အ ရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမ်းအင်တွေ ရှိနေပါတယ်။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကို လာဘ်တိတ်စေသလို၊ သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော့ကြည့်လိုက်ပါနော်။ (၁) ရှုပ်ပွနေခြင်း သင့်အိမ်ကို ရှုပ်ပွညစ်ပတ် နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေမရှင်းတာ၊ ပန်းကန်တွေမဆေးပဲ ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ ရှုပ်ပွ ညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။ (၂) အနံ့အသက်ဆိုးခြင်း သင့်အိမ်ကလေထုကလည်း သင့်အပေါ်ကို အများကြီး သက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ၊ အဝတ်အစား မှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ […]
Day: December 10, 2023
အရမ်းမှန်တဲ့ လက်သန်းဗေဒင် ကြည့်ရအောင်
သင့်ရဲ့ လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့်ထားပါတယ်။ (အောက်ဆုံးတွင် ဖော်ပြထားသော ပုံ ကို ကြည့်၍ မိမိလက်နဲ့ တိုက်ဆိုင် ကြည့်ပြီး သက်ဆိုင်ရာ နံပတ် အလိုက် ဖတ်ရှုကြည့်ပါ…) 1. လက်သန်း ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ… ဆွဲဆောင်မှု ရှိတယ်၊ဘာသာစကား ကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့ အရူးလုပ်ခြင်း မခံ၇ပါ။ 2. လက်သန်း အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ […]
ယနေ့ တနင်္ဂနွေနေ့(၁၀.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ
ဒီဇင်ဘာ ၁၀၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3490 – 3550 ဥရောပယူရို 3680 – 3760 ဗြိတိသျှစတာလင်ပေါင် 4340 – 4430 သြစတြေးလျဒေါ်လာ 2220 – 2280 ဂျပန်ယန်း 23.40 – 24.10 တောင်ကိုရီးယားဝမ် 2.55 – 2.65 အိန္ဒိယရူပီး 40.40 – 41.80 စင်ကာပူဒေါ်လာ 2530 – 2590 မလေးရှားရင်းဂစ် 730 – 760 တရုတ်ယွမ် 475 – 490 ထိုင်းဘတ် 95.90 – […]
သင့်လက်ထဲမှာပိုက်ဆံမပြတ်အောင် သေချာပေါက် ငွေစုမိစေမည့် နည်းလမ်း (၄)မျိုး
တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။ ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်…(1) ၅၀/၃၀/၂၀ နည်း – ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်သာရည်ရွယ်ပါတယ် …။ သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲလိုက်ပါ …။၅ဝရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ …။၃ဝရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိုအပ်သောအရာများအတွက်သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်)၂ဝရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ …။ (2) ရိုးစင်းသောနည်း – တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် …။ လစဉ်ဝင်ငွေကို ၂ပိုင်းခွဲလိုက်ပါ။တစ်ပိုင်းကို မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။ အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ […]
ကြက်ဥအကာ အသုံးပြုနည်းလျှို့ဝှက်ချက်…
အဆီအရမ်းပြန်နေရင်… အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။ ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရပါတယ် အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျူံ နဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်းပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ မျက်အိပ်တွေ ရောင်နေခဲ့ရင်… တချို့တွေက မျက်အိပ်ရောင်နေလို့ ဆိုပြီး ပစ္စည်းတွေကို ဈေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာ ကို တွေ့ကြရပါတယ်။ တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။ ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်…. စတဲ့ အားသာချက်တွေ ရှိပါတယ်။ ကြက်ဥအကာကို မျက်အိပ်ပေါ်မှာ လိမ်းပြီး ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ တစ်ရက်ခြား […]
မွဲခြောက်နေတဲ့ ဆံကေသာကို နူးညံ့ချောမွေ့လာစေဖို့ သဘာဝနည်းလမ်းကောင်း…
အားလုံးပဲ မင်္ဂလာ ပါရှင့်။ ဆံကေသာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာ ဆိုတဲ့ အတိုင်း ဆံကေသာရဲ့ အလှဟာ အားလုံးအတွက် အရေးပါလှ ပါတယ်။ သင့်ရဲ့ ဆံကေသာလေးတွေ လှပနေဖို့ အတွက် အမျိုးမျိုး ပြုပြင်ထိန်းသိမ်းကြ ပါတယ် ဆံကေသာဟာ ဓာတုပစ္စည်းတွေ၊ နေရောင်ခြည်၊ အညစ်အကြေးတွေ ထိတွေ့တာများလို့ ဆံပင် အရောင် မွဲခြောက်နေပြီး အဖျားနှစ်ခွဖြစ်နေပြီ လား မွဲခြောက်နေတဲ့ ဆံကေသာကို နူးညံ့ချောမွေ့လာစေဖို့ သဘာဝနည်းလမ်းကောင်း ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးကို မျှဝေပေးချ င်ပါတယ် ပါဝင်ပစ္စည်း အုန်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း ပြုလုပ်နည်း ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲ သေချာရောထည့်လိုက်ပါ မွဲခြောက်နေတဲ့ ဆံကေသာကို နူးညံ့ချောမွေ့လာစေဖို့ သဘာဝနည်းလမ်းကောင်း […]





