ဂျယ်လီဟာ လူကြီးလူငယ်မရွေး နှစ်သက်စွာစားသုံးကြတဲ့ အစားအစာပဲဖြစ်ပါတယ်။ ကလေးငယ်တွေအတွက်လည်း အလွန်ကြိုက်နှစ်သက်တဲ့အစားအစာဆိုလဲမမှားပါဘူးနော်.. စာဖတ်ပရိတ်သတ်တွေအတွက် အလွန်အရသာရှိလှတဲ့ ဂျယ်လီလေးတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။ သင်ဂျယ်လီတစ်ထုပ်ကိုဝယ်ပြီး အနောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ရင် ပုံမှန်သဘာဝဖြစ်တဲ့.. သကြား၊ အသီးအနှံအရသာတို့အပြင် Gelatin ဆိုတဲ့အရာတစ်မျိုးကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။ ပုံမှန်ကြည့်ရင် Gelatin ဟာတခြားပါဝင် ပစ္စည်းတစ်မျိုး အမည်လို့ထင်ရပေမယ့် တကယ်တော့ သူဟာအနံ့မရှိ၊ အရသာမရှိတဲ့ အဝါရောင် စေးကပ်ကပ် ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ကိုဘယ်နေရာကနေ ရသလဲဆိုတော့ တိရစ္ဆာန်အရေခွံနဲ့ အရိုးတွေကို အကြာကြီး ပြုတ်ထားပြီးမှ နောက်ဆုံး ထွက်လာတဲ့ ပစ္စည်းလို့ဆိုပါတယ် ဒီတိရစ္ဆာန် အရေခွံနဲ့ အရိုးတွေကို စက်ရုံတွေကနေ မလိုအပ်ပဲ စွန့်ပစ်တဲ့ နေရာမှာ ရလာတယ်လို့ ယူဆလို့ရပါတယ်။ တကယ်တော့ Gelatin ဟာအဆိုးကြီး လဲမဟုတ်ပါဘူး။ သူဟာအာဟာရ ဖြစ်စေပြီး အမိုင်နိုအက်ဆစ် […]
Month: November 2022
ဒီဘဝမှာ တင်ခဲ့တဲ့ ဝဋ်ကြွေးမြန်မြန် ကျေအောင် ပြုလုပ်နည်း.. တခါတုန်းက ရွာတရွာမှာ လင်မယားနှစ်ယောက် ရှိပါတယ် ။ အမျိုးသားဟာ သိပ်ကို စရိုက် ကြမ်းတမ်းတဲ့ အတွက် တနေ့ တနေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ် ပါတယ်။ သူအလုပ်က ပြန်လာပြီဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ်ရှာရမလဲ ဆိုတာပဲ တွေးနေတတ်ပါတယ် ။ အပြစ်ကလေး တစုံတရာ တွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာ ပါပဲ ။ အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရပါတယ် ။ သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့်ဖြစ်အောင် တအိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ်၊ တခြံလုံး အမှိုက်တွေ […]
ကိုယ့်လက်ရှိ နေနေတဲ့ အိမ်နံပါတ် အလိုက် စီးပွားတက် လာဘ်ပွင့်ချင်ရင်
အိမ်နံပါတ်ကို ၁ လုံးတည်း ရအောင်ေ ပါင်းရပါမယ် ကိုယ်အိမ် No(403).7 lucky ဂဏန်း လို ပြောကြပေမယ့် အိမ်မှာ လူမမြဲဘူး..နယ်လှည့်ခရီးသည်တွေလိုပဲ.. အဲဒီတော့ ဆည်းလည်းလေးတော့ ချိတ်အူးမှဘာ ၁ ဂဏန်းရတဲ့ အိမ်မှာ ကျားရုပ်,ဆင်ရုပ် သို့မဟုတ် ရုပ်ပုံထား.. ၂ ဂဏန်းရတဲ့ အိမ်မှာရေတံခွန်ပုံ,တောင်တန်းပုံ သူရသဌိ မယ်တော် ရုပ် (သို့) ပုံထား ၃ ဂဏန်းရတဲ့ အိမ်မှာ လိပ်ပုံထား ၄ ဂဏန်းရတဲ့ အိမ်တွေဆို ရွေးချယ်လို့ရရင်မနေနဲ့ မရရင်တော့ အနီရောင်အပြားပေါ် အိမ်နံပါတ်ကို ရွှေရောင်နဲ့ရေးပြီးကပ်ထား ခိုက်တတ်လို့ ပြီးရင် မျက်နှာစာမှာမှန်ချိတ်ထား ၅ ဂဏန်းရတဲ့အိမ်ဆို စာအိတ်အနီမှာ ငွေထည့်ပြီး ဆန်အိုးထဲပစ်ထည့်ထားလိုက် ၆ ဂဏန်းရတဲ့ အိမ်ဆို ရှေးဟောင်းပန်ချီကားချိတ် ဂီတသံလေးဖွင့်ဖွင့်ပေး […]
ဖုန်းရေစိုသွားတဲ့အခါပြင်ဆိုင်မသွားရအောင်ဘာတွေလုပ်ရမလဲ
nicode ဖုန်းရေစိုတယ်ဆိုတာ ဖုန်းနဲ့မကင်းသူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ မတော်တဆ ရေထဲကို ပြုတ်ကျတဲ့အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါ။ တခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင်တဲ့နေရာမှာ ဖုန်းကို ထားမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား – ဆန်ဟာ သာမန်အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင်တယ်ဆိုတာ မှန်သော်လည်း ထင်ထားသလောက် မမြန်ဆန်ပါဘူး။ ဆန်ထဲကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဖုန်းရဲ့အပေါက်မျိုးစုံကနေ ဆန်ရဲ့အမှုန်တွေ၊ ဆန်ကျိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ? (၂) အရင်ဆုံး လုပ်ရမှာကတော့ ပါဝါကို ပိတ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းထဲမှာ ရှော့ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ […]
၂ မိနစ်အတွင်း သွေးတိုးကျစေမယ့်နည်း..
သွေးတိုးတာဟာ ဘယ်သူမှမခံစားချင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး အသက်ကြီးငယ်မရွေးဖြစ်တတ်တာမျိုးပါ သွေးတိုးရောဂါဟာ လုံးဝအရှင်းပျောက်အောင် ကုသဖို့နည်းလမ်းမရှိသေးတဲ့ရောဂါမျိုးဖြစ်ပြီး အမြဲလိုလိုသတိထားပြီး ကျန်းမာရေးကိုဂရုစိုက်နေဖို့လိုပါတယ်။ ဒါကြောင့် သွေးတိုးရောဂါနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေနဲ့ အချိန်တိုအတွင်း..သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းလေးကိုဖော်ပြပေးချင်ပါတယ်။ သွေးတိုးရောဂါလက္ခဏာများ ခေါင်းကိုက်ခြင်း သွေးတိုးရောဂါရှိတဲ့သူတွေဟာ မကြာခဏခေါင်းကိုက်တတ်တဲ့အကျင့်မျိုးမရှိဘဲ သွေးတိုးလာတော့မှသာ ရုတ်တရက်ခေါင်းတွေတအားထိုးကိုက်တတ်တာမျိုးပါ။ ဒါကြောင့် သင့်အနေနဲ့ ခေါင်းကိုက်လေ့မရှိဘဲ နေရင်းက ရုတ်တရက်ခေါင်းတွေထိုးကိုက်လာတာမျိုး၊ နှာခေါင်းသွေးလျှံတာမျိုးတွေဖြစ်လာရင်တော့ သွေးတိုးရှိမရှိစစ်ကြည့်ဖို့လိုနေပါပြီ။ မျက်လုံးထဲမှာ သွေးကြောပြတ်ရာလေးတွေတွေ့ရခြင်း၊ ရုတ်တရက်အမြင်တွေေ၀၀ါးခြင်း သွေးဖိအားရုတ်တရက်များလာခြင်းဟာ မြင်လွှာမှာရှိတဲ့သွေးကြောလေးတွေကို ပျက်စီးသွားစေနိုင်ပြီး မျက်လုံးရဲ့ဆုံချက်ကို ကမောက်ကမဖြစ်သွားစေနိုင်တာကြောင့် ရုတ်တရက်အမြင်အာရုံေ၀၀ါးသွားတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးမှာ သွေးကြောပြတ်ရာလေးတွေဖြစ်ပြီး အမြင်အာရုံတွေေ၀၀ါးနေရင် သွေးတိုးရောဂါရှိမရှိ အမြန်ဆုံးစစ်ဆေးကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ နှလုံးအရမ်းခုန်ခြင်း လမ်းမြန်မြန်လျှောက်တာမျိုး၊ ပြေးတာမျိုးနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်ပြီးတဲ့အချိန်တွေမှာ နှလုံးအရမ်းခုန်ပြီး နားထဲမှာပါ; တဒုန်းဒုန်းဖြစ်နေတာမျိုးဆိုရင်တော့ သွေးတိုးရောဂါအခံရှိတာကြောင့်ဖြစ်နိုင်တာကြောင့် ချက်ချင်းစစ်ဆေးကြည့်ဖို့လိုနေပါပြီ။ နောက်ဆက်တွဲဆိုးကျိုးများ သွေးတိုးရှိနေတာကို ဂရုမစိုက်ဘဲ၊ […]
အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ…
သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားသင့်ပါတယ် တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး..အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ အခုဖော်ပြမယ့်အရာတွေက သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်။ (၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။ (၂) ပိုးစုန်းကြူး ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။ (၃) ပန်းအခြောက်များ အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။ (၄) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ။ ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်။ (၅) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ ပျက်စီးခြင်း၊ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့။ ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းက […]
သင့်ရဲ့မျှဝေခြင်း ရှဲတစ်ချက်က လူတစ်ယောက်ရဲ့အသက်နှင့်ဘဝကို ကယ်တင်စောင်မနိုင်ပါသည်
လက်တွေ့ သားအိမ်ကင်ဆာဖြင့်ရန်ကုန်ဆေရုံကြီးမှာ စစ်ဆေးပြီးနောက်ကျမှလာသည်ဟုသတ်မှတ်ပြောဆိုခြင်းခံရသူ အသက်၅ဝကျော် အမျိုးသမီးကြီးတစ်ဦး – လက်တွေ့ပျောက်ကင်းသွားသည်ဆိုသဖြင့် တိုက်ကြီးမြို့အဝင် တာဂွရွာမှ သတင်းပျံ့ ပြီးတစ်ဆင့်စကားကြားသိရသဖြင့် ကံတိုက်ဆိုင်သူများပျောက်ကင်းကြစေရန်တင်ပြပါသည်။ (ပေးပို့သူ။ ဆရာကြီးဦးသောင်းဌေး။ တာဂွရွာ အလယ်တန်းကျောင်းအုပ်ဆရာကြီး) ကင်ဆာဝေဒနာခံစားနေရသူ။ သင်္ဘောသီး။သင်္ဘောရွက်ကိုနေ့စဉ်သုံးစွဲပါ။ဆေးမီးတိုဆိုပြီးအထင်မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီးမှာ ကင်ဆာအလုံးတွေ့၍ဖြတ်ထုတ်ရမည့်သူစ်ဦး။ငွေကြေးမတတ်နိုင်၍ဆရာကြီးတစ်ဦးနည်းပေးသဖြင့်သင်္ဘောရွက်ပြုတ်အရည်သောက်ခြင်း။ အရွက်နုကိုတို့စရာလုပ်စားခြင်းဖြင့်မခွဲရပဲ၊ ဝမ်းလည်းပြန်သွားနိုင်ကာ၂နှစ်ကျော်ပြီ။အသက်ရှင်နေပါသည်။ သင်္ဘောသီး ကြက်ဥပြုပ်သည်ရေမထည့်ပါ။ သင်္ဘောသီးထဲမှအငွေ့အာနိသင်ဝင်ပြီးကြက်ဥကျက်သွားခြင်းဖြစ်ပါသည်။ သင်္ဘောသီးအငွေ့ကြောင့်ကြက်ဥသည်ကင်ဆာပိုးကိုသတ်နိုင်ပါသည်။ ကြက်ဥမှမြွေဆိပ်ဖြေဆေးထုတ်နေသည်ကိုကြားဘူးကြပါလိမ့်မည်။ ကြက်ဥတစ်နေ့တစ်လုံးစားပေးသင့်သည်ဟုယခုအခါကျန်းမာရေးဆရာဝန်ကြီးများကညွှန်ကြားလျှက်ရှိနေကြသည်။ သဘာဝအိမ်ကြက်ဥများကပို၍အာနိသင်ကောင်းပါသည်။အိမ်ကြက်ဥကအလုံးသေးသဖြင့်ဈေးကွက်မဝင်ပါ။သင်္ဘောသီးအစိမ်း ထိပ်မှဖြတ်ပါ။ အတွင်းမှအစေ့များကိုခြစ်ပါ ။ အခေါင်းကျယ်စေဖို့ပါ။ အစေ့များကိုဖယ်မပစ်ပါနှင့်။အခေါင်းတွင်းသို့ကြက်ဥထည့်ပါ။ အလုံးကြီးလျှင်ကြက်ဥ ၂လုံးအထိဆန့်ပါသည်။ အဖုံးကိုပြန်အုပ်ပြီးအစေးဖြင့်ဖိကပ်ပါ။ မသေချာလျှင်ရွှံ့ဖြင့်ဇော်မံပါ ။ မီးဖို ။မီးကျီးဖြင့် နာရီဝက်ခန့်ဖုတ်ပါ ။ဖွင့်ကြည့်လျှင်သင်္ဘောသီးအတွင်းမှအခိုးများထွက်လာပါလိမ့်မည်။ အတွင်းမှကြက်ဥကိုအပြင်ထုတ်ပြီးအအေးခံထားပါ။ကြက်ဥကိုရေမဆေးပါနှင့်။ ကြက်ဥ ၂လုံးကို အခြားအစာနှင့်မရောပဲထမင်းလွတ်စားပါ။နေ့စဉ် အနည်းဆုံး ၁၄ ရက်စားမှအကျိုးထူးပါမည်။ (ကြောင်းကျိုးတိုက်ဆိုင်သူများ ပျောက်ကင်းကြပါစေ) ကြည်လွင်မြင့်(မုဒြာ) ၂၉.၄.၂၀၁၅ […]
ယနေ့အချိန် အထိ ရွာမှာအလှူရှိတိုင်း ရွာလုံးကျွတ် ထမင်းတစ်အိုးစီ တာဝန်ယူတဲ့ ညီညွတ်မှုရှိတဲ့ရွာလေး
ယနေ့အချိန် အထိ ရွာမှာအလှူရှိတိုင်း ရွာလုံးကျွတ် ထမင်းတစ်အိုးစီ တာဝန်ယူတဲ့ ညီညွတ်မှုရှိတဲ့ရွာလေး.. မြန်မာလူမျိုးတွေဟာ အလှူဆိုရင် လက်မနှေး တတ်တာမို့ ဘယ်တော့မှ သဒ္ဒါတရား မနည်းဘူး ဆိုတာ ကမ္ဘာက သိပါတယ်နော်။ အခုလည်း မြန်မာပြည် စစ်ကိုင်းတိုင်းထဲက ရွာလေးတစ်ရွာရဲ့ အလှူအတန်းနဲ့ ပတ်သက်လာရင် ညီညွတ်မှုကို ပြသနေတဲ့ ပုံရိပ်လေးကို တင်ဆက်ပေး လိုက်ရပါတယ်။ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် မြေလင်း စံပြကျေးရွာလေးဟာ ဆိုရင် သူတို့ ရွာက အလှူ အတွက် ယနေ့ အချိန်အထိ တအိမ်ကို တအိုး ထမင်းပေါင်း ပေးနေတာမို့ ညီညွတ်တဲ့ ရွာဓလေ့လေးကို လေးစားသောအားဖြင့်… ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။ ယနေ့အချိန် အထိ ရွာမှာ အလှူရှိတိုင်း ရွာရှိအိမ်တိုင်းက […]
မဝေးတော့တဲ့ အနာဂတ်မှာ ဘာတွေဖြစ်ပေါ်လာဖို့ရှိနေလဲ….
မဝေးတော့တဲ့ အနာဂတ်မှာ.. ဘာတွေဖြစ်ပေါ်လာဖို့ရှိနေလဲ..? 1 သိပ်မကြာခင် သင့်ဘဝထဲကို အချစ်စစ်တစ်ခု ဝင်ရောက်လာဖို့ရှိနေတယ်။ လက်တွဲဖော်ရှိနေနှင့်ပြီးရင်တော့ ဂရုစိုက်မှုတွေ သိပ်ခံစားနေရပါလိမ့်မယ်။ တစ်ကိုယ်တည်းသမားဆိုလည် စိုးရိမ်စရာမရှိ… ဒီလို ဘဝကြီးမှာ ကြာကြာ မနေရတော့ပါဘူး။ အချစ်သစ်ကို ရှာဖွေတွေ့ရှိဖို့ ရှိနေတယ်။ အဓိကကတော့ လောကကြီးနဲ့ အနားက အရာတွေအပေါ် ပွင့်လင်း လက်ခံမှုရှိဖို့ပဲ ဖြစ်တယ်။ 2 ဝမ်းနည်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ ဖြစ်ပေါ်လာမယ့် အလားလာရှိနေတယ်။ တစ်စုံတစ်ရာ အသစ် စတင်ဖို့ အခွင့်ရေးကြီးကြီးမားမား ရလိမ့်မယ်။ ရှိလို့ ရှိနေမှန်းတောင် မသိခဲ့တဲ့ အရာတွေကိုလည်း သင့်အနေနဲ့ ရှာဖွေတွေ့ရှိမယ်။ စမ်းသပ်မှုတွေကို မကြောက်ပါနဲ့… သင် အောင်မြင်ပါလိမ့်မယ်။ 3 မမျှော်လင့်ထားတဲ့ ပုံစံနဲ့ သင့်ရဲ့ ပြဿနာတွေ၊ အဖြေမရသေးတဲ့ အမေးတွေဟာ ပြေလည်သွားလိမ့်မယ်။ […]
ဟန်လင်းရှေးဟောင်းနယ်မြေနဲ့နီးတဲ့နားမှာ ရှေးဟောင်းပစ္စည်းများတူးဖော်နေ၊ ရှာလည်းတွေ့ကြတယ် အိုးတွေနဲ့ကိုတွေ့တယ်ပြောတယ်
ဝက်လက်၊ ထန်းကြီးရွာအနီး ရှေးဟောင်းပစ္စည်များတွေ့တယ်ဆိုပြီး တူးဖော်နေ၊ ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရင်းတောရွာနဲ့ ထန်းကြီးရွာကြားက မြေတစ်ဧက အကျယ်အဝန်းပေါ်မှာ ရှေးဟောင်းပုတီးစေ့၊ ပုရင်းစတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ် ဒါကြောင့် လူရာနဲ့ချီဟာ နေ့စဉ်လာရောက်တူးယူနေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ် အစပိုင်းက အနီးအနားရွာပဲ အခုကတော့ရွာအစုံဆိုတော့ မျက်နှာစိမ်းတွေတောင်ပါကြတယ်.. ရှာလည်းတွေ့ကြတယ် အိုးတွေနဲ့ကိုတွေ့တယ်ပြောတယ် တွေ့တဲ့သူက ပွဲစားနဲ့ ချိတ်ပြီး တန်းရောင်းစားတာပါပဲ သိန်းရာချီရကြတယ်လည်းကြားတယ် ဟန်လင်းနဲ့လည်းနီးတော့ဗျာ၊ ရှေးဟောင်းအမွေအနှစ်သာဆို ထိန်းသိမ်းဖို့လိုတယ်လေ လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ် အခုတူးဖော်နေကြတယ်ဆိုတဲ့ ဒေသဟာလည်း ဟန်လင်းရှေးဟောင်းနယ်မြေနဲ့ နီးစပ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသခံတချို့ ကမျှော်လင့်ကြတယ်လို့ ဆိုပါတယ် ဝက်လက်မြို့နယ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းမှုတွေမလုပ်တော့တာကြောင့် ခိုးယူတူးဖော်မှုတွေရှိနေပြီး ဒီလိုမလုပ်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက […]









