
ယောင်္ကျားရဖို့ အရေးမကြီးဘူး ရတဲ့ယောင်္ကျားက စိတ်ဓာတ်ကောင်းဖို့ အရေးကြီးတယ် …
မကောင်းတဲ့ ယောင်္ကျား ယူမိရင် ထမင်းလည်း ငတ်နိုင်တယ်အရိုက်လည်း ခံရနိုင်တယ်..။ လင်ယုတ်ရဲ့ လက်ထဲကနေပြန်ရုန်းထွက်ရတာကတစ်ကိုယ်တည်းရပ်တည်ရတာထက်ဆပေါင်းများစွာ ခက်ခဲတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုမယ်ဆိုလင်မကောင်းရင် အချိန်မရွေးရဲတိုင် ကွာရှင်း ကိုယ်ထမင်းကိုယ်စားပြီး ပျော်ပျော်ကြီးနေနိုင်လောက်အောင် မိသားစုက ထောက်ပံ့နိုင်မှ ယူသင့်တယ်။ မဟုတ်ရင် ကိုယ်ဘာသာကိုယ်ကောင်းကောင်းရပ်တည်နိုင်ပြီးဘာမဆိုရှင်းနိုင်တဲ့အရွယ်ရောက်မှယူကြ။ ကွာရှင်းဖို့လွယ်နေရင်တောင်ကွာပြီးသားလင်အမြဲလာရောက်နှောင့်ယှက်နေတာကိုရဲတိုင်ဖမ်းချုပ်နိုင်လောက်အောင်အင်အားမကြီးရင်ဘာမှမထူးဘူး။ အပြင်ပန်းလူကောင်းပုံပေါက်ရင်တောင်လူမသိအောင် နှိပ်စက်တာချုပ်ချယ်တာ ချိုးနှိမ်တာတွေ လုပ်တတ်တဲ့လူယုတ်မာဗီဇတွေ တစ်နှစ်မပြည့်ခင်ပေါ်လာလို့ကလေးတစ်ယောက်နဲ့ရပ်တည်ဖို့ ခက်ခဲကုန်ကြတာ မျက်မြင်တွေ များလှပြီး။ မယူသေးဘူးလား?မေးတဲ့သူတွေကအာချောင်ရုံသက်သက်ပဲလာကူညီမဲ့သူတစ်ယောက်မှ မရှိဘူး …
ယောင်္ကျားရဖို့ အရေးမကြီးဘူး ရတဲ့ယောင်္ကျားက စိတ်ဓာတ်ကောင်းဖို့ အရေးကြီးတယ် … Read More