ဂျပန်နိုင်ငံကနေ ရထားတွဲသစ် (၂၄၆) တွဲကို ဝယ်ယူဖို့ မြန်မာ့မီးရထားနဲ့ Mitsubishi Corporation တို့အကြား ဒီဇင်ဘာ (၇) ရက်နေ့က စာချုပ်ချုပ်ဆိုထားပြီး မြန်မာနိုင်ငံကို (၂၀၂၃) ခုနှစ်ကနေ (၂၀၂၅) ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားဖို့ စီစဉ်ထားတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ အနေနဲ့လည်း မြို့ပတ်လမ်းကို ပြင်ဆင်တာ ဒီဇင်ဘာကုန်ဆို ပြီးပြီ။ အချက်ပြစနစ်ဆက်လုပ်နေတယ်။ အချက်ပြစနစ်ကလည်း (၂၀၂၁) ကုန်ပိုင်းမှာ ပြီးသွားမယ်။ (၂၀၂၂) နှစ်ဆန်းပိုင်းဆိုရင် မြို့ပတ်ပိုင်းအတွက် ဂျပန်က ရထားတွဲဆိုင်းတွေ အသုတ်လိုက်ရောက်ဖို့ ရှိတယ်။ မြို့ပတ်ကတော့ (၂၀၂၂)မှာတော့ Run ဖို့ရှိတယ်။ အမြန်လမ်းကတော့ ရန်ကုန်-တောင်ငူပိုင်းက (၂၀၂၃) ဧပြီမှာလမ်းပိုင်းပြင်ဆင်တာပြီးစီးမယ်။ အဲဒီကာလမှာ တောင်ငူလောက်ကို ရထားပြေးလို့ရပြီ။ မန္တလေးဘက်ကိုတော့ (၂၀၂၁) ထဲ […]
Day: December 11, 2020
ယောက်ျားများကို ထိန်းနည်း ( ၄ )နည်း….
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) ၂. ပိုက်ဆံ ကိုထိန်းနည်း ၃. လူကိုထိန်းနည်း ၄. မိမိ ကိုယ်ကိုယ်ထိန်းနည်း ၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေး သည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထို မိန်းကလေး မျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောက်ျား သည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သော ယောက်ျား ကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာ ရှိရှိ ထမင်းကောင်း ဟင်းလျှာ များကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။ ၂. ပိုက်ဆံ ကိုထိန်းနည်း နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေး သည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား […]
ကောင်လေး တွေ သဝန်တိုလာရင် လုပ်တတ်တဲ့ အရာ ( ၆) ခု
ယောင်္ကျားလေး တွေ သဝန်တို လာရင် မိန်းကလေး တွေလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေကို မိန်းကလေး ဘက်က နားမလည်ရင်တော့ ပြဿနာ ဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။ သင့် ချစ်သူ ကောင်လေး ဒီအရာလေးတွေကို ပြုလုပ်နေပြီဆိုရင်တော့ သူ သင့်ကို သဝန်တို နေတယ်ဆိုတာ သေချာနေပါပြီ။ ၁။ စပြီး ဂရုမစိုက်တော့ဘူး စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက် သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် သင်ပြောတဲ့ စကား ထဲမှာ ယောက်ျားလေး အကြောင်းပါလာရင် သူ့ဘက်က ဂရုမစိုက် သလိုပုံစံမျိုးနဲ့ ဘာမှကို မပြောတော့ပါဘူး။ ၂။ အဆက်အသွယ်ဖြတ် သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှု နဲ့ […]
မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံ မှငှက်ဖြစ်….
မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံ၊ ဇီဝဗေဒတက္ကသိုလ်မှ သုတေသနပြုထားသည့် ငှက် ဖြစ် မင်းကင်းမြို့နယ် သာစည်ကျေးရွာတွင် တွေ့ရှိခဲ့ရသည့် အမှတ် အသားပါရှိသည့် လင်းယုန်ဌက်သည် MONGOLIA နိုင်ငံရှိ ဇီဝဗေဒ တက္ကသိုလ် တစ်ခုတွင်ရှိသော ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ တက္ကသိုလ် ကျောင်းသားများက လင်းယုန်ငှက်၏ ပျံသန်းနိုင်နှုန်းနှင့် ရောက်ရှိသည့်နေရာအား သိရှိနိုင်ရန်အတွက် သုတေသန ပြုလုပ်သည့် သဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်သည် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ မှ လင်းယုန်နှင့်ပတ်သက်၍ Wildlife Conservation Society(WCS) နေပြည်တော်ရုံးခွဲမှ National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်ထံ ဆက်သွယ် မေးမြန်းချက်အရ လင်းယုန်တွင်ပါရှိသော ORNITH LAB သည် ငှက်ဘာသာဗေဒ […]
သူဟာ သင့်ရဲ့အတိတ်ဘဝက ဖူးစာရှင်ဆိုတာ ဖော်ပြနေတဲ့ အချက်များ…
သူဟာ သင့်ရဲ့အတိတ်ဘဝက ဖူးစာရှင်ဆိုတာ ဖော်ပြနေတဲ့ အချက်များ… ဖူးစာဆိုတာ အတိတ်ဘဝရဲ့ ပတ်သက် ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုစမှတ်ပြုကြပါတယ်။ ဇာတ်ကားတွေထဲမှာလို ဘဝအဆက်ဆက် ချစ်သူဖြစ်ဖို့ဆိုတာ မလွယ်ကူ နိုင်ပေမယ့်လို့ အတိတ်ဘဝရဲ့ ဖူးစာရှင်ဆိုတာကတော့ ဖြစ်နိုင်ခြေတွေရှိလို့နေပါတယ်နော်။ သင်တို့ နှစ်ယောက်ဟာ အတိတ်မှာ တစ်ခုခု ဆက်နွယ် ပတ်သက်ခဲ့ဖူးတဲ့ သူတွေဖြစ်ပြီး လက်ရှိမှာ မှန်ကန်တဲ့ ဖူးစာရှင်တွေ ဖြစ်ကြောင်းကိုဒီအချက်တွေက သက်သေပြနေပါတယ်။ လေးနက်တဲ့ စိတ်ခံစားမှုနဲ့ ဆက်သွယ်ချက်တွေ ရှိတယ် ဟိုးအတိတ် ဘဝတည်းက ဆက်နွယ်ထားတဲ့ စိတ်ခံစားချက်တွေ ဖြစ်တာကြောင့် လွယ်လွယ်ကူကူတော့ ပျက်စီး မသွားနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လေးနက်တဲ့ ချစ်ခြင်းတွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ထားကြသလို သူတို့ရဲ့ ခံစားချက်တွေက အရမ်းကို ခိုင်မာတည်တံ့ပါတယ်။ နောက်ပြီး လေးနက်မှုတွေကြောင့် […]
မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ချစ်သူကောင်လေးဖက်ကအမှားများ…
မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ချစ်သူကောင်လေးဖက်ကအမှားများ… မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့ရဲ့ ဥစ္စာ၊ စည်းစိမ်၊ ဂုဏ်၊ ပကာသနတွေထက် သူ့ရဲ့နှလုံးသားတစ်ခုလုံးကိုပဲ လိုချင်တာဖြစ်ပါတယ်။ တစ်ခါတလေ ယောက်ျားလေးဖက်က အသေးအမွှားလို့ထင်တဲ့ ကိစ္စလေးတွေ၊ ဂရုမစိုက်မှုလေးတွေက မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတာကြောင့် အသေးအမွှားလေးတွေ များလာတဲ့အခါ မလှမပနဲ့ ဇာတ်သိမ်းသွားရတတ်ပါတယ် …။ ဒါကြောင့် ခုဖော်ပြပေးမှာကတော့ အချစ်ရေးတစ်ခုမှာ မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ယောက်ျားလေးဖက်က အမှားတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ချစ်သူကို မဆုံးရှုံးခင် ပြင်ဖို့ လိုနေပြီဆိုတာ သိလိုက်ပါတော့နော် …။ (၁) အမြဲလိုလိုတခြားအရာတွေကို ဦးစားပေးတယ်” မိန်းကလေးတွေဟာ ချစ်သူရဲ့ နံပါတ် ၁ နေရာမှာရှိချင်တဲ့သူတွေပါ။ ဒီလိုပြောလို့ သူတို့က အတ္တကြီးတာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့နံပါတ် ၁ […]
သူတို့ရဲ့ချစ်သူကို အလွန်ချစ်ကြတဲ့ တိရစ္ဆာန်လေး (၇)မျိုး
တိရစ္ဆာန်တွေမှာလည်း ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့သစ္စာတရားကို ပြသနိုင်တဲ့ တိရစ္ဆာန်လေးတွေကတော့ ရှားပါးပါတယ်နော် ။ အခု lovemedia ကနေ ပြောပြပေးသွားမှာကတော့ ချစ်သူကို အလွန်ချစ်ကြတဲ့ တိရစ္ဆာန်လေး (၇)မျိုးအကြောင်းပဲ ဖြစ်ပါတယ်။ ၁။ Sun conure ကြက်တူရွေး ဒီကြက်တူရွေးလေးတွေက သူတို့ရဲ့လက်တွဲဖော်ကို ၄ လ၊ ၅ လကြာ ရွေးချယ်ကြပါတယ်။ Sun conure ကြက်တူရွေးလေးတွေဟာ တောင်အမေရိကတိုက်ရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ နေထိုင်ကြပါတယ်။ အုပ်စုဖွဲ့ နေထိုင်တတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် အသံကျယ်ကြီးနဲ့ ဆက်သွယ်ကြပါတယ်။ Sun conure ကြက်တူရွေးလေးတွေက အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို မရောက်ခင်မှာ တစ်ကောင်ကိုတစ်ကောင် အစာကျွေးတာ၊ အမွေးတွေကို သပ်ပေးတာတွေ ပြုလုပ်ကြပါတယ်။ ၂။ အမောက်ပါတဲ့ ခဲရောင်ကြိုးကြာ […]






