ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ် ကျွန်မအတွက် သေရဲတဲ့လူလဲ မလိုချင်ဘူး သတ်ရဲ့တဲ့လူလဲ မလိုချင်ဘူး သေရဲ သတ်ရဲတယ်ဆိုတာက အတ္တ ဒါမှမဟုတ် ဒေါသ ကြီးတတ်တဲ့ လူတစ်ယောက်အဖြစ်ပဲ ကျွန်မတော့ မြင်တယ်..။ ထစ်ကနဲရှိ သေမယ် သတ်မယ်ဆိုတာချည်းပဲ ရှိလာတဲ့အခါ ဘဝက ဘယ်မှာ ငြိမ်းချမ်းမလဲ သတ္တိရှိတယ်ဆိုတာ သေရဲသတ်ရုံပဲလို့ မမြင်ဘူး မှားတာတွေရှိလာတဲ့အခါ အမှန်ကို ပြင်ရဲတာလဲ သတ္တိပဲ..၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ် ကျွန်မမှားသွားတဲ့အခါ အပြစ်တင်ပြောနေတတ်တဲ့ ပါးစပ်တစ်စုံထက် အမှားကို ထောက်ပြပြီး အမှန်ပြင်ပေးတတ်တဲ့ နှုတ်ခမ်းတစ်စုံကို လိုချင်တယ်..။ ဘယ်သူတွေ ဘယ်လိုပဲ ပုတ်ခတ်နေပါစေ ကျွန်မဘက်မှာ ရဲရဲတင်းတင်း ရပ်တည်ပေးရဲတဲ့ […]
Month: May 2021
အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း(၇)သွယ်
အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း(၇)သွယ် ပျိုမေတို့ဟာ အရွယ်မတိုင်ခင်အသားအရေ အိုမင်းရင့်ရော်မှုမဖြစ်စေဖို့ကို အလွန်အာရုံစိုက် ဂရုပြုကြရသလို အဲဒီလိုပဲ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ဂရုပြုကြရပါမယ်။ မိန်းမသားအများစုအတွက် တောက်ပတဲ့ ကျက်သရေဟာ ဆံကေသာပဲဖြစ်ပါတယ်။ ဒီဆံကေသာအတွက် ပစ္စည်းကိရိယာတွေ၊ အလှကုန်တွေ၊ အချိန်တွေ၊ ငွေတွေ အများကြီးပေးပြီး အသုံးပြုနေပေမဲ့ ဆံပင်ဖြူတာကို ကာကွယ်ဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်။ အချိန်က ဆံပင်ရဲ့ အရောင်နဲ့ အရည် အသွေးကို ပြောင်းလဲစေနိုင်ပါတယ်။ ဇရာကို ရှောင်ကြဉ်လို့မရတဲ့အတွက် ဆံကေသာကို အံ့သြဖွယ်ကောင်းလောက်အောင် ကြည့်ကောင်းစေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အတွက်နည်းလမ်း အချို့ကို သိထားဖို့လိုအပ်ပါတယ်။ ၁။ ဦးရေပြားကို သန့်ရှင်းပါစေ ဦးရေပြားရဲ့ အရေးကြီးမှုကို မဖော်ပြဘဲ နဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အကြောင်း ပြောလို့မရပါဘူး။ ဆံပင်ဖြူတော့မယ့် […]
ပေါတောတောနေတဲ့သူတွေကို လုံးပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်ဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက် တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး။ ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။ (၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ။ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။ မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။ (၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်။ သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ်။ (၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး […]
လမ်းဘေးမှာ တောင်းစားနေတဲ့ကလေးငယ်ကို ငရုတ်သီးစိမ်းဝါးစားခိုင်းပြီးမှ ပိုက်ဆံပေးခဲ့တဲ့အမျိုးသားရဲ့ စာနာစိတ်မရှိတဲ့လုပ်ရပ်
လမ်းဘေးမှာ တောင်းစားနေတဲ့ကလေးငယ်ကို ငရုတ်သီးစိမ်းဝါးစားခိုင်းပြီးမှ ပိုက်ဆံပေးခဲ့တဲ့အမျိုးသားရဲ့ စာနာစိတ်မရှိတဲ့လုပ်ရပ် (ရုပ်သံ) တစ်ချို့သောစာနာစိတ်မရှိသူတွေဟာ ဆာလောင်ငတ်မွတ်သူတွေကို ပိုက်ဆံပေးပြီး အရှက်ခွဲလှောင်ပြောင်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Hassan Mohamed Hussein အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက် အရှေ့အလယ်ပိုင်နိုင်ငံလို့ယူဆရတဲ့ နိုင်ငံတစ်ခုရဲ့လမ်းမဘေးမှာထိုင်ပြီး တောင်းရမ်းစားသောက်နေခဲ့တဲ့ ကလေးမလေးကို အမျိုးသားတစ်ယောက်က ပိုက်ဆံပေးပြီး ငရုတ်သီးအစိမ်းကိုကိုက်စားပြခိုင်းခဲ့ပါတယ် ။ Hussan ရေးသားထားတာကတော့ ” ဆင်းရဲသားတွေရဲ့မျက်ရည်နဲ့ အပျော်ရှာကြတဲ့လူချမ်းသာတွေရဲ့လုပ်ရပ်ဟာ အတော်လေးကိုရင်နာဖို့ကောင်းလွန်းလှပါတယ် ၊ ပိုက်ဆံအနည်းငယ်ရဖို့ ငရုတ်သီးကိုကိုက်စားခဲ့တဲ့ ကလေးမရဲ့ဝမ်းဗိုက်ဘယ်လောက်တောင် ပူလောင်နေလိမ့်မလဲ ၊ ဆင်းရဲသားကလေးတွေရဲ့ မျက်ရည်နဲ့အပျော်ရှာတဲ့ လူချမ်းသာတွေရဲ့လုပ်ရပ်က စက်ဆုပ်ဖို့ကောင်းလွန်းလှပါတယ် ” ဆိုပြီး ရေးသားထားခဲ့တာပါ ။ Video ထဲမှာတော့ ကလေးငယ်ဟာ အဆိုပါအမျိုးသားကမ်းပေးလိုက်တဲ့ ငရုတ်သီးကို အားရပါးရကိုက်စားပြခဲ့ပါတယ် ။ […]
အမျိုးသမီးတွေ အမှန်အတိုင်း ဖွင့်ဟလေ့မရှိတဲ့ အချက် (၄) ချက်
ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။ တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွနု်ပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေအနေနဲ့ အမှန်အတိုင်း ဖွင့်ပြောလို့မရှိတဲ့ အရာ (၄) မျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ (၁)သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက် သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို […]
စုံတွဲတွေအနေနဲ့ နေ့စဉ် ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာ (၆)ခု
စုံတွဲတွေအနေနဲ့ နေ့စဉ် ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာ (၆)ခု အိမ်ထောင်ဖက်နှင့်အတူ နေ့တိုင်းအာလာပသလ္လာပစကား ပြောဆိုခြင်းဟာ အမြဲတမ်းအလေ့အကျင့် ဖြစ်သင့်ပါတယ်။ အချို့လူတွေက ရိုမန့်တစ်ဆန်တဲ့ စကားလုံးတွေ၊ ကောင်းတဲ့အရာတွေကိုသာ အတူတူပြောဆိုသင့်တယ်လို့ ယူဆကြပါတယ်။ သို့သော် အမှန်တရားကနေ ဝေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျန်းမာသောအချစ်ရေးဟာ ကောင်းမွန်သော ပြောဆိုဆက်ဆံမှုနှင့် ရိုးသားမှုအပေါ် အခြေခံပါတယ်။ ဒီဆောင်းပါးမှာ စုံတွဲတွေ နေ့စဉ်ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာ (၆)ခုကို တွေ့ရပါလိမ့်မယ်။ စုံတွဲတွေ ဆွေးနွေးသင့်တဲ့အဓိကအကြောင်းအရာများ ယုံကြည်မှု တည်ဆောက်ပြီး သင့်လက်တွဲဖော်နဲ့ ရေရှည်မြဲတဲ့ နှောင်ကြိုးကို တည်ဆောက်လိုပါက သင်တို့နှစ်ယောက်ရဲ့ ဘဝရှု့ထောင့်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ သင့်လက်တွဲဖော်နဲ့ နေ့စဉ်ဘာတွေတိုင်ပင်သင့်သလဲ? ၁။ အနာဂတ် သင်တို့အချစ်ရေးကို ရေရှည်တည်မြဲလိုရင် လက်တွဲဖော်နဲ့ နေ့စဉ်ဆွေးနွေးသင့်တဲ့ ပထမဆုံးအချက်က အနာဂတ်အတွက် မျှော်လင့်ချက်တွေဖြစ်ပါတယ်။ သင့်ဘဝသင်လုပ်ချင်တဲ့အရာအနာဂတ်အတွက် […]
၂၀၂၁ ခုနှစ် မေလ အတွက် (၇)ရက်သားသမီး တစ်လစာ ဟောစာတမ်း
ခုနှစ်ရက်သားသမီးများအတွက် 2021ခုနှစ် မေလ(၁)လစာအထူးဟောစာတမ်းကြီး အားလုံးစောင့်မျှော်နေကြတဲ့ ခရစ်နှစ် ၂၀၂၁ ( မေလ) ခုနှစ်ရက်သားသမီးများ (၇)နံ* မွေးဖွားသူများ အတွက် ဆရာဘုန်းမြတ်နိုင်ကိုယ်တိုင်တွက်ချက်ပြီး စုစည်းတင်ပြရေးထားပါသည်။ ခရစ်နှစ် ၂၀၂၁(၁)လစာဟောစာတမ်း လာမည့် လ မှ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်ပြီး အများဖတ်ရှုနိုင်အောင်လည်း Shareပေးကြပါ။ တနင်္ဂနွေ သား /သ္မီးများအတွက် ဤလအတွင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ရတတ်ပါတယ်။ အမျိုးသမီးတစ် ယောက်ရဲ့ အကူအညီကောင်းများ ရရှိနိုင်ပါသည်။ ဆွေမျိုး၊ မိတ်ဆွေရင်းတွေရဲ့ ရာထူးတတ်တဲ့သတင်း၊ ထီဆု ကြီးပေါက်တဲ့ သတင်း စသည်ဖြင့် ဝမ်းသာစရာသတင်းစကားတွေလည်း ကြုံရ၊ ကြားရတတ်ပါတယ်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်၊ ဆုံးဖြတ်ခက်တဲ့ အခြေအနေမျိုးတွေကနေ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်မည်။ လူကြီးမိဘများ ဝင်ရောက်စွတ်ဖက်ခြင်းကြောင့်လည်း ပိုမိုရှုပ်ထွေးသွားရတတ်ပါတယ်။ မိသားစုဝင် တစ်ဦးဦးအတွက် […]
သင့်ချစ်သူဟာ တခြားတစ်ယောက်ဆီ စိတ်ရောက်နေမှန်း သိသာတဲ့ လက္ခဏာ (၅)မျိုး …
သင့်ချစ်သူဟာ တခြားတစ်ယောက်ဆီ စိတ်ရောက်နေမှန်း သိသာတဲ့ လက္ခဏာ (၅)မျိုး … အချစ်ရေးတစ်ခုဟာ နှစ်ဦးနှစ်ယောက်နဲ့ တည်ဆောက်ထားရတဲ့ နှစ်ယောက်ပိုင် ကမ္ဘာလေးတစ်ခုဆိုလည်း မမှားပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရုစိုက်ခြင်း၊ ချစ်ခြင်း၊ စွဲလန်းခြင်းတွေရှိမှာ အချစ်ရေးတစ်ခုက အဆင်ပြေသလို ရှေ့ဆက်လို့ရတာပါ။ ဒါပေမယ့်လည်း တစ်ဖက်ဖက်က ချစ်ခြင်းတွေ လျော့လာတယ်၊ စိတ်ဝင်စားမှုတွေ လျော့လာတယ်၊ အာရုံက တခြားကိုပဲ ပျံ့လွင့်နေတော့မယ်ဆိုရင်တော့ ဒီအချစ်ရေးတစ်ခုဟာ ရှေ့ဆက်လို့ မရတော့ပါဘူး။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူဟာ သင့်ဆီမှာ စိတ်မရှိတော့ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ (၁) ပြောစရာစကားတွေမရှိဘူး … သင်တို့နှစ်ယောက်ကြားမှာ ပြောစရာကိစ္စတွေ၊ အကြောင်းအရာတွေ မရှိဘူး။ စကားဝိုင်းဟာ တိတ်ဆိတ်နေပြီး သင့်ချစ်သူက ဖုန်းနဲ့ပဲ တစ်ချိန်လုံး ဂိမ်းဆော့နေတာမျိုး၊ သင့်အကြောင်းကို ဘာမှမေးမြန်းခြင်း မလုပ်တာမျိုးတွေက […]
တားရော့ကတ်လေးကတစ်ဆင့် သင့်ဘဝမှာ ပျော်ရွှင်မှုတွေဘယ်လိုရှာရမလဲ လမ်းညွှန်ပေးမယ်
တားရော့ကတ်လေးကတစ်ဆင့် သင့်ဘဝမှာ ပျော်ရွှင်မှုတွေဘယ်လိုရှာရမလဲ လမ်းညွှန်ပေးမယ် နံပါတ် ၁ သင့်ကိုယ်သင် တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရပ်တန့်ပစ်မှသာ သင့်ဘဝမှာ ပျော်ရွှင်မှုတွေကို ရရှိနိုင်မှာပါနော်… ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေလည်း ဖောဖောသီသီ သုံးစွဲလာပြီဆိုတော့ လူတွေက လက်တွေ့ဘဝထက် ဆိုရှယ်မီဒီယာပေါ်က အတုအယောင်ဘဝတွေကို အားကျပြီး မပျော်မရွှင် ဖြစ်လာတတ်ကြပါတယ်။ တခြားသူတွေက ပိုကံကောင်းတယ်၊ ပိုပိုက်ဆံရှိတယ်၊ ပိုချောတယ်၊ ပိုပျော်ရွှင်တယ် အစရှိတဲ့အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ သင့်ကိုယ်သင် တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရှောင်ရှားပါ။ သင့်ဘဝကို သေချာကြည့်ပါ။ သူများတွေ ပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲ ကြည့်မနေပဲ သင်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တချက်ကြည့်ပြီး တန်ဖိုးထားလိုက်ပါ။ ဒါ့အပြင် သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ သင်ရရှိထားတဲ့ အချစ်တွေကို တန်ဖိုးထားပြီးနေလိုက်ရင် သင့်အနေနဲ့ နေ့ရက်တိုင်းက ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေမှာ […]
ကူညီတတ်တဲ့စိတ်ဟာ ကောင်းပါတယ် ဒါပေမယ့် တချို့အတွက် လိုမှသုံးတဲ့ လိုသုံးမဖြစ်စေနဲ့
လိုသုံးမဖြစ်ပါစေနဲ့ ကူညီတတ်တဲ့စိတ်ဟာ ကောင်းပါတယ်။ ဒါပေမယ့်တကယ်ကူညီနိုင်မှ ကူညီတာက ပိုကောင်းပါတယ်။ မကူညီနိုင်တဲ့အခါ ငြင်းပါ။ ပြဿနာအားလုံးက သင်နဲ့ မဆိုင်ပါဘူး။ သင်ဟာလူတိုင်းရဲ့ အလိုမှန်သမျှကို လိုက်လုပ်ပေး နေစရာမလိုဘူး။ ကြာလာရင် လိုသုံးတစ်ယောက်ဖြစ် သွားနိုင် ပါတယ်။ လူတွေက အလွယ်တကူ ရနိုင်တဲ့ အရာဆိုရင် တန်ဖိုးမထားတတ်ကြပါဘူး။ ကြာလာရင် သင်ဟာ အပေါစားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့တန်ဖိုးကို အကျမခံပါနဲ့။ အပေါင်းအသင်းပေါတာ ကောင်းပါတယ်။ ဒါပေမယ့်ကိုယ့်ကို တန်ဖိုးမထားတဲ့ မိတ်ဆွေ အယောက်တစ်ရာရှိတာထက် ကိုယ့်ကို တန်ဖိုးထားတဲ့ သူငယ်ချင်းအနည်း ငယ်က ပိုကောင်းပါတယ်။ တစ်ချို့လူတွေရဲ့ လိုမှအသုံးခံရတဲ့ လိုသုံးတစ်ယောက် အဖြစ်မခံပါနဲ့။ ပြတ်သားသင့်တဲ့အခါ ပြတ်သားတာက ပိုကောင်းပါတယ်။ လေးစားစွာဖြင့် .. Crdit:ကိုရဲ Unicode ဖြင့်ဖတ်ရန် ကူညီတတ်တဲ့စိတ်ဟာ ကောင်းပါတယ်ဒါပေမယ့် […]









