ၾကားသိရသမွ်
မိမိသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး သမ္မတဖြစ်လာနိုင်ဖွယ် ရှိကြောင်း ဒေါ်သက်သက်ခိုင် ပြောကြာ
နောက်တက်မည့် သမ္မတ၊ ကျွန်မလဲ ဖြစ်နိုင်ဟု ဒေါ်သက်သက်ခိုင် ခန့်မှန်း အနာဂတ်သမ္မတလောင်း နေရာအတွက် ပြောဆိုဝေဖန် သုံးသပ်ကြရာတွင် နံပတ်တစ်နေရာအတွက် (UniCode ယူနီကုဒ် ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ် Zawgyi Codeဖြင့် ဖော်ပြထားရှိပါသည်) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရေပန်းစား လူကြိုက်များလျှက်ရှိကြောင်း၊ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဒေါက်တာသန်းဌေးတို့မှာလည်း ဒုတိယသမ္မတများ ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်းတို့အပြင်၊မိမိသည်လည်း မြန်မာနိုင်ငံတွင် ပထမဆုံးအမျိုးသမီး သမ္မတဖြစ်လာနိုင်ဖွယ် ရာခိုင်နှုန်းများကြောင်း၊ P3 ပါတီရှိ ထိပ်တန်းအကြီးအကဲ လူပုဂ္ဂိုလ်များနှင့်၊ ရွှေနန်းတော်ရတနာ ရွှေဆိုင်၏ ရာနှင့်ချီသော မိသားစုဝင် ဝန်ထမ်းများမှ မှတ်ချက်ပေးနေကြဟု၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်မှ ခန့်မှန်းပြောကြား။ နောက်တက်မည့် သမ္မတ၊ ကျွန်မလဲ ဖြစ်နိုင်ဟု ဒေါ်သက်သက်ခိုင် ခန့်မှန်း အနာဂတ်သမ္မတလောင်း နေရာအတွက် ပြောဆိုဝေဖန် သုံးသပ်ကြရာတွင် နံပတ်တစ်နေရာအတွက် […]
ၾကားသိရသမွ်
အဆောက်အဦးတစ်ခုလုံး သုတ်ထားပါက အဲကွန်းများထက်ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် သုတ်ဆေးဖြူတစ်မျိုးတီထွင်
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ အမေရိကန်နိုင်ငံ Purdue တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan ဆိုသူ ဖန်တီးခဲ့တဲ့ သုတ်ဆေးအဖြူရောင်ဟာ ကမ္ဘာ့အဖြူဆုံး သုတ်ဆေးအဖြစ် ကမ္ဘာ့ဂင်းနစ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကို သုတ်ထားမယ်ဆိုလျှင် လေအေးပေးစက်(အဲကွန်း)အသုံးပြုမှု ကိုပါလျော့ချနိုင်မယ်လို့ဆိုပါတယ်။ ၎င်းသုတ်ဆေး၏ အဖြူရောင်ဟာ ၉၈.၁% အထိ နေရဲ့အလင်းရောင်ကို ရောင်ပြန်လွှတ်‌‌ ပေးပြီး နေရောင်ခြည်အပူကိုပါ ပြန်ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ၎င်း သုတ်ဆေးအဖြူသုတ်ထားတဲ့ အဆောက်အဦးအနီးရှိ လေထုကို အေးမြ‌ စေမည်ဖြစ်ပြီး နေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးစေတာ‌ကြောင့်လေအေးပေးစက်(အဲကွန်း)အသုံးပြုမှု ကို လျော့ချနိုင်မယ်လို့ဆိုပါတယ်။ အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေခန့်ကို ၎င်းသုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်နှင့်ညီတဲ့ အအေးပမာဏကို ထုတ်ပေးနိုင်တယ်လို့ […]
ဗဟုသုတ
အင်းဝခေတ်က နာမည်ကျော်စောခဲ့သော သူခိုးကြီး ငတက်ပြား
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူ ခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဥ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဥ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က […]
ကြားသိရသမျှ
ငယ်ချစ်ဦးဘဝကနေ လက်ထပ်ပြီး အိမ်ထောင်သက် ၇၅ နှစ်မှာ seemore
ကမ္ဘာတစ်ဝန်းမှာ ရှိကြတဲ့တစ်ချို့သော စုံတွဲတွေ ၊လင်မယားတွေဟာ အိမ်ထောင်သက် ၇နှစ် လောက်ပေါင်းနေနိုင်ဖို့က အလွန့်ကို ခဲရင်းပါတယ်။ဒါပေမဲ့ အခုဖော်ပြပေးမဲ့ လင်မယားနှစ်ဦးကတော့ အိမ်ထောင်သက် ၇၅ နှစ် anniversary မှာ တစ်ယောက် လက်မောင်းပေါ်တစ်ယောက်အိပ်စက်ရင်း သေဆုံးသွားကြတဲ့ဖြစ်ရပ်လေးပါ။ Jeanette နဲ့ Alexander Loczko အမည်ရှိ လင်မယားနှစ်ဦးက လွန်ခဲ့တဲ့ ၈နှစ်ကတည်းက အတူတူနာမကျန်းဖြစ်နေကြတာပါ။ အဘိုးအိုက သူ့ရဲ့ ခေါက်ပိုက်ဆံအိတ်ထဲမှာ သူမနဲ့ထိမ်းမြှားလက်ထပ်ချိန်တုန်းကရိုက်ထားတဲ့ လက်ထပ်ဓာတ်ပုံလေးကို အမြဲသိမ်းထားပါတယ်။ သူတို့တွေက ၁၉၄၀ ခုနှစ်၊ဇွန်လ ၊၂၉ ရက်နေ့မှာ ထိမ်းမြှားလက်ထပ်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ဝေးကွာခြင်းမရှိဘဲ အမြဲတတွဲတွဲနဲ့ သွားလာနေထိုင်ခဲ့ကြတာပါ။ ‌နောက်ပြီး သူတို့ရဲ့နောက်ဆုံးအချိန်မှာ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး သေဆုံးသွားချင်တယ်လို့ သူတို့ရဲ့ကလေးတွေကို ပြောခဲ့ပါတယ်။ ရုတ်တရက် သူတို့ရဲ့အိမ်ထောင်သက် ၇၅ နှစ်မှာ သူတို့တွေ […]
ဗေဒင်
20.Jan.2022 မှ 26.Jan.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
20.Jan.2022 မှ 26.Jan.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ဒီအပတ်ထဲမိမိလုပ်ရမဲ့ကိစ္စတွေကို အကြီးအကဲတွေရဲ့ ထောက်ခံချက်ရမှလုပ်သင့်ပါတယ်။ လူငယ်များမိဘ နဲ့ဆန့်ကျင်ဘက်ကိုလုပ်မိတာ၊ဝန်ထမ်းများဆို အထက်လူကြီးညွှန်ကြားချက်မရဘဲ မိမိသဘောလုပ်လိုက်တာတွေက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေပါတယ်။ မင်းအစိုးရနဲ့ ရန်သူသဖွယ်ဖြစ်နေကြသူများ သတိထားစေချင်ပါတယ်။ အဖမ်းအဆီးဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်သော အကူအညီလိုလို့ တောင်းချင်ပေမဲ့ ငွေကံ ညံ့နေတာမို့ အကူအညီရဖို့မလွယ်ပါဘူး။ အသစ်တစ်ခုခု စမယ်ဆိုရင်တော့ အနည်းငယ်ချင့်ချိန်ပြီးမှလုပ်ပါ။ မြေစမ်း ခရမ်းပျိုးဆိုတာမျိုးမလုပ်ပါနဲ့။ သေချာမှပိုင်မှလုပ်စေချင်ပါတယ်။ အလုပ်များ ခရီးများတဲ့ကာလပါပဲ။ တွေးထင်ထား သလို မဖြစ်လာဘဲ မထင်ထားတာတွေဖြစ်လာကြုံလာတတ်တဲ့ကာလပါ။ အိမ်မကပ်ရဘဲ အလုပ်ထဲနဲ့ အခြားကိစ္စ တွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ အိမ်ထောင်ရှိသူဆို အိမ်ထောင်ရေးကံအားနည်းနေချိန်ပါ။ အိမ်ထောင်ဘက် အချင်း ချင်းစကားအခြေအတင်များရတတ်ပါတယ်။ စိတ်ဝမ်းကွဲတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ကောင်း မ လိုလို နဲ့ အဖျားရှူးသွားတတ်ပါတယ်။ အလုပ်ထဲမှာလဲ လုပ်နေပေမဲ့ […]
ဗေဒင်
အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ
အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ.. အချို့သော အိမ်များတွင် ဖခင်နှင့်သား လည်းကောင်း၊ မိခင်နှင့်သမီး လည်းကောင်း၊ ညီအမ အချင်းချင်း လည်းကောင်း၊ ညီအကို အချင်းချင်း လည်းကောင်း၊ အကြောင်းအရာ ကြီးကြီးမားမား မရှိဘဲ ငြင်းခုန်ခြင်း၊ စကားများခြင်း၊ ပြုတတ်ကြ၏။ ထိုအိမ်မျိုးကို အိမ်ပူသည် အိမ်ဆူသည်ဟု ခေါ်ဝေါ်ကြ၏။ (ပုံ – ကကြီး အလယ်သေ အင်းကွက်) အိမ်ပူခြင်း ဒုက္ခမှ ကင်းဝေး စေရန်အတွက် ဗားမဲ့ဆရာတော်၏ ကျမ်းမှ “ကကြီး အလယ်သေ အင်း” ကို ဖော်ပြလိုက်ပါသည်။ ထိုအင်းကို ကူးယူ၍ ကြွေပန်းကန်တွင် ကပ်ကာ “က” ကြီးရှိသော နေရာတွင် […]
ဗဟုသုတ
အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင်
အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင် ယနေ့ခေတ်တွင် အောက်လမ်းပညာများတစ်ဖန်ပြန်ခေတ်စားလာတာတွေ့နေရသည် အများအားဖြင့်ထိုင်းဘက်ကကူးစက်လာသောပညာရပ်များဖြစ်ကြသည် ငယ်ရွယ်သူများပိုခံရတာတွေ့ရပါတယ် အထူးသဖြင့်နှလုံးသားရေးရာကိစ္စများမှာ ချစ်ချင်းမေတ္တာကိုအတ္တဖြင့်ပိုင်ဆိုင်လိုသူများ ပိုင်းလုံးလုပ်သူများပိုသုံးတတ်ကြပါတယ် အလုပ်ခံရသူတွေဟာ ငူတူတူငေါင်တောင်တောင်နဲ့ ဖုတ်အသွှင်းခံထားရသူတွေလိုပါပဲ အရောင်အဝါတွေလည်းကျလာတတ်ပါတယ် ဆရာအလုပ်ဖြင့်အသက်မွေးပြီးငယ်ရွယ်ချောမောသူများလည်းအများဆုံးဆေးခပ်ခံရတတ်ပါတယ် တစ်ချို့ရူးသလိုလိုအထိဖြစ်သွားကြပါတယ် အမှန်တော့ အောက်လမ်းဆရာများမှအောက်လမ်းဆန်ဆန်စီရင်ပြီး စားတဲ့အထဲမသိမသာထည့်ခိုင်းကြတာပါ အများအားဖြင့်လက်ဖက်သုပ်ထဲထည့်တတ်ကြပါတယ် စီရင်မူ့များက သွေးပုပ်လိုဟာမျိုးအထိပါတတ်ပါတယ် ဒါကြောင့် သူများပေးကျွေးတဲ့အစားအစာတွေစားတဲ့အခါ သတိလက်လွတ်မစားမိပါစေနဲ့ သရဏဂုံရွတ်ပြီးမှစားပါ စာရေးသူကိုယ်တိုင် ငယ်ရွယ်နုပျိုစဥ်အခါကဆေးခပ်ခံခဲ့ရဖူးပါတယ် ညနေဘက်တွေဆိုရင်လူဟာငူတူတူငေါင်တောင်တောင်ဖြစ်လာပါတယ် နောက်တော့မသင်္ကာလို့ ဂိုဏ်းဆရာနဲ့စစ်တော့ ပေါ်တော့တာပဲ လိမ်လို့မရတန်းပေါ်ပါတယ် အဲဒါနဲ့ ကိုယ်လုံအကာထိုးလိုက်မှသက်သာသွားပါတယ် ဆရာအလုပ်လုပ်သူတိုင်း အကာကိုယ်လုံထိုးထားသင့်ပါတယ် မထိုးထားရင်ခံရတတ်ပါတယ် နယ်တွေရွာတွေဘက်သွားရင်ပိုဆိုးပါတယ် ပညာစမ်းတာခံရတတ်ပါတယ် ကိုယ့်မှာသာကိုယ်လုံအကာမထိုးထားရင် ရူးပါသွားနိူင်ပါတယ် ယနေ့ခေတ်မှာတော့ အချစ်ရေးကိစ္စတွေမှာ သုံးလာကြတာတွေ့တွေ့နေရပါတယ် သမုဒယလွန်ကဲပေးဆပ်မူ့ကြမ်းပြီးမှ လိုချင်တာလည်းရရော ဟိုက ရူးချင်ယောင်ဆောင် အလာကြဲ အဲဒီမှာ အောက်လမ်းဆေးနည်းတွေသုံး ငွေကလည်းတောင်းသမျှပေးရ အဲဒီမှာဟိုကောင်လည်းဆေးမိတာနဲ့ ငူတူတူငေါင်တောင်တောင်ရူးကြောင်ကြောင်ဖြစ်တော့တာပါပဲ ဆရာကောင်းနဲ့တွေ့ရင်တော့ပျောက်တာပေါ့ ဆရာလိမ်နဲ့တွေ့ရင်တော့ […]
က်မၼာေရး ဗဟုသုတ
ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ (၂) ဦးရဲ့ အဖြစ်
ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ (၂) ဦးရဲ့ အဖြစ် ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ (၂) ဦးရဲ့ အဖြစ်.. ကြက်မောက်တောင်ဆည်နား ရွာလေးတရွာက လူနာ ၂ ယောက် သုခပြည့်စုံဆေးရုံကို ရှေ့ဆင့် နောက်ဆင့် ရောက်လာပါတယ်။ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်ပါ။ ခေါင်းမူးတယ်၊ ပျိူ့တယ်၊ ရင်ခေါင်းအောင့်၊ နောက်ကျောတက်၊ အစာမဝင် တဲ့..။ အစကတော့ ပြင်ပလူနာအနေနဲ့ ကုသမယ် စိတ်ကူးပေမယ့် တနေရာတည်းက ၂ ယောက် ဆင်တူဖြစ်နေတာ ထူးခြားတယ်.. ဆေးရုံတင်ထားပြီး စောင့်ကြည့်ရင် ကောင်းမယ်လို့ ယူဆပြီး acute gastritis (အစာအိမ်ရောင်ရမ်းနာ) လို့ သတ်မှတ်ပြီး ကုသ စောင့်ကြည့်ခဲ့ပါတယ်။ […]
မိုးေလ၀သ
လျှပ်စီးမိုးကြိုး ရုတ်တရက်လေပြင်း နှင့် မိုးသီးအန္တရာယ် ကျရောက်မည့်ဒေသများ
ကြားသိရသမျှ
ယာဥ်လမ်းကြောင်း ၃ ခုဖြင့် ပြောင်းလဲ သွားတော့မယ့် ရန်ကုန် အမှတ် (၃) လမ်းမကြီး Zero မိုင်
ယာဥ်လမ်းကြောင်း ၃ ခုဖြင့် ပြောင်းလဲ သွားတော့မယ့် ရန်ကုန် အမှတ် (၃) လမ်းမကြီး Zero မိုင် ဇန်နဝါရီ ၁၈ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီးမှာ လမ်းကြောင်း ၃ ခု ပြောင်းလဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါပြောင်းလဲသွားတော့မည့် လမ်းကြောင်း ၃ ခုမှာ ၁။အဝေးပြေးကုန်တင်ယာဉ်ကြီးများအနေနဲ့ အင်းစိန်-လှော်ကား ပဲခူးလမ်းဟောင်း (အသွားအပြန်) ၂။မန္တလေး-မြစ်ကြီးနားနဲ့ အထက်မြန်မာပြည် ခရီးသည်တင် အဝေးပြေးယာဉ်များက အမှတ်၃ လမ်းမှ ခရေပင်လမ်း-ပြည်လမ်း ထောက်ကြန့်မှ အမြန်လမ်း အသုံးပြုကာ သွားလာရမှာဖြစ်ပြီး ၃။ပုံမှန်သွားလာနေတဲ့ အဝေးပြေးကုန်တင်ယာဉ်များနဲ့ မော်လမြိုင်-ရေး-မြိတ်၊ ထားဝယ်၊ ကော့သောင်း ခရီးသည်တင်ယာဉ်များက အမှတ် ၃ လမ်းမှ ရန်ကုန်-ပဲခူး လမ်းဟောင်းအတိုင်း […]