ဒေါက်လင်း မေမေတို့ မီးနေသည် မှိုနဲ့မျှစ် မစားရဘူး၊ လင်ပစ်တတ်တယ်၊ မီးယပ်ကျိုးတယ်၊ မှိုသုံးနှစ်၊ မျှစ်သုံးလ ရှောင်ရတယ်။ အဲ့ဒါ တွေ ကြားဖူးကြလားဗျ? ဒါ ရှေးလူကြီးတွေ ထည့်ခဲ့တဲ့ဂျင်း ပဲ။ အရင်တုန်းက မှိုတို့၊ မျှစ်တို့စားချင်ရင် ဈေးကဝယ်မရလို့ ကိုယ်တိုင် သွားခူး၊ သွားချိုးရတာ. မှို၊ မျှစ်တို့က တောင်ပို့တွေ မှာ ပေါက်တတ်သလို……အဆိပ်ရှိတဲ့မြွေတွေလဲ လာတတ်တယ်။ အဲ့အတွက် သွားခူးရမှာ ယောကျာ်းဖြစ်နေတော့ မတော်အပေါက်ခံရရင်၊ သေသွားရင်…ပစ်သွားသလို ဖြစ်မှာ။ အဲ့ဒါ ကြောင့် လင်ပစ်မယ် လို့ ပြောတာ။ ယောကျာ်းသေမှတော့ အဲ့မိန်းမရဲ့ မီးယပ်ကျိုး (မိန်းမဘဝ) ပျက်ပြီလေ။ ဘာလို့ မှို ၃နှစ်၊ မျှစ် ၃လ လို့ ပြောသလဲ သိလား? ကလေး […]
Day: June 5, 2021
ဇွန် ၉ ရက်မှ ၁၂ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာသွန်းပေးမယ့် မုန်တိုင်း
ဇွန် ၉ ရက်မှ ၁၂ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာသွန်းပေးမယ့်မုန်တိုင်း ၂၀၂၁ ဇွန်လ ၉ရက်နေ့မှ ၁၂ရက်နေ့အတွင်း ဘင်္ဂလားပင် လယ်အော် မြောက်ပိုင်းတွင် Depression အဆင့် မုန်တိုင်ငယ်တစ်ခု ဖြစ်ေ ပ်ါနိုင်ပြီး မုတ်သုန်လေအား အလွန်ကောင်းလာကာ တနင်္သါရီတိုင်း မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ ကရင် ပြည်နယ်နှင့် ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တို့တွင် မိုးများစွာရွာ သွန်းနိုင်ပြီး ကျန်တစ်နိုင်ငံလုံးမှာလည်း မိုးရွာသွန်းဖွယ် ရှိပါတယ်။ ပင်လယ်ပြင် ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက်(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊အ ရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အား နည်းနေပြီး၊ ကျန်ဘင်္ဂလားင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ […]
ဥက္ကဋ္ဌ ခန့်စည်သူကိုကြိုဆိုသည့်အနေဖြင့် ယနေ့ထပ်မံနှုတ်ထွက်ခဲ့ကြသည့်အနုပညာရှင်များ
ဥက္ကဋ္ဌ ခန့်စည်သူကိုကြိုဆိုသည့်အနေဖြင့် အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်များ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် သရုပ်ဆောင်ခန့်စည်သူက တာဝန်ယူဆောက်ရွက်မယ့်အကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ဇွန်လ (၄)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ် သရုပ်ဆောင်ခန့်စည်သူကို မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာတော့ အနုပညာရှင်အချို့ဟာ အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတာ တွေ့ရပါတယ် ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီးနောက် ဥက္ကဋ္ဌ နေရာမှာလစ်လပ်နေခဲ့တာဖြစ်ပြီး အဆိုပါ ဥက္ကဋ္ဌနေရာမှာ ခန့်စည်သူက တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ် ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး သရုပ်ဆောင်ခန့်စည်သူကို အခုလိုခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ် အဆိုပါသတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ အနုပညာရှင်အချို့ဟာ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ဖော်ပြောကြားလာပါတယ် သရုပ်ဆောင်တွေအပြင် ဒါရိုက်တာတွေနဲ့ အခြားသော အနုပညာရှင်တွေက အသီးသီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်..။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ […]
ချမ်းသာချင်ရင် ငွေမစုပါနှဲ့(ချမ်းသာချင်သူတိုင်းဖတ်ဖြစ်အောင်ဖတ်ပါ)
ချမ်းသာချင်ရင် ငွေမစုပါနှဲ့(ချမ်းသာချင်သူတိုင်းဖတ်ဖြစ်အောင်ဖတ်ပါ) ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ် ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသေအလဲစုဘဏ်မှာပဲစုစု လက်ထဲမှာပဲစုစုအချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးက လျော့ကျလာမှာပါ ကုန်စျေးနှုန်းတွေကလဲမြင့်တက်လာနေအုံးမှာပဲမိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ် ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့အနေအထားဖြစ်နေပါပြီကျနော်တို့ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ် ငွေ၁၀ရှိရင် ဗိုက်ကားအောင်စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှမယူတော့တဲ့ပိုက်ဆံဖြစ်နေပါပြီသီလရှင်ကိုတောင်လောင်းလို့မရတော့ပါဘူးတန်ဖိုးတွေလဲလျော့ကျသွားပါပြီမိတ်ဆွေတို့ ကလေးနောင်ရေး အတွက် ဘဏ်မှာ တလ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ငွေဟာလည်း တချိန်ငွေကြေးဖောင်းပွလာမှု ကုန်စျေးနှုန်းမြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို ဘဏ်မှာစုတာအတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ ကာနိုင်မယ်ထင်ပါသလား? အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကိုသုံးရမှာပါ ငွေကိုအသေမထားပဲ ငွေနဲ့ငွေ မိတ်ဆွေဖွဲ့ခိုင်းရပါလိမ့်မယ် ဒါမှသာ တိုးပွားမှုရှိလာနိုင်မှာပါ ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်လေးပါ တွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ […]
“ အသက်ရှည်ချင်လျှင် အိမ် ထောင် ပြုပါ ”
“ အသက်ရှည်ချင်လျှင် အိမ် ထောင် ပြုပါ ” အသက်ရှည်ချင်လျှင် အိမ် ထောင် ပြုပါ သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည်။အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည် Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည် ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့ […]
“ လက်ကြားယိုသူတွေအတွက် လက္ခဏာ ဗေဒင်အဟော ”
လက်ကြားယိုသူတွေအတွက် လက္ခဏာ ဗေဒင်အဟော ” လက္ခဏာပညာ ကျမ်းစာအုပ်တွေ ဖတ်ဖူးသူ၊ ကြားဖူးနားဝ ရှိသူဆိုရင် လက်ကြားယိုတယ်ဆိုတာ သိကြမှာပါ။ လက်ဖဝါးကို စေ့လိုက်လို့မှလက်ချောင်းလေးတွေ ပူးကပ်မနေဘဲ လက်ချောင်းတွေကြားမှာ လက်ကြားယိုတာ၊ တနည်း ပြောရရင် လက်ချောင်းတွေကြားမှာ ကွာဟနေသူတွေကို“ငွေမမြဲသူ၊ အသုံးအဖြုန်းကြမ်းသူတွေ” အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ အခုပဲ ခင်ဗျားတို့ လက်ဖဝါးကို သက်တောင့်သက်သာလေး ဖြေလျှော့ပြီးတော့ လက်ချောင်းလေးတွေကို စုစည်းကြည့်ပါ။ လက်ချောင်းတွေကြားမှာလက်ကြားယိုနေတာတွေ ရှိသလား၊ လက်ကြားမယိုဘဲ လက်ကြားလေးတွေ စေ့နေသလား ဆိုတဲ့အပေါ် မူတည်ပြီး အောက်ပါ ဟောချက်တွေကို ဖတ်ကြည့်နိုင်ပါပြီ။ တကယ်လို့ ခင်ဗျားလက်ဖဝါးကြားမှာ ဘယ်လို ယိုပေါက်မှ မရှိဘဲ လက်ချောင်းတွေအချင်းချင်း ပူးကပ်နေမယ် ဆိုရင် ခင်ဗျားဟာ စေ့စပ် သေချာသူ၊လက်တွေ့သမား၊ ခေါင်းမာသူ၊ အလိုက်သင့် မနေတတ်သူ၊ […]
ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်
Hello…ဟိုရက်က သီရိသုံးနေတဲ့ အိမ်တွင်းသဘာဝ skincare နည်းလေး တင်ပေးမယ်ဆိုပြောထားတာလေး လာပါပီနော် ၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင် သဘာဝအိမ်တွင်း skincare နည်းလေးပြောပြပေးမယ် အိမ်တွင်းနည်းဆိုပေမယ့် ပိုလှချင်ရင်တော့ ပိုက်ဆံတော့ အကုန်အကျခံပေါ့ ဒါကတော့ တစ်မျိုးပဲလိုတယ် အာလူးသီး အာလူးကို ရေစင်အောင်ဆေး အခွံနွှာ တစ်ဝက်ပဲနွှာ အကုန်နွှာလိုက်ရင် သွေးတဲ့အခါ ချောချောကြီး ဖြစ်ပြီး သွေးမကောင်းတော့ဘူးရယ်☺️ သနပ်ခါးကျောက်ပျဉ်ကို သန့်နေအောင်ဆေးပါ မျက်နှာလိမ်းမှာမို့ သန့်နိုင်သမျှသန့်နေအောင် စင်နေအောင်ဆေး အာလူးသီးလိမ်းဖို့သပ်သပ် ကျောက်ပျဉ်အသေးလေးဝယ်ထားတာ ပိုကောင်းတယ် မျက်နှာကို facial foam နဲ့ စင်အောင်သစ်ပေးပါ အခွံနွှာထားတဲ့ အာလူးကို ရေနည်းနည်းနဲ့ ကျောက်ပျဉ်ပေါ်သွေးရမ် သွေးလို့ရလာတဲ့အရည်လေးတွေကိုမျက်နှာအနှံ့လိမ်းပေးပါ လိမ်းပြီးပြီဆိုရင် မျက်နှာကလုံးဝခြောက်ပြီး တင်းလာတဲ့အထိ ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့မျက်နှာသစ်ချလိုက်ရုံပဲ မျက်နှာသစ်ဆေးတွေ […]
“ရွာ” တစ်ရွာတည်ဖို့ စုန်း(၇)ယောက် ဘာကြောင့်လိုတာလဲ
ရွာတစ်ရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ ယောက် ဘာကြောင့်လိုတာလဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြအပ်ပါတယ်… “ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် “တဲ့လား…??? ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ…. စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြားရှိကြပါတယ်… တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း တိတိလင်းလင်း နားရှင်းအောင်ဖြေနိုင်သူဟူ၍ မတွေ့ရှိရသေးပြန်ပါဘူး…၊ မိမိလက်လှမ်းမှီသလောက် စူးစမ်းမေးမြန်းရှာဖွေကြည်တော့ ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က… စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ (စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး) ဋီကာကျမ်း ထို ခုနှစ်ဦးမှာ……(၁)မြေပညာရှင်ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာ ကို သိရှိကျွမ်းကျင်သူ… (၂)ရေပညာရှင် သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရ ကို သိရှိကျွမ်းကျင်သူ… (၃)လေပညာရှင် လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ […]







