ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတွေမှာ စိတ်နှောင့်အယှက်ကြောင့် ပူလောင်ရတဲ့အခါ….
စိတ်နှောင့်အယှက်ကြောင့် ပူလောင်ရတဲ့အခါ ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတွေမှာ ကိုယ့်စိတ်နဲ့ အဆင်မပြေတဲ့သူတွေ၊ သူတို့ရဲ့အပြုအမူ၊ အပြောအဆိုတွေက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာတွေကြုံကိုကြုံဖူးကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်ထဲမှာ တော်တော်လေး ကသိကအောက် ဖြစ်သွားတယ်? စိတ်ထဲမှာ မကျေမချမ်း ဖြစ်သွားတယ်? ဟုတ်တယ်ဟုတ်? ဒီလူတွေကို ဘယ်လိုတုံ့ပြန်ကြလဲ?။ ဦးကျော်ဟိန်းဇာတ်ကားထဲကလို မီးကိုမီးနဲ့ ငြှိမ်းပစ်မယ်ဆိုပြီး ချက်ချင်းပဲ ခက်ခက်ထန်ထန်ပြန်ပြီး ဆက်ဆံသင့်လား။ အဲ့လို ချက်ချင်းမဆင်မခြင် တုံ့ပြန်တာက တကယ့်အရှုံးသက်သက်ပါ။ တစ်ခုသတိထားရမှာက ကိုယ့်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်နေတဲ့ လူတွေထဲမှာ ကိုယ့်ဘဝအတွက်အရေးပါတဲ့သူတွေလည်းပါနိုင်သလို အရေးမပါတဲ့သူတွေလည်းပါနိုင်ပါတယ်။ ဘဝအတွက်အရေးပါတဲ့သူတွေဖြစ်ဖြစ် မပါသူတွေဖြစ်ဖြစ် အကောင်းဆုံးစိတ်ထားပေးနိုင်ရင်တော့ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးက အားလုံးနဲ့အဆင်ပြေနေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က စိတ်မထားတတ်ပဲ မကျေနပ်မှု စိတ်အစိုင်အခဲလေးတွေ များလာမယ်ဆိုရင် တစ်ချိန်ချိန်တော့ သူတို့နဲ့ ပြဿနာဖြစ်လာနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ် … Read more