News

ကမ္ဘာ့ရွှေဈေး အမြင့်ဆုံး ရောက်ပြီး ပြည်တွင်းရွှေဈေး တက်ရိပ်ဖြစ်လာ

အမေရိကန်ဗဟိုဘဏ်အနေနဲ့ ၂၀၂၄ မတ်လထက်နောက်မကျဘဲ အတိုးနှုန်းတွေ လျှော့ချတော့မယ် လို့ ယူဆလာတဲ့အတွက် ဒေါ်လာနဲ့ ငွေတိုက်စာချုပ်တန်ဖိုးတွေ လများစွာအတွင်း အနိမ့်ဆုံး ကျလာပြီး ကမ္ဘာ့ရွှေဈေးကတော့ သုံးပတ်တာ အမြင့်ဆုံးကို ရောက်လာပါတယ်။ ဒီနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၈၆ ဒေါ်လာဝန်းကျင် ရှိနေပြီး ဒီဇင်ဘာ ၄ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၉၇ ဒေါ်လာကို မြင့်လာပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်) ယူကရိန်း-ရုရှားနဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေနဲ့အတူ အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်း လျှော့ချမယ့်အလားအလာတွေကြောင့် ကမ္ဘာ့ရွှေဈေးက ဒီနှစ်ထဲမှာ ၁၄ % မြင့်နေပြီး သုံးနှစ်အတွင်း ဈေးအများဆုံး မြင့်တက်မှု ဖြစ်လာပါတယ်။ ကမ္ဘာ့ရွှေဈေး အမြင့်ကို ရောက်နေချိန်မှာ မြန်မာပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ၃၇ […]