နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ….

နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ…. နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်။ တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော်… (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ် … ။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကိုအကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့ သူတွေပါပဲ …။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူလေးတွေပဲ ဖြစ်ပါတယ် ….။ (၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ် လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာမဟုတ်တဲ့ … Read more

သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ ရှာကြည့်ကြမယ်။

သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ ရှာကြည့်ကြမယ်။ (က) ဆိုရင် ၁ မှတ်၊ (ခ) ဆိုရင် ၂ မှတ် နဲ့ (ဂ) ဆိုရင် ၃ မှတ်ပါနော်။ မေးခွန်း (၁) ဗေဒင်ဆရာတစ်ယောက်က သင့်အနာဂတ်မှာ အောင်မြင်ကိန်းရှိတယ်လို့ ဟောလိုက်ရင် သင့်အနေနဲ့ ယုံကြည်နိုင်မှာလား။ (က) ဗေဒင်တွေမယုံဘူး (ခ) ယုံတယ်၊ မယုံဘူးရယ်လို့တော့ မဟုတ်ပေမယ့် အောင်မြင်မယ်ဟောတော့ သဘောကျတာပေါ့ (ဂ) အကြွင်းမဲ့ကို ယုံပစ်မှာ မေးခွန်း (၂) လူအများကြီး ကြည့်နေတဲ့အချိန် စင်ပေါ်တက်ကဆို ကမှာလား။ (က) လုံးဝကိုမကဘူး (ခ) ကရင်လည်းကမိမှာ (ဂ) ကပစ်မှာပဲ မေးခွန်း (၃) ကိုယ့်ကိုယ်ကို ဘာနဲ့တူတယ်လို့ထင်လဲ။ (က) … Read more

သင့်ကိုတစ်ဘ၀စာလုံးအတွက်ရည်ရွယ်ပြီးချစ်တဲ့ချစ်သူတစ်ယောက်ဆိုတာ …

သင့်ကိုတစ်ဘ၀စာလုံးအတွက်ရည်ရွယ်ပြီးချစ်တဲ့ချစ်သူတစ်ယောက်ဆိုတာ မိန်းကလေးဆိုတဲ့ အမျိုးဟာကိုယ်သဘောမကျတဲ့သူမချစ်တဲ့သူဆိုတွဲကြည့်ဖို့နေနေသာသာ အနားတောင်အကပ်ခံကြတာမဟုတ်ပါဘူး။ ချစ်မိတဲ့သူဆိုရင်လည်း မျက်စိတစ်ဆုံးတစ်ဘ၀အတွက်ရည်ရွယ်ပြီးချစ်တတ်ကြပါတယ်။ ဆိုတော့ယောင်္ကျားလေးတစ်ယောက်အပေါ်ဒီမိန်းကလေးဟာ တစ်ဘေ၀လုံးစာအတွက်ရည်ရွယ်ထားတာ ဟုတ်မဟုတ်ဆိုတာဘာအချက်လေးတွေကသိစေနိုင်သလဲ… (၁) သင့်ဘ၀ကိုအလင်းပြပေးတယ် သင့်ကိုတကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ဟာ သင့်ဘ၀ရဲ့အတိတ်ကဆိုးသွမ်းခဲ့သမျှတွေ အမှားတွေကို သူမရောက်ရှိလာချိန်မှာငြိုငြင်ခြင်းမရှိပဲယုံကြည်မှုရှိရှိနဲ့သင့်ဘ၀အတွက်ကောင်းမွန်တဲ့နေထိုင်မှုပုံစံတွေဖြစ်လာအောင်ပြောင်းလဲပေးတတ်ပါတယ်။ သူ့ဘ၀အတွက်သာ ရည်ရွယ်ထားလို့ယောက်ျားလေးတစ်ယောက်ပေါ် ဒီလိုအချိန်ကုန်ခံပြီးပြုပြင်ပေးနေတယ်ဆိုတာကိုမမေ့ပါနဲ့။ (၂) နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်တယ် တစ်ခါတစ်ရံသင့်ရဲ့လွဲမှားမှုတွေ ကြောင့်သူမကသင့်ကို စိတ်တိုချင်တို စိတ်ဆိုးချင်ဆိုးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လုံးဝတော့စိတ်မနာနိုင်ပါဘူး။ ယောက်ျားတစ်ယောက်ကို နှလုံးသားနဲ့ရင်းပြီးချစ်တဲ့မိန်းမတစ်ယောက်ဟာ သင်သူ့ပေါ်ချစ်နေသ၍သင်ရဲ့ကောင်း၏ဆိုး၏ မှန်သမျှကိုပြုပြင်ပေးပြီး နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးတစ်ခါတစ်ရံမိခင်တစ်ယောက်လို တစ်ခါတစ်ရံ ကလေးတစ်ယောက်လို ချစ်နည်းမျိုးစုံနဲ့သင့်ကိုချစ်နေမှာပါ။   (၃) မင်းအတွက်သူ့ဘ၀ကိုတန်ဖိုးထားတယ် မိန်းကလေးတစ်ယောက်အတွက် ပိုးပန်းတဲ့ယောက်ျားဆိုတာ မရှားပါဘူး။ တစ်နေ့တစ်နေ့အလုပ်သွားကျောင်းသား နဲ့နေ့စဉ်ယောင်္ကျားလေးပေါင်းသောင်းခြောက်ထောင်နဲ့တွေ့ဆုံနေရပင်မဲ့ သင့်အတွက်ပဲဖြစ်ဖြစ်သူ့ရဲ့သိက္ခာနဲ့တန်ဖိုးကိုထိန်းသိမ်းတတ်တဲ့မိန်းကလေးမျိုးပါ။ သင်ကလွဲလို့တစ်ခြားယောက်ျားလေးတွေနဲ့ထိတွေ့ဆက်ဆံတတ်တဲ့မိန်းကလေးမျိုး မဟုတ်ပါဘူး။ (၄) ချစ်စိတ်တွေနိုးကြားတတ်တယ် သင့်ကိုတကယ်ချစ်တဲ့မိန်းကလေးဟာ သင်ရဲ့အပြုမူတွေ အကြည့်တွေ မပြောဆိုတွေအောက်မှာသူ့ရဲ့ချစ်စိတ်တွေဟာနိုးကြားတတ်ပါတယ်။ယောက်ျားတကားကို ပလူးတူးတူးနေတတ်တာမဟုတ်ပဲ သင်တစ်ယောက်ပေါ်မှာပဲချစ်တတ်စိတ်တွေပေါက်ဖွားတတ်တာပါ။ (၅) သင့်မိသားစုအရေးပါစိတ်ဝင်စားတယ် တကယ်ဘ၀အတွက်ရည်ရွယ်ပြီးချစ်တဲ့မိန်းကလေးဟာ … Read more

ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ချစ်သူအပေါ် လုံးဝ မလုပ်သင့်တဲ့ အမှားများ …

ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ချစ်သူအပေါ် လုံးဝ မလုပ်သင့်တဲ့ အမှားများ တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေကြားမှာ မမျှော်လင့်ဘဲ လမ်းခွဲဖို့ထိ ဖြစ်သွားစေတဲ့ အမှားတွေ လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ဒီအမှားတွေကို မလုပ်မိအောင် သတိထားသင့်ပါတယ်နော်။ ၁။ စိတ်ကောက်လွန်ခြင်း စိတ်ကောက်တာဟာ ချစ်သူဘဝရဲ့ပျော်ရွှင်စရာ Game လေးပါ။ဒါပေမယ့် Game Over မဖြစ်သွားဖို့တော့ လိုတယ်။ချော့တက်တယ့်သူတွေအတွက် ပြဿနာ မရှိပေမယ့် မချော့တက်တဲ့ သူတွေအတွက် အဆိုးဆုံး ပြဿနာပါ။ စိတ်ကောက်ပါ။ဒါပေမယ့် ချော့ရင်စိတ်ပြေပေးပါ။ တန်ဆေးလွန်ဘေးတဲ့။မိုးရွာလို့ ပန်းတွေလန်းဆန်း ပေမယ့် မိုးများရင် ပန်းခင်းပျက်သွားတက်တယ်။ ၂။ သဝန်တိုလွန်းအားခြင်း မိန်းကလေးဖြစ်စေ / ယောက်ျားလေးဖြစ်စေ သဝန် တိုတက်ကြပါတယ်။သဝန်တိုတာ ဟာ အချစ်တဲ့။ မှန်သင့်သလောက်မှန်ပေမယ့်သဝန်တိုလွန်းတာဟာ မာန ကိုထိပါးလာတက်ပါတယ်။ ကိုယ်ကျင့်သိက္ခာကို စော်ကားသလိုဖြစ်လာ တက်ပါတယ်။ဆိုးတာ နွဲ့တာအပြစ်မဟုတ်ပေမယ့် … Read more

ဒီလို ချစ်သူ “ကိုကို” တွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေက ကံအကောင်းဆုံးပါ

ဒီလို ချစ်သူ “ကိုကို” တွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေက ကံအကောင်းဆုံးပါ မိန်းကလေးတိုင်း ဒီလို ‘ကိုကို’ မျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုရင် အချစ်ရေးမှာ ပျော်ရွင်ရပြီး စိတ်ချမ်းသာနေတဲ့သူလေးတွေပါ။ သင့်မှာ ဒီလို ‘ကိုကို’ မျိုးကို ပိုင်ဆိုင်ရတယ်ဆိုရင် ကံကောင်းတဲ့သူလေးပဲဖြစ်တယ်။ ၁။ အားကိုးရတဲ့ ‘ကိုကို’ မျိုး သင်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် ‘ကိုကို’ မျိုးရှိနေပြီးလား။ သင်ရဲ့အခက်အခဲတစ်ဝက်ကို ကူထမ်းပေးတတ်တဲ့ ‘ကိုကို’ မျိုးက အားကိုးရတဲ့ ‘ကိုကို’ မျိုးပါ။ သင့်စိတ်ညစ်စရာတွေကို မျှဝေခံတတ်တယ်။ သင့်မသိတဲ့အကြောင်းတွေကို သေချာရှာပြီး စိတ်ရှည်ရှည်ရှင်းပြတတ်တယ်။ သူ့ကို သင့်ဘ၀တစ်လျှောက်လုံးစာအတွက် အားကိုးနိုင်လောက်တဲ့ယောက်ျားတစ်ယောက်အဖြစ်နေတယ်။ သင့်အပေါ်ကို ကလေးဆန်တဲ့အတွေးတွေမရှိသလို လူကြီးဆန်ဆန်ပဲ ဆုံးမတတ်တယ်။ ၂။ အလျော့ပေးတတ်တဲ့ ‘ကိုကို’ မျိုး အလျော့ပေးတတ်တဲ့ ‘ကိုကို’ မျိုးဆိုတာ … Read more

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် သူခိုးည ( လုံးဝ )မဟုတ္ပါ တန်ဆောင်မုန်းလပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် အဇာတသတ်ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကိုဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင်သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။ လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည်မင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။ ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်တန်ခိုးပြသည်ဟု အယူရှိသောကြောင့် … Read more

တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက် လက်တွေ့ပါ …

အုန်းမုတ် ခွက်သာ သက်သေကြည့်တော့။သံပုရာသီးမသုံးပဲ အုန်းမုတ်ခွက်ပဲသွေးလူးပါက သုံးခါလောက်လူးပြီး မျက်နာပြင်ချောမွေ့လာမည်ကိုလက်တွေ့သိရပါလိမ့်မည် လူသိနည်းသော “အုန်းမှုတ်ခွက်ဆေးနည်းများ” အခုပြောပြမယ့်ခွက်ကလေးက အုန်းမှုတ်ခွက်လေးအကြောင်းပါ ။ဖတ်ဘူးသမျှနဲ့ကိုယ်တွေ့ဆေးဖက်ဝင် တဲ့အုန်းမှုတ်ခွက်အကြောင်းလေးပါ ။ အညာဒေသရဲ့ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ချစ့်စရာ့ဓလေ့တွေ ဟာ…ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ ။ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက် ပါ ။ အိုးမှုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါ တယ်။အခွံမပါ၊အမွှေးမပါ ခွဲထားပြီး၊အသား၊အဆန်ထုတ်ထားပြီး၊လွှင့်ပစ်ထားသောအုန်းမှုတ်ခွက် အခွံကိုဆိုလိုပါသည်။ “ဆေးနည်းတစ်မျိုးကတော့” အုန်းမှုတ်ခွက်တစ်ခုကို ရေဆေး နေလှမ်းပြီး ပါက မီးရှို့ပါ။ထွက်လာသောအငွေ့ကို သန့်သော ဒန်၊သတ္ထု အဖုံးတစ်ခုခုဖြင့်မှိုင်းခံပါ။( တစ်ချို့ကတော့ဓါးမကြီးတစ်ချောင်းပေါ်မှာတင်ပြီးလုပ်ပါတယ် မြန်မာနည်းပေါ့ ) အညိုရောင် အဆီများကပ်လာပါမည်။ပွေးကိုသန့်သော ပစ္စည်းတစ်ခုဖြင့်ခြစ်ပါ။အပေါ်ယံအရေပြား ပွန်းသွားပါက၊အုန်းမှုတ်ခွက် … Read more

သင့်အိမ်ထဲက ပုရွက်ဆိတ်တွေကို မောင်းထုတ်နိုင်မည့် နည်းလမ်းများ …

လူ ၁၀၀ မှာ ၉၉ ဦးရဲ့ အိမ်က ပုရွက်ဆိတ်တွေ ရှိကြမှာပါနော်။ သူတို့တွေဟာ နေရာစုံအောင်လျှောက်သွားပြီးတော့ မိသားစု စားမယ့် ဟင်းခွက်ထဲတွေထဲဝင် ၊ ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲ ၊ အဝတ်အစားထဲ နေရာ အနှံ့ပါ ပဲနော်။ ဒီလို အနှောက်အယှက်ပေးတဲ့ ပုရွက်ဆိတ်တွေကို သူ့အသက် သတ်တာမဟုတ်ပဲ ပညာရှိနည်းနဲ့ နှင်တဲ့နည်းလေးတွေ ပေးမယ်နော်။ ၁။ ပုရွက်ဆိတ်ဝင်လာတတ်တဲ့ မုန့်ဘူးတွေရှိလား။ ဘူးအဖုံးအရစ်ကို အပြင်ကနေ တိပ်နဲ့ပတ်ထားပါ။ မုန့်ဘူးရဲ့ ဘေးပတ်လည်ကိုလည်း တိပ်နဲ့စည်းသားကာ ကျုံးလို လုပ်ထားလိုက်ကြည့်။ ပုရွက်တွေတွေက တိပ်ကိုကျော်လာတာ ရှားပါတယ်။ ၂။ နောက်တစ်နည်းကလည်း တိပ်နဲ့စည်းသားတာနဲ့ အတော်ဆင်ပါတယ်။ ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ မြေဖြူခဲနဲ့ မျဉ်းသားထားပါ။ မြေဖြူမှာပါတဲ့ ကယ်လ်ဆီယံ ကာဘွန်နိတ်ကို ပုရွက်ဆိတ်တွေက ကြောက်ပါတယ်။ … Read more