ယောကျာ်းလေးတိုင်းကို အသည်းတယားယားဖြစ်စေနိုင်တဲ့ မိန်းကလေးတွေရဲ့ အမူအရာ(၆)မျိုး

ယောကျာ်းလေးတိုင်းကို အသည်းတယားယားဖြစ်စေနိုင်တဲ့ မိန်းကလေးတွေရဲ့ အမူအရာ(၆)မျိုး တစ်ခါတစ်လေ မိန်းကလေးတစ်ယောက် ပြုမူလိုက်တဲ့ အပြုအမူလေးတစ်ချို့က ယောကျာ်းလေးတွေအတွက်တာ့ အရမ်းကို ချစ်စရာကောင်းတဲ့ ပုံစံလေး ဖြစ်နေတတ်ပါတယ်နော်။ မိန်းကလေးတွေရဲ့ ဒီလိုအပြုအမူလေးတွေက ယောကျာ်းလေးတွေရဲ့အမြင်မှာ အရမ်းကိုချစ်စရာကောင်းပြီး အသည်းယားချင်စရာ အမူအရာလေးတွေ ဖြစ်နေတတ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ရယ်မောတတ်တာ မိန်းကလေးတစ်ယောက်ရဲ့ အပြုံးက ယောကျာ်းလေးတွေ ပထမဆုံးစိတ်ဝင်စားမိတဲ့ အရာတစ်ခုပါ။ ဒီလိုပဲ မိန်းကလေးတစ်ယောက် ပွင့်ပွင့်လင်းလင်း ရယ်မောတတ်တဲ့ ပုံစံလေးကလည်း ယောကျာ်းလေးတွေရဲ့ အမြင်မှာ အရမ်းကိုချစ်စရာကောင်းနေတတ်ပါတယ်။ တကယ်တော့ အသံထွက်ပြီး ရယ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံလေးက ကလေးတစ်ယောက်လို ဖြူစင်နေတဲ့အတွက်ကြောင့်ပါနော်။ ဆံပင်သပ်တင်တာ မိန်းကလေးတွေ အမှတ်တမဲ့နဲ့ ဆံပင်သပ်တင်လိုက်တဲ့ပုံစံလေးက ယောကျာ်းလေးတွေအတွက်တော့ တကယ့်ကို အသည်းယားချင်စရာ ကောင်းလှပါတယ်နော်။ နားသယ်စ ဆံစနုနုလေးတွေနဲ့ လည်တိုင်အလှက မိန်းကလေးတစ်ယောက်ကို ဆန့်ကျင်ဖက်ယောကျာ်းလေးတွေရဲ့ … Read more

ညဘက်အိပ်မပျော်သူများအတွက် ဆေးစွမ်းတစ်လက်

ညဘက်အိပ်မပျော်သူများအတွက် ဆေးစွမ်းတစ်လက် အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျမလုပ်နေကြနည်းလေးပေးပါရစေ။ အိပ်ဆေးသောက်အိပ်ချင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ဒီနိုင်ငံမှာဆိုအိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင်အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။မဆိုးပါဘူး။ ဒါပေမဲ့ နွားနို့သိပ်မကြိုက်တတ်တဲ့ ကျမအတွက် သိပ်အဆင်မပြေပါဘူး။ ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကိုမေးရတော့တာပေါ့။သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာ(ပူစီနံ) အရွက် ၅ရွက် ၆ရွက်ကိုထည့်ပြီး ခပ်နွေးနွေးလေးအနေအထားရောက်ရင်သောက်ပြီး အိပ်ယာထဲဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။ တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ချင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကြစေပါတယ်တဲ့။ မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ Credit : … Read more

10 ရက်နေ့ FTTH wifi တွေ လိုင်းဖြတ်မယ်ဆိုတာနဲ့ပက်သက်ပြီး စိတ်မပူရအောင် အမတစ်ယောက်ရေးထားတဲ့စာကို မျှဝေလိုက်ပါတယ်

FTTH ကိစ္စ က ခနခနတက်လာလို့ မပြောမနေရဖြစ်နေလို့ ကျမ တို့ ညီကိုမောင်နှမအကုန် စိတ်ပူနေရတာမျိုးမမြင်ချင်လို့ ရေးလိုက်ပါတယ် မအလ တို့က ပိတ်ချင်တာ တကယ်ကိုရှိသမျှ အကုန်ပိတ်ချင်တာပါ လိုင်းရပီး Information က social ပေါ်တက်နေတာကို သူတို့လုံးဝမလိုချင်တာ အဲ့တာကြောင့်လဲ အင်တာနက်ရတယ်ဆို ရှိသမျှ အကုန်လိုက်ပိတ်ကြတာပါ ခုFTTHက တကယ်သာပိတ်ရင် ဆိုးကျိုးရလဒ်တွေကို ပြည်သူကမရပဲ သူတို့ပဲဆိုးကျိုးရဖို့ရှိတာကိုသိလို့ Risk များလို့ ကြံရာမရဖြစ်နေတာပါ ဥပမာ ကျမ ရှင်းပြမယ် DIA ပဲ Bank လုပ်ငန်းတွက်သာ ဖွင့်ထားပီဆိုပါတော့ ကျမတို့ ငွေလွှဲ ငွေထုတ် ငွေသွင်း နဲ့ အစရှိတာတွေ ပြည်သူကလုပ်လို့မရတော့ရင် (FTTHမရှိလို့) ဘဏ်တွေဖွင့်ထားလဲ အလကား ဖြစ်ပီ ဝင်ငွေမလည်ပတ်ရင် ဆိုးကျိုးက သူတို့်ပဲရမှာ … Read more

ကျန်းမာရေးနှင့် ညီအောင်် ဖုုန်းအသုံးပြုနည်း

ကျန်းမာရေးနှင့် ညီအောင်် ဖုုန်းအသုံးပြုနည်း “ဖုန််း အသုံးပြု သတိပြုရန်နဲ့ ကာကွယ်နိိုင်သောနည်းများ” ” အင်တာနက်သုံးခြင်းအတွက် အမြင်အာရုံကောင်းစေရန် ” မိုဘို်င်းဖုန်း အသုံးပြုရာတွင် ဘယ်ဖက်နားကို အသုံးပြုပါ ။ ညာဖက်နားနဲ့ နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလိူင်း( Mobile radiation ) ဦးနှောက်ကို ပို၍ ပျက်စီးစေကြောင်း သိရသည်။ များသောအားဖြင့် ညာသန်သူများအတွက် ညာဖက်ကို ပိုမို အသုံးပြုသည့် ကို ဆင်ခြင်ပါ ။ ည မှာ ဖုန်း Screen ( အီလက်ထရွန်းနစ်ပစ္စည်း )မှ တဆင့် စာဖတ်ခြင်းကအိပ်ပျော်စေဖို့ အခက်အခဲဖြစ်စေပါတယ်။အိပ်မောကျစေဖို့ ခက်ခဲစေပါတယ်။ Screen ရဲ့အလင်းရောင်ကြောင့် အသားအရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းပမာဏ ထိခိုက်စေပါတယ်။ ညမအိပ်ခင် Screen ဖြင့် … Read more

အာရုံကြောအားနည်း ခေါင်းချွေးတအားထွက် ဝမ်းချုပ်မူးဝေတာတွေအတွက် ပျောက်ကင်းသက်သာစေမည့် ဆေးနည်း

အာရုံကြောအားနည်း ခေါင်းချွေးတအားထွက် ဝမ်းချုပ်မူးဝေတာတွေအတွက် ပျောက်ကင်းသက်သာစေမည့် ဆေးနည်း ကျွန်တော် အာ ရုံကြောအားနည်း ခေါင်းချွေးတအားထွက် ဝမ်းချုပ် မူးဝေတာတွေတော့ အခုဘာဆေးမှ သောက်စရာ မလိုလောက်အောင် ဒီပျားသံပရာကို လုပ်စားကြည့်လာတာ အတော်လေး အဆင်ပြေသွားပါပြီ ။ ခေါင်းချွေးများ ထွက်လာပြီဆို ဘာမှ မလုပ်ချင်လောက်အောင် စိတ်ပျက်မိတာ ။ ပျား ရည်တော့ စစ်ဖို့ လိုမယ်ထင်တယ် ။ အရမ်းကောင်းတယ် မနက်အိပ်ယာ ထထချင်း ပျားသံပရာ စားလိုက်တယ် မုန့်ဟင်းငါး ငံပြာရည်ချက် ငပိရည် အခုအကုန်စားတာ သွေးတိုး မရှိတာ့ဘူး ။တအားတော့ မစားနဲ့ပေါ့ နော် မျှဝေပေးပါ လက်တွေ့ကောင်းတယ် ။ အာရုံကြော အတွက် ဆေးကုထားတာ ခြေလက်တွေ ထုံကြင်တာတွေ သက်သာ လာတယ်။ လက်တွေ့ဆေး … Read more

လူလုပ်တဲ့ အန္တရာယ် နဲ့ သဘာဝ ဘေးအန္တရာယ်အတွက်လည်း ပြင်ဆင်ပါ

လူလုပ်တဲ့ အန္တရာယ် နဲ့ သဘာဝ ဘေးအန္တရာယ်အတွက်လည်း ပြင်ဆင်ပါ မြန်မာပြည် မိုးခေါင်ရေရှားဖြစ်ကာ မိုးနောက်ကျ လို့ စိုက်ခင်းတွေ ပျက်စီးခဲ့တာ ၃ နှစ် ဆက်တိုက် ရှိလာပါပြီ မြေပြင် အပူချိန် ပြောင်းလဲမှု အပေါ်က ရေငွေ့ပါတဲ့ မုန်တိုင်းလေစီးကြောင်းတွေက မြန်မာပြည်ကို ရေငွေ့ မသယ်ဘဲ အိန္ဒိယ ဖက်ကို သွားနေခဲ့လို့ ဖြစ်ပါတယ် ၂၀၂၁ ခုနှစ် တိုင်းတာ ချက်များအရ လေစီးကြောင်းများ နာရီ လက်တံ အတိုင်း လည်ပတ်နေလို့ မြန်မာပြည်ထဲကို ပြင်းထန်တဲ့ မုန်တိုင်းတွေ လာနိုင်သလို ၂၀၁၅ တုံးကလို ရေကြီးနိုင်တဲ့ အခြအနေ တွေ့နေရသလို မိုးဉီးလည်းစောနိုင်ပါတယ် အမျှော်အမြင် မရှိသူတွေ ဖုန်းအင်တာနက် သာမက ဝိုင်ဖိုင် အင်တာနက်တွေပါ သုံးခွင့်မပြုရင် … Read more

ဂရင်ဂျီနာအတွက် ကြောက်စရာမလိုပါ

ဂရင်ဂျီနာအတွက် ကြောက်စရာမလိုပါ ဂရင်ဂျီနာကြောက်စရာကောင်းလား စ အို ဘေးတွင် အဖုပေါက်ပြီး ပြည်တည်သောအနာမျိုးဖြစ်သည်။{လိပ်ခေါင်းရောဂါ}မဟုတ်ပါ။ အူမကြီးအဆုံး မစင်အိတ်အတွင်းမှစ၍ဖြစ်သည်။တမာရွက် ပြုတ်ရည်တွင် ဆားခါး ကိုထည့်ဖျော်၍ဖန်ထိုင်ပေးလျှင်အနာကျက်မြန်သည်။ ကြက်မောက်ဆူးပြန်အပင် ကိုပြာချပြီးဆားချက်ပါ။ထိုဆားကို အနာအတွင်းသို့ဝင်အောင် ဝါးသီတံချောင်းဖြင့်ထည့်ပေးလျှင်အနာပျက်ပြီးအသားနုတက်မြန်စေသည်။(ထိုဆားကို ရုက္ခမူဆားဟုခေါ်သည်။) သံပရာရည်နှင့် ပျားရည် ရောစပ်ပြီးအနာဝတွင်တို့ပေးလျှင်အကိုက်သက်သာစေသည်။ခွေးတောက်ရွက်ကို မီးကင်ပြီး အနာဝတွင်ကပ်ပေးပါ။ ကျားမနိုင်မြစ်ကိုသွေး၍အနာဝတွင်လိမ်းပေးပါ။ဟင်းနုနယ်ဆူးပေါက်( အရိုင်းပင်) ပြုတ်ရည်ဖြင့်အနာဝကို ဖန်ဆေးပေးပါ။ ကွမ်းရွက်နှင့်လေးညှင့်ပွင့် ပြုတ်ရည်သောက်ပါက အနာကြောင့် နာကျင်ကိုက်ခဲခြင်းကိုသက်သာစေသည်။ သက်ရင်းကြီးရွက်အနု ကိုပြုတ်၍စားလျှင် အနာကိုသက်သာစေပါသည်။ကြည်လွင်မြင့် (မုဒြာ) [တစ်နည်း]ဂရင်ဂျီနာ ဆေးနည်း။ ။ ခရုမျက်ပြဲ (ခေါ်) လယ်ခရုအခွံ၅ ကျပ်သား သရက်ပင်အပွေး (အပေါ်ယံအခွံကြမ်း) ၅ ကျပ်သား ကွမ်းသီး (ကွမ်းယာထဲထည့်သောကွမ်းသီး)၅ကျပ်သားဆေး၃ မျိုးရော၍ပြာနုရအောင်ပြာချပါ။ထိုပြာကိုအုန်းဆီနှင့်ဖျော်လိမ်းနိုင်သည်။ဂရင်ဂျီနာ အမြစ်ပြတ်ပျောက်ပါသည်။ ဆရာကျော်လင်းအောင် ဂရင်ဂျီနာအတွက် ကြောက်စရာမလိုပါ ဂရင်ဂျီနာကြောက်စရာကောင်းလား စ … Read more

လူကြိုက်အများဆုံး အနမ်း(၁၈) မျိုး

အနမ်းအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို အနမ်းပုံစံတွေက ဖော်ပြနေပါတယ်။ ချစ်သူနှစ်ဦးနမ်းနေတဲ့ ပုံစံကိုကြည့်ပြီးတော့လည်း သူတို့ရဲ့ relationship အခြေအနေနဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာနဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်ကြောင်းလည်း သိရပါတယ်။ ဒီလိုအနမ်းတွေနဲ့ ပတ်သတ်ပြီး လှို့ဝှက်ချက်တွေကို Sheril Kirshenbaum ရဲ့ The science of kissing ဆိုတဲ့ စာအုပ်မှာ အသေအချာရှင်ပြထားပြီး ပေါ်ပြူလာအဖြစ်ဆုံး အနမ်း ၁၈ မျိုးနဲ့ ၎င်းတို့ရဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။ သင်အကြိုက်ဆုံး အနမ်းကဘယ်တစ်ခုဖြစ်မလဲ။ ၁။ The French kiss French kiss ဟာ အနမ်းတွေအားလုံးထဲမှာ ရေပန်းအစားဆုံးနဲ့ စုံတွဲတွေအကြိုက်ဆုံး အနမ်းတစ်မျိုးဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ French kiss ဟာအနုပညာဖြစ်ပြီးတော့ လူတိုင်း … Read more

မိန်းကလေးတစ်ယောက်အတွက် မိန်းကလေး ပီသတယ်ဆိုတာကို ဖော်ကြုးနိုင်တယ်ဆိုရင်လည်း မမှားပါ

ရင်သား သေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့ မိန်းကလေးတွေအတွက် ရင်သား အလှဟာ အရေးကြီးတယ်လို့ထင်တာ ယောင်္ကျားတွေ အတွက်လား။ အဲဒီလိုတွေးလို့လဲ မရပြန်ပါ။ မိန်းကလေးတစ်ယောက်အတွက် မိန်းကလေး ပီသတယ်ဆိုတာကို ဖော်ကြုးနိုင်တယ်ဆိုရင်လည်း မမှားပါ။ ဒါပင်မဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ရင်သားကသေးခဲ့ရင်ကောင်း ကောင်းချက်တွေရှိပါတယ်။ ( ၁ )ယောင်္ကျားလေးတွေနဲ့စကားပြောနေချိန်မှာ သူတို့ရဲ့မျက်လုံးတွေကို ဂရုစိုက်စရာမလိုပါ။ ( ၂ ) ကားစီးတဲ့အခါ ခါးပတ်ပတ်ရင်လည်း သာသာယာယာပါပဲ။ ( ၃ )ချစ်စရာကောင်းတဲ့ အတွင်းခံလေးတွေကို ကြိုက်တာရွေးနိုင်တယ်။ ( ၄ )ပတ်ဝန်းကျင်ကလဲ သူလေးက လိမ္မာတဲ့ကလေးလို့ အသိအမှတ်ပြုနိုင်ပါတယ်။ ( ၅ ) Gym သွားကစားတော့လည်း ပေါ့ပေါ့ပါးပါး သွားကစားနိုင်တယ်။ ( ၆ )စားရင်းသောက်ရင်း အမှတ်မထင် … Read more

လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများအတွက် ဆေးနည်းကောင်း

လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများအတွက် ဆေးနည်းကောင်း အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်း ဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်။ ပါဝင်ပစ္စည်း များကတော့… သံပုရာသီး တစ္လုံး ဂျင်း လက် တစ်ဆစ်ခန့် နဲ့ ပျားရည် ၂ ဇွန်းခန့် ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင် ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက် ပါးပါးလေး လှီးပေးပါ။ ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ။ နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေး … Read more