စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် အလှူတန်းပုံရိပ်လေးတွေကိုလည်း အမှတ်တရအနေနဲ့ အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ အခုလည်း ငွေသားတွေအထုတ်လိုက်ကိုင်ကာ အားလုံးအတွက် ကံစမ်းမဲဖောက်ပေးတော့မယ့်အကြောင်းလေးကို ပုံလေးတွေနဲ့အတူ “ကဲဘယ်လိုတွေကံစမ်းမဲလုပ်ပေးမယ်ဆိုတာပြောမယ် tonight live 9pm stay tuned” ဆိုတဲ့စာလေးနဲ့အတူဖော်ပြထားရာ မသိသေးတဲ့ ပရိသတ်တွေလည်းကံစမ်းရအောင် မျှဝေပေးရင်း ဆုကြီးတွေပေါက်ပါစေ ဆုတောင်းပေးလိုက်ပါတယ်နော် ။ […]
Day: December 14, 2020
ဆိုင်ကယ်မောက်တဲ့ ဆယ်လီ Htet Htet Khine ရဲ့ ကျန်းမာရေးအခြေနေ…
သုံးလေးပတ်လိမ့်သွားတာ ငါသေပြီထင်နေတာ ဆိုင်ကယ်မှောက်တာကို မထူပဲလူ၎ .၅. ၁၀ယောက်လောက်ဝိုင်းကြည့်နေတဲ့သူတွေကိုအံဩမိတယ်အန်တီတို့ဦးလေးတို့ရယ် ဆိုင်ကယ်တိုက်မှူမဟုပ်ပါဘူး ဆိုင်ကယ်မှောက်တာပါအမှူလည်းမဖြစ်ပါဘူး ကောင်လေးတစ်ယောက်လာကူညီလို့သာဆေးရုံရောက်ခဲ့ရတာဆေးရုံပို့ပေးတဲ့မောင်လေးကိုတကယ်ကျေးဇူးတင်ပါတယ် ခေါင်းမူးပြီးမှောက်နေတာကို ရပ်ကြည့်နေတဲ့အားကောင်းမောင်းသန်ဦးလေးတို့အန်တီတို့ရယ်နေ နိုင်လိုက်ကြတာနော် စိတ်မပူကြပါနဲ့တော့နော် မျက်လုံးရောကောင်းကောင်းဖွင့်နိုင်ပြီ ပါစပ်လည်းနဲနဲဟနိုင်သွားပြီ အစာလည်းနဲနဲဝင်ပြီနော် အိမ်ကိုသတင်းလာမေးတဲ့သူတွေရော msgကလာမေးတဲ့သူတွေရောကျေးဇူးအထူးပါရှင်msgက နေကောင်းမှစာပြန်တော့မယ် အားလုံးနားလည်ပေးကြပါနော် Htet Htet Khine fb ပရိတ်သတ်ကြီးလဲ ညီမလေး ထက်ထက်ခိုင်း အမြန်နေကောင်းဖို့ ဆုတောင်းပေးကြပါအုံးနော်။
တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး…
တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး ကျွန်မလျှောက်တဲ့လမ်းက ဆူးခင်းလမ်းဖြစ်နေခဲ့ရင်တောင် ကျွန်မဆက်လျှောက်ဖို့ ဝန်မလေးဘူး။ ဘာကြောင့်ဆို ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အပြည့်ရှိနေလို့ပါပဲ။ကျွန်မဘဝက ကြမ်းတမ်းတယ်လို့ ငြီးပြီးငိုမနေဘူး။ ဘာကြောင့်ဆို ကျွန်မဝမ်းနည်းရင် နှစ်သိမ့်မယ့်သူက ကျွန်မပဲဖြစ်နေလို့ပါပဲ။ ကျွန်မ လဲကျခဲ့ရင်တောင် ပြန်ထဖို့လက်တစ်စုံကိုစောင့် မနေခဲ့ဖူးဘူး။ ဘာကြောင့်ဆို ကျွန်မခွန်အားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထတတ်အောင် အရှုံးတွေထဲက ခဏခဏသင်ခန်းစာတွေရခဲ့ဖူးလို့ပါပဲ။ ကျွန်မချစ်နေခဲ့ရင်တောင် မေ့ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြန်တမ်းတနေမှာမဟုတ်ဘူး။ ဘာကြောင့်ဆို အချစ်က ခါးသီးစွာရခဲ့တဲ့ ဒဏ်ရာဆိုတာခဏခဏ ထိုးဆွနေလို့ ခံစားရနေတာထက် ပိုပြီး မချစ်တတ်အောင် သတိတွေပေးနေတတ်လို့ပါပဲ။ ကျွန်မအတွက် ကျွန်မအသင့်ရှိနေဖို့ ကျွန်မကျန်းမာနေဖို့လိုတယ်။ကျွန်မအတွက် ကျွန်မခွန်အားတွေပေးနေဖို့ စာပေဖတ်ရှု့ပြီး ဦးနှောက်အာဟာရပြည့်နေဖို့တယ်။ ကျွန်မအတွက် ကျွန်မရှိနေဖို့အာဟာရအတွက် ခန္ဓာကိုယ် ဖြည့်စွက်စာနဲ့ကိုယ်ကာယလေ့ကျင့်ဖို့အတွက်အချိန်ပေးဖို့လိုတယ်။ ကျွန်မအတွက် ဘယ်သူမှ မလိုပါဘူး မိသားစုပြီးရင် မကောင်းတဲ့သူတွေထက်ကျွန်မအတွက် […]
ချစ်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျလာတဲ့အခါ…
သူ ကျွန်မကို မချစ်ဘူး ။ သူ ကျွန်မကို မချစ်ပါလားဆိုတဲ့ အသိလေး၀င်ဖို့ … ကျွန်မ အချိန်တွေ အကြာကြီးနာကျင်ခဲ့ရတာပါ ။ လွယ်လွယ်ကူကူလေး လက်ခံခဲ့တာမဟုတ်ခဲ့သလို အပေါ်ယံလေး မြင်ခဲ့တာ မဟုတ်ပါဘူး ။ ကိုယ့်ဘက်က သိပ်ချစ်ခဲ့မိတော့ အစစအရာရာကို အရိပ်တကြည့်ကြည့် ကြည့်ခဲ့မိတော့ သူမချစ်မှန်းကို ပိုပြီးသိလာခဲ့တယ် ဥပမာ … တခြားသူတွေနဲ့ ယှဥ္တဲ့အခါ … ကိုယ်က သူ့အတွက် ဘယ်နေရာမှာမှ အရေးပါမနေမှန်းသိလာခဲ့တယ် ။ အမှတ်တရနေ့လေးတွေကို သတိရနေဖို့ထက် သူကျွန်မကို ပစ်ထားဖို့ ပိုပြီး အားသန်တယ် ။ ကိုယ် ငိုနေတဲ့အခါ ဖေးမဖို့ထက် စိတ်တွေ ရှုပ်လိုက်တာဆိုတဲ့ … စကားတွေ ပြောတတ်တယ် ။ စိတ်ကောက်တဲ့အခါ ချော့ဖို့ထက် စိတ်ပြန်ကောက်တတ်တယ် […]
အကျိုးမျှော်ပြီးမှ ခင်တဲ့သူတွေကို ရှောင်ပါ ချစ်တယ်လို့ပြောပြီး အကျိုးမျှော်တတ်တဲ့ ချစ်သူကို လည်းပြတ်ပြတ်သားသား စွန့်လွှတ်ပစ်ပါ
အကျိုးမျှော်ပြီးမှ ခင်တဲ့သူတွေကို ရှောင်ပါ ချစ်တယ်လို့ပြောပြီး အကျိုးမျှော်တတ်တဲ့ ချစ်သူကို လည်းပြတ်ပြတ်သားသား စွန့်လွှတ်ပစ်ပါ အကြီးဆုံးရန်သူဆိုတာ အနီးဆုံးမွာ လူတစ်ယောက်ကို တကယ်ခင်ရင်ဘာအကျိုးမှ မမျှော်ကိုးပါနဲ့ မေတ္တာသန့်သန့်နဲ့ခင်ပါ . ကိုယ်မျှော်လင့်နေတဲ့အရာ မရခဲ့ရင် အမုန်းနဲ့လမ်းခွဲရမှာမြေကြီး လက်ခပ်မလွှဲဘူး ။ လူတစ်ယောက်ကို တကယ်ချစ်ရင် တစုံတရာမျှော်လင့်ပြီးမချစ်ပါနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ်လိုချင်တာမရတဲ့အခါအလိုမကျမှုတွေက အပြစ်အဖြင့်ပြောင်းလဲပြီး အမုန်းနဲ့အဆုံးသတ်ရမှာပါပဲ ။ လူလူချင်း ဆက်ဆံရေးမှာ သာမာန်ထက်ပိုရင်းနှီးလာရင်သတိထားပါ လူတိုင်းက ကိုယ့်စိတ်လို မဟုတ်ဘူး တချို့က စေတနာသန့်သန့် မေတ္တာသန့်သန့်နဲ့ ခင်မင်ဆက်ဆံပေမယ့် အများစုက ကိုယ့်အပေါ် မရိုးသားဘူးဆိုတာကို အမြဲသတိနဲ့ ယှဉ်ထားပြီး ဆက်ဆံပါ ။ ကိုယ်ကဖြူနေရင်တောင် အကြံသမားတွေဆိုတာအချိန်မရွေး ကိုယ့်စေတနာကို အရောင်ဆိုးပေးဖို့လက်မနှေးကြပါဘူး ။ ကိုယ်လည်းလူထဲက လူပဲ စေတနာသန့်သန့်နဲ့ ကူညီတာကိုလာစော်ကားရင်း ဒေါသထွက်ပေါက်ကွဲမိမှာဘဲလေ […]
ဒီလိုယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ…
ဒီလိုယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ… မိန်းကလေးတိုင်းဟာ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ် ပျော်ရွှင်မှု၊ ဂရုစိုက်မှု ပေးနိုင်ပြီးသစ္စာရှိတဲ့ ယောကျာ်းမျိုးနဲ့ပဲ ဆုံဆည်းချင်ကြပါတယ် …။ အောက်ပါ အချက်လေးတွေနဲ့ ကိုက်ညီတဲ့ ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီး အားကျရမယ့် ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင်ထားပြီလို့ သတ်မှတ်လို့ ရပါပြီနော် …။ ၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ” အလုပ်နဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာ ဖြစ်စေသင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့်သူမျိုးပါ …။ သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့ သူမျိုးဖြစ်ပါတယ် …။ ၂။ ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး” သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ […]
Babi mild cream ဘာအရောင်လေးသုံးရမလဲ လာမေးကြတဲ့သူတွေအတွက်
Babi mild cream ဘာအရောင်လေးသုံးရမလဲ လာမေးကြတဲ့သူတွေအတွက် ကိုယ့်အသားအရေနဲ့ အဆင်ပြေတာရွေးချယ်နိုင်ဖို့ လိမ္မော်ရောင် (Sweet Almond) လိမ္မော်ရောင်လေးက အဆီပါဝင်မှုနည်းတယ်… Main ingredientဖြစ်တဲ့ Almondက မက်မွန်သီးကရတဲ့အစေ့ ဗာဒံစေ့လိုမျိုးပေါ့ သူ့ရဲ့အာနိသင်က အသားအရေကြည်စေတယ်. အသားခြောက်တာကိုသက်သာစေတယ် အမဲစက်တွေတင်းတိတ်တွေသက်သာစေတယ် နောက်ပြီးအဆီဖု(comedones)နဲ့ဆားဝက်ခြံကို လျော့ပါးစေတယ် skin typeအကုန်လုံးအတွက်သင့်တော်တယ် အဲတော့ ဝက်ခြံ…အဆီဖု..အမဲစက်နဲ့ တင်းတိတ်သမားတွေ…အဆီပြန်တဲ့သူတွေသုံးရင် အဆင်ပြေပါတယ် အစေ့အဆန်နဲ့ဓာတ်မတည့်တဲ့သူတွေဆိုရင်တော့ မသုံးသင့်ပါဘူး ပန်းရောင် (sweety pink) Shea butterပါတဲ့အတွက် သူကတော့ အသားခြောက်တဲ့သူတွေအဓိကသုံးသင့်ပါတယ် နေလောင်တာကိုသက်သာစေတယ် တင်းတိတ် အမဲစက်ကိုသက်သာတယ် အမာရွတ်တွေသက်သာတယ် smoothing and brighteningဖြစ်တယ် ဒါပေမဲ့ အများကြီးလိမ်းမိရင်ဝက်ခြံဖြစ်တတ်လို့ ဝက်ခြံရှိနေရင်မသုံးသင့်ဘူး… ခရမ်းရောင်(Double milk protein) Double milk protein ပါဝင်လို့ […]






