အာဏာသိမ်းပြီးကတည်းက ဒန်အိုးတီးတာ တစ်ရက်မှ မပျက်တဲ့ အင်ဒိုနီးရှားသူ မြန်မာအာဏာရူးစစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ည (၈) နာရီတိုင်း ဒန်အိုးတီး မပျက်သူကတော့ အင်ဒိုနီးရှား နိုင်ငံက Yuyun Wahyuningrum ပဲဖြစ်ပါတယ်။ Yuyun ဟာ အင်ဒိုနီးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်ဖြစ်ပါတယ်။ အာဆီယံအစိုးရနဲ့ အာဆီယံလူ့အခွင့်အရေးကော်မရှင်တွေတွေ့ဆုံဆွေးနွေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အပြင်းအထန်ဝေဖန်ဆန့်ကျင်သူလည်းဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်တက်ရောက်ခဲ့တဲ့ Asean Intergovernmental Comission on Human Rights အစည်းအဝေးမှာ စစ်တပ်ရဲ့လူမဆန်မှုတွေနဲ့ပတ်သက်လို့ ဦးဝဏ္ဏမောင်လွင်ကို တိုက်ရိုက်ပြောဆို ဝေဖန်ရှုတ်ချခဲ့သူပါ။ စကစသတင်းတွေမှာတော့ သူတို့ကိုယ်စားလှယ်ဘာတွေပြောခဲ့တယ်ဆိုတာပဲဖေါ်ပြလေ့ရှိပြီး ဘယ်သူက ဘာတွေပြန်မေးခွန်းထုတ် လို့ ဘယ်လို ရှုတ်ချခဲ့လဲဆိုတာတွေဖေါ်ပြလေ့မရှိပါဘူး။ Yuyan ဟာ အင်ဒိုနီးရှားအပါအဝင်အာဆီယံနိုင်ငံတွေရဲ့ တွေဝေမှု ကြားနေအသံတိတ်မှုတွေကို အမြဲဝေဖန်နေသူလည်းဖြစ်ပါတယ်။ မြန်မာပြည်သူတွေဘက်က ရပ်တည်တယ်ဆိုတာ […]
Day: September 28, 2021
လိုင်းပေါ်ကနေ အာချောင်နေတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ ယှဉ်ချင်လည်း အဆင်သင့်ပဲဆိုတဲ့ ယှဉ်လတ်
လိုင်းပေါ်ကနေ အာချောင်နေတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ ယှဉ်ချင်လည်း အဆင်သင့်ပဲဆိုတဲ့ ယှဉ်လတ် ပရိသတ်ကြီးရေ သရုပ်ဆောင် ယဉ်လတ်ကိုတော့ အားလုံးသိကြမယ် ထင်ပါ တယ်နော်။နွေဦးတော်လှန်ရေးမှာလည်း လုံးဝမပါဝင်ပဲ ရေငုံနှုတ်ပိတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ ဘယ်လိုပဲ ဝေဖန်နေပါပစေ လုံးဝကို မတုံ့ပြန်ပဲ အေးဆေးစွာနဲ့ နေနေတာပဲဖြစ်ပါတယ်။ ယဉ်လတ်ဟာဆိုရင် စစ်တပ်ထောက်ခံသူ အနေနဲ့တင်မဟုတ်ဘဲ MWD ချန်နယ်အတွက် အစီအစဉ်တစ်ခု ရိုက်ကူးထားပါသေးတယ်။သူတင်တဲ့ပုံတွေ အောက်မှာလည်း ပရိသတ်တွေက ဝိုင်းပြီး ပြောထားကြတာလည်း တွေ့ရပါတယ်နော်။ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပါပစေ ယဉ်လတ်ကတော့ လုံးဝကို ဂရုမစိုက် ပါဘူးတဲ့ ဒီနေ့မှတော့ တပ်ချစ်သူ ယဉ်လတ်ကငပိန်းတွေကို အနီကောင်တွေ သိစေချင်တာက သူမဟာ ဘယ်နေရာက တာဝန်ထမ်းဆောင်ရပါစေ နိုင်ငံအတွက် တပ်မတော်နဲ့အတူ ထမ်းဆောင်နိုင်ပါတယ်လို့ ရေးသားလာပြီးနောက်မှာတော့ ပုံလေးတွေနဲ့အတူ တင်ပေးလာပြီ ဖြစ်ပါတယ်။သူမရဲ့ […]
ငွေကြေးဖေါင်းပွမှု ကို အစမှာ လျှင်လျှင်မြန်မြန်ထိန်းချုပ်ရပါတယ် မထိန်းချုပ်နိုင်ရင်….
ငွေကြေးဖေါင်းပွမှု inflation ကို အစမှာ လျှင်လျှင်မြန်မြန်ထိန်းချုပ်ရပါတယ်။ မထိန်းချုပ်ရင် hyperinflation ထိမ်းချုပ်နိုင်စွမ်းမဲ့ ဖေါင်းပွမှုအဖြစ် အလျှင်အမြန် တိုးလာပါတယ်။… (Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်) ဥပမာ… ဇင်ဘာဘွေ၊ ဗင်နီဇွဲလား နိုင်ငံကို ကြည့်မြင်နိုင်ပါတယ်။ ဗင်နီဇွဲလား ဟာ ၂၀၁၆ ကနေ ၂၀၁၉ ကြား ၅၃,၇၉၈,၅၀၀ % (ရာခိုင်နှုံး ၅၃ သန်းကျော်) တိတိ ငွေကြေးဖေါင်းပွပါတယ်။ လေးနှစ်အတွင်း ဆတိုး ဖေါင်းပွနှုံး ဟာ ကြောက်ခမန်းလိလိ ဖြစ်လာပါတယ်။… ငွေကြေးဖေါင်းပွမှုဟာ ရေတိုမှာ ဒေါ်လာ၊ ရွှေ နဲ့ မတိုင်းတာပါဘူး၊ ကုန်ပစ္စည်းဈေးနှုံး အတက်အကျ Comsumer price index CPI […]
တောရောမြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာ
တောရောမြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာ မော်လမြိုင်၊ စက်တင်ဘာ၊ ၂၈ စစ်တပ် အာဏာသိမ်းပြီးနောက် တောရော မြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကြောင်း စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ် သက်တမ်း ၅ လကြာ ထပ်တိုးကြောင်း စစ်ကောင်စီရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အပစ်ရပ်ကာလကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ […]
တရားသူကြီးက မတ်တပ်ရပ်ခိုင်းတာကို ဂရုတောင်မစိုက်တဲ့ အမေစု
ဒေါ်အောင်ဆန်းစုကြည်ဆိုတာအင်းစိန်ထောင်ဝက တရားရုံးမှာတရားသူကြီးက “ဒေါ်စုကြည် မတ်တတ်ရပ်ပေးပါ” ဆိုပြီးမတရားစီရင်ချက်ကို နာကြားဖို့ ရပ်ခိုင်းပါတယ်😏 ဒေါ်အောင်ဆန်းစုကြည်🙏 မတ်တတ်ထမရပ်ပါဘူး…မတရားသူကြီးက ထပ်ပြောပါတယ် ဒါလည်း ထမရပ်လို့ မတရားသူကြီးအဖွဲ့က”ဒေါ်စုကြည် ဘာကြောင့် မတ်တတ်ထမရပ်တာပါလဲ” လို့ မေးမြန်းပါတယ်။ ဒါကြောင့် အစိုးရ ရှေ့နေက ဒေါ်အောင်ဆန်းစုကြည်နားလာပြီးနောက်ထပ် ပုဒ်မတိုးချင်လို့လားလို့ မေးတယ်။ “ဘယ်သူ့ကို မတ်တတ်ထရပ်ဖို့ ပြောနေတာလဲဆိုတာ ကျွန်မ မသိလို့ပါ” လို့ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောတော့.. “ဒေါ်စုကြည်ကိုပြောတာပါလို့” လို့ မတရားသူကြီးအဖွဲ့က လှမ်းပြောပါတယ်။ “ဒေါ်စုကြည်ဆိုတာ ကျွန်မနာမည်မဟုတ်ဘူး” ကျွန်မနာမည်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်လို့” ပြန်ပြောတော့မှ.. မတရားသူကြီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည် မတ်တတ် ထရပ်ပါ” လို့ပြင်ပြောရပါတယ်။ ထောင် ၃ နှစ်ချမယ်လို့ အမိန့်ချတော့”ကျွန်မကို နေအိမ်မှာ အကျဥ်းချဖို့ပြန်မပို့ပါနဲ့၊အကျဥ်းထောင်မှာပဲ..အခြားအကျဥ်းသားတွေနဲ့အတူအကျဥ်းသား စစ်စစ်အဖြစ်နေခွင့်ပေးပါ”လို့ တောင်းဆိုလိုက်ပါတယ် 😥 ၂၂-၉-၂၀၂၁ […]
ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်အကြောင်း..
ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်အကြောင်း.. မြန်မာပဒေသရာဇ်ခေတ်ရဲ့ နန်းကျဘုရင် (သို့) ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်က သိမ်းပိုက်ပြီးချိန်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျယ်ချုပ်ချပြီး ထားရှိချိန်မှာ သူမန္တလေးမှာ ရှိစဉ်က ရွှေကွမ်းအစ်နဲ့ ထည့်ထားတဲ့နန်းစဉ် ရတနာတွေကို အဲ့ဒီအချိန်က အင်္ဂလိပ်သံအရာရှိ ကာနယ်စလေဒင်ကို ပေးအပ်ထားတာ ပြန်ရရှိဘို့ ရှေ့နေတွေငှားပြီး အင်္ဂလိပ်အစိုးရထံ ပြန်လည်ရှိရေး ကြိုးပမ်းခဲ့သေးတယ်ဆိုဘဲ။ ရတနာဂီရိကို မပို့ဆောင်ခင်အချိန်က အိန္ဒိယနိုင်ငံ၊ နယူးဒလီမြို့မှာ ထားရှိစဉ်အချိန်က သုံးစွဲဘို့ ငွေကြေးအကြပ်အတည်း ကြုံလာတိုင်း အင်္ဂလန်ကလာတဲ့ ကျောက်ကုန်သည်တွေထံ သူ့ထံမှာ ဝတ်ဆင်ထားတဲ့ ကျောက်မျက် လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းလေ့ရှိတယ်ဆိုဘဲ။ နောက်ပိုင်း ကုန်သည်တွေ ခြေရှုပ်လာလို့ […]
“ပီတိမျက်ရည်ဝဲရတဲ့ ပြည်သူတဦး၏ မေတ္တာ”
“ပီတိမ်က္ရည္ဝဲရတဲ့ ျပည္သူတဦး၏ ေမတၱာ” (Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်) နေ့ခင်းတုန်းကဆိုင်ကို သားအမိနှစ်ယောက်ဝင်လာတယ်။နွမ်းနွမ်းပါးပါးလေးဆိုတာမြင်တာနဲ့သိသာပါတယ်။ကလေးငယ်က မျက်စိမမြင်ရှာဘူး။အမေဖြစ်သူကဂစ်တာဈေး ဘယ်လောက်လဲလို့မေးတယ်။.. အနိမ့်ဆုံး ၃၅၀၀၀ကျပ်လို့ ဖြေလိုက်တော့မျက်နှာပျက်သွားတာကို မြင်လိုက်ရတယ်။ကလေးကပျော်ရွှင်ခုန်ပေါက်နေတာ ဂစ်တာရတော့မယ်ဆိုပြီးတော့ပေါ့။သူ့အမေရဲ့ ပျက်နေတဲ့မျက်နှာကို သူမမြင်ရဘူးလေ။… ကျွန်မမှာ ၅၀၀၀ကျပ်ပဲပါတယ်။ဒီဂစ်တာအပြာလေးကို ချန်ထားပေးပါလား။ကျွန်မ ဈေးရောင်းပြီးလို့ ရတဲ့အမြတ်ကို နေ့တိုင်းလာသွင်းပါ့မယ်။ ၃၅၀၀၀ ကျပ် ပြည့်ရင် ဂစ်တာယူမယ်လေ။အာ့လိုလေးလုပ်ပေးပါလား အစ်ကိုတဲ့ ။… ရင်ထဲမှာ နင့်နေအောင် နာကျင်သွားတယ်ဗျာ။အမေက သားဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်ပေးမဲ့မိခင်မေတ္တာက အထင်းရှားကြီးဗျာ။မျက်ရည်တောင်ဝဲသွားမိတယ်။ကလေးက ဂစ်တာတီးတက်လားမေးတော့ အရမ်းကျွမ်းတယ်ဆိုလို့ကြိုးညှိပြီး ဂစ်တာပေးလိုက်တယ်။… ကလေးက ဂစ်တာရတာနဲ့ ပျော်ရွှင်စွာတီးတော့ပဲ။ကျွန်တော်ချက်ချင်းသိလိုက်တယ်။ကလေးက ဂစ်တာမတီးတက်ဘူး။ ကော့ဒ်တောင်မကိုင်တက်ဘူး။ဒါပေမယ့်ဖျားသွားတယ်၊ သူတီးတာ အရမ်းနားထောင်လို့ ကောင်းတယ်။ ဟာမိုနီဖြစ်တယ်။.. သူ့ကိုင်တဲ့ လက်ကွက်တွေက စိတ်ထင်တာတွေလျှောက်နှိပ်နေတာ။ဒါပေမယ့် […]
ခွေးပျင်း နှင့် ဝက်ပျင်း (ဗဟုသုတရဖွယ် စာသားလေးပါ)
တစ်ခါတုန်းက လွင်ပြင်တစ်ခုမှာ ဝက်ကြီး တစ်ကောင် အစာရှာလှည့်နေသတဲ့။ အဲဒီအခါမှာ ခွေး တစ်ကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ kiteစားမယ်ဆိုပြီး အပြေးလိုက်သတဲ့။ ဒါပေမယ့် တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံပေးပြီး ဟောင်ဖွာဟောင်ဖွာနဲ့ လိုက်သတဲ့။ ဒါနဲ့ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ kiteစားဖို့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။ အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်ကလိုက်လာတဲ့ ခွေးက “ဟာ- မီမှာ မဟုတ်တော့ပါဘူး ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။ ဒီအခါ ရှေ့ကပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေးဆက်မလိုက်မှန်း သိတာနဲ့ “ဒီခွေးလောက်များ ဘာအရေးစိုက်စရာ လိုသေးသလဲ ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ […]
ဦးဖိုးအေးတို့မိသားစု သင်္ချိုင်းထဲမှာပေါက်တဲ့ မျှစ်ကို ချိုးယူပြီးစားလိုက်မိကြသောအခါ
သင်္ချိုင်း ဆိုသည်မှာ*လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။ သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။ ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ […]
မြန်မာပြည်မှာ ပြန်လည်အခြေချဖို့ စဉ်းစားနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း
မြန်မာပြည်မှာ ပြန်လည်အခြေချဖို့ စဉ်းစားနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း ကစားသမားဘဝကအနားယူရင် မြန်မာပြည်မှာပြန်လည်အခြေချဖို့ စိတ်ကူးထားပေမယ့်လက်ရှိမှာတော့ ပြန်လည်စဉ်းစားဖို့ လိုနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း အောင်လအန်ဆန်ရဲ့ ကမ်ဘာ့အဆင့်မီ Python MMA gym ရန်ကုန်မှာတစ်ခု ကချင်ပြည်နယ်မှာတစ်ခု ဖွင့်ထားပြီနော်။အောင်လအန်ဆန်ဟာ ရန်ကုန်မှာ Python MMA ဆိုတဲ့အမည်နဲ့လည်း ကမ္ဘာ့အဆင့်မီ Gym တစ်ခုကို တည်ဆောက်ထားတာ ကြာပါပြီ။ ၂ လပိုင်းလောက်ကတည်းက Gym ကို စဖွင့်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် ခုချိန်ထိရပ်နားထားရတာပါ။အောင်လဟာ သူ့ရဲ့ MMA gym တွေကို ကချင်ပြည်နယ်မှာတစ်ခု ၊ ရန်ကုန်မှာ တစ်ခုဖွင့်ဖို့ စီစဉ်ထားပြီ သူကစားသမားဘဝကအနားယူသွားရင် မြန်မာပြည်မှာ အခြေချနေထိုင်ဖို့ စိတ်ကူးထားခဲ့တာပါ။ဒါပေမယ့် လက်ရှိအခြေအနေအရတော့ သိပ်မလွယ်ကူပါဘူး။ ဒါကြောင့်သူ့အနေနဲ့ အရင်က မြန်မာပြည်မှာ အခြေချဖို့ စဉ်းစားထားခဲ့ပေမယ့်လက်ရှိမှာ […]









