Dr.Sasaလိုလူမျိုး စိတ်ဓာတ်ကတော့ ရှားမှရှားပါ အခုတော့ ရှင်းသွားပြီ Dr.Sasaနှင့် NUG အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားမလဲ ဆိုတဲ့ မေးခွန်း သိချင်သူများအတွက် အဖြေမှန် ဒေါ်အောင်ဆန်းစုကြည်နဲ့ Dr.Sasa က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ မဲစွယ်စည်းရုံး ကာလမှာ တွေ့ဆုံ ဆွေးနွေးမူတွေ လုပ်ခဲ့ကြတယ် Feb 1ရက်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီး၊ ဒုသမ္မတ၊ ဒေါက်တာဆာဆာ ဆွေးနွေးတိုင်ပင်မူတွေ လုပ်နေကြတဲ့အချိန်မှာပဲ အာဏာသိမ်းမူဖြစ်ပွားခဲ့တယ် ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေ ကံကောင်းချင်တော့ အာဏာရူးအုပ်က ဒေါက်တာဆာဆာကို လုံးဝ မသိကြဘူး ဒါလည် တစ်ပိုင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်က NUG အစိုးရကို လက်ခံပါ့မလား ဆိုတဲ့ အဖြေက ဒီမှာ.. အာဏာတကယ်သိမ်းသွားပြီ သိလိုက်ကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ […]
Month: July 2021
KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်….
KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ် မြို့ပေါ်မှာ အေးဆေးနေလို့ရရဲ့သားနဲ့ အားလုံးကို စွန့်ပြီး ကယားပြည်နယ်ရဲ့တောထဲတစ်နေရာမှာ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF တွေပါ။ အနေအစား ချို့ချို့တဲ့တဲ့နဲ့နေရပေမယ့် တစ်ချက်မငြိုငြင်ဘဲ တိုက်ပွဲတွေကို လက်လုပ်သေနတ်နဲ့ စကစအဖွဲ့တွေကို ရွံ့ရွံချွံချွံ တိုက်လာခဲ့တာ အခုဆို ၁၀ ပွဲနီးပါးရှိပါပြီ။ လူတိုင်းလိုက်မလုပ်နိုင်တဲ့အရာကို သူတို့လုပ်ခဲ့တယ်…လုပ်နေဆဲပါပဲ။ သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကိုတော့ တကယ်လေးစားမိပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို လုပ်နေတဲ့သူတို့တွေအတွက် အနည်းငယ်သော ထောက်ပံ့မှုလေးတစ်ခုပေးနိုင်မယ်ဆိုရင် သူတို့အတွက် ခွန်အားတက်စရာတစ်ခုဖြစ်လာမှာပါ။ စိတ်ဓာတ်ရေးရာအားပေးတဲ့အနေနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်ဒီကနေ တောင်းဆိုချင်ပါတယ်။ Strong spirit of KPDF KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ် မြို့ပေါ်မှာ အေးဆေးနေလို့ရရဲ့သားနဲ့ အားလုံးကို စွန့်ပြီး ကယားပြည်နယ်ရဲ့တောထဲတစ်နေရာမှာ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF […]
ကိုဗစ်ကုဖို့ဆရာဝန်မရှိဘူးလို့ ပြောတဲ့ဆရာတော် အခု ကိုဗစ် ကုပေးနေတဲ့ ဆရာဝန်ကို ဖမ်းသွားပြီ
ကိုဗစ်ကုဖို့ဆရာဝန်မရှိဘူးလို့ ပြောတဲ့ဆရာတော် အခု ကိုဗစ် ကုပေးနေတဲ့ ဆရာဝန်ကို ဖမ်းသွားပြီ ဘာလုပ်ပေးမှာလဲ ဟောပြောကြည့် ပဲခူး ကျောက်တွင်းကုန်း သူရိယ ဆေးခန်းက ဒေါက်တာနေမျိုးကို ရဲတွေဖမ်းသွားပြီလို့ သိရတယ်ဗျ ဆရာကြီးက ပဲခူး ကြက်ခြေနီအသင်း ဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေပြီးတော့ ကိုဗစ် ကာလအတွင်းမှာရော အခု အချိန်မှာရော အခမဲ့ ဆေးကုပေးနေတယ် လို့ သိရပါတယ် အခုလဲ ပရဟိတ ဆေးကုပြီး အပြန်မှာ ဖမ်းသွားတယ်လို့ သိရပါတယ် ပဲခူးတစ်မြို့လုံးက လူနာတွေကို ဆရာကြီးပဲ ဒိုင်ခံကုပေးနေတာပါ ဆရာကြီးဒေါက်တာနေမျိုးအတွက် ကူညီနိုင်တဲ့ဘက်က ကူညီပေးကြပါအုံး ပဲခူးက ညီအစ်ကိုတို့ Copy Share Lwin Hmine ———————- ကိုဗစ်ကုဖို့ဆရာဝန်မရှိဘူးလို့ ပြောတဲ့ဆရာတော် အခု ကိုဗစ် ကုပေးနေတဲ့ ဆရာဝန်ကို […]
ရဲမှူး၏ဇနီး ကိုဗစ် ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်ည သေဆုံး
မိုးညှင်းမြို့နယ်ရဲမှူး စောဖိုးတူး၏ဇနီး ကိုဗစ်ရောဂါပိုးစစ်ရာ ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်ည သေဆုံးသွားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ “သူကတော့ နဂိုကတည်းကလည်း သွေးတိုးနဲ့ဆီးချိုရောဂါအခံရှိတဲ့လူနာဟုတ်တယ် နေမကောင်းလို့ ဆေးစစ်တော့ ကိုဗစ်လည်းထပ်တွေ့တယ်ပေါ့နော်။ကျမတို့က မြစ်ကြီးနားဆေးရုံကိုသွားဖို့ပြောပါသေးတယ်။ ဒီမိုးညှင်းမှာက သမားတော်မရှိဘူးလေ။ နဂိုကတည်းက ရောဂါအခံရှိတဲ့သူတေွက ဒီရောဂါတွေ့ပြီဆိုရင် ပိုပြီးတော့ နလန်မထူနိုင်ကြဘူး ဆုံးတာတော့ မနေ့ညနေက ဆုံးသွားတာဟုတ်တယ်”ဆိုပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူ မြို့နယ်ရဲမှူး၏ ဇနီးသည် အသက် ၅၀ကျော်ခန့်ရှိပြီဖြစ်ကာ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါလက္ခဏာကြောင့် သေဆုံးခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။ “ခုဆုံးသွားတဲ့ ရဲမှူးရဲ့ဇနီးကတော့ ကျန်းမာရေးအသိရှိလို့ ဆေးရုံမှာလာပြတဲ့ချိန် ဆေးစစ်ကြည့်တော့ ပိုးတွေ့တယ်ပေါ့နော်။တစ်ချို့တွေလည်း ဆေးရုံလာမပြရဲဘဲနဲ့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ မိုးညှင်းမြို့နယ်အတွင်းမှာ ကိုဗစ်လက္ခဏာကြောင့်သေတာတော့ ဒါပထမဆုံးလို့ပြောလို့ရပါတယ်” ဆိုပြီး စက်ဆိုင်ရာတာဝန်ရှိသူများကပြောသည်။ မိုးညှင်းမြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ထိ […]
ပြည်သူတွေရဲ့ဒုက္ခကိုမကြည့်ရက်တော့လို့ အောက်ဆီဂျင်ရဖို့အတွက် ကိုယ်စား တန်းစီပြီး ကူညီစောင့်ဆိုင်းပေးနေကြတဲ့ လူငယ်လေးများ
လက်ရှိအခြေအနေမှာ ကိုဗစ်ကူးစက်ရောဂါကိုပါ တိုက်ထုတ်နေရတဲ့ ပြည်သူလူထုအတွက် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်လူငယ်လေးတွေက တစ်တပ်တစ်အား ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ရောဂါကို ခံစားခဲ့ရတဲ့ တချို့လူနာတွေကတော့ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ခုခံအားကောင်းလို့ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ တချို့လူနာတွေအတွက်လည်းအခုချိန်မှာ အောက်ဆီဂျင်အိုးတွေကိုင်ပြီး တစ်မြို့လုံးလိုက်ပတ်ရှာနေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ Photo Credit: Original Uploder Photo Credit: Original Uploder တချို့ပြည်သူတွေက မိသားစုရဲ့ကျန်းမာရေးကို စိုးရိမ်ပူပန်နေရတဲ့အပြင် အောက်ဆီဂျင်အတွက်လည်း သောကရောက်နေရတာဖြစ်ပါတယ်။မန္တလေးမြို့မှာတော့ ဒီလိုဒုက္ခတွေခံစားနေရတဲ့ ပြည်သူတွေကို မကြည့်ရက်တော့တဲ့လူငယ်တချို့က သူတို့ကိုယ်တိုင် အောက်ဆီဂျင်ရဖို့အတွက် ကူညီတန်းစီပေးနေတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့အခက်အခဲကို ပြည်သူတွေကသာလျှင် ဖြေရှင်းပေးရမှာဖြစ်လို့ ရောဂါကူးစက်မှာကိုမကြောက်ဘဲ လူအုပ်ကြားထဲမှာ အောက်ဆီဂျင်ရဖို့ တန်းစီပေးနေတဲ့ လူငယ်လေးတွေရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။ Photo Credit: Original Uploder Photo Credit: […]
အားလုံးထင်မထားတဲ့ အမေ့ရဲ့ လက်ရှိအခြေအနေ (ဗွီဒီယိုရုပ်သံ)
ဗီဒီယိုဖိုင်အားအောက်တွင်ဖေါ်ပြထားပါသည်.. အားလုံးထင်မထားတဲ့ အမေ့ရဲ့ လက်ရှိအခြေအနေ (ဗွီဒီယိုရုပ်သံ)
ကိုဗစ်ကိုအကြောက်လွန်ပြီး လိုင်းပေါ်ကဆေးတွေ များစွာသောက်မိတာကြောင့် အသက်ဆုံးသွားရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို မျှဝေပေးခဲ့တဲ့ ကျော်ထက်ဇော်
ကိုဗစ်ကိုအကြောက်လွန်ပြီး လိုင်းပေါ်ကဆေးတွေ များစွာသောက်မိတာကြောင့် အသက်ဆုံးသွားရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို မျှဝေပေးခဲ့တဲ့ ကျော်ထက်ဇော် ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော်ကတော့ ပရိသတ်ကြီးအတွက် ကိုဗစ်နဲ့ပတ်သက်ပြီး လွှဲမှားနေတဲ့အယူလေးတွေကို ဆင်ခြင်နိုင်အောင် သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ခုလိုပဲ ရေးသားမျှဝေပေးထားပါတယ် သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့ကိုဗစ်နဲ့မသေဘဲလိုင်းပေါ်ကတင်ထားတဲ့ကိုဗစ်ကာကွယ်ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ .. ကျွန်တော့်ဆေးဆိုင်မှာလာဝယ်တဲ့သူတိုင်းကို နေ့စဉ်ရက်ဆက် မသောက်ဖို့ / အလွန်အကျွံ့မသောက်ဖို့ / ကလေးတွေကို မတိုက်ဖို့ အမြဲသတိပေးတယ်.. ( ဒါလဲ ) ဝယ်နေ / သောက်နေကြတုန်း ?? တကယ်ဆို..ဆရာဝန်တွေရဲ့ပြောစကားအရ..Cevit / D3 / Zinc တွေက နေ့စဉ်စားသောက်တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသား.. အဟာရရှိမယ့်အစားအစာစား / အိပ်ရေးဝဝအိပ်တာနဲ့တင် လုံလောက်နေတာ ..သူများပြောတိုင်း ဝယ်သောက် / အလွန်အကျွံ့တွေဖြစ်ပြီး […]
” အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်”
” အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်” ••••••••••••••••••••••••••••••••••••••••••••• အောက်ဆီဂျင်ငှါးရမ်းပါက ⭐ ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း စလင်ဒါအိုးနှင့်အတူ Flowmeter Set တစ်ဘူး တစ်ခါတည်း ပါရပါမည် ။ ⭐ ပုံ ( ၂ ) တွင် ပြထားသည့်အတိုင်း Flowmeter setတွင် A,B,C ပစ္စည်း ( ၃ ) မျိုး ပါရပါမည်။ ⭐ ပုံ ( ၃ ) တွင်ပြထားသကဲ့သို့ “A” ပစ္စည်းဖြစ်သော ရေဘူးကို အဖုံးလှည့်ဖွင့်ပါ။ ထိုဘူးထဲသို့ ရေသန့်ဖြည့်ပါ ။( Lower level နှင့် Upper level ကြား)၊ အဖုံးကို […]
ကိုဗစ်ကူးစက်မှုဆိုးလာသည့်အပေါ် ပြည်သူများအတွက် သမ္မတနှင့်အတိုင်ပင်ခံ စိတ်ပူနေဟု ရှေ့နေပြော
Zawgyi ကိုဗစ်ကူးစက်မှုဆိုးလာသည့်အပေါ် ပြည်သူများအတွက် သမ္မတနှင့်အတိုင်ပင်ခံ စိတ်ပူနေဟု ရှေ့နေပြော ကိုဗစ်ပိုးကူးစက်မှု ဆိုးရွားတဲ့သတင်းကြောင့် ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ စိတ်ပူနေတယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းပိုးကူးစက်မှုနဲ့ သေဆုံးနှုန်းမြင့်တက်နေတဲ့သတင်းကြောင့် ပြည်သူတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူနေတယ်လို့ ဒေါ်မင်းမင်းစိုး (နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ) က ဇူလိုင် ၁၂ရက် ရုံးချိန်းအပြီးမှာ ပြောပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုရင်ဆိုင်ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး ပြည်သူတွေညီညွတ်ကြဖို့နဲ့ ပြည်သူအချင်းချင်း ကူညီ စောင့်ရှောက်ကြဖို့ ရှေ့နေကနေတဆင့်ပြောဆိုခဲ့ပါတယ်။ “သူက ကိုဗစ်ကိစ္စကို စိတ်ပူနေတယ်။ ပြီးတော့ ပြည်သူတွေအကုန်လုံးကို မေတ္တာပို့ပေး နေတယ်ပြောတယ်။ ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ကြပါ။ အချင်းချင်း အတတ်နိုင်ဆုံး သည်းခံကြပါ။ ညီညွတ်ကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ […]
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုကိုသာ မြင်တွေ့လိုဟု ထိုင်း ပြော
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုရှိခြင်းကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံက အခိုင်အမာ ပြောဆိုလိုက်ပြီး လက်ရှိ အကျပ်အတည်း အဆုံးသတ်စေရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် အထူးသဖြင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုစင်တာ (AHA Center) အပါအ၀င် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲလုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။ မြန်မာနိုင်ငံ အခြေအနေအပေါ် ထိုင်းနိုင်ငံ၏ အမြင်သဘောထားနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် တန်နီး ဆန်ဂရက်က ယမန်နေ့က မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံတ၀န်း ဒေသအများအပြားတွင် အကြမ်းဖက်မှု ဖြစ်ပေါ်နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် ယင်းသည် လူသားချင်းစာနာမှုအကျပ်အတည်းတစ်ခုဖြစ်ကြောင်း တန်နီး ဆန်ဂရက်က ပြောကြားခဲ့သည်။ “အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းဘက်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု ၊တည်ငြိမ်မှု၊ […]









