နောက်ကျောကိုဓားနဲ့ထိုးခဲ့သော ဘေဘီမောင်ရဲ့လုပ်ရပ်တွေ ချပြခဲ့တဲ့ မေပန်းချီ (ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်) ပရိသတ်ကြီးရေ သရုပ်ဆောင် မေပန်းချီနဲ့ ဘေဘီမောင်တို့ဟာတစ်ချိန်က သိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါနော်။ အမြဲတတွဲတွဲသွားလာနေကြသူတွေဖြစ်တာကြောင့်အချင်းချင်း အခုလိုနောက်ကျောကနေ ဓားနဲ့ထိုးမယ်လို့ဘယ်သူမှမထင်မိကြပါဘူးနော်။ ကြားသိရသလောက်ကတော့ ဘေဘီမောင်က မေပန်းချီအရမ်းမုန်းတဲ့ ရည်းစားဟောင်းကိုမေပန်းချီမိခင်ရှေ့သို့ ခေါ်သွားခဲ့ရာမှစတင်ခဲ့ကြတာပါနော် (သတင်းအတိအကျသိရခြင်း မဟုတ်ပါ)။ ဘေဘီမောင်ရဲ့ လုပ်ရပ်ကြောင့် မေပန်းချီရဲ့မိခင် ရုတ်တရတ်နှလုံးဖောက်ကာ ဆေးရုံတက်ခဲ့ရလို့လဲ ပြောပါတယ်။ အဲ့အကြောင်းတွေကို မေပန်းချီက သူမရဲ့အကောင့်မှာ ရေးပြခဲ့ဖူးပါတယ်။ မပူပါနဲ့ရှင့်B ကလည်း သူတို့အကြောင်း SS ပေါင်းများစွာလည်း လာမပို့ကြပါနဲ့ကျွန်မ အကောင့်ပြန်ရဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်တစ်ခုချင်းစီ ကို live လွှင့်ပြီးရှင်းဦးမှာပါ မြန်မာပြည်က လူတွေက ဘုရားရှစ်ခိုးပြပြီး မျက်ရည်ခံထိုးလိုက်တာနဲ့ ပွဲပြီးပါတယ်ကျွန်မတော့အဲ့လို မလုပ်တတ်ပါဘူး ဓမ္မနဲ့ အဓမ္မကြားမှာယနေ့ထိ ဓမ္မ ဘက်က အပြည့်အဝရပ်တည်ခဲ့တဲ့ […]
Day: October 4, 2021
အဂတိအမှုအတွက် တရာလိုပြသက်သေတွေရဲ့ထွက်ဆိုချက်နဲ့ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်လိုက်တဲ့စကားတစ်ခွန်း
အဂတိအမှုအတွက် တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့ပြီး သီးခြားမှတ်ချက်မပြုလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော ကျန်းမာရေးကြောင့်ရုံးချိန်းတွေကိုနှစ်ပတ် တစ်ကြိမ် စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်စာတင် အမှု (၁၁) မှုနဲ့တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု (၃)မှုစာအတွက် ရုံးချိန်းကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ (၄) ရက်မှာ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရှေ့နေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ တွေ့ဆုံခွင့်ရချိန်မှာ ပြီးခဲ့တဲ့သောကြာနေ့က အဂတိအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့တယ်လို့ သူက တုံ့ပြန်လိုက်ပါတယ်။ “သူ့ကိုဆန့်ကျင်ပြီး ထွက်ဆိုတာနဲ့ပတ်သက်လို့ သီးခြားမှတ်ချက်ဘာမှပြောစရာမရှိဘူးဆိုတာကို အင်္ဂလိပ်လို တခွန်းပဲပြောတယ်။ All absurd မဟုတ်တမ်းတရားတွေလို့ပဲ အင်္ဂလိပ်လိုပြောတယ်” လို့ သူ့ရဲ့ရှေ့နေအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ အောက်တိုဘာ (၁) ရက်၊သောကြာနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ (၄) မှု မန္တလေးတိုင်းတရားလွှတ်တော်မှာတရားစွဲတာအတွက်ပထမဆုံးရုံးချ်န်းရှိခဲ့ပြီး […]
မြန်မာငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာအစားထိုး ပြန်လည်သုံးလာနိုင်ဖွယ်ရှိတဲ့ FEC
မြန်မာငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာအစားထိုး ပြန်လည်သုံးလာနိုင်ဖွယ်ရှိတဲ့ FEC ယခင်စစ်အစိုးရခေတ်မှာမြန်မာနိုင်ငံသားမှန်သမျှ နိုင်ငံခြားငွေ ဒေါ်လာကို လက်ဝယ် ကိုင်ဆောင်ခွင့်လုံးဝမရှိပါဘူး။မိမိထံမှာ ရှိတဲ့ ဒေါ်လာနိုင်ငံခြားငွေကို အစိုးရထံအပ်နှံထားပြီး၎င်းတို့ပြန်ပေးတဲ့ FEC ကိုဒေါ်လာအစားထိုးကိုင်ဆောင်သုံးစွဲရတာဖြစ်ပါတယ်။ မည်သည့်နိုင်ငံသားမဆိုအပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်တာနဲ့ မိမိတို့ ပါလာတဲ့ နိုင်ငံခြားငွေ ဒေါ်လာတွေကို FEC ဖြင့်လဲလှယ်သုံးရပါတယ်။ဒေါ်လာအစားထိုး FEC ဟာပြည်တွင်းမှာတော့ တွင်တွင်ကျယ်ကျယ်ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ မြန်မာပြည်ကိုအလည်လာရောက်တဲ့နိုင်ငံခြားသားတွေအနေနဲ့သုံးလို့ ပိုနေတဲ့ FEC ကို ဒေါ်လာ လေဆိပ်မှာပြန်လည်လဲလှယ်လို့ရပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့မြန်မာပြည်တွင်းမှာ နိုင်ငံခြားငွေဒေါ်လာကို ကိုင်ဆောင်သုံးစွဲ ခွင့်လုံးဝမရှိပါဘူး။ ကိစ္စအမျိုးမျိုးနဲ့ နိုင်ငံခြားရပ်ခြားသို့ သွားမယ့်သူတွေ အခြားလေဆိပ်ရောက်သည့်အခါမှာ show money ပြရပါတယ် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုံးထားသတ်မှတ်ချက်တွေကြောင့် ထိုအချိန်က ဒေါ်လာမှောင်ခိုစျေးကွက်ကြီးဟာ မြန်မာပြည်တွင်းမှာ အဆမတန်ကြီးထွားလာခဲ့တယ်။ရန်ကုန်မြို့အနှံ့ ဒေါ်လာမှောင်ခိုဝယ်တဲ့သူတွေ များပြားလာပါတယ်။ တရားဝင် ငွေကြေးလဲလှယ်တဲ့စျေးကွက်မဟုတ်တာကြောင့်ဒေါ်လာအရောင်းအဝယ်လုပ်တဲ့အခါမှာ နှစ်ဦးနှစ်ဖက်မြန်မြန်ပေးမြန်မြန်လဲမြန်မြန်ပြေးစနစ်နဲ့လုပ်ကြရပါတယ်။ ထိုစဉ်က အမေရိကန် တစ်ဒေါ်လာကိုမြန်မာငွေ […]
ဘဝဆက်တိုင်း ဒီလိုသမီးနဲ့ဒီလို သမက်နဲ့မတွေ့ရပါစေနဲ့ အဘွားရယ်
သမီးနဲ့သားမက် ပေါင်းပြီးလမ်းဘေးတွင် စွန့်သွားခံရတဲ့ (၈၅) နှစ်အရွယ်အမေအို သနားစရာသတင်းပါ သမီးအရင်းနဲ့ သားမက်ကိုယ်တိုင် ကားဝင်းမှာ လာစွန့်ပစ်သွားတဲ့ အသက်(၈၅)နှစ် အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက်လိုက်တယ်လို့ သိရှိရပါတယ်။ ဒီဖြစ်စဉ်ကို ပရဟိတ ကိုဇင်မိုးမှ အခုလို ” စွန့်ပစ်ခံ အဖွားနာမည်က – ဒေါ်ခင်ကြိုင်/အသက် – (၈၅)နှစ်/ဇာတိက ဝေါမြို့နယ် ဆတ်သွားကုန်းရွာကပါတဲ့ … သားသမီး (၅)ယောက်ရှိပါတယ်။ လက်ရှိ စွန့်ပစ်တဲ့ သမီးက အကြီးဆုံးသမီးတဲ့ မော်လမြိုင်ကားဝင်းမှာလာချသွားတာက သားမက် ကိုယ်တိုင် သား(၃)ယောက်က သူ့ဟာနဲ့သူ နေကြပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲ က ရွာက အလုပ်လုပ်မယ်ဆိုပြီ ထွက်သွားကတည်းက သေသလား ရှင်သလား မသိပဲ ဘာအဆက်အသွယ်မှ မရတော့ဘူးတဲ့ သမီးငယ်ကတော့ ထိုင်းဘက်မှာ […]
Fb ခေတ်စားလာသည်နှင့်အမျှ ဖြစ်ပျက်လာတဲ့ ပတ်ဝန်းကျင် စိတ်သဘောများနဲ့လူမှု့ပတ်ဝန်းကျင်အတွက် ရင်လေးစရာစရိုက်များ
Fb ခေတ်စားလာသည်နှင့်အမျှ သူ့ချစ်သူမှန်း ကိုယ့်ချစ်သူမှန်း မသိဖြစ်လာတယ် သစ္စာတရား ကင်းမဲ့လာတယ် မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်လုဖြစ်လာတယ်။အိမ်ထောင်သယ်တွေကအပျို လူပျို လုပ်လာတယ် အဖိုးကြီး အဖွားကြီးတွေ ကျောင်းကန်အရောက်နဲလာတယ် စကားတွေမပီကလာပီကလာပြောမှ ခေတ်မှီတယ်အသိနဲ့ သွားကျိုးကြားကလေထွက်သလို စကားကိုမပီအောင် တမင်လုပ်ပြောလာကြတယ် Post တင်တဲ့အခါ တင်တဲ့Postကို အသေအချာမဖတ်ပဲ ပါးစပ်အရသာခံ ချောချော မချောချော အသားယူပြောတဲ့သူတွေပေါလာတယ် လူတက်ကြီးလုပ်ပီး အကြံပေးသလိုလိုနဲ့ ဝေဖန်ရေးသမားတွေပေါလာတယ် ရေးချင်တာတွေရေး postမှာ like mentရရေး အောက်ကျခံ ခင်ရင် postသစ်လာပါဦး ဆယ်လီဖြစ်ချင်ဇောတွေ များလာတယ် အိန္ဒြေရှင် တည်ငြိမ်သူတွေ Fbပေါ် ခေတ်နောက်ကျတယ်ဖြစ်လာကြတယ် သစ္စာတရား တန်ဖိုးထားသူတွေ ပြတိုက်ရောက် ဘဝတန်ဖိုးထားသူတွေ အပစ်ခံရ feel ပို့စ်မရှိ ပို့စ်မှာ like နဲသူတွေ ဒိတ်အောက်တယ်ဖြစ်ကြရတယ် အိမ်တွင်းရေး […]
နေ့နံအလိုက်၊ ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များနှင့် ပြုလုပ်သင့်သည့် ယတြာမျာ
မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ တနင်္ဂနွေနေ့ဖွားများသည် အသကျအြားဖွငျ့ ၆နှဈ၊ ၁၃နှဈ၊ ၂၀နှဈ၊ ၂၇နှဈ၊ ၃၄နှဈ၊ ၄၁နှဈ၊ ၄၈နှဈ ၊၅၅နှဈ၊ ၆၂နှဈ၊ ၆၉နှဈ၊ ၇၆နှဈ၊ ၈၃နှဈ၊ ၉၀နှဈ စသော အသက်ပိုင်းျမားတွင် ကံဇာတာ ညႇိးႏွမ်းလွယ်တတ်ပါသည်။ ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။ တနင်္လာနေ့ဖွားများသည် အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ […]
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး သရုပ်ဆောင်ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး ဖြန့်ဝေခြင်းမပြုကြဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံလာပါတယ်။ ပြီးခဲ့တဲ့ ၄ လ ပိုင်း(ဧပြီ ၉ ရက်နေ့) က နေအိမ်မှာဖမ်းဆီးခြင်းခံလိုက်ရတဲ့ ၎င်းတို့နှစ်ဦးကို လက်ရှိမှာပြန်လည်လွတ်မြောက်နေပြီဆိုတဲ့ သတင်းတွေအပြင် ခံဝန်လက်မှတ်ထိုးပြီးလွှတ်မြောက်ဖို့ညှိနှိုင်းမှုကို ငြင်းဆန်တယ်ဆိုတဲ့ ကောလဟလသတင်းအမှားတွေ ပြန့်နေတာပါ။ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်ကလည်း ကာယကံရှင်မိသားစုကို ထိခိုက်နစ်နာစေပြီး အပြင်မှာကျန်ရှိနေတဲ့ သားသမီးများကို ငဲ့ညှာခြင်းအားဖြင့် ကူညီပေးကြဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မေတ္တာရပ်ခံထားတာလည်း တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲ ကာလစတင်ကတည်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ စစ်ကောင်စီကို ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဖြစ်တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)နဲ့ တရားစွဲဖမ်းဆီးခြင်းခံရသည်မှာ ၆ လ တိုင်ကြာခဲ့ပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။ Credi ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ […]
မြန်မာစကားပြောတတ်သူမရှိတဲ့ရွာလေးမှာ နေထိုင်ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို ပြောပြလာတဲ့ ထားထက်ထက်
မြန်မာစကားပြောတတ်သူမရှိတဲ့ရွာလေးမှာ နေထိုင်ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို ပြောပြလာတဲ့ ထားထက်ထက် ဖုန်းပြောချင်ရင် အပေါ်ထပ် ဒီအခန်းထောင့်လေးကနေတက်ပြောရတယ်… ရွာကလဲ အရေးအကြောင်းဆိုဒီနေရာလေး အထိ လာပြောရတာပဲ ဖုန်းလိုင်းမမိ ၊ မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ရွာကလေး တခုကိုရောက်ခဲ့ချိန် အိမ်ရှင် အမ က ကျွန်မ ဖုန်းသုံးဖို့ နေရာလေး ညွှန်ပြပြီး ပြောခဲ့တဲ့ စကားလေးပါ… ညစာ စား ဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တိုင်းရင်းသူ အမ နဲ့ အတူတူထိုင်ရင်း ကျွန်မကို ပြောပြတယ်….. သူ(အိမ်နီးချင်းအမ) က မြန်မာစကား မပြောတတ်ဘူး။ တတ်လဲ မတတ်ချင်ဘူး။ မသင်ချင်ဘူးတဲ့ ဘာလို့လဲ ဆိုတော့ သူအသက် ၁၀ နှစ်သမီးလောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်… တော်တော်ပင်ပန်းတဲ့ […]
အင်ဒိုနီးရှားနိင်ငံမှာ မွေးမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူရော၊ သင်္ဘောရော ကျောက်ခဲဖြစ်သွားခဲ့တဲ့(ဖြစ်ရပ်မှန်)
မိခင်ကိုစော်ကား၍ ကျောက်ရုပ်ဖြစ်သွားသူ (တကယ့်ဖြစ်ရပ်မှန်) အင်ဒိုနီးရှားနိင်ငံမှာ မွေးသမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူကော သင်္ဘောကော ပစ္စည်းများအပါအဝင် ကျောက်ခဲဖြစ်သွားခဲ့တဲ့(ဖြစ်ရပ်မှန်)လေးကို လေ့လာဖတ်ရှုပြီးသကာလ သံဝေဂညာဏ် ရယူနိုင်ပါရန်ရည်ရွယ်ကာ တင်ပေးလိုက်ပါ၏ ။ ဒီအဖြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော်ကျော်ကဖြစ်ရပ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ဘက်က Padang ဆိပ်ကမ်းနဲ့သိပ်မဝေးတဲ့နေရာမှာ ခုထိရှိနေဦးမယ့် လေ့လာစရာနေရာတစ်ခုပါ။ ဒီလူနာမည်ကိုတော့ Marlin Kundang လို့ သိရပါတယ်။Kundang ကိုဘယ်မှာမွေးဖွားတယ်ဆိုတာတော့အတိအကျမသိပေမယ့်၊ငယ်စဉ်တည်းကမိခင်နဲ့သားအမိ နှစ်ယောက်သာရှိခဲ့ပါတယ်၊ ဖခင်ဆုံးပါးပြီးနောက်မှာ လူမမယ် kundang ကို မိခင်က ကျွေးမွေးပြုစုစောင့်ရှောက် လာခဲ့ရပါတယ်။ မိခင် က ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတဲ့အခါ အရပ်တကာလှည့်ရင်း kundang ကိုလက်ဆွဲခေါ်သွားရပါတယ်။ ဖတဆိုးသားကို ချစ်လွန်းလို့ မဆူရက်မပြောရက်နဲ့။ ဒီလိုနဲ့ kundang အရွယ်ရောက်လာတဲ့အခါမှာ တနယ်တကျေးမှာ အလုပ်သွားလုပ်ဖို့ […]
ညသန်းခေါင် ၁နာရီကျော်ကျော်လောက် တရေးနိး အပြင်ထွက်ကြည့်လိုက်သောအခါ
အသက် ၉၀ အေမ ဟင် ..အေမ ဘာလုပ်မလို့လဲ ည သန်းကောင်၁နာရီကျော်ကျော် လောက်တရေးနိး အပြင်ထွက်လာတဲ့ မလဲ့ ..အေမ့ကို ထမင်းဝိုင်းမှာ ကုန်းကွကွ မြင်လိုက်ရတယ်။ အေမ ဗိုက်ဆာလို့ ထမင်းစားမလို့ . ထမင်းအုပ်ဆောင်းဖွင့်လျက်သား တန်းလန်းနဲ့အမေကဖြေပါတယ်။ အော်ဟုတ္လားလဲ့ဝင်းပြင်ပေးမယ်အမေ။ညနေထဲက ဖယ္ထားတဲ့ ငါးဘတ်မွှေဟင်းငါးပိရည်ချိုပန်းကန် ခဝဲသီးဂျော်ဂျက်ရောင်ဟင်းရည်ပုဂံကို အမေ့အရှေ့တိုးပေးလိုက်တယ်။ညနေက ဝယ္ထားတဲ့ မုန့်ဟင်းခါး နဲ့ဟင်းရည်ကို နောက်နားမှာခပ်ရှိုရှို ပို့ထားလိုက်တာ .. ငါ မုန့်ဟင်းခါးပဲစားမယ် ငါ့ကိုမုန့်ဟင်းခါးပဲပေး မုန့်ဟင်းခါးက ဘယ်အချိန်ထဲကချက်ထားတာလဲမသိဘူး အမေရဲ့အမေဝမ်းနူး နေအုန်းမယ် ရာသီကလဲပူတယ်ဆိုတော့ .. မလဲ့စကားမဆုံးသေးခင်မှာပဲ အေမ မုန့်ဟင်းခါး ဖတ်ထဲဟင်းရည် ထည့်ပီး စားနေပါပီ။ မကြီး အေမက ည ည ဗိုက်ဆာတယ်ဆိုပီး တရေးနိုးထထ ပီးစားတယ် စားရင်လဲ […]









