အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး နေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။ နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင်ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။ လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။ အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။ အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ထုံကျဉ်တာ ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ပိုချမ်းတတ်တာ အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ […]
Day: September 27, 2021
သူရဲကောင်းတွေရဲ့ နှလုံးသားဆိုတာ ဒါကိုခေါ်တာ…(၂မိနစ်တောင်မကြာတာမို့ လူတိုင်းကို ဖတ်စေချင်ပါတယ်)
သူရဲကောင်းတွေရဲ့ နှလုံးသားဆိုတာ ဒါကိုခေါ်တာ အင်းဝခေတ် နန်းမတော်မယ်နု ကိုးကွယ်တဲ့ ဆရာတော် ဦးဗုဓ်ဆီကို စစ်ကိုင်းက ကိုရင်လေးတစ်ပါးလာပါတယ်။ ဘုရားရှိခိုးတယ်။ သင့်လျော်တဲ့ နေရာမှာထိုင်တယ်။ ဆရာတော်ဦးဗုဓ်က လုံးဝမကြည့်ဘူး။ သူ့စာသူ ဖတ်နေတာ၊ လုံးဝ ဂရုမပြုဘူး။ ကြာလာတော့ ကိုရင်လေးက ပြောတယ်”မြတ်စွာဘုရားကို သတိရလိုက်တာ”…တဲ့။ ဆရာတော်ဦးဗုဓ် နည်းနည်းတွန့်သွားတယ်။ ဂရု မပြုလို့ မဖြစ်တော့ဘူး။မြတ်စွာဘုရားဆိုတဲ့အသံကို ကြားလိုက်တာကိုး။ ကိုရင်က ဆက်ပြောတယ်… “မြတ်စွာဘုရားကို သတိရလိုက်တာ အာဝါသိကဝတ်ကို မသိတဲ့ကျောင်းတိုက်ကို ရောက်တဲ့အခါ အာဂန္တုတွေ အနေရခက်တယ်လို့ မိန့်တော်မူခဲ့တာ မှန်လိုက်တာ”…တဲ့။ ဘုရားဒေသနာအတိုင်း ပြောတာကို ဆရာတော်ဦးဗုဓ်ကြားတော့… ပြာပြာသလဲနဲ့ “ထိုင်ပါကိုရင် ထိုင်ပါ ၊ အခု ငါမေးပါတယ်ကွာ ကိုရင်ဘွဲ့အမည်က ဘယ်လိုခေါ်လဲ ? ဘာကိစ္စနဲ့ ကြွလာသလဲ?” ဖြစ်ရော။ […]
ခံယူချက်အဟောင်းတွေကို မစွန့်သေးသမျ
တစ်ခါတုန်းကပေါ့။ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက် ရှိတယ်။ ဆင်းဆင်းရဲရဲနဲ့ တောင်းစားနေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူပြည်ဆင်းလာပြီး.. ” အို.. အသင် လူသား.. ငါသင့်ကို ကူညီမယ်၊ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်း ပြောပါ။ ” ” ကောင်းပါပြီ သိကြားမင်း ” ” ငါနင့်ကို ပိုက်ဆံ ငါးသိန်း ပေးရင် သင်ဘာလုပ်မလဲ ” ဆိုတော့ သူတောင်းစားက စဉ်းစားပြီး.. ” ဖုန်းဝယ်ပါမယ် သကြားမင်း ” ” ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ ” ဆိုတော့ ” သူတောင်းစား သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး.. ဘယ်နေရာမှာ တောင်းလို့ကောင်းလဲ မေးပြီး အဲဒီ ဒီနေရာ […]
” မမျှော်စိတ်နဲ့ လှူလိုက်ပါ “
” မမျှော်စိတ်နဲ့ လှူလိုက်ပါ “ တပည့်တော်တို့ ရန်ကုန်ကတောင် လာဖူးရတာပါဘုရား…”ဟု အစချီလျက် ဟောဒါက ဘာလေးပါဘုရား၊ ညာလေးပါဘုရား၊ နိုင်ငံခြားကတပည့်တော် သား၊ သမီးပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား၊မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့်ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား “ဟောဗျာ၊ ရန်ကုန်မှာ သံဃာမရှိတာကျလို့ဗျား၊ကိုယ့်အိမ်ရှေ့ဆွမ်းလာရပ်တဲ့ သံဃာလှူလိုက်တော့ကော ကုသိုလ်မရလို့လားဗျ….အင်၊ ခင်ဗျားတို့ ဒီလိုပုဂ္ဂိုလ်စွဲနဲ့သာ လှူ နေရင်ငါစွဲ၊ ငါ့ပစ္စည်းစွဲဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေကဘယ်တော့လွတ်မတုန်းဗျ။ငါတော့ ဘယ်ဆရာတော်ကြီးကိုဘာလှူ လိုက်ရတာဆိုတဲ့ စွဲစိတ်တွေ၊ပျော်စိတ်တွေ၊ ဒီလို လှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာဆိုတဲ့အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ ဒါနအကျိုးပေးမစင်ကြယ်သေးဘူးလို့မှတ်ဗျာ…။ အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဝေးသေးဗျ။ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင်တခြားသံဃာကို တစ်ကျပ်ဖိုးအထင်သေးသလိုဖြစ်နေတတ်တဲ့သဘောကိုရော ဆင်ခြင်မိကြရဲ့လားဗျာ…။ ဟုတ်ဗျား…။သံဃာဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူအကျင့်တူလို့ သံဃာခေါ်တာဗျ…။ဟာ…ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့မလှူဘူး မလုပ်ပါနဲ့…။ […]
နတ်တွေက သင့်ကို စောင့်ရှောက်နေရင် သိနိုင်မယ့် နိမိတ် ၅ မျိုး
နတ်တွေက သင့်ကို စောင့်ရှောက်နေရင် သိနိုင်မယ့် နိမိတ် ၅ မျိုး တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ပဲပြောရမလား၊ ထူးခြားချက်လို့ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်းခံရပါတယ်။ သင့်ကိုနတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။ တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲလိုလို ကြုံတွေ့နေရတယ်ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရသူပါ။ (၁) ငှက်မွှေးလေးကျလာတယ် တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတဖြစ်ပါတယ်။ သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် သမရိုးကျနေရာတွေမဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလိုနေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင်သေချာပါတယ်။ (၂) ၁၁း၁၁ နာရီ… ၁၁း၁၁ […]
အိပ်နေစဉ်အတွင်း သင့်အသားအရေ ပိုပြီးလှလာစေဖို့ အသားအရေ ထိန်းသိမ်းနည်းတွေ
ကျွန်မတို့ အိပ်စက်နေချိန်မှာ ဆဲလ်သစ်တွေ ဖြစ်ပေါ်စေပြီး အသားအရေကို ပြုပြင်ပေးမှာပါ။ ဒါ့ကြောင့် ညအိပ်ယာမဝင်ခင်မှာ အသားအရေထိန်းသိမ်းမှု အလုံအလောက်လုပ်ပေးခြင်းဖြင့် အိပ်စက်နေချိန်မှာ သင့်ကို အလှဆုံးဖြစ်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်နော်။ ၁။ အိပ်ယာမဝင်ခင် ဝက်ခြံနဲ့အမာရွတ်တွေ သက်သာစေဖို့ ရှားစောင်းလက်ပတ်အနှစ်ကို လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ မျက်နှာသစ်လိုက်ပါ။ (ရှားစောင်းလက်ပတ်နဲ့ မတည့်သူတွေမလိမ်းပါနဲ့။) ၂။ သင့်မျက်တောင်မွှေး၊ မျက်ခုံးမွှေးတွေ သန်စွမ်းစေဖို့အတွက် ကြက်ဆူဆီကို လိမ်းပေးလိုက်ပါ။ ၃။ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းသား နူးညံ့စိုပြေစေဖို့ အုန်းဆီနဲ့ သကြားရောပြီး နှုတ်ခမ်းကို ၅ မိနစ်လောက် ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနဲ့ ပြန်ဆေးလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ အုန်းဆီ ပြန်လိမ်းပေးပြီးမှ အိပ်ယာဝင်ပါ။ ၄။ ဆံကေသာကို အစိုဓာတ်ဖြည့်တင်းပါ။ ဆံကေသာကို အုန်းဆီ (သို့) ခေါင်းလိမ်းဆီ […]





