ကျမ္မာရေး ဗဟုသုတ


အမျိုးသမီးတွေမှာပဲ တွေ့နိုင်မယ့် နှလုံးရောဂါနဲ့ ပတ်သတ်တဲ့ လက္ခဏာရပ်(၆) ခု နှလုံးရောဂါဆိုတာ ကျား၊ မမရွေး အသက်အရွယ်မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးတွေအတွက် သီးသန့် နှလုံးရောဂါနဲ့ ပတ်သက်တဲ့လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါတွေကတော့.. (၁) ခန္ဓာကိုယ်အနှံ့နာကျင်မှုတွေ ကျောဖက်၊ လည်ပင်းနဲ့ဂုတ်၊ မေးရိုးတစ်လျှောက်အပြင် လက်မောင်းနှစ်ဖက်မှာပါ ရုတ်တရက်စူးစူးဝါးဝါးနာကျင်ခံစားလာရပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် ညအိပ်နေရင်း နာလာလို့ လန့်နိုးတာမျိုးတောင်ရှိတတ်ပါတယ်။ ဒီလိုဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်နေပါပြီ။ (၂) ဗိုက်မကောင်းတာမျိုး အစာအဆိပ်သင့်သလိုလို၊ အပူအစပ်စားတာများလို့ ဗိုက်အောင့်သလို ဖြစ်နေပေမယ့်လို့ ဗိုက်တစ်ဝှက်မှာ ဖိအားကြီးတစ်ခုလို ခံစားနေရပြီးတော့ ခပ်စူးစူးအောင့်နေမယ်ဆိုရင် အစာအိမ်အချဉ်ပေါက်နေတာ ဖြစ်နိုင်သလို နှလုံးရောဂါလည်းဖြစ်နိုင်တဲ့အွေက်ကြောင့် မပေါ့သင့်ပါဘူး။ အမြန်ဆုံး သွားရောက်စစ်ဆေးပါ။ (၃) ချွေးစေထွက်တာ […]

ၾကားသိရသမွ်

နောက်တပတ် သောကြာနေ့မှာ ကြည့်ရတော့မယ့် အောင်လနဲ့စိန်ခေါ်သူ REINIER တို့ ပွဲ

ဘရာဇီးတိုက်ခိုက်ရေးသမားကို အနိုင်ယူခဲ့တဲ့ ဒတ်ခ်ျလူမျိုး တိုက်ခိုက်ရေးသမား Reinier က အောင်လအန်ဆန်ရဲ့ ONE မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို စိန်ခေါ်ခဲ့တာပါ “အောင်လ မင်း အဆင်သင့်ပဲလား” ကြိုက်တဲ့နေရာအချိန်ရွေးလိုက်စမ်းပါ ပြောင်ပြောင် လက်လက်ခါးပတ် ကိုတော့ သိမ်းထား ငါလာယူမှာမို့လို့” ဆိုပြီး Reinier က အောင်လကို စင်ပေါ်ကနေ စိန်ခေါ်ခဲ့တာပါ။ “ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင် ထိုးသတ်ရတဲ့အရေးကြီးတဲ့ပွဲစဉ်မှာ အနိုင်ရရှိသွားတဲ့ Reiner ကို ဂုဏ်ပြုပါတယ်။ သိပ်မကြာခင် အချိန်မှာချန်ပီယံခါးပတ်အတွက် ကြိုးဝိုင်းမှာ ရင်ဆိုင်ထိုးသတ်ဖို့ အတွက် မျှော်လင့်ပါတယ်”လို့ အောင်လက သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကနေတုံ့ပြန်ခဲ့ပါတယ်။ Reinier ဟာ အသက် ၃၀ ရှိနေပြီး အရပ် ၆ ပေ ၄ လက်မ၊ ကိုယ်အလေး ချိန် […]

ပြည်တွင်းသတင်း

မန္တလေး UAB BANK လုယက်မုှကျူးလွန်သူ ကြိုးဆွဲချ မဆုံးခင် နောက်ဆုံးရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့စာ…

“နောက်ဘ၀လူကြီးဖြစ်အောင်လုပ်မယ်”ဟုသွေးစာရေးကာသတ်သေသူမှာဘဏ်လုယက်မှုကျူးလွန်သူဖြစ်နေ အမှုဖြစ်စဉ်မှာ၁၇.၁၀.၂၀၂၀ရက်နံနက်၁၁နာရီ၁၀မိနစ်အချိန်မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်နယ်မြေရဲစခန်းတွင်ရဲအုပ်စိန်ထွန်းဦးတာဝန်ထမ်းဆောင်နေစဉ်ဒုရဲအုပ်သဉ္ဇာထွေး၎င်းသည်၁၇.၁၀.၂၀၂၀ရက်၇နာရီခွဲအချိန်ခန့်တွင်ချမ်းမြသာစည်မြို့နယ်၊အောင်သာယာရပ်ကွက်၁၁၆(ဂန္ဓာမာ) • ၁၁၇(ယုဇန)လမ်း၊ ၄၄ လမ်းအနောက်ဘက်၌အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး နေကြောင်း သတင်းအရ စခန်းမှူးရဲအုပ် စိန်ထွန်းနယ်ထိန်းအရာရှိဒုရဲအုပ်ဝင်းပိုင်ရဲဒုတပ်ကြပ်ပြည့်ဖြိုးအောင်၊သက်သေအောင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ဦးအောင်ကျော်နိုင်(ရာအိမ်မှူးဦးမြင့်သန်းဦးသန်းဝင်းတို့နှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မောင်အောင်ကျော်ထွန်း (၃၂)နှစ်၊ညည၇၆/၁၀သင်ပုန်းကုန်းရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်နေသူဖြစ်ပြီးအောင်သာယာရပ်ကွက်၊၁၁၆(ဂန္ဓမာ)•၁၁၇(ယုဇန)လမ်း၊၄လမ်းအနောက်ရှိခြံဝန်းအလွတ်ရှိအုတ်တံတိုင်းခြံစည်းရိုးတွင်သွပ်နန်းကြိုးအားကြိုးအဖြင့်အသုံးပြု၍ကြီးလွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးအလောင်၏အနီးဝန်းကျင်အားသက်သေများနှင့်အတူစိစစ်ရာအောင်သမာဓိတံဆိပ်ပါဗလာစာအုပ်အတွင်း၌ဘလိတ်ဓား(၁)ချောင်းနှင့် သွေးများ၊ ဖြင့် ရေးသားသည့်” ကျုပ်ကို ခိုင်းလို့လုပ်တာ၊ ပိုက်ဆံ လည်းကျုပ်မရဘူး၊ဒါမိသားစုနှင့်မဆိုင်ဘူး၊နောင်ဘ၀မှာလူကြီးဖြစ်အောင်လုပ်မယ်”ဟုသောစာသားများတွေ့ရကာ၎င်း၏ခန္ဓာကိုယ်အားစစ်ဆေးခဲ့ရာ လျာအနည်းငယ်ထွက်ခြင်း၊လိင်တံမှသုတ်ရည်များထွက်ခြင်း၊ဝဲဘက်လက်ခုံမှသွေးများထွက်နေခြင်း၊လည်ပင်း၌ သွပ်နန်းကြီုးအရာများသာတွေ့ရပြီး အခြားပြင်ပဒဏ်ရာများမရှိတွေ့ရှိခဲ့သဖြင့်၎င်းသေဆုံးသူအလောင်းအားရဲဆေးစာရေးသား၍မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာPR(11/2020)ဖြင့်လက်ခံခဲ့ပြီးအောင်ကျော်ထွန်းရုတ်တရက်သေဆုံးခြင်းနှင့်ပတ်သက်၍မ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဒုအုပ် သဉ္ဇာထွေးမှတရားလိုပြုလုပ်တိုင်တန်းခဲ့ရာအောင်ပင်လယ်နယ်မြေရဲစခန်းသေမှုသေခင်းအမှတ်(၆/၂၀၂၀)နှင့်အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်ဟုဆို၏။ ရဲစခန်းအချင်းချင်းချိတ်ဆက်ခဲ့ရာမှသေဆုံးသူအောင်ကျော်ထွန်းမှာလွန်ခဲ့သော၁၅.၁၀.၂၀၂၀ရက်နေ့နေ့လည်၃နာရီခွဲခန့်အချိန်တွင်မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းနှင့်ရတနာလမ်းထောင့်ရှိယူအေဘီဘဏ်အတွင်းသို့ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍Maskတပ်ဆင်လျက်အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး လုံခြုံရေးနှင့်ဘဏ်ဝန်ထမ်း များအားသေနတ်အတို(စိစစ်ဆဲ)ဖြင့်ချိန်ရွယ်၍ငွေကျပ်သိန်း၂၀၀လုယက်ယူဆောင်ပြီး4D-5422MarkIIအဖြူရောင်ယာဉ်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ကြောင်းသိရသည်။ အမှုနှင့်ပတ်သက်၍ ဖြစ်လျှင်ဖြစ်ခြင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကစုံစမ်းရာပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့သည့် 4D-5422 Mark II အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံများအား ဓါတ်ဆီလောင်းမီးရှို့ထားပြီးပြည်ကြီးတံခွန်မြို့နယ်၊(ခ)ရပ်ကွက်အတွင်းရှိဒူးကြားလမ်းပေါ်တွင်ယင်းနေ့ညနေပိုင်းတွင်တွေ့ရှိရကြောင်း၊ ယာဉ်နှင့်ပတ်သက်၍စိစစ်ခဲ့ရာ၎င်းယာဉ်သည်လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း၊ယာဉ်အတွင်းရှာဖွေရာလေသေနတ်တွင်ထည့်သွင်းအသုံးပြုသည့်ဘောစေ့များနှင့်ယာဉ်ဒက်ရှ်ဘုတ်ပေါ်၌ “ကားရွှေ့လိုလျှင် ၀၉၆၇…….”ဟု ရေးထားသည့် စာရွက်တစ်ရွက်တွေ့ရကြောင်း၊ ယင်းဖုန်းနံပါတ်ကိုစိစစ်ရာဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊၊ရွှေဘိုမြို့နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်စုံစမ်းခဲ့ရာယင်းမှတ်ပုံတင်ကိုင်ဆောင်သူသည်လွန်ခဲ့သည့်၁၀နှစ်ခန့်ကတည်းကမန္တလေးမြို့သို့ပြောင်းရွှေ့နေထိုင်သည်ကိုစုံစမ်းရရှိကြောင်း၊ မှတ်ပုံတင်နံပါတ်ကိုအခြေခံ၍ဆက်လက်စုံစမ်းခဲ့ရာအောင်ကျော်ထွန်းသည်မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်တွင်နေထိုင်ကြောင်းအတည်ပြုရရှိ၍၎င်း၏နေအိမ်သို့၁၆.၁၀.၂၀၂၀ရက်နေ့ညတွင်စောင့်ကြည့်စိစစ်ရာထူးခြားလှုပ်ရှားမှုတစ်စုံတစ်ရာမရှိကြောင်း၊ […]

ဗဟုသုတ

မာနတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး စေတနာချင်း ပြိုင်ကြည့်ပါလား

မာနတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး စေတနာချင်း ပြိုင်ကြည့်ပါလား မာနတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး စေတနာချင်း ပြိုင်ကြည့်ပါလား။ အလှတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး စိတ်ထားချင်း ပြိုင်ကြည့်ပါလား။ ပိုင်ဆိုင်မှူတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး အေးချမ်းမှူကို ပြိုင်ကြပါလား။ ပညာတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး လူသားကောင်းကျိုးကို အတူတူလုပ်ကြည့်ပါလား။ ကျော်ကြားမှူတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး နိုင်ငံ နှင့် အမျိုးဘာသာသာသနာအတွက် ကြိုးစားကြည့်ပါလား။ ဂုဏ်ပကာသနတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး ဆင်းရဲသားတွေကို ဝိုင်းဝန်းပေးကမ်းကြပါလား။ လောဘတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး နိမ့်ကျနေသူတွေရဲ့ ဘဝကို မြင်အောင်ကြည့်လိုက်ပါလား။ အမြင်မတူညီမှူတွေကို ငြင်းခုံနေမှာလား ခဏလောက်ရပ်ပြီး သူ့အတွေး ကိုယ့်အတွေးကို ညှိကြည့်ပါလား။ အတ္တတွေ ပြိုင်နေတာလား ခဏလောက်ရပ်ပြီး ကြားထဲက မြေစာပင်လေးတွေကို သနားကြည့်ပါလား။ […]

အချစ်နှင့်ဘဝ

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အချက်( ၆ )ချက်….

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အဖြစ်အပျက်များ ချစ်တယ်ဆိုတာက ကြိုက်တာနဲ့ လုံးဝ မတူတာကို ချစ်ဖူးသူတိုင်း သိကြပါတယ်။ ဘယ်လို စကားလုံးနဲ့ ပြောပြရမယ် မသိလောက်အောင် ကွာခြားပါတယ်။ ချစ်ဖူးသူတွေရဲ့ ခံစားချက်ကို မချစ်ဖူးတဲ့သူတွေကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။ ရည်းစားတွေ ဘယ်လောက်ထားထား ချစ်ဖူးချင်မှ ချစ်ဖူးကြတာပါ။ ချစ်ဖူးတဲ့သူဆိုရင်တော့ ဒီလို အခြေအနေတွေကို သိပြီး ကိုယ်ချင်းစာတတ်ကြပါတယ်။ (1) စိတ်လှုပ်ရှားတာ ချစ်မိသွားတဲ့ သူတစ်ယောက်က ကိုယ်ချစ်ရသူနဲ့ အရမ်း မရင်းနှီးသေးတဲ့ အချိန်မှာဆို အရမ်း စိတ်လှုပ်ရှားရပါတယ်။ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့ စိတ်လှုပ်ရှားမှုက ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ လုံးဝ မတူပါဘူး။ ဘာမျှော်လင့်ထားလဲ မေးရင် ဘာမှ မျှော်လင့်ထားလို့ မဟုတ်ဘဲ ကိုယ့်ရှေ့မှာ […]

အချစ်နှင့်ဘဝ

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ…

သင့်ရဲ့ဘဝမှာ လုံးဝမဆုံနိုင်တော့တဲ့သူတစ်ယောက်၊ အမြဲသတိရနေသူတစ်ယောက်ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့တာပဲ ဖြစ်ဖြစ် သူ့ကို သတိရတဲ့အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက်မဖြစ်သွားပါနဲ့။ သင်ခံစားနိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရနိုင်ပါတယ်။ ဒါပေမယ့် သတိရတဲ့အချိန်တိုင်း အရင်ကထက် ပိုသက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေနော် ၁။ ဒီလိုခံစားရတာဟာ သင့်အမှား မဟုတ်ပါဘူး” အချိန်က အရာရာကို ကုစားသွားမယ်လို့ သိထားရက်နဲ့ သင့်ကျမှ မမေ့နိုင်ဘာကြောင့်ဖြစ်နေရလဲ စဉ်းစားဖူးလား။ သင့်ဦးနှောက်က ဝေးကွာခြင်းဆိုတဲ့အရာကို လက်မခံနိုင်သေးလို့ပါ။ ဒီလိုခံစားရတာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။ မမေ့နိုင်သေးတာကို အပြစ်တင်တာမျိုးမလုပ်ပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် မေ့ပျောက်နိုင်ဖို့ အချိန်ကာလက မတူညီပါဘူး …။ ၂။ အတင်းပျော်ဖို့ ဖိအားမပေးပါနဲ့ ပိတ်ရက်တွေမှာ […]

အချစ်နှင့်ဘဝ

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်သင့်တဲ့ ပို့စ်လေးပါ သိမ်းထားရှယ်ထား သင့်ပါတယ်နော်

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်သင့်တဲ့ ပို့စ်လေးပါ သိမ်းထားရှယ်ထား သင့်ပါတယ်နော် သက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့ပါ ညီမလေးရေ…….. လှပတဲ့ မျက်နှာ တစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ် …။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ် … ။ ဒါပေမယ့် မိန်းမကောင်း တစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲ ရောက်ရောက် မိန်းမကောင်းပါပဲနော် …. ။ ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေး ပြုံးနေတာထက် ညီမလေး ရှုံးနေတာ မြင်ချင်တဲ့သူက ပိုများနေတတ်တယ် … ။ […]

ကျမ္မာရေး ဗဟုသုတ

ရှစ်နာရီထက် ပိုအိပ်ရင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာ (6) ခု….

ရှစ်နာရီထက် ပိုအိပ်ရင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာ (6) ခု ကျန်းမာရေးအတွက် တနေ့ကို ရှစ်နာရီအောက် နည်းပြီး မအိပ်သင့်ပါဘူး။ ဒါပေမယ့် လူအများစုက အိပ်ချိန်ရှစ်နာရီထက် ပိုများရင်လည်း ကောင်းတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ အိပ်ချိန်ရှစ်နာရီထက် ပိုခြင်းက အိပ်ချိန် ရှစ်နာရီအောက် လျော့ခြင်း လိုပဲ ကျန်းမာရေးကို အန္တရာယ် ပေးပါတယ်။ 6. ကိုယ်အလေးချိန် တိုးလာခြင်း အိပ်ချိန် နည်းပါးခြင်းရော အိပ်ချိန်များခြင်းကပါ အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ အိပ်ချိန်များရင်လည်း ဝလာတတ်ပါတယ်။ အိပ်ချိန်များတဲ့ အခါ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မရတော့ပါဘူး ။ 5. စိတ်ဓါတ်ကျခြင်း အိပ်ချိန်မမှန်တဲ့သူတွေက စိတ်ဓါတ်ကျခြင်းကို ခံစားရတတ် ပါတယ်။ အချိန်အကြာကြီး အိပ်တဲ့သူတွေက စိတ်ပျက်လက်ပျက် ဖြစ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းကို […]

ပြည်တွင်းသတင်း

မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်လာမည့် မှန်တံတား စီမံကိန်းကို ဂုတ်ထိပ်တံတားအနီးတွင် မကြာမီတည်ဆောက်မည်

မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်လာမည့် မှန်တံတား စီမံကိန်းကို ဂုတ်ထိပ်တံတားအနီးတွင် မကြာမီတည်ဆောက်မည် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးတွင် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် မှန်တံတား နှင့် အပန်းဖြေစခန်းစီမံကိန်းကို မကြာမီတည်ဆောက်တော့မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် စီမံ၊ဘဏ္ဍာဝန်ကြီး စိုးညွန့်လွင်ကအောက်တိုဘာလ ၁၇ ရက်တွင်ပြော သည်။ အဆိုပါ ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ယခုနှစ်မှစတင်ကာ ၂၀၂၂ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်Nပီး စီမံကိန်းတွင် မှန်တံတားအပြင် ဘန်ဂလိုများ၊ ခေတ် မီကစားကွင်း၊အပန်းဖြေဥယျာဉ်၊ရွက်ဖျင်တဲများ၊စိုက်ခင်းများ၊အမှတ်တရပစ္စည်းအရောင်းဆိုင်၊စားသောက်ဆိုင်များပါဝင်မည် ဖြစ်ကြောင်းသိရသည်။ “ခွင့်ပြုမိန့် စာရွက်စာတမ်းအားလုံးပြီးနေပါပြီ။လုပ်ငန်းစတင်ဖို့ဘဲရှိပါတော့တယ်။ ဂုတ်ထိပ်တံတားရယ် ဘန့်ဘွေးကျင်း ရေတံခွန်ရယ်၊မှန်တံတားရယ်ကမနီးမဝေးပါပဲ။ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်တာပါ။ကိုဗစ်ကာလအလွန်ရှမ်းပြည်နယ်အတွင်းခရီးသွားလုပ်ငန်းတွေစနစ်တကျနဲ့ပြန်လည်ဖွံ့ဖြိုး စေဖို့ ပြည်နယ်နဲ့ကိုက်ညီတဲ့ Tourism master plan ကိုလည်းရေးဆွဲထားပြီးဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းသည် […]

အထွေအထွေဗဟုသုတ

မိသားစု တစ်ခု အိမ်တစ်အိမ် ရဲ့ စီးပွားရေး ကို လုံးဝ ပျက်စီးသွားနိုင်တဲ့ ယိုပေါက်ကြီး (၆) ခု…

မြတ် စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့…မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။ မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။ နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး။လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး။ အပျော်အပါးတွေကိုအမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ၀တ်ကျေတမ်းကျေပဲလုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ။ slow ပေါ့…။သွက်သွက်လက်လက် လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက် မလုပ်ဘူး။ ပျင်းပျင်းရိရိလုပ်တယ်၊ […]