ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့အခါ ရရှိခံစားလာရမယ့် ကောင်းမွန်တဲ့ အရာလေးတွေ……

တော်တော်များများ ကြားဖူးတဲ့ စကားလေးတစ်ခွန်းက ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုအပ် တယ်ဆိုတဲ့ စကားလေးပါ။ ဒီအရာက အပြောလွယ်သလောက် လုပ်ရခက်တဲ့အ ရတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်သွား တဲ့အခါမှာတော့ လုံးဝကို ကောင်းမွန်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လာစေမှာဖြစ်လို့ ကိုယ့်ကိုယ်ကို ချစ်ဖို့သင်ယူသင့်ပါတယ်။ လူတွေရဲ့ လေးစားခြင်းကို ခံလာရမယ် ကိုယ့်ကိုယ်ကို လေးစားမှုထားပြီး ချစ်ခင်တတ်တဲ့ သူတစ်ယောက်ကို တစ်ခြားသူတွေကလည်း လွယ်လွယ်မဆက်ဆံတတတ်သလို လေးလေးစားစား ဆက်ဆံရကောင်းမှန်း နားလည်ပါတယ်။ ဒီတော့ သူများတွေ ကိုယ့်အပေါ် လေးလေးစားစား ဆက်ဆံစေချင်ရင်တော့ ကိုယ့်ကိုယ်ကို လေးစားမှု အရင်ရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတာမို့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်ဖို့ပဲ လိုတာပါ။ တစ်ခြားသူတွေရဲ့ အမြင်တွေကို လျစ်လျူရှုတတ်လာမယ် ကိုယ့်ကိုယ်ကို ချစ်တတ် လာတဲ့အခါ ကိုယ်ရဲ့တန်ဖိုးကို ဘယ်သူမှသတ်မှတ်စရာမလိုပဲ … Read more

ချစ်သူက ဂရုမစိုက်ဘူးဆိုရင် မိန်းကလေးတွေ လုပ်တတ်ကြတဲ့ အချက်(၅)ချက်…

မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။ ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းရတတ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ်နော် …။ (၁) သူကိုယ့်ကိုယ်မချစ်တော့ဘူးလို့ ထင်လာတယ်” တချို့ ယောကျာ်းလေးတွေက ချစ်သူဖြစ်တာကြာလာရင် အရင်ကလောက်ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊ ငါတို့နှစ်ယောက်က ပြတ်တော့မှာ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ် ။မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ မချစ်တော့တာပဲလို့ သတ်မှတ်ကြပါတယ်။ ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကို မချစ်တော့တာပဲလို့ ယူဆသွားနိုင်ပါတယ် …။ (၂) အတွေးလွန်လာတယ်” သူ ငါ့ကိုဘာလို့ ဂရုမစိုက်တော့တာလဲ၊ အသစ်တစ်ယောက်တွေ့နေလို့လား၊ ငါ့ကိုစိတ်ကုန်နေတာလား၊ ငါ့ကိုထား သွားဖို့ကြံစည်နေတာလား ၊ဒါဆို ငါဘာလုပ်ရမလဲ စသဖြင့် အမျိုးမျိုးတွေတွေပြီး စိုးရိမ်သောကရောက်နေပါလိမ့်မယ်။ … Read more

ယောင်္ကျား နှင့် မိန်းမ တို့၏ ချစ်ရေးချစ်ရာ နှင့် အိမ်ထောင်ရေး အကြောင်း တစေ့တစောင်း!!!!

ယောင်္ကျား နှင့် မိန်းမ တို့၏ ချစ်ရေးချစ်ရာ နှင့် အိမ်ထောင်ရေး အကြောင်း တစေ့တစောင်း!!!! လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျား ကို ဖန်ဆင်းသည်။ ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။ ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။ မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။ မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။ မိန်းကလေးအတွက် ကံကောင်းခြင်းမှာ “သူ ငါ့ကို တကယ်ချစ်ရှာသည်”ဟု ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ “သူ့ကို ချစ်ရတာ ထိုက်တန်သည်” ဟု ထင်မြင်ခြင်း ဖြစ်သည်။ မိန်းကလေးတွင် ပြေပြစ်သော … Read more

ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာသိနိုင်မယ့်အချက်တွေ…….

ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာသိနိုင်မယ့်အချက်တွေ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်တယ်ဆိုတာပဲလိုချင်ကြတာပါ။ဒါပေမဲ့ ဒီခေတ်ကြီးမှာသိတဲ့အတိုင်း …. ခုတွေ့ ခုကြိုက်သွားကြတဲ့သူတွေအများကြီးပဲဆိုတော့ တကယ်ချစ်တာလား အပျော်တွဲတာလားဆိုတာကို ဒီအချက်တွေနဲ့စစ်ကြည့်လိုက်ရအောင်….   ၁။ ချစ်သူတွေဖြစ်ပြီးတည်းက သူငယ်ချင်းတွေနဲ့မိတ်ဆက်မပေးထားဘူး ကိုယ်က မိတ်ဆက်ပေးပါလို့ပြောရင်တောင် နောက်မှမိတ်ဆက်ပေးမယ်လို့ပြောရင်တော့ သူဟာကိုယ့်အကြောင်းကို အသိမိတ်ဆွေတွေကိုတောင် ပြောပြမထားဘူးလို့ယူဆလို့ရပါတယ်။ ၂။ ကိုယ့်ဘက်ကချည်း အမြဲဖုန်းစဆက်ရတယ် ချစ်သူတွေစဖြစ်ပြီးတည်းက အမြဲတမ်းကိုယ့်ဘက်က စဆက်ရတယ်။တစ်ခါတလေဖုန်းစဆက်ပါလားလို့ပြောကြည့်ပါလား။အလုပ်ရှုပ်နေလို့၊ဘေလ်မရှိလိုအကြောင်းပြချက်မျိုးစုံဖြေပါလိမ့်မယ်။ ယောက်ျားလေးဘက်ကချည်းစဆက်ရမှာလားဆိုတဲ့ပုံစံမျိုးမဟုတ်ပါဘူး။နားလည်မှုလေးထားပြီးတစ်ယောက်တစ်ရက်စဆက်ကြပေါ့။အဲ့လိုမျိုးတွေလည်းမရှိဘူးဆိုရင်တော့ ကိုယ်က သူ့အတွက် အရေးမကြီးဘူးဆိုတဲ့ပုံစံမျိုးပါ။   ၃။ ဂရုမစိုက်တာ နေမကောင်းဖြစ်ရင်တောင် နေကောင်းအောင်နေလို့ပဲပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။တကယ်ချစ်တဲ့သူကတော့ ဆေးခန်းထိလိုက်ပို့ပေးမယ်၊ကိုယ်နဲ့မတည့်တဲ့အစားအစာတွေရှောင်ခိုင်းပြီးသေချာဂရုစိုက်မှာပါ။ တစ်ချို့ယောက်ျားလေးတွေက နှုတ်က ဂရုမစိုက်တတ်ပေမဲ့အလုပ်နဲ့သက်သေပြတတ်တာပါ။အဲ့လိုမျိုးတွေလည်းမရှိဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာ သိနိုင်ပါတယ်။ ၄။ ကိုယ့်အပေါ် သဝန်မတိုတာ တကယ်ချစ်တဲ့သူတိုင်းးအနည်းနဲ့အများတော့သဝန်တိုကြပါတယ်။မိန်းကလေးတွေကကိုယ့်ချစ်သူသဝန်တိုတာကိုခံချင်ကြတာပါပဲ။ဒါပေမဲ့ ကိုယ့်ချစ်သူကတော့ သဝန်တိုဖို့နေနေသာသာ …. ကိုယ်ဘယ်သူနဲ့ ဘယ်တွေသွားတယ်ဆိုတာတောင် မမေးဘူး၊စိတ်မဝင်စားဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာ … Read more

ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ လက္ခဏာများ…

ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ အချက်များ အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့….   ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ ခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ်။ (၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ် သင့်ကိုအတည်တွဲတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။ သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။   (၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ် ယောက်ျားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို … Read more

မိဘကိုလုပ်ကျွေးပြုစုသူတိုင်း လက်ငင်းခံစားရမယ့် အကျိုး ( ၁၂ ) ပါး…..

မိဘကိုလုပ်ကျွေးပြုစုသူတိုင်း လက်ငင်းခံစားရမယ့် အကျိုး ( ၁၂ ) ပါး မိဘကိုလုပ်ကျွေးပြုစုရပြီး ရလာတဲ့ ပီတဟာဘာနဲ့မှမလဲနိုင်ပါဘူး ဒါကြောင့်လည်း သားလိမ္မာသမီးအလိမ္မာတွေဟာ မိဘတွေကိုလုပ်ကျွေးပြုစုကြတာပေါ့ ဒီလို ပီတိအပြင်မိဘကိုလုပ်ကျွေးပြုစုတဲ့သူတွေ လက်တွေ့ခံစားရမယ့်အကျိုး ၁၂ ပါးရှိပါတယ်အဲတာတွေကတော့… ၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သောစေတနာ ရှိခြင်း၊ ၂။ မိမိမှာ ကျွေးမွေးနိုင်သော အင်အား ရှိခြင်း၊ ၃။ ကိုယ့်ကို မိဘက အားကိုးခြင်း၊ ၄။ မိဘများ အသက် ရှင်လျှက် ရှိခြင်း၊ ၅။ မိဘများ ကျန်းမာသာယာစွာ ရှိခြင်း မိဘကို လုပ်ကျွေးသောသားသမီးတိုင်း လက်တွေ့ ခံစားရမည့်အကျိုးတရား (၁၂)ပါး ၁။လူတိုင်း ချီးမွမ်းမှုကို ခံရသည် ၊ ၂။ အသိ လိမ္မာဉာဏ်ပညာ … Read more

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ်….

မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။ တစ်ခါတလေ အဆိုးလွန်သွားလို့ ချစ်သူကို ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။ ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။ (၁) ထစ်ခနဲ့ရှိ စိတ်ကောက် ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။ ထစ်ခနဲ့ရှိ စိတ်ကောက်လို့ ချက်ချင်းစိတ်ပြေမယ်တော့ မထင်လိုက်ပါနဲ့၊ ချော့ရလည်း အင်မတန်ခက်ပါတယ်။ … Read more

သာယာနေတဲ့ ချစ်သူ ဘဝလေးက ဒီအမှား (၄) ခုကြောင့် ပျက်ဆီး သွားနိုင်ပါတယ်

သာယာနေတဲ့ ချစ်သူ ဘဝလေးက ဒီအမှား (၄) ခုကြောင့် ပျက်ဆီး သွားနိုင်ပါတယ် တစ်ချို့ သော စုံတွဲ တွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမို အောင်မြင်ကြပြီး ပျော်ရွှင်ကြရလေ့ရှိပါတယ်။ ဘာ ပြဿနာ ကို မဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တွေကြုံတဲ့အခါမှာ သင်ရော ၊ သင့် ချစ်သူ ကောင်လေး ပါ အတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာ သင်တို့ နှစ်ယောက် တစ်သားတည်း ကျမနေသေးလို့ပါ။ သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို မီးမောင်း ထိုးပြနေတဲ့ အချက်လေးတွေရှိပါတယ်။ ၁။ သူဟာ သင့်ကို အပြည့်အ၀ မယုံကြည် ဘူးဆိုရင်။ ယုံကြည်မှု ဆိုတာဟာ … Read more