ဝက်ခြံနဲ့ အဆီကြိတ်ရှိတဲ့ ပျိုမေတို့အတွက် အကောင်းဆုံး မျက်နှာပေါင်းတင်နည်း (၅) နည်း ဝက်ခြံနဲ့အဆီကြိတ်တွေရှိလို့ ဘာသုံးသုံး မတည့်တာ၊ ပိုဆိုးသွားတာမျိုးတွေ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ပျိုမေတို့ရဲ့ မျက်နှာကို ဓာတုပစ္စည်းတွေမပါပဲ အားဖြည့်ပေးဖို့လိုနေပါပြီ ခုဖော်ပြပေးမှာကတော့ ဝက်ခြံနဲ့ အဆီကြိတ်တွေအ တွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်းလေးတွေပဲဖြစ်ပါတယ်။ (၁) သခွားသီး သခွားသီးနှစ်စိတ်နဲ့ အုတ်ဂျုံမှုန့်ကို ရောကြိတ်လိုက်ပါ။ ရလာတဲ့အနှစ် လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ဒိန်ချဉ်လက်ဖက် ရည်ဇွန်း ၁ဇွန်းနဲ့ သေသေချာချာရောမွှေပြီး မျက်နှာမှာလိမ်းလိုက်ပါ။ နာရီဝက်အကြာမှာ ရေဆေးပေးလိုက်ရုံပါပဲ။ (၂) ပျားရည် ဒီနည်းလမ်းကို အသုံးမပြုခင်မှာ မျက်နှာကို ရေနွေးနဲ့ဆေးကြောထားပါ။ ပြီးတာနဲ့ ပျားရည်ကိုလိမ်းပြီး မိနစ် ၃၀ ထား ကာ ရေနွေးနဲ့ပြန်လည်ဆေးကြောပေးပါ။ နောက်ဆုံးမှာ ရေအေးလေးနဲ့ပြန်လည် ဆေးကြောပေးလိုက်ပါ (၃) […]