ၾကားသိရသမွ်

တစ်နှစ်မှာ တစ်ရက် ၊တစ်ရက်မှာ တစ်ကြိမ် ၊တစ်ကြိမ်မှာ လေးနာရီလောက်သာ ပေါ်သောမြန်မာနိုင်ငံမှလမ်း

Zawgyi ဒီလမ်းကို ဒီလိုသွားခဲ့ကြတာဒီလမ်းလေးက တစ်နှစ်မှာ တစ်ရက် ၊တစ်ရက်မှာ တစ်ကြိမ် ၊တစ်ကြိမ်မှာ လေးနာရီလောက်သာ ပေါ်သောလမ်း။ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒီလမ်းဟာ နတ်တွေခင်းတဲ့လမ်း ဟုလည်းသိခဲ့ရ ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနိုင်ငံမှာသာရှိသော လမ်း ။နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်မှာလမ်းအပြည့်ပေါ်လာသောလမ်း ။ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသာ ရှိသောပင်လယ်တွင်းလမ်း ကိုရီးယားမှာလည်း တစ်ရက်သာပေါ်သည်။ သို့သော် ပေါ်သည့်ရက်ချင်း မတူပါ စာရေးသူတို့ဒီလမ်းကိုလျှောက်ရဖို့အတွက် တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်နေ့ ည (၁ဝ:ဝဝ)နာရီအချိန်တွင်မော်လမြိုင်မှထွက်ခဲ့ပြီး ဒီလမ်းတည်ရှိရာပင်လယ်မ်းခြေသို့တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မနက် (၁၂:၂ဝ)အချိန်ဝန်းကျင်ခန့် ရောက်ရှိခဲ့ပါသည်။ (၂)ရက်နေ့ညတစ်ညလုံး မအိပ်ဘဲ ကမ်းခြေတွင်လမ်းလျှောက် ,ထိုင်နားကာဒီရေအကျကို တစ်ညလုံးစောင့်လို့ (၃)ရက်နေ့ မနက် (၄:ဝဝ) အချိန်တွင် ဒီရေ စ ကျပါသည် ။ထိုအချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှဘုရားဖူးရောက်လာကြကုန်သော တစ်သိန်းကျော်သောဘုရားဖူးတို့သည် နတ်တို့ခင်းထားသည်ဆိုသော […]

ဗဟုသုတ

ရှားစောင်းလက်ပတ် သုံးသင့်တဲ့ နေရာနှင့် မသုံးသင့်တဲ့ နေရာ

ရှားစောင်းလက်ပပ်ကို ဆေးဖက်ဝင်တယ်လို့ သိထားကြသလို အလှအပအတွက်၊ ကျန်းမာရေးအတွက် အသုံးချတာကလည်း နည်းကိုစုံလို့။ ဒီတစ်ခါတော့ ရှားစောင်း ကို ဘယ်နေရာမှာ သုံးသင့်လဲ၊ ဘယ်လိုတွေ မသုံးသင့်ဘူးလဲ ခွဲခြားပြောပြပေးသွားပါမယ်။ မသုံးသင့်တဲ့နေရာ တလွဲမသုံးမိစေဖို့ အဆုံးအထိဖတ်ပေးစေချင်ပါတယ်။ ထိခိုက်ဒဏ်ရာ – ရှားစောင်းလက်ပပ်နဲ့ ဒဏ်ရာကုသနိုင်တယ်လို့ ဆိုကြပေမယ့် လေ့လာမှုတွေအရ တချို့ဒဏ်ရာတွေကို အနာကျက်မြန်စေပြီး တချို့မှာတော့ ပိုတောင်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖက်ဝင်တယ်ဆိုတိုင်း အရမ်း ကာရော အနာဆေးထည့်တာ မလုပ်တာကောင်းပါတယ်နော်။ အရေပြားလောင်ခြင်း – ရှားစောင်း အနှစ် သို့မဟုတ် ဂျယ်လ်လိမ်းဆေးတွေက နေလောင်ဒဏ်အပြင် အပူလောင်နာတွေကိုပါ မြန်မြန်ကုသပေးနိုင်တာ အမှန်ပါ။ သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး အရေပြားကို ကုသမှုမြန်စေပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အပူလောင်ဒဏ် ရာ၊ ရေနွေးပူလောင်တာတွေ၊ […]

ကြားသိရသမျှ

မင်းအောင်လှိုင် ဆင်းပေးဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်

မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အခြေအနေတွေ ဒီထက်ပိုဆိုးမလာအောင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း အထူးကိုယ်စားလှယ် Burgener အပြင်၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့က သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ တိုက်တွန်းခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။ စစ်အာဏာသိမ်းခဲ့တာ ၈ လကျော် ကာလအတွင်း ကလေးတွေ အပါအဝင် လူပေါင်း […]

ဗဟုသုတ

နောက် (၂) နှစ်ကြာရင် သင်ဘယ်လိုလူဖြစ်လာမလဲ ..( ယနေ့ ဖတ်ဖို့ )

မင်း အခုအချိန်ကနေ နောက် ၂ နှစ်ကြာတဲ့အခါ ကွာခြားချက်တွေဟာ မင်း ဘာစာအုပ်တွေ ဖတ်တယ်၊ဘယ်လိုလူတွေနဲ့ ပေါင်းတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ် တဲ့။ ဒီစကားအတိုင်းဆိုရင် မင်းတို့ ဘာလုပ်သင့်တယ်ဆိုတာကို ငါ အခုလို အကြံပေးလိုက်မယ်။ (၁) စာအုပ်ဖတ်ခြင်း လူတွေက ပြောကြတယ်။ သူတို့ စာအုပ်တွေ အများကြီး ဖတ်ချင်ကြတယ်တဲ့။ တကယ်လည်း နှစ်သစ်ဆုတောင်း New Year Resolutions List မွာ တစ်နှစ်အတွင်း … စာအုပ်ဘယ်နှအုပ်ဖတ်ပြီးရမယ်လို့ ဆုံးဖြတ်ချက်ချထားတတ်ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်တဲ့လူဟာ ၁ ရာခိုင်နှုန်း မရွိပါဘူး။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အလွန်အောင်မြင်ကြီးပွားသူတွေဟာ ၁ ရာခိုင်နှုန်းတောင် မရှိကြပါဘူး။စာအုပ်ဖတ်တယ်ဆိုလို့ ညစဉ်ညတိုင်း တစ်ညလုံး မအိပ်ဘဲ စာအုပ်ကို ဖတ်နေဖို့ […]

ၾကားသိရသမွ်

ကောင်လေးချောချောလေးတွေကို ကြည့်ရူခြင်းက အမျိုးသမီးတွေကို မှတ်ဉာဏ်ပိုကောင်းစေ

ကောင်လေးချောချောလေးတွေကို ကြည့်ရူခြင်းက အမျိုးသမီးတွေကို မှတ်ဉာဏ်ပိုကောင်းစေ ရုပ်သံလှိုင်းရဲ့ Discoveries in Life ဆိုတဲ့ အစီအစဉ်ကနေ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ထုတ်ဖေါ်တင်ဆက်ခဲ့ပါတယ်။ အဲဒါကတော ရုပ်ရည်ချောမောတဲ့ အမျိုးသားတွေကို ကြည့်ခြင်းက ကျောင်းမှာ အမှတ်ကောင်းကောင်းရစေနိုင်တယ်ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ် ဒီလေ့လာမှုကိုတော့ သက်လတ်ပိုင်း အမျိုးသမီးတွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ် အဲဒီအမျိုးသမီးတွေကို ၁မိနစ်အတွင်းမှာ လူနဲ့နာမည်တွေ မှတ်နိုင်သလောက် မှတ် ခိုင်းခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ကောင်လေးချောချောလေးတွေရဲ့ ဓါတ်ပုံကို ကြည့်ခိုင်းခဲ့တာဖြစ်ပါတယ်။ မှတ်ဉာဏ်ပြန်လည်စစ်ဆေးတဲ့ အခါမှာတော့ သူတို့တွေ ၄ခုထက်ပိုတဲ့ အဖြေမှန်တွေကို ဖြေပေးနိုင်ပါတယ်. ဒီလေ့လာမှုကတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်လှိုင်းကို လေ့လာခဲ့တာဖြစ်ပြီး ရုပ်ချောတဲ့ အမျိုးသားဓါတ်ပုံတွေကို ကြည့်နေတဲ့အချိန်မှာ ဦးနှော်က်လှိုင်းတွေက ပုံမှန် အချိန်ထက် သိသိသာသာ တက်ကြွနေတာကို တွေ့ရပါတယ် ဦးနှောက်နဲ့ အာရုံကြော […]

ၾကားသိရသမွ်

တပတ်ရစ်အထည်ဆိုင်မှ ငွေများစုဆောင်းလို့ရတဲ့နည်းလမ်းကိုမျှဝေပေးခဲ့ကြတဲ့ ချစ်သူစုံတွဲတစ်တွဲ

၁၀ အတွင်း ငွေအမြောက်အမြားစုဆောင်းနိုင်ခဲ့တဲ့နည်းလမ်းကိုပြန်လည်မျှဝေပေးခဲ့တဲ့ စုံတွဲတစ်တွဲလူတိုင်းနီးပါးဟာ ငွေစုခြင်းကတကယ်ခက်ခဲတယ်ဆိုတာကို သဘောတူကြပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့မှာ ပြန်ဆပ်ရမဲ့များပြားလှတဲ့အရာတွေ ၊ ပေးချေရမယ့်ငွေတောင်းခံလွှာတွေနဲ့ ကျွန်တော်တို့ရဲ့၀င်ငွေတွေထပ်ပိုတဲ့အရာကိုလိုချင်တဲ့အချိန်တွေရှိနေခြင်းကြောင့် လူတိုင်းနီးပါးအတွက် ငွေစုခြင်းဟာ တကယ်ကိုခက်ခဲနေစေမှာအမှန်ပါဘဲ။ သို့ပေမယ့် ဖိလစ်ပိုင်နိုင်ငံရှိ Chi Kai အမည်ရှိအမျိုးသမီးနှင့် Jazzely Ebarom အမည်ရှိအမျိုးသားတို့ဇနီးမောင်နှံဟာ ကူးစက်ရောဂါကာလအခက်အခဲများကြားမှ ချွေတာခဲ့ကြပြီးနောက် Php ၁၅၄,၀၀၀ ( ၅၈သိန်းကျော်)ကိုစုဆောင်းနိုင်ခဲ့ခြင်းက အချို့သော netizen များစွာကိုအထင်ကြီးလေးစားသွားစေခဲ့ပါတယ်။ Chi Kai ဟာ သူမရဲ့post တစ်ခုမှာ သူမနဲ့ခင်ပွန်းဖြစ်သူတို့က ukay-ukay (တပတ်ရစ်ဆိုင်)မှ ထိပ်တန်းအဆင့်အိတ်များ ၊ အလှကုန်ပစ္စည်းများကို ၎င်းတို့တွေးထားခဲ့တာထပ်ပိုပြီးရောင်းချနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ Chi Kai ဟာ ဒီ post ကိုဝေမျှရတဲ့ရယ်ရွယ်ချက်က သူမတို့အောင်မြင်နိုင်ခဲ့တယ်ဆိုတာကိုဂုဏ်ယူဝင့်ကြွားဖို့မဟုတ်ဘဲ အခြားသူများကိုလည်း ဒီလိုပဲလုပ်ဖို့လှုံ့ဆော်တာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ […]

ၾကားသိရသမွ်

သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ အင်းစိန်အကျဉ်းထောင်အတွင်း နေမကောင်းဖြစ်နေ

သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ အင်းစိန်အကျဉ်းထောင်အတွင်း နေမကောင်းဖြစ်နေ ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းချခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ နေမကောင်းဖြစ်နေသည်ဟု ပိုင်တံခွန်နှင့် အင်းစိန်အကျဉ်းထောင်အတွင်း ခင်မင်ခဲ့ပြီး လက်ရှိ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။မော်ဒယ်လ် ပိုင်တံခွန်သည် ဝမ်းလျှောနေပြီး အခုရက်ပိုင်းအတွင်း ဆေးပုလင်း ချိတ်ထားရကြောင်း နှင့် ဖမ်းဆီးခံထားသူများ လွတ်မြောက်မှုတွင် ၎င်းကျန်နေခဲ့သဖြင့် စိတ်ဓာတ်လည်း ကျနေသည်ဟု ဆိုသည်။ သရုပ်ဆောင် ပြေတီဦးမှာ နေမကောင်းနေကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။ “သူ့ကိုချစ်တဲ့ ပရိသတ်တွေကို လွမ်းတယ်။ နေမကောင်း ဖြစ်နေချိန် ပိုဝမ်းနည်းရတယ်။ အိမ်ပြန်ချင်တယ်။ ကျွန်တော်လည်း အကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်။ ပြီးတော့ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။ မကြာခင်တော့ ပြန်လာနိုင်မယ်လို့ […]

Uncategorized ၾကားသိရသမွ်

စစ်ကိုင်းတိုင်းကို စကစ မနိုင်တာလဲမပြောနဲ့ မိန်းခလေးတွေကအစ တော်လှန်းရေးစိတ်ဓာတ်က လေးစားစရာ

စစ်ကိုင်းတိုင်းက အချို့မိန်းမတွေဟာ ရှိတဲ့နားကပ် ချွတ်ပေးပြီး ယောက်ျားအတွက် လက်နက်ဝယ်ပေးတာတွေ ကောက်ပဲသီးနှံရောင်းချပြီး ဖောက်ခွဲရေးပစ္စည်းဝယ်တာတွေ အိမ်က နွားတစ်ရှဉ်းရောင်းပြီး မိုင်းဝယ်တာတွေ ဆိုတာက ကြားကောင်းအောင် ပြောပြကြတဲ့ ပါးစပ်စကားတွေ မဟုတ်ပါဘူး ။ တကယ်ဖြစ်ရပ်မှန်တွေပါ ။ အညာဒေသကို ရောက်ဖူးကြလား ခင်ဗျအညာဒေသမှာ ယောက်ျားဖိနပ်၊ မိန်းမ နားကပ် ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ အများသောအားဖြင့် ခြေဗလာနဲ့ နေကြလေ့ရှိတဲ့ တောသူတောင်သား လယ်သမားကြီးများဟာ အလှူပွဲ မင်္ဂလာပွဲ အစရှိတဲ့ နေရာတွေသွားတဲ့အခါ သူ့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ ဖိနပ်ကိုစီးပြီး သွားကြလေ့ရှိပါတယ်။ ထို့အတူပါပဲ။ အမျိုးသမီးများဟာလည်း ငယ်စဉ်ကတည်းက နားဖောက်ထားကြလေ့ရှိပြီး နားကပ်မဝယ်နိုင်ခင် ငယ်ဘဝမှာ အဲဒီနားပေါက်ကို ပိတ်မသွားအောင် အပ်ချည်ကြိုးနဲ့ ကွင်းလုပ် တွယ်ထားတတ်ကြပါတယ်။ အမျိုးသမီးတစ်ဦးမှာ နားပေါက်ဟောင်းလောင်းနဲ့ မထားအပ်၊ နားကပ်ဝတ်ထားမှ […]

ၾကားသိရသမွ်

ကောက်တွေ့ခဲ့တဲ့ ဖုန်းတစ်လုံးနှင့် ATMကဒ်ကို တိတ်တဆိတ် ယူထားခြင်းမရှိပဲ ပိုင်ရှင်လက်ထဲပြန်အပ်ပေးခဲ့သည့် လေးစားဖွယ်ရာ ကလေးမလေးတစ်ဦး

အချို့သော ကလေးငယ်များဧ။် စိတ်ထားလေးသည် မည်မျှပင် ဆင်းရဲနေပါစေ တစ်ပါးသူဧ။် ပစ္စည်းကို အလကားသက်သက် မလိုချင်ကြ၍ အင်မတန်မှ လေးစား ဖွယ် ကောင်းလှသည်။ သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၂နှစ်အရွယ် ကလေးမလေးသည် ငယ်စဉ်တည်းက မိဘနှစ်ပါးလုံးမရှိကြတော့၍ အဖွားဖြစ်သူ မောင်လေးတို့နှင့်သာ အတူနေထိုင် ခဲ့သည်။ အဖွားဖြစ်သူမှာလည်း အသက်ကြီးလာပြီဖြစ်၍ ဈေးမထွက်ရောင်းနိုင်တော့ပဲရှိရာ မြေးမလေးမှ ကျောင်းပိတ်တုန်းလေးတွင် ကန်စွန်းဥအချိုတို့ကို ရောင်းချခဲ့သည်။ ထိုစဉ် ကလေးမလေးသည် ဘုရားကျောင်းအနီးတွင် လှည့်လည်ရောင်းနေခဲ့ရာ မမျှော်လင့်ပဲ တန်ဖိုးကြီး ဖုန်းတစ်လုံးနှင့် ATMကဒ်လေးကို တွေ့ရှိခဲ့ရ၍ ဝမ်းသာမိ သော်လည်း တစ်ပါးသူရဲ့ ပစ္စည်းဖြစ်နေတာကြောင့် ပိုင်ရှင်လက်ထဲပြန်အပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ပိုင်ရှင်အမျိုးသမီးသည်လည်း ထိုနေရာသို့ ပြန်လာရှာခဲ့ရာ ကလေးမလေးကောက်သိမ်းထားပေးတာကို သိရှိခဲ့ပြီး ကျေးဇူးတင်သည့်အနေနှင့် အိမ်အလည် ခေါ်ကာ […]

ၾကားသိရသမွ်

လမ်းဘေးဆင်းရဲသားဘဝကနေ သူဌေးသမီးလေးဖြစ်သွားတဲ့ ဖြူဖြူထွေး

ဖြူစင်တဲ့အပြုံး ရိုးသားတဲ့ဂုဏ်လေးတွေကြောင့် ပရိသတ်အချစ်ပိုနေရသူကတော့ ဖြူဖြူထွေးပါ။ အနုပညာလောကထဲ စတင်ဝင်ရောက်စဉ်က ဝေဖန်တိုက်ခိုက်မှုများစွာကြုံခဲ့ရတဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင် အားပေးသူပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေနိုင်တဲ့မင်းသမီးတစ်လက် ဖြစ်လို့နေပါပြီ။ လက်ရှိအချိန်မှာတော့ ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရပြီး သူ့ကိုအပ်တဲ့ကြော်ငြာတွေကိုလည်း ကိုယ်ပိုင်အိုင်ဒီယာနဲ့ ဗွီဒီယိုလေးတွေလုပ်ကာ တင်ဆက်ပေးလေ့ရှိသူပါ။ တောရွာမှာကြီးပြင်းခဲ့သူပီပီ တောဓလေ့လေးတွေ အများဆုံးပါဝင်တဲ့ ဖြူဖြူထွေးရဲ့ဗွီဒီယိုတွေကိုတော့ အခုဆိုကြည့်ရှုအားပေးသူ သန်းချီပြီး ရှိလာတဲ့ အောင်မြင်လာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ရှင်းရှင်းကြာဇံထုတ်ရဲ့ ကြော်ငြာလေးကိုတော့ သူရိုက်လေ့ရိုက်ထမရှိတဲ့ ဇာတ်အိမ်လေးတည်ဆောက်ပြီး ရိုက်ကူးထားပါတယ်။ လမ်းဘေးက ရေသန့်ဘူးလိုက်ကောက်ရတဲ့ သူဆင်းရဲဘဝကနေ သူဌေးသမီးလေးဖြစ်သွားတဲ့အထိ သူ့ရဲ့ဘဝမှာ ရှင်းရှင်းကြာဇံလေးက မပါမဖြစ်ပါဘဲ ဆိုတဲ့ဇာတ်အိမ်လေးကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ ဗွီဒီယိုလေးကတော့ (၂၄)နာရီမပြည့်ခင်မှာတောင် အားပေးသူ (၃)သန်းနီးပါးရှိနေပြီမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Phyu Phyu Htwe […]