မိသားစုထဲမှာအကြီးဆုံးသားသမီးများသာ သိတဲ့အချက်(၇)ချက် မိသားစု ဦးရေများတဲ့သူတွေကြားမှာ အသက်ကြီးဆုံး သားသမီးဖြစ်ရတာကို ဂုဏ်ယူတဲ့သူရှိသလို၊ တစ်ခါတလေ မပြေလည်တဲ့မိသားစုကြားမှာ ဖိအားတွေအများကြီးနဲ့ ထွက်ပြေးချင်စိတ်ပေါက်တဲ့အထိလည်း ဖြစ်တတ်ပါတယ်။ မြန်မာစကားပုံလည်း ရှိနေတာပဲ။ အစ်ကိုကြီး အဖအရာ၊အစ်မကြီးတော့ အမိအရာ-ဆိုသလို မိသားစုတာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ဖို့ အလားအလာအရှိဆုံးကလည်း သားကြီးသမီးကြီး အခေါ်ခံထိုက်သူတွေပဲ ဖြစ်ပါတယ်။ အောက်မှာတော့အကြီးဆုံးသားသမီးတွေသာ ခံစားရလေ့ရှိတဲ့ အချက် (၇)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ 1. အမြဲတမ်း စံပြပုဂ္ဂိုလ်ဖြစ်ဖို့ကြိုးစားရတယ်။ ငယ်ရွယ်တဲ့ ညီ/ညီမတွေကြားမှာ သင်ဟာ သူတို့ အနီးစပ်ဆုံး အတုယူရမယ့် စံပြပုဂ္ဂိုလ်ဖြစ်ဖို့ကြိုးစားရပါတယ်။ သင့်မိဘတွေကလည်း အငယ်တွေကို ဆုံးမတဲ့အခါတိုင်း “အကြီးကောင်တုန်းက ဘယ်လို ဖြစ်တယ် … အကြီးမတုန်းက ဘယ်လို လုပ်ခဲ့တာ ” စသည်ဖြင့် ဥပမာပေးပြီး ဆုံးမကြပါလိ့မ်မယ်။ 2. ဘာအတွက်ပဲဖြစ်ဖြစ် သင်ပဲ […]
Day: October 28, 2020
သင်အကြိုက်ဆုံး ရေခဲမုန့်ကနေ သင့်အကြောင်းကိုမှန်အောင်ပြောပြမယ် …..
သင်အကြိုက်ဆုံး ရေခဲမုန့်ကနေ သင့်အကြောင်းကိုမှန်အောင်ပြောပြမယ်……. လူတိုင်းမှာ ကိုယ်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးတွေ ကိုယ်စီရှိပါတယ်။ ဒါပေမယ့် ကိုယ်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးကနေတစ်ဆင့် ကိုယ့်ရဲ့အကြောင်းကို ပြောလို့ရတယ်ဆိုတာကိုတော့ သိကြမယ်မထင်ပါဘူး။ ကဲ သင်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးကပြောနေတဲ့ သင့်အကြောင်းကိုဖတ်ကြည့်လိုက်ပါဦး။ (၁) ဗနီလာ ဗနီလာ (သို့) နို့အရသာရေခဲမုန့်ကိုမှကြိုက်တဲ့သူတွေကတော့ စွန့်စားရတာကို နှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ နောက်ပြီး ဘက်စုံထူးချွန်သူတွေဖြစ်လို၊ တစ်နေ့တစ်မျိုးမရိုးရလေအောင် ဆန်းသစ်ရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်တဲ့ ပင်ကိုယ်ဗီဇရှိသူ တစ်ယောက်ဖြစ်ပါတယ်။ (၂) ချောကလက် တကယ်လို့သင်အကြိုက်ဆုံးရေခဲမုန့်ဟာ ချောကလက်အရသာဖြစ်နေရင်တော့ သင်ဟာဆန့်ကျင်ဖက်လိင်တွေကို ဆွဲဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချောကလက်ကြိုက်တဲ့သူတွေဟာ စိတ်ပျိုကိုယ်နုကြပါတယ်။ ချောကလက်ရေခဲမုန့်ကိုကြိုက်တဲ့သူတွေမှာ အလွမ်းအဆွေးဇာတ်လမ်းလေးတွေလည်း ရှိနေတတ်ပါတယ်။ (၃) ရိမ်းဘိုး ရောင်စုံရိမ်းဘိုးရေခဲမုန့်အရသာကိုမှ ကြိုက်တဲ့သူတွေဟာ အလွယ်လမ်းကြိုက်တဲ့သူတွေဖြစ်သလို၊ စိတ်ပိုင်းဖြတ်ဖို့လည်း ခက်ခဲတတ်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တီထွင်ဆန်းသစ်နိုင်စွမ်းရှိပြီး ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်တဲ့အလျောက် […]

