ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။ လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့ နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ် (၁)ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး (၂)သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့။ လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ချွေးအလွန်ထွက်တတ်သူ သို့မဟုတ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူဆိုပါက ရေချိုးဖို့ […]
Day: December 11, 2023
ကမ္ဘာ့ရွှေဈေး ဒေါ်လာနှစ်ထောင်အောက် ကျလာပြီး မြန်မာ့ရွှေဈေး….
ရင်းနှီးမြှုပ်နှံသူတွေက ဗဟိုဘဏ်အစည်းအဝေးတွေနဲ့ အတိုးနှုန်းအလားအလာကို စောင့်ကြည့်နေတဲ့အတွက် ဒီနေ့ ဈေးဖွင့်ရက် တနင်္လာနေ့မှာ ဒေါ်လာတန်ဖိုး မြင့်လာပြီး ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အောက် ကျသွားပါတယ် ဒီနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၉၉၇ ဒေါ်လာဝန်းကျင် ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၁၃.၂၀ ဒေါ်လာမှာ ရှိနေပါတယ်။ (Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်) ပြီးခဲ့တဲ့သောကြာနေ့မှာ အမေရိကန်အလုပ်အကိုင်ဈေးကွက်အခြေအနေ ကောင်းမွန်နေကြောင်း အစီရင်ခံစာ ထွက်ခဲ့ပြီး ဒီအချက်က ဗဟိုဘဏ်ရဲ့အတိုးနှုန်း ဆုံးဖြတ်ချက်အပေါ် ဘယ်လို ပုံဖော်မယ်ဆိုတာကို အများက စောင့်ကြည့်နေတဲ့အတွက် ရွှေဈေးကွက်မှာ ဖိအားတွေ များနေပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီနေ့ (တနင်္လာနေ့) ဈေးကွက်ဖွင့်ရက်မှာ အမေရိကန်ဒေါ်လာဟာ ထိပ်တန်းငွေကြေးတွေနဲ့ လဲလှယ်ရာမှာ ဝ.၁ % […]
ပုံမှန်ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံမစုမိသူများအတွက် ပိုက်ဆံစုတဲ့နည်းဗျူဟာ
ပုံမှန်ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများအတွက် ပိုက်ဆံစုတဲ့နည်းဗျူဟာ ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်… ။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်… ။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ… ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်. . . ။ ။ ၁။ သုံးပြီးမှ မစုလေနဲ့… လစာထုတ်တာနဲ့ […]
အပင်ကို အိုးဖြင့် စိုက်မည့်သူများအတွက် မြေရောစပ်နည်း…
အပင်ကို အိုးဖြင့် စိုက်မည့်မိတ်ဆွေများအတွက် မစိုက်ခင် မဖြစ်မနေ သိသင့်တဲ့ မြေရောစပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ၁။ မြေဆွေးဆိုတာ… သစ်ရွက်တို့ မြေနဲ့ အတူ ဆွေးမြေ့ရောနှောသွားသောမြေဟု ယေဘူယျ ခေါ်ရင် ရပါတယ်။ အာ့လို မြေဆွေး မရပါက သစ်ရွက်များ ဖုံးလွှမ်းခံရသောမြေကို အပေါ်ယံ သုံးလက်မထုလောက် လွှာ၍ ကီလို ၁၀၀လောက် ယူပါ။ (ဘိလပ်မြေ အိတ်တစ်လုံး ကီလို ၅၀ ရှိပါသည်) ၂။ ဆန်ဆေးရည် ပထမဆေးသော ရေကို ဗူး (သို့) မြေအိုးတွင် ထည့်၍ အနည်းဆုံး သုံးရက် ထားပါ။ ၇ လီတာမှ ၁၀လီတာ။ ၃။ ထန်းလျက် အမည်း (အရက်ချက်ရာတွင်သုံး ) အမည်း မရပါက ရေသာ […]
ယနေ့ တနင်္လာနေ့(၁၁.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ..
ဒီဇင်ဘာ ၁၁၊ ၂၀၂၃ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည် အမေရိကန်ဒေါ်လာ 3500 – 3550 ဥရောပယူရို 3680 – 3750 ဗြိတိသျှစတာလင်ပေါင် 4340 – 4430 သြစတြေးလျဒေါ်လာ 2210 – 2270 ဂျပန်ယန်း 23.50 – 24.00 တောင်ကိုရီးယားဝမ် 2.55 – 2.65 အိန္ဒိယရူပီး 40.40 – 41.80 စင်ကာပူဒေါ်လာ 2520 – 2580 မလေးရှားရင်းဂစ် 730 – 750 တရုတ်ယွမ် 470 – 490 ထိုင်းဘတ် 95.70 – […]
ညဘက် အိပ်မပျော်ဘူးဆိုသူများအတွက် လွယ်ကူတဲ့ ဆေးနည်း
သင့်အိမ်ထဲကို ပိုးမွှားတွေမလာနိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း (၁၀)မျိုး
သင့်အိမ်ကို ပိုးမွှားကင်းစင်တဲ့ အိမ်တစ်အိမ် ဖြစ်စေချင်ပေမဲ့ ဓါတုပိုးသတ်ဆေးတွေကို သုံးဖို့လက်တွန့်နေလား။ သင့်ရွေးချယ်မှု မှန်ပါတယ်။ ဓါတုပိုးသတ်ဆေးတွေဟာ အပြင်းဆုံး အဆိပ်တွေ ဖြစ်ပီး ပိုးမွှားတွေကိုသာမက လူကိုလည်း ဒုက္ခ ကောင်းကောင်းပေနိုင်ပါတယ်။ ဒါတွေကို ရှောင်လွှားနိုင်ဖို့ဆို ခုပြောပြမယ့် နည်းလမ်းလေးတွေက အနည်းနဲ့အများ အသုံးဝင်လိမ့်မယ်လို့ ယူဆပါတယ်။ ၁။ပိုးဟပ်တွေ အရိုးရှင်းဆုံးပြောရရင် ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာ ရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့လက်လှမ်း မမှီအောင် ထားဖို့ လိုပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ထောင်ချောက်လေးတစ်ခု ဖန်တီးလိုက်ပါ။ ရိုးရှင်းလွယ်ကူပါတယ်။ ရေသန့်ဗူးအလွတ် တစ်လုံးကို ယူလိုက်ပါ။ထိပ်ပိုင်းကို ကန်တော့ပုံဖြစ်အောင် ဖြတ်လိုက်ပါ။ ထိုကန်တော့လေးကို ထိုရေဗူးပိုင်းထဲကို ပြန်ထည့်ပါ။ ပုံမှာပြထားတဲ့အတိုင်းပေါ့။ ပီးရင်တော့ ထိုပစ္စည်းလေးကို ပိုးဟပ်တွေ လာတတ်တဲ့နေရာမှာထားပေးပါ။ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပီး ပြန်ထွက်မရတော့ပါဘူး။ ၂။ယင်ကောင်တွေ ဒီနည်းလေးကတော့ […]