ဖခင်ကတာဝန်မယူတဲ့ သုံးရက်သားကလေးလေးကို မိခင်သဂြိုလ်တဲ့နေ့မှာပဲ မွေးစားလိုက်ပြီဖြစ်တဲ့ ခိုင်နှင်းဝေ…
ခိုင်နှင်းဝေလို့ဆိုလိုက်တာနဲ့ ပါးချိုင့်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်ပိုင်ဆိုင်ထားသူလေး၊ မင်းသမီးကြီးဒေါ် မြင့်မြင့်ခိုင်ရဲ့တူမ၊ သရုပ်ဆောင်ကောင်းသလို ပရဟိတလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ သူအဖြစ် လူသိများလွန်းလှပါတယ်။ ခိုင်နှင်းဝေက လက်ရှိအချိန်မှာ သူမရဲ့ “ခိုင်ရင်းသွေးလေးများဂေဟာ” မှာ နောက်ထပ်ကလေးလေးတစ်ဦးကို ထပ်မံမွေးစားခဲ့ပြီဖြစ်ကြောင်း အသိပေးလာပါတယ်။ ကလေးငယ်လေးက သုံးရက်သားသာရှိသေးပြီး ဖခင်ကတာဝန်မယူပဲ မိခင်ဖြစ်သူကလည်းသူ့ကို မွေးပြီးပြီးချင် းသေဆုံးခဲ့တာကြောင့် သူမက မွေးစားပေးခဲ့တာ ဖြစ်ပါတယ်။ ကလေးလေးကို သူ့မိခင်သဂြိုလ်တဲ့နေ့မှာပဲ ခိုင်နှင်းဝေက အင်းစိန်ဆေးရုံမှာ သွားခေါ်ပြီးတော့ မွေးစားခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးလေးရဲ့ မိခင်က လမ်းမှာ ကလေးကိုထွက်ကျမီးဖွားခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပြီး ဘေးနားကတွေ့တဲ့လူတွေက ဆေးရုံပို့ဆောင်ပေးပေမယ့်လည်း အသက်ဆုံးရှုံးခဲ့တာဖြစ်တာလို့လည်း ခိုင်နှင်းဝေက အသိပေးထားပါသေးတယ်။ “ဖခင် တာဝန်မယူသည့် (၃)ရက်သားလေးကို မိခင် သဂြိုလ်တဲ့နေ့မှာပဲ အင်းစိန်ဆေးရုံ မှာ သွားခေါ်ပေးခဲ့ပါတယ်ရှင်..မိခင်မှာ လမ်းတွင် … Read more