အချစ်ရဲ့ ဒုက္ခကို ကောင်းကောင်းကြီးသိသွားတဲ့ ဆရာမရဲ့ အဖြစ် ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခုသားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။သားလေးလည်း အလွန်လိမ္မာပါတယ်။အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။ ဒီလိုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကိုရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကိုပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲအိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပါတယ်။မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။ ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကိုသတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။ အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကိုသတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်ဘယ်လောက်အားကျလိုက်မလဲဆိုတာတွေးတောပြီး […]
Month: July 2021
အင်တာနက်ပေါ်မှာ အတော်လေးကိုရေပန်းစားနေတဲ့ ကလေးခန္ဓာကိုယ်အရွယ်နဲ့ အသက် 32 နှစ်အရွယ်အမျိုးသမီး
ကလေးငယ်တွေကြီးထွားလာဖို့ နဲ့ ခွန်အားတွေပြည့်ဝစေရန် မိခင်ရဲ့နို့ရည်များစွာကို သောက်သုံးနေရပါတယ်။ ၎င်းအရာကိုပြောဆိုခြင်းဖြင့် အစားအစာကောင်းတစ်ခုဟာ ကလေးငယ်တွေရဲ့အရပ်အမြင့် နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို အထောက်အကူပြုစေပါတယ် ။ တရုတ်နိုင်ငံက Zhejiang ပြည်နယ်၊ Wenzhou မြို့ရှိ Ren Pei Yun လို့ခေါ်တဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့အရွယ်အစားသေးငယ်မှုကြောင့် ကလေးငယ်တစ်ယောက်ဆိုပြီး မှားယွင်းမှုခံနေရပါတယ် ။ ဒီအမျိုးသမီးရဲ့ အရပ်အမြင့်ဟာ 4 ပေခွဲသာ ရှိပါတယ် ။ သူမဟာ သေးငယ်တဲ့ဘောင်ဆိုပေမယ့် လှပတဲ့သူမရဲ့ရုပ်ရည်ကြောင့် ကြီးမားတဲ့ စင်မြင့်တွင်မှာ ဖျော်ဖြေတင်ဆက်ရန် သူမရဲ့အိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သစ်သီးဆိုင်တစ်ဆိုင်ပိုင်ဆိုင်တဲ့ သူမရဲ့ဖခင်ဟာ ဆေးရုံအမြောက်အများကိုသွားပြီး သမီးဖြစ်သူကြီးထွားမှုအတွက်ကူညီရန် နည်းလမ်းများကို ရှာဖွေခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာ သူမကို ကျောင်းတက်ရန် ၉ နှစ်အရွယ်မှာ စာရင်းသွင်းခွင့်ရခဲ့ပါတယ်။ သူမအသက် ၂၁ […]
၁၄ မြို့နယ်ကို Stay at home သတ်မှတ်
ကိုဗစ်ကူးစက်မှု မြင့်တက်လာလို့ မွန်ပြည်နယ်၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁၄ ခုကို Stay at home မြို့နယ်တွေအဖြစ် သတ်မှတ်ပြီး အဲဒီအမိန့် မနက်ဖြန် မနက် ၄ နာရီက စတင် အသက်ဝင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကြေညာပါတယ်။ Stay at home သတ်မှတ်မြို့နယ်များ မွန်ပြည်နယ် မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံ မကွေးတိုင်း ဂန့်ဂေါ ရန်ကုန်တိုင်း မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်းနဲ့ မရမ်းကုန်း အခုလို ထပ်မံ ကြေညာမှုကြောင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ […]
လမ်းမကြီးပေါ်မှာပျော်ရွှင်စွာ ကစားနေတဲ့ အိုးမဲ့အိမ်မဲ့အမေနှင့်သားရဲ့ ဓါတ်ပုံဟာ လူအများရဲ့နှလုံးသားကိုထိမိစေခဲ့
လမ်းမကြီးပေါ်မှာ ပကာသနမပါဘဲ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ဓာတ်ပုံကြောင့် လူအများရဲ့နှလုံးသားကို ထိမိသွားစေခဲ့တဲ့ အိမ်ရာမဲ့သားအမိနှစ်ဦး Manila , Parañaque မြို့ NAIA အမြန်လမ်းမကြီးအောက်ရှိလေယာဉ်လမ်းပေါ်မှာ Ameniel Del Mundo အမည်ရှိ Facebook အသုံးပြုသူရဲ့ကားဟာ ယာဉ်ကြောပိတ်ဆို့မိနေချိန် Ameniel ဟာ မိမိရဲ့အခြေအနေနှင့် အလုပ်ကိစ္စများနဲ့ပတ်သက်ပြီး စိတ်ဖိစီးနေချိန် လမ်းဘေးမှာအိပ်ပြီးပျော်ရွှင်စွာ ကစားနေတဲ့ အိုးမဲ့အိမ်မဲ့အမျိုးသမီးနှင့်သူမရဲ့ကလေးကို တွေ့ခဲ့ရပါတယ်။ ထိုမြင်ကွင်းက Ameniel ရဲ့ခံစားချက်ကိုပြောင်းလဲစေခဲ့ပါတယ်။ Ameniel ဟာ ထိုအရာကိုဓာတ်ပုံရိုက်ယူခဲ့ပြီး သူ့ Facebook page မှာ “ ပျော်ရွှင်မှု က ရွေးချယ်မှုတစ်ခုသာဖြစ်ကြောင်းသက်သေပြပေးပါ” ဟူသော ခေါင်းစဉ်နှင့်အတူ ဓာတ်ပုံနှစ်ပုံကို တင်ခဲ့ပါတယ်။ ထိုဓာတ်ပုံဟာ လူသိများသွားခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူများစွာဟာ မိမိတို့ရဲ့အခြေအနေများကြားမှ ပျော်ရွှင်နေတဲ့၎င်းမိသားစုလေးကို လေးစားခဲ့ကြပါတယ်။ ၎င်းက ပျော်ရွှင်ဖွယ် […]
သူစူးတာက နောက်မှာပါ … ခုလောလောဆယ်တော့ ကိုယ်ပဲ ရူးရတယ်
မေတ္တာစစ်ရင်စူးတယ်တဲ့ …သူစူးတာက နောက်မှာပါ … ခုလောလောဆယ်တော့ ကိုယ်ပဲ ရူးရတယ် ။ မချစ်မှန်းသိသိရဲ့နဲ့ တွယ်ကပ်နေရတာ အဆင်ပြေတယ်လို့ထင်လို့လား ဒါမမဟုတ် ကိုယ်ချစ်နေရုံနဲ့ ဖြစ်တယ်ဆိုတာကော တကယ်အမှန်လို့ထင်လို့လား တကယ်တမ်းကျတော့ အဲ့တာတွေက ဟန်ဆောင်လိုက်တာပါ ။ အနည်းဆုံးတော့ ကိုယ်ချစ်သလို ပြန်ပြီး ချစ်စေချင်တာကြတာပါပဲ ။ လူတိုင်းအတွက် အရေးပါဖို့မလိုဘူး … ဒါပေမယ့် ကိုယ်ချစ်တဲ့လူအတွက်တော့ လူတိုင်းအရေးပါချင်ကြတာချည်းပဲလေ ။ အရုပ်လေးတစ်ရုပ်ကို ချောင်ထိုးထားတာ ကြာသွားတဲ့အခါ ဖုန်တက်သွားသလိုပဲ ကျွန်မတို့မှာလဲ စိတ်တွေ ပျက်ရတယ် မျှော်လင့်ရင်းလဲ မျှော်လင့်နေရတာတွေကို မုန်းမိလာတယ် ။ ဘာပဲဖြစ်ဖြစ်ပါ … ချစ်မိသူက အရင် ရူးရတယ် ။ သူပျော်နေရင် အဆင်ပြေပါတယ်ဆိုပေမယ့် သူပျော်ဖို့အတွက် ကိုယ်ငိုပေးခဲ့ရတဲ့ရက်တွေတိုင်းဟာ ပြဿဒါးပါ ဒါကို ကျွန်မအချိန်အတော်ကြာ […]
ခြေ(၄)ချောင်းသားမစားကြောင်း ဆရာတော်ကြီးကို ရိုသေစွာလျှောက်တင်နေတဲ့ အမေစုရဲ့ဗီဒီယိုလေးကိုကြည့်ပြီး လွမ်းဆွတ်သတိရနေကြတဲ့ ပြည်သူများ
မြန်မာပြည်သူတွေကတော့ ခေါင်းဆောင်ကောင်းပီသတဲ့ လူထုခေါင်းဆောင်အမေစုကို ချစ်ခင်ကြပြီး အသက်(၇၆)နှစ်ပြည့်မွေးနေ့မှာလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြသေးပါတယ်။ ထိန်းသိမ်းခံထားရတဲ့ အမေစုကလည်း ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါကို ဂရုစိုက်ကြဖို့ မှာကြားမှုတွေရှိကြောင်း သတင်းတွေအရ သိရပါတယ်။ ပြည်သူတွေကတော့ အခုလိုကိုဗစ်ကူးစက်မှုပြန်ဖြစ်နေချိန်မှာ အမေစုလက်ထက်က ကိုဗစ်နဲ့ပတ်သက်ပြီးစနစ်တကျပြုလုပ်ပေးခဲ့တဲ့ အမှတ်တရတွေကို သတိရနေကြပါတယ်။ ယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ခြေ(၄)ချောင်းသားမစားကြောင်း ဆရာတော်ဘုရားကြီးကို ရိုသေစွာလျှောက်တင်နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။ ဖွယ်ဖွယ်ရာရာမစားတတ်တဲ့အကြောင်းလျှောက်တင်ရင်း ဆရာတော်ကြီးစွန့်ကြဲလိုက်တဲ့ ထမင်း၊ဟင်းကို စားနေတဲ့ အမေစုရဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူတွေ များပြားနေခဲ့ပါတယ်။ ပြည်သူတစ်ယောက်ကတော့ အဆိုပါဗီဒီယိုဖိုင်လေးကို မျှဝေရင်း အမေစုကိုလွမ်းဆွတ်သတိရတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ ပြည်သူတစ်ဦးက ” တပည့်တော်မ ဖွယ်ဖွယ်ရာရာ မစားတတ်ပါဘူး ဘုရား ဟင်း (၂)မျိုးထက်ပိုရင် ဘာစားရမှန်း မသိတော့ဘူး ဘုရား ခြေ (၄)ချောင်း မစားပါဘူး […]
ဆန်တွေ ဝယ်ထားတာ ကြာလာလို့ မည်းလာ ပိုးထိုးလာလျှင်
ဆန်တွေ ဝယ်ထားတာ ကြာလာလို့ မည်းလာ ပိုးထိုးလာလျှင် အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာလို့ မည်းလာတာ ပိုးထိုးတာ မဖြစ်ရအောင် အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီရန်တွေကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ အချက်က ၅ ချက်ပဲ ရှိပါတယ်။ ရိုးရှင်းပြီး လွယ်ကူပါတယ်။ ၁။ ငရုတ်သီးခြောက် ထည့်ထားပါ လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီး အနီခြောက် တချို့ကိုပါ ရောပြီး ထည့်ထားပေးပါ။ ငရုတ်သီးရဲ့ အနံ့ကို ပိုးမွှားတွေက မကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။ ၂။ နေရောင်ခံပေးပါ သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် […]
တစ်ပတ်အတွင်း အရပ်ပိုရှည်လာပြီး ကိုယ်နေဟန်ထားမှန်လာစေမယ့် လေ့ကျင့်ခန်းမျာတစ်ပတ်အတွင်း အရပ်ပိုရှည်လာပြီး ကိုယ်နေဟန်ထားမှန်လာစေမယ့် လေ့ကျင့်ခန်းမျာ
တစ်ပတ်အတွင်း အရပ်ပိုရှည်လာပြီး ကိုယ်နေဟန်ထားမှန်လာစေမယ့် လေ့ကျင့်ခန်းမျာတစ်ပတ်အတွင်း အရပ်ပိုရှည်လာပြီး ကိုယ်နေဟန်ထားမှန်လာစေမယ့် လေ့ကျင့်ခန်းများ လူတစ်ယောက်ကြည့်ကောင်းဖို့အတွက် ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံ၊ အပြင်အဆင်နဲ့ ကိုယ်နေဟန်ထားအချိုးကျဖို့လည်းလိုအပ်ပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်ဖို့နဲ့ အရပ်ရှည်လာဖို့အတွက်တော့ လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။ တစ်ပတ်အတွင်း သိသိသာသာအရပ်ရှည်လာပြီး အချိုးကျလာစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော် … (၁) စက်ဘီးစီးပါ ခြေထောက်အရှည်နဲ့ ခြေနင်းခုံကိုချိန်ညှိပြီး စက်ဘီးစီးပေးရမှာပါ။ ခြေနင်းခုံကိုအရမ်းမြင့်မြင့်မထားပဲ ခြေဆန့်ပြီးစီးရတဲ့ပုံစံမျိုးထားပြီးစီးပေးရင် ခြေထောက်ကြွက်သားနဲ့ အရိုးဆန့်ထုတ်တဲ့ပုံစံဖြစ်ပြီး အရပ်ရှည်လာစေပါတယ်။ သတိပြုရမယ့်အချက်ကတော့ ခြေနင်းခုံနဲ့ခြေထောက်နဲ့လုံးဝမထိပဲ အကွာအဝေးအရမ်းခြားရင်တော့ အရိုးအဆစ်တွေထိခိုက်နိုင်တဲ့အတွက် မထားသင့်ပါဘူး (၂) ဘားခိုပါ ဘားခိုတာကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အရပ်ရှည်လာစေမှာပါ။ (၃) မြွေဟောက်ပုံစံ လေ့ကျင့်ခန်း ခန္ဓာကိုယ်ကို မှောက်လျက်အနေအထားထားပြီး အပေါ်ပိုင်းကို ကော့ညွှတ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်ကျောဘက်၊ ဗိုက်နဲ့ တင်ပါးတို့ကိုအကြောဆန့်ပေးတာဖြစ်တဲ့အတွက် ကြောရိုးမအတွက်အလွန်ကောင်းပြီး အရပ်လည်းရှည်လာစေပါတယ်။ (၄) […]
၇ရက်ဆက်တိုက် ဘီယာနဲ့မျက်နှာသစ်ခဲ့ရင်
၇ရက်ဆက်တိုက် ဘီယာနဲ့မျက်နှာသစ်ခဲ့ရင် အမေတွေကပြောလေ့ရှိကြတယ် နို့ကအသားအရေအတွက်အရမ်းကောင်းတယ်တဲ့လေ။ ဟိုးးး ရှေးခေတ်တွေတုန်းကဆို နို့စိမ်ပြီးတောင်ရေချိုးကြသေးတာ။ ဂန္တဝင်အလှဘုရင်မကြီးကလီယိုပတ်ထရာလိုလေ။ အခုခေတ်မှာတော့ အဲဒီအလေ့အထတွေ ခဏခေါက်ထားလိုက်ကြရအောင်နော်။ သောက်လို့ရော ရေချိုးလို့ရော ခေါင်းလျှော်လို့ပါရတဲ့ ခေတ်သစ်ရဲ့အလှကုန်ကတော့ ဘီယာပါတဲ့။ မုယောစပါး၊ နှံစားပြောင်း၊ စပါးတွေကနေချက်လုပ်ထားတဲ့ဘီယာထဲမှာ အသားအရေကိုအားဖြစ်စေတဲ့ဓါတ်ပစ္စည်းတွေအများကြီးပါဝင်တယ်ဆိုတာကို သင်သိပါသလား? ၇ရက်ဆက်တိုက် ဘီယာနဲ့မျက်နှာသစ်ပေးရင် ဘာတွေဖြစ်လာမလဲလို့ ကြည့်လိုက်ကြရအောင်… Day 1. ကိုယ်သုံးချင်တဲ့ဘီယာကို မတ်ခွက်ထဲထည့်ပါ။ ဆေးကြောသန့်စင်ပြီးသားမျက်နှာကို ဘီယာနဲ့ထပ်ဆေးပါ။ အသားထဲစိမ့်ဝင်အောင် လက်ဖျားထိပ်နဲ့ ဖိဖိပေးပါ။ နူးညံ့သောမျက်နှာသုတ်ပုဝါဖြင့် အသာအယာတို့ပြီးသုတ်ပါ။ ညဘက်သစ်ရင် ပိုကောင်းပါတယ်။ Day 2. ညစဉ်တိုင်းမှာ မတ်ခွက်ထဲကဘီယာကုန်သည်အထိ မျက်နှာဆေးပါ။ ဝက်ခြံရှိပါက စပ်ဖျဉ်းဖျဉ်းလေးခံစားရပါလိမ့်မယ်။ Day 3. ဝက်ခြံတွေ သိသိသာသာလျော့ပါးလာတာကို အံ့သြစွာနဲ့တွေ့ရပါလိမ့်မယ်။ ဘီယာရဲ့ antibacterial action ကြောင့် ဝက်ခြံကုသရာမှာ […]
သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်းကိုအရမ်းချစ်လွန်းတာကြောင့် သားလေးရဲ့ပါးကိုအဆက်မပြတ်အာဘွားတွေပေးနေတဲ့ မင်းမော်ကွန်းရဲ့ဗီဒီယိုလေး
ပရိသတ်ကြီးရေ ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေတဲ့ သရုပ်ဆောင် မင်းမော်ကွန်းကတော့ သူချစ်ရတဲ့မိသားစုဝင်များကို ခေတ္တစွန့်ခွာပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူပါနော်။ နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။ တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာ သူ့ရဲ့သားသမီးတွေကို သိပ်ချစ်တတ်တဲ့ ဖခင်တစ်ဦးပါနော်။ သားအငယ်ဆုံးလေးကလည်း ဖခင်နဲ့ ခွဲနေရတာ အချိန်ကြာပြီဖြစ်တာကြောင့် ဖေဖေ့ကို နစ်မေးထဲ မေးနေပါတယ်နော်။ မင်းမော်ကွန်းကလည်း သူ့ရဲ့ သားလေးနဲ့ အာဏာမသိမ်းခင်တုန်းက ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ဗီဒီယ်ုတစ်ခုကိုပရိသတ်တွေ ကြည့်ရှုဖို့ တင်ပေးလိုက်ပါတယ်နော်။ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်များကိုလည်း ပြောပေးသွားကြပါဦး ပရိသတ်ကြီးရေ…. &; Credit Zawgyi ပရိသတ်ကြီးရေ ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေတဲ့ သရုပ်ဆောင် မင်းမော်ကွန်းကတော့ သူချစ်ရတဲ့မိသားစုဝင်များကို ခေတ္တစွန့်ခွာပြီး […]









