြီးအောင် အမေရိကန် ဒေါ်လာကို ငွေကြေးစံအဖြစ် ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ မက္ကဆီကို နှင့် အခြားနိုင်ငံများတွင် သုံးစွဲလျှက်ရှိကြသည်။ အမေရိကန်ဒေါ်လာငွေ နှင့် ၎င်းငွေ၏ သင်္ကေတဖြစ် သည့် “ $ ” ၏သမိုင်းကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ “ ဒေါ်လာ ” ဟူသောဝေါဟာရမှာ ရှေးဟောင်း ဂျာမန်ငွေဒင်္ဂါး ( Thaler ) မှ ဆင်းသက်လာသည်။ Thaler မှာ Joachimsthalar ၏ အတိုကောက်ဖြစ်သည်။ Joachimsthaler သည် ဗိုဟီးမီးယားနိုင်ငံ မှ မြို့ငယ်လေးတစ်မြို့ဖြစ်၍ ၎င်းမြို့အနီး တွင် (၁၆ ) ရာစု နှစ်အစပိုင်းလောက်က အလွန်အောင်မြင် သည့် ငွေသတ္တု […]

အခ်စ္ေရး

Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်

Q သောသူ – ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဉ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။ ချစ်သောသူ – သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။ Q သောသူ – သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ ချစ်သောသူ – သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။ Q သောသူ – မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ – မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ Q သောသူ – သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲဒါကိုဘဲ မွေ့လျော်နေတတ်တယ်။ ချစ်သောသူ – သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်။ Q သောသူ […]

အခ်စ္ေရး

သင့်အတွက် သူဘယ်တော့မှ ပြောင်းလဲပေးမှာ မဟုတ်ကြောင်း ပြသနေတဲ့ အချက်များ

  လူတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့သူနဲ့ ဆုံမိတဲ့အခါ ပြောင်းလဲလာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်ကိုယ် တကယ်ချစ်တယ်လို့ ထင်မိပေမယ့် တကယ်တမ်းမှာတော့ အထင်နဲ့ လက်တွေ့ တစ်ခြားစီဖြစ်နေတတ်တာမျိုးလည်း ရှိနေတတ်ပါတယ်။ ဒီအချက်တွေက သူ သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာကို ဖော်ပြလို့နေပါတယ်။ ကိုယ့်အမှားကို ဘယ်တော့မှ မမြင်တတ်ဘူး ကိုယ့်အမှားကို ကိုယ်မြင်တတ်တဲ့သူဟာ လူတော်တစ်ယောက် ဖြစ်သလို ကိုယ့်အမှားကို သူများပြောပြလို့ နားလည်လက်ခံတဲ့သူဟာလည်း ထက်မြက်တဲ့သူ တစ်ယောက်ပါပဲ။ ဒါပေမယ့် သင့်ချစ်သူက ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့အမှားကိုတော့ မမြင်တတ်သလို သင်ထောက်ပြတာကိုလည်း လက်မခံတတ်သူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်တဲ့ လက္ခဏာရပ်ပါ။ နောက်ပြီး တစ်ခုခုဆို သင့်ကိုပဲ အပြစ်ဖို့မယ်၊ နာကျင်စေမယ်၊ ကတိတွေ ထပ်တလဲလဲ […]

ၾကားသိရသမွ်

ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ

  ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ ငါတို့မဖြစ်နိုင်တော့ဘူးထင်တယ် ဘာလို့မဖြစ်နိုင်ဘူးလည်းမေးတော့လည်း ရေရေရာရာမရှိဘူး မဖြစ်နိုင်ဘူးဆို အစတည်းကကို မတွဲနဲ့လေခုမှ မဖြစ်နိုင်ဘူးလာလုပ်နေရတဲ့ အကြောင်းပြချက်က ရှင်းပါတယ်နောက်တစ်ယောက်ကြောင့်ပါ ငါမရှိမှနင်ပျော်မယ်မို့လားဆိုပြီးနင်မရှိတာကို ပျော်နေကြေးသာဆို အစတည်းက တွဲကိုတွဲမှာမဟုတ်ဘူး ဒါပေမယ့် သူတို့က နောက်ဆုံးသူတို့မပျော်တာနဲ့ပဲ ငါမရှိမှနင်ပျော်မယ်မို့လားလို့ သင့်ကိုလွဲချပြီး ပြေးထွက်သွားတတ်ကြတယ် မေ့လိုက်ပါတော့ တဲ့သိပ်လွယ်တယ်ပြောတာ လူက Computer မှမဟုတ်တာ Delete လေးနှိပ်ပြီး ပျောက်သွားတာမှမဟုတ်တာတစ်ချို့ဒဏ်ရာတွေဆို သေရာပါပဲ မေ့လိုက်ပါတော့ဆိုတာ သိပ်လွယ်တယ်ထင်နေတာလားတော့မသိဘူး နောက်တစ်ခုက ပြတ်သွားပြီးရင် သူတို့က သင်ဘယ်လိုခံစားနေရ တယ်ဆိုတာကို သိပ်သိချင်ကြတယ် အမှန်ပဲ ပြီးရင်လာမေးမယ် ပျော်နေလား အဆင်ပြေရဲ့လား ဘာညာနဲ့ သင် မပျော်ဘူးဆိုတာ အဆင်မပြေဘူးဆိုတာသိရင် သူတို့ပါးစပ်ကမပြောပေမယ့် စိတ်ထဲက သိပ်ပြီး ကျေနပ်တတ်ကြ တယ်ဒါပေမယ့် သင်က သူမရှိလည်းအေးဆေးပဲဆိုတဲ့ပုံစံကိုပြကြည့် […]

ၾကားသိရသမွ်

မကျော်သင့်သော စည်း

  လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းလေးတစ်ခုတော့ထားပေးပါ သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူချင်းပဲဖြစ်ဖြစ် မောင်နှမကြားမှာပဲဖြစ်ဖြစ် နောက်ဆုံး မိဘနဲ့သားသမီးကြားမှာတောင် စည်းလေးတစ်ခုရှိရပါမယ် လိုတာထက် ပိုမဝင်မိစေဖို့… သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက် သူ့ရဲ့လွတ်လပ်ခွင့် သူ့ရဲ့ရည်မှန်းချက် သူ့ရဲ့ပြင်လို့မရတဲ့ဗီဇနဲ့စရိုက်တွေအတွက် ကိုယ်က ဝင်ရောက်သင့်တဲ့ အတိုင်းအတာထက် ပိုပြီးမဝင်မိစေဖို့…. မေးသင့်မေးထိုက်တာထက် ပြောသင့်ပြောထိုက်တာထက်ပိုပြီး ဘောင်တွေမကျော်ဖို့အတွက် စည်းတစ်ခုထားကိုထားရပါမယ်… အရမ်းချစ်ကြတဲ့သူတွေ ဘာလို့မုန်းသွားကြသလဲ? အရမ်းခင်ကြတဲ့မိတ်ဆွေတွေက ဘာလို့အမုန်းဆုံးရန်သူတွေ ဖြစ်သွားကြသလဲ? အရင်က << 50000 ကျပ်ဝန်းကျင်နဲ့ 360 ဒီဂရီလှည့်ကြည့်လို့ရတဲ့ CCTV ရှာနေပါသလား? >> အရမ်းအဖွဲ့ကျ စားအတူသွား အတူပျော်ခဲ့ကြတဲ့ BFF တွေ ဘာလို့ ခပ်တန်းတန်းတွေ ဖြစ်ကုန်ကြသလဲ? ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အထင်မကြီး မလေးစားကြတော့တာလဲ…? ပြဿနာအများစုရဲ့ အဖြေကတော့ လိုတာထက်ပိုပြီး စည်းတွေကျော် […]

အခ်စ္နွင့္ဘဝ

မကြင်နာနိုင်တော့တဲ့အခါစွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊အတူနေတဲ့အခါ သံသယမထားပါနဲ့

မကြင်နာနိုင်တော့တဲ့အခါစွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊အတူနေတဲ့အခါ သံသယမထားပါနဲ့ မကြင်နာနိုင်တော့တဲ့အခါ စွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊   အတူနေတဲ့အခါ သံသယမထားပါနဲ့၊ သံသယဖြစ်နေရင်အတူမနေတာ အကောင်းဆုံးပါ၊သံသယဆိုတာ မီးကျိခဲလိုပဲကိုင်ထားတဲ့လက်ကို လောင်မြစ်စေပါတယ်၊ သံသယတွေများလာလေ အကြင်နာတွေပျောက်လာလေပါပဲ၊ အကြင်နာတွေမပါပဲ တစ်သက်လုံးမျက်နှာချင်းဆိုင်၊ ရင်ဆိုင်နေနေရတာနဲ့စာရင်၊ တစ်ယောက်တစ်လမ်း၊ တစ်နေရာစီ လမ်းခွဲကျော့ခိုင်းလိုက်တာ အကောင်းဆုံးပါ၊မခွဲနိုင်သေးဘူး၊ မစွန့်ပစ်နိုင်သေးဘူး၊ အတူရှိ၊အတူနေမှဖြစ်မယ်ဆိုရင်၊ သံသယကိုဖယ်၊ တစ်ယောက်အပေါ်တစ်ယောက် ရိုးသားမှုရှိပြီး၊ယုံကြည်မှုတွေတည်ဆောက်ပါ၊ ကြင်နာမှုတွေမပါရင် ၊နှစ်ယောက်လုံးဝေဒနာအမှုသည် တွေဖြစ်နေမှာအသေအချာပါပဲ။ မကြင်နာချင်ပေမယ့်လည်း အတူနေမှဖြစ်တော့မယ်ဆိုရင် ကြင်နာတတ်လာအောင်ကြိုးစားရမှာပေါ့၊ ၾကင္နာတတ္လာမွ နာကျင်တာတွေမေ့ပျောက်နိုင်မှာပါ၊ နာကျင်တာတွေမေ့ပျောက်နိုင်မှ အတူနေရတဲ့ဘဝခဏတာ မှာအေးချမ်းတဲ့အသိုက်မြုံလေးကိုဖန်တီးနိုင်မှာပါ၊ အေးချမ်းသောအသိုက်အမြုံကို ဖန်တီးနိုင်မှကိုယ့်ရဲ့စိတ်ချမ်းသာခြင်း၊ သူတစ်ပါးတို့ရဲ့စိတ်ချမ်းသာခြင်းတွေကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ အရှင်ဇနက(မန္တလေးစာသင်သား) Unicode မကြင်နာနိုင်တော့တဲ့အခါစွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊အတူနေတဲ့အခါ သံသယမထားပါနဲ့ မကြင်နာနိုင်တော့တဲ့အခါ စွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊ အတူနေတဲ့အခါ သံသယမထားပါနဲ့၊ သံသယဖြစ်နေရင်အတူမနေတာ အကောင်းဆုံးပါ၊သံသယဆိုတာ မီးကျိခဲလိုပဲကိုင်ထားတဲ့လက်ကို လောင်မြစ်စေပါတယ်၊ သံသယတွေများလာလေ အကြင်နာတွေပျောက်လာလေပါပဲ၊ အကြင်နာတွေမပါပဲ […]