ဒေါ်လာအပျော့အမာကို ကြိုးကိုင်ခြယ်လှယ်ထားတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့် မူဝါဒကို မကြာခင် ရပ်တန့်တော့မယ်လို့ ယူဆရတဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဒုတိယမြောက်လအဖြစ် ဆက်တိုက် မြင့်လာပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၄၈ ဒေါ်လာအထက် ရှိနေတဲ့အတွက် ဒီအပတ်မှာ ၂.၃ % မြင့်နေပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၆၈.၅၀ ဒေါ်လာဈေး ရှိနေပြီးတော့ ဝ.၆ % မြင့်တက်လာပါတယ်။ (Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်၊ တခြားမှာ ပြန်ကူးတင်ခွင့် မပြုပါ) ဈေးကွက်လေ့လာသုံးသပ်သူတွေက ဒီနှစ်လိုပဲ နောက်နှစ် ၂၀၂၄ ထဲမှာလည်း ရွှေဈေးကို ဆက်တက်ဦးမယ်လို့ ခန့်မှန်းထားပြီး အမေရိကန်ဗဟိုဘဏ် မူဝါဒအပြောင်းအလဲကြောင့် ဒေါ်လာတန်ဖိုး အားပျော့လာမယ်လို့လည်း ဆိုပါတယ်။ အခုလို […]