ရှေးရှေးတုန်းက ရွာတရွာမှာ အလွန်ချစ်ခင်ကြသော ကျော်နိုင်နှင့် မောင်မြင့်ဆိုသော ငယ်သူငယ်ချင်းနှစ်ယောက် ရှိလေသည်။ သူတို့နှစ်ဦးလုံးသည် တနေ့လုပ်မှ တနေ့စားရသော အခြေခံ လက်လုပ်လက်စား လူတန်းစားများဖြစ်သဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ဘဝကိုဖြတ်သန်းလာကြရလေသည်။ အလုပ်ဆိုလျှင်လဲ ဘာအလုပ်ပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြရသူများဖြစ်လေသည်။ တခါတလေ အလုပ်ကလေးအဆင်ပြေလို့ ငွေလေးမဆိုသလောက်ရွှင်တဲ့အခါရှိသလို တခါတလေလဲအလုပ်မရှိ၍ ထမင်းပင်နပ်မမှန်ချေ။ ဆောင်းရာသီအစတခုတွင် သူတို့သူငယ်ချင်းနှစ်ယောက်လုံး အိမ်ဆောက်လုပ်ရေးတခုတွင် လက်သမားအလုပ်ရလိုက်၍ ပုံမှန်ဝင်ငွေလေးနဲ့ စိုစိုပြေပြေလေးဖြစ်လာလေသည်။ တနေ့သောအခါ၌ သူငယ်ချင်းနှစ်ယောက်လုံး အလုပ်သိမ်းချိန်တွင် လုပ်အားခ ပိုက်ဆံထုတ်ပြီး အိမ်ပြန်လာခဲ့ကြရာ ဈေးလမ်းသို့ရောက်သောအခါ မောင်မြင့်သည် ဝက်သားအရမ်းစားချင်သည်ဟုဆိုကာ ဝက်သားငါးဆယ်သားဝင်၍ ဝယ်လေသည်။ တဆက်ထဲမှာပင် ကျော်နိုင်ကိုလဲ လှမ်းပြောလိုက်လေသည်။ ” ဟေ့ကောင်ကျော်နိုင် မင်းလည်းဝက်သားမြင်ရင် မနေနိုင်အောင် ကြိုက်တဲ့ကောင်ပဲ ဝင်ငွေလေးကောင်းနေတုန်း မင်းအိမ်အတွက် ငါ့လိုဝယ်သွားလေကွာ […]
Day: December 7, 2023
ယနေ့ ကြာသပတေးနေ့(၇.၁၂.၂၀၂၃)အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ
ဒီဇင်ဘာ ၇၊ ၂၀၂၃ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3480 – 3550 ဥရောပယူရို 3710 – 3840 ဗြိတိသျှစတာလင်ပေါင် 4240 – 4380 သြစတြေးလျဒေါ်လာ 2220 – 2290 ဂျပန်ယန်း 23.10 – 23.90 တောင်ကိုရီးယားဝမ် 2.60 – 2.70 အိန္ဒိယရူပီး 40.90 – 42.30 စင်ကာပူဒေါ်လာ 2530 – 2600 မလေးရှားရင်းဂစ် 735 – 755 တရုတ်ယွမ် 475 – 490 ထိုင်းဘတ် 96.80 – […]
၂၄နာရီအတွင်း မိုးအန္တရာယ်သတိေပးလာတဲ့ စုစုစံ…
မိုးအန္တရာယ် 🌧🌧🌧၂၄နာရီအတွင်း တမူး ဟုမ္မလင်းထမံသီ နန်းယွန်း ခန္တီးလဟယ် လုံးခင်းကံဆီး တနိုင်း ဖားကန့် ကာမိုင်း မိုးကောင်းပင်ဘော ဟိုပင်အင်းတော်ကြီး ဘီလူး နန့်စီအောင် မိုးညှင်းမော်လူး မော်ဟန် ဗန်းမော် တာလောကြီး ဆင်ဘို မြစ်ကြီးနား ဝါရှောင် ချီဗွေ ကန်ပိုက်တီ လိုင်ဇာ ဒေါဖုန်းယန် လွယ်ဂျယ် ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ် မိုးကြီးရေလျှံသတိပြုကြပါ ဘေးအန္တရာယ်ကင်းဝေးကြပါစေ ပြည်သူ့အချစ်တော်လေး မင်း ဂွတ် သီး Su Su San 07/12/2023 10:13am(MMT) မိုးအန္တရာယ် 🌧🌧🌧၂၄နာရီအတွင်း တမူး ဟုမ္မလင်းထမံသီ နန်းယွန်း ခန္တီးလဟယ် လုံးခင်းကံဆီး တနိုင်း ဖားကန့် ကာမိုင်း မိုးကောင်းပင်ဘော ဟိုပင်အင်းတော်ကြီး ဘီလူး နန့်စီအောင် မိုးညှင်းမော်လူး မော်ဟန် […]
AD လိုင်စင်ရဘဏ်တွေ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ဖို့ …..
နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် Online Trading မှာ ရောင်းဝယ်ကြရာမှာ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုတယ်လို့ ဗဟိုဘဏ်က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ AD လိုင်စင်ရဘဏ်တွေ Online Trading မှာ အရောင်းအဝယ် လုပ်ကြတဲ့အခါ ငွေလဲနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လို၊ ရောင်းလိုသူက တင်ပြလာတဲ့ ငွေလဲနှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ်ရဲ့ ကြေညာချက်ဟာ ပို့ကုန်ရငွေ ၁၀၀ % ကို အပြင်ပေါက်ဈေးနဲ့ ရောင်းခွင့် ပြုတာမျိုး မဟုတ်ဘဲ ၅၀/၅၀ ကိုပဲ ဖြေလျှော့ပေးတာ ဖြစ်ပြီး […]



