စိတ်နှောင့်အယှက်ကြောင့် ပူလောင်ရတဲ့အခါ ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတွေမှာ ကိုယ့်စိတ်နဲ့ အဆင်မပြေတဲ့သူတွေ၊ သူတို့ရဲ့အပြုအမူ၊ အပြောအဆိုတွေက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာတွေကြုံကိုကြုံဖူးကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်ထဲမှာ တော်တော်လေး ကသိကအောက် ဖြစ်သွားတယ်? စိတ်ထဲမှာ မကျေမချမ်း ဖြစ်သွားတယ်? ဟုတ်တယ်ဟုတ်? ဒီလူတွေကို ဘယ်လိုတုံ့ပြန်ကြလဲ?။ ဦးကျော်ဟိန်းဇာတ်ကားထဲကလို မီးကိုမီးနဲ့ ငြှိမ်းပစ်မယ်ဆိုပြီး ချက်ချင်းပဲ ခက်ခက်ထန်ထန်ပြန်ပြီး ဆက်ဆံသင့်လား။ အဲ့လို ချက်ချင်းမဆင်မခြင် တုံ့ပြန်တာက တကယ့်အရှုံးသက်သက်ပါ။ တစ်ခုသတိထားရမှာက ကိုယ့်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်နေတဲ့ လူတွေထဲမှာ ကိုယ့်ဘဝအတွက်အရေးပါတဲ့သူတွေလည်းပါနိုင်သလို အရေးမပါတဲ့သူတွေလည်းပါနိုင်ပါတယ်။ ဘဝအတွက်အရေးပါတဲ့သူတွေဖြစ်ဖြစ် မပါသူတွေဖြစ်ဖြစ် အကောင်းဆုံးစိတ်ထားပေးနိုင်ရင်တော့ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးက အားလုံးနဲ့အဆင်ပြေနေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က စိတ်မထားတတ်ပဲ မကျေနပ်မှု စိတ်အစိုင်အခဲလေးတွေ များလာမယ်ဆိုရင် တစ်ချိန်ချိန်တော့ သူတို့နဲ့ ပြဿနာဖြစ်လာနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ် […]
Day: December 30, 2020
ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများ တပ်ထားရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန် သတိပေးပြောကြား
မိတ္ထီလာ ကန်စောင်းတွင် ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများတပ်ထားရန်နှင့် တစ်ဦးနှင့် တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန် လိုက်လံ သတိပေးနေသည် ကို တွေ့ရစဉ်။ မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ်မှာCovid19 ရောဂါကာကွယ်ရေး လုပ်ငန်းတွေကိုအားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့် အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် စည်ပင်သာယာရေး ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များလူမှုကူညီရေးအသင်းအဖွဲ့အစည်းများမှသက်ဆိုင်ရာကျမ်းမာရေးဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍နေ့စဉ်အရှိန်အဟုန်မြှင့်ပြီးနေ့မအားညမနားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်Covid 19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရုံမျှမကမြို့နယ်အတွင်းရာဇဝတ်မှုခင်းများ မဖြစ်ပွားစေရေးအတွက်နေ့/ညလှည့်ကင်းများဖြင့်နယ်မြေစိုးမိုးဆောင်ရွက်လျက်ရှိရာ ရာဇဝတ်မှုခင်းများဖြစ်သောလူသတ်မှု လုယက်မှုများဖြစ်ပွားလေ့ရှိသည့်မိတ္တီလာကန်ပတ်လမ်းတစ်လျှောက်နေ့လှည့်ကင်းများဖြင့်လှည့်လည်ဆောင်ရွက်ခဲ့ရာရောဂါ ကာကွယ်ရေးညွှန်ကြားချက်များကို ဆန့်ကျင်၍နေအိမ်များအတွင်းနေထိုင်ခြင်း မရှိပဲ အရက်ဝိုင်းဖွဲ့သောက် သူများ သမီးရည်းစားစုံတွဲများအားတွေ့ရှိ၍ လိုအပ်သည်များစစ်မေးကာရောဂါကာကွယ်ရေးညွှန်ကြားချက်များရှင်းလင်းပြခြင်း မှုခင်းအသိပညာပေးခြင်းများအားနားလည်သည်အထိရှင်းလင်းပြောပြပြီးနေအိမ်များသို့ပြန်လ်စေလွှတ်ခဲ့ေ ကြာင်းသိရသည်။ရွှေမောင်မောင်(မိတ္တီလာ) Unicode, မိတ်ထီလာ ကန်စောင်းတွင် ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများတပ်ထားရန်နှင့် တစ်ဦးနှင့် တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန် လိုက်လံ သတိပေးနေသည် ကို တွေ့ရစဉ်။ မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ်မှာCovid19 ရောဂါကာကွယ်ရေး […]
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ်…
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ် မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။ တစ်ခါတလေ အဆိုးလွန်သွားလို့ ချစ်သူကို ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။ ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။ (၁) ထစ်ခနဲ့ရှိ စိတ်ကောက် ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။ […]


