စီးပွားတက်ချင်ရင် လင်နဲ့ မယား ရန်မဖြစ် ကြဖို့လိုတယ် လင်နှင့်မယားချစ်ကြင်ငြားစီးပွားတက်မည်သာ။စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လိုတယ်။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ။ရန်ဖြစ်ပြီဆိုတာနဲ့ဝစီဒုစရိုက်မနောဒုစရိုက်မှုတွေကျူးလွန်မိတော့တာကို..း။ လင်နဲ့မယား ရန်မဖြစ်တဲ့အချိန်က နက္ခတ်ကောင်းတဲ့အချိန်ပါပဲ။နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲ လိုတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲထင်နေတတ်ကြတယ်။ ပုထုဇဉ်တွေပဲဆိုတော့ အကောင်းချည်းပဲဆိုတာတော့ဖြစ်မလာဘူး။လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ရှိရမယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်..အပြစ်မတင်ရဘူ..း။တစ်ယောက်ကိုတစ်ယောက် မေတ္တာရှေ့ထားပြီးတော့ အပြုသဘောဆောင်ပြီးသတိပေးကြရမယ်။လင်နှင့်မယားရန်ဖြစ်ငြားစီးပွားပျက်မည်သာ။ဒါကတော့ မိုးသု -(မန္တလေး) က စီးပွားတက်ဖို့အတွက်ရန်မဖြစ်မိကြဖို့အိမ်ထောင်သည်တွေကိုသတိပေးထားတာလေးပေါ့။အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင်မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေရန်သတ်နေလို့မဖြစ်ပါဘူး။ဒါဟာလည်း စီးပွားဖြစ်ခြင်း၊မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲ ရန်သတ်နေတဲ့ အိမ်က သာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျက်သရေမရှိတဲ့အိမ်ပေါ့။ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ်။ […]
Day: November 28, 2022
ဘဝဆက်တိုင်း ကင်းမြီးကောက်နဲ့ တူတဲ့ သားသမီးတွေ မဖြစ်ကြပါစေနဲ့…
ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝ က ကလေးပေါက် ဖွားပြီးတဲ့နောက်မှာ မိမိ ကလေးတွေကို မိမိ ခန္ဓာကိုယ်မှာ တက်ခိုင်းထားတာပါပဲ။ ကင်းမြီးကောက် အပေါက်လေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်မှာ နေရင်းနဲ့ ကင်းမြီးကောက်မိခင်ရဲ့ ကိုယ်က အသားတွေကိုပါ တဖြေးဖြေး စားလိုက် ကြတယ်၊ သူတို့ အမေလည်း.. သေရော သူတို့လေးတွေ လည်း ကြီးလာရောပေါ့ ။သူတို့ကိုယ်တိုင် လည်း သွားနိုင် လာနိုင်ရုံမက ရှာဖွေ စားသောက် နိုင်နေပြီပေါ့..၊ ဘယ်လောက်ထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့.. ယနေ့ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း အဲ့ကင်းမြီးကောက်ပေါက်လေးတွေလို ဖြစ်နေတယ် ။ မိဘဖြစ်သူက ဘဝတလျှောက်လုံး ကိုယ့် သားတွေ […]
ထိုင်းနဲ့ ဗီယက်နမ်က အဝယ်သွက်နေတဲ့မြန်မာ့ကြက်သွန်နီ
နောက်(၂၄)နာရီအတွင်း မိုးရွာသွန်းမယ့်ဒေသများကို ပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ
နောက်(၂၄)နာရီအတွင်း မိုးရွာသွန်းမယ့်ဒေသများကို ပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ အလယ်ပိုင်းမိုး 🌧🌧🌧🌧🌧🌧🌧🌧🌧 ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း နောက် ၂၄နာရီမှ ၄၈နာရီအတွင်း ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ် ISSUED TIME 28/11/2022 AT 5:36PM(MMT) မင်းဂွတ်သီးလေးရဲ့ ရက်ဝေးရက်နီးခန့်မှန်းချက်များရေရှည်ရပ်တည်နိုင်ရန်အတွက် အောက်ဖော်ပြပါ အကောင့်မှာ စိတ်ချယုံကြည်စွာဖြင့်ထည့်ဝင်ပံပိုးကူညီနိုင်ပါတယ် ။ kay pay U Htun Hla Aung 09792759477 KBZ Bank account 070 301 999 3194 0501 Wave Pay 09792759477 Waveကို Passwordနဲ့မလွှဲပဲ Accountထဲတခါတဲထည့်ပေးပါနော် ။ AYA bank account U Htun Hla […]
ဆီးချိုဖြစ်တာနှစ် ၂၀ ရှိပြီ အမေ ပျောက်တဲ့အတွက် ဆေးနည်းဒါန ပြုတာပါ
ဆီးချိုဖြစ်တာနှစ် ၂၀ ရှိပြီ အမေ ပျောက်တဲ့အတွက် ဆေးနည်းဒါန ပြုတာပါ ။ ဤဆေးနည်းကိုဖြန့်ဝေပါတယ် ။ဤဆေးနည်းကိုဖြန့်ဝေပါတယ် လိုအပ်သော ပစ္စည်းမှာ ရဲယိုရွက် နှင့် ဥသျှစ်သီးပါ ။ ” ပြုလုပ်ပုံ ” ရဲယိုရွက် ၉ ရွက် နှင့် ဥသျှစ်သီး ၂ လုံး ကိုရေနှင့်ပွက်ပွက်ဆူအောင် ကျို ပါ ။ရေ ၆ ပုလင်း သို့ ၁၀ ပုလင်း ခန့် နှင့်ထည့်ကျိုပါ။ ပွက်ပွက်ဆူ ပြီးအရောင်ရင့်ရင့် ပယင်းရောင်ဖြစ်လျှင်ရပါပြီ၊ တရက် လက်ဖက်ရည်သောက်ခွက်၂ခွက်ခန့်သောက်ပါ။ မနက်တခွက် ညတခွက်သောက်ရပါမယ် ။ သူအမေ ပျောက်တဲ့အတွက်ဆေးနည်းဒါနပြုတာပါ။ ဥသျှစ်သီး အစိုဖြစ်စေ အခြောက်ဖြစ်စေ သုံးစွဲနိုင်ပါသည်။ ဆီးချိုအတွက်သောက်သုံးရန်ဖြစ်ပါတယ် ။ […]
ရောဂါအတွက် ဆေးဖက်ဝင်တဲ့အပြင် စီးပွါးရေးမှာလည်း ရောင်းအားကောင်းနေတဲ့ မျိုးစေ့
သဘာဝတရားက လူတွေကို ရှားပါးပြီး အဖိုးတန်ပစ္စည်းတွေ အများကြီးပေးပါတယ်။ ငါတို့ တစ်ခါမှ မကြားဖူးတဲ့ အပင်မျိုးစိတ်တွေဟာ တခါတလေမှာ စီးပွားရေးအရ တန်ဖိုးမြင့်လွန်တာတွေလည်းရှိပါတယ်။ အထူးအမည်ဖြင့် ဝံပုလွေအပင်လို့ခေါ်တဲ့ အဆိုပါအပင်ရဲ့ အစေ့ဟာ အလယ်ပိုင်းကုန်းမြင့်ရှိ လူများက “ကောင်းကင်ဘုံမှကောင်းချီ..း” အဖြစ် ခိုင်းနှိုင်းကြပြီး ဒီဝံပုလွေမျိုးစေ့ဟာ စီးပွားရေးတန်ဖိုးမြင့်မားသောကြောင့် ရောင်းဈေးက တစ်ကီလိုလျှင် VND 250,000 မှ 350,000 အထိရှိပါတယ်။ မကြာသေးမီရက်များကပင် ဗီယက်နမ်နိုင်ငံ၊ Truong Son သစ်တောမှာ လူများစွာက အစေ့များကောက်ခြင်းအတွက်အပြိုင်အဆိုင်လုကြပြီး အပင်က အတော်ကြီးသော်လည်းလေပြင်းကြောင့် ဝံပုလွေအစေ့များက နေရာအနှံ့လွင့်စင်သွားခဲ့ပြီး ကောက်ဖို့ပဲလိုပါတယ်။ ခဏလေးပဲကောက်ရရုံနဲ့.. ဒေါင်သန်းပေါင်းများစွာ ဝင်ငွေရနိုင်ပါတယ်။ ဝံပုလွေအပင်တစ်ပင်စီက အမြင့် 20 မီတာအထိရှိပြီး အသီးသီးရန် 5 နှစ်အချိန်ယူရသောကြောင့် ရိတ်သိမ်းမှုများပြားလာတဲ့အခါမှာ ဝံပုလွေအပင်က သဘာဝအတိုင်း […]
ဝက်ခြံတင်းတိတ်ထွက်သော မျက်နှာအသားအရေပိုင်ရှင်များအတွက် ထိန်းသိမ်းမဲ့သဘာဝပေါင်းတင်နည်းများ
သာမန်အသားအရေပိုင်ရှင်တွေအတွက် ကြည်လင်တောက်ပတဲ့အသားအရေရဖို့ ထိန်းသိမ်းနည်းအသားအရေထိန်းသိမ်းတဲ့အချိန်၊Skincare product တွေဝယ်တဲ့အချိန်မှာကိုယ့်အသားအရေအမျိုးအစားကိုသိမှ တော်ရာကျပါတယ်။ ကိုယ်ကအဆီပြန်တဲ့အသားအရေဖြစ်ပေမယ့် ဝယ်တဲ့ပစ္စည်းကအသားခြောက်သူတွေသုံးတဲ့ပစ္စည်းမဖြစ်သင့်ပါဘူး..။ အသားအရေထိန်းသိမ်းတဲ့နေရာမှာလည်းဒီလိုပါပဲအသားအရေအမျိုးအစားအလိုက် ပေါင်းတင်နည်းတွေ ထိန်းသိမ်းနည်းတွေက ကွာခြားသွားပါတယ်ပြီးခဲ့တဲ့ရက်ကအဆီပြန်သူတွေအတွက် ပြောခဲ့ပါတယ်ဒီ တစ်ခေါက်မှာတော့အဆီလည်းမပြန်အသားလည်းမခြောက်တဲ့ပုံမှန်အသားအရေပိုင်ရှင်တွေအတွက်ထိန်းသိမ်းနည်းကိုပြောပြလိုပါတယ်။ ဒီပေါင်းတင်နည်းတွေကိုမလုပ်ခင်မျက်နှာသစ်ပေးရပါမယ် ။ ၁။ခရမ်းချဉ်သီးဒီနည်းလမ်းအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ခရမ်းချဉ်သီးဖျော်ရည်ဒါမှမဟုတ် လိမ္မော်ဖျော်ရည်ဒိန်ခဲထိနျးသိမျးနညျးခရမျးခဉျြသီးဒါမှမဟုတ်လိမ္မော်သီး ဖျော်ရည်ကိုဒိန်ခဲ၂ဇွန်းနဲ့ရောပေးပါအနှစ်ပုံစံရအောင် မွှေပြီးမျက်နှာပေါ်မှာညင်သာစွာလိမ်းပေးပါခြောက်အောက်ထားပြီး ရေဆေးချပါဒိန်ခဲကမျက်နှာပေါ်ကဆဲလ်သေတွေကိုကွာကျစေပါတယ်လိမ္မော်သီးနဲ့ခရမ်းချဉ်သီးကဆဲလ်သစ်တွေကို ထုတ္ေပးၿပီးအသားအေရေတာက္ပေစတဲ့ဗီတာမင္စီပါဝင္ပါတယ္တစ်ပတ်မှာသုံးကြိမ်ပြုလုပ်နိုင်ပါတယ် ။ ၂။လိုအပ်တဲ့ပစ္စည်းကတော့သဘောၤသီးတစ်မျိုးတည်းပါထိန်းသိမ်းနည်းသဘောၤသီးကိုခွဲပြီးအေစ့ေတြဖယ္ထုတ္လိုက္ပါ ။ သဘောင်္သီးကိုဖိချေပြီးအနှစ်ဖြစ်အောင်လုပ်လိုက်ပါပြီးနောက်မျက်နှာမှာလိမ်းပါအခြောက်ခံပြီး ရေနဲ့ဆေးချပါသဘောင်္သီးကလှသွေးကြွယ်ဗီတာမင်တွေဖြစ်တဲ့ဗီတာမင်စီနဲ့ဗီတာမင်အေကြွယ်ဝပါတယ်အရေပြားကိုအာဟာရပေးပြီး အသားအရေစိုပြေစေပါတယ်သဘောင်္သီးမှာပါတဲ့အက်တီအောက်ဆီးဒင့်ကအိုမင်းရင့်ရော်ခြင်းကို တိုက်ထုတ်ပေးပါတယ်ဒီနည်းလမ်းကိုပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်၃။မုန်လာဥနီတစ်ဥယူပြီးကျိတ်လိုက်ပါ။ဒီအနှစ်ကိုမျက်နှာမှာလိမ်းပြီးခြောက်တဲ့အထိထားပါပြီးနောက် ရေနဲ့ဆေးချပါပုံမှန်ပြုလုပ်ပေးနိုင်ပါတယ် ။ မုန်လာဥနီကအသားအရေကိုအားဖြည့်ပေးတဲ့ BetaCarotene/ VitaminC နဲ့Vitamin K ကြွယ်ဝပါတယ်အစက်အပြောက်တွေကိုဖယ်ရှားပေးပြီးအသားအရေတောက်ပစေပါတယ်။ ၄။ ရေခဲတုံးထိန်းသိမ်းနည်းရေခဲတုံးတစ်တုံးယူပြီးမျက်နှာမှာ၁မိနစ်ကနေ၂မိနစ်ကြာပွတ်ပေးပါမျက်နှာအရမ်းအေးလာရင်ခဏနားပါပြီးနောက်ထပ်ပွတ်ပေးပါမျက်နှာပေါ်က ရေကိုသူ့အလိုလိုခြောက်သွားပါစေရေခဲကအရေပားသွေလည်ပတ် မှုအတွက်ကောင်းမွန်ပါတယ်မျက်နှာအသားအရေလန်းဆန်းစေပြီး..ချွေးပေါက်ကျဉ်းစေပါတယ်ဝက်ခြံတွေကိုလည်းကုသပေးပြီးအသားအရေတောက်ပစေပါတယ်၅။ကြက်ဥအကာထိန်းသိမ်းနည်းကြက်ဥအကာကို သေချာမွှေပြီးသင့်မျက်နှာပေါ်မှာညင်သာစွာလိမ်းပေးပါ ။ ခြောက်အောင်ထားပြီးနောက်ရေနဲ့ဆေးချပါကြက်ဥကအရေပြားအပေါက်တွေကိုတင်းရင်းစေပြီးအရေးကြောင်းတွေကိုကာကွယ်ပေးပါတယ်။ အမာရွတ်တွေကို လျော့ပါးစေပြီးအသားအရေတောက်ပစေပါတယ် ဒီနည်းလမ်းကိုအသားအရေတင်းရင်းဖို့ရာတစ်ပတ်မှာသုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ ခရက်ဒစ် သာမန်အသားအရေပိုင်ရှင်တွေအတွက် ကြည်လင်တောက်ပတဲ့အသားအရေရဖို့ ထိန်းသိမ်းနည်းအသားအရေထိန်းသိမ်းတဲ့အချိန်၊Skincare product တွေဝယ်တဲ့အချိန်မှာကိုယ့်အသားအရေအမျိုးအစားကိုသိမှ တော်ရာကျပါတယ်။ ကိုယ်ကအဆီပြန်တဲ့အသားအရေဖြစ်ပေမယ့် […]
မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း ဒီစာလေးသင်ဖတ်ကြည့်သင့်ပါတယ်
မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း.ဒီစာလေးသင်ဖတ်ကြည့်သင့်ပါတယ်ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် အဖေကို ချစ်သူများဖခင်မေတ္တာဆိုတာ မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်ဒါ ပေမယ့် ကလေးက အပူကြီးနေလို့ပဟုတ် ရပါတယ် ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး..ကုတင်ပေါ်တင်ပေးတယ်ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါလိုအပ်တဲ့ ဆေးထိုးပေးသောက်ဆေးတွေ ပေးပြီးတဲ့ အခါ…ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲတကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာသောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူးနှစ်ထောင်ကျပါတယ် ဟုတ်ဆရာ တော်သေးတယ် ကျနော်မှာလည်း နှစ်ထောင် ကွက်တိပဲပါတာ ကျနော်က ခေါင်းညိတ်ရင်း ပြုံးပြတော့ […]
တန်ဖိုးမသိခဲ့လို့ စားပြီးလွှင့်ပစ်ကြတဲ့ ငှက်ပျောသီးခွံရဲ့ အသုံးပြုနည်းများ
တန်ဖိုးမသိခဲ့လို့ စားပြီးလွှင့်ပစ်ကြတဲ့ ငှက်ပျောသီးခွံရဲ့ အသုံးပြုနည်းများ ငှက်ပျောသီး စားပြီးရင် အခွံတွေကို မပစ်လိုက်ပါနဲ့ အရမ်းအသုံး ဝင်ပါတယ်စိုက်ပျိုးရေး အတွက် ငှက်ပျောသီး အသုံးဝင် ပုံ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှ က်ပျောသီး ပါမကျန် သူ့အရသာ လေးနဲ့ သူကော င်းလို့မွန်လို့ စားကြတယ်..။ အိမ်နီးနားချင်း တွေကိုဝေကြတယ်။ အမယ်..ဦးရှင်ကြီးတင်လို့ စားရတဲ့မုန့် ဆမ်းနဲ့ ငှက်ပျော သီးလေးဆို ကောင်းလွန်းလို့ အသီးကပဲ စားကောင်းတာ မဟုတ်ပါဘူး။ သူ့အ ခွံ ကလည်း အသုံးဝင်တယ် ဆိုတာ သိစေချင်ပါတယ်။ စားနေကြတဲ့ ငှက်ပျော သီးခွံကို စိုက်ပျိုး ရေး လုပ်ငန်းတွေမှာ ဘယ်လိုသုံး လို့ရနေတယ် ဆိုတဲ့ ကြောင်းကို တင်ဆက် […]
ပရိသတ်ရှေ့ကိုမကြာမှီ ပြန်လည်ရောက်ရှိလာနိုင်တော့မည့် ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်း သား ကြီး ဗေလုဝ
ဟာသဉာဏ်ပညာကြီးမားသလို စာပေပညာထွန်းပေါက်တဲ့ စာရေးဆရာ လူရွှင်တော်ဟာ သသရုပ်ဆောင်ကတော့ ဗေလုဝ ကိုတော့ ပရိသတ်တွေအားလုံးပဲ မှတ်မိကြအုန်းမှာပါနော်။ ဗေလုဝ ဟာ မြန်မာ့ဇာတ်သဘင်လောကမှာလဲ လူရွှင်တော်တစ်ဦးအဖြစ် ပြက်လုံး တွေနဲ့အတူ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့ပါသေးတယ်။ ဒါအပြင် မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော် စာရေးဆရာ အကြည်တော် ရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ ဘီလူးဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ ပိုမိုအောင်မြင်လာခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ဟာသဇာတ်ကားတော်တော်များများမှာ ပါဝင်သရု ပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဗေလုဝ ရဲ့သဘာဝကျကျသရုပ်ဆောင်ချက်တွေကြောင့် ၂၀၁၅ ခုနှစ် အကယ်ဒမီပေးပွဲမှ ာ”ဤအရာကို အချစ်လို့ခေါ်သလား “ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပရိသတ်အားပေးချစ်ခင်ရတဲ့ ဗေလုဝ ဟာ ၂၀၂၀ခုနှစ်လောက်ကတည်းက စကား ပြောတဲ့သွေးကြောခဲသွားတာကြောင့် စကားမပြောနိုင်တော့တဲ့အပြင် လူနာမည်တွေပါမမှတ်မိနိုင်တော့တဲ့ ဝေဒနာကိုခံစားနေရတာပါ။ […]









