ဗန်းမော်ဈေးထဲ ဆိုင်ကယ်တစ်စီးနဲ့ စာအိတ်တွေလိုက်ချနေလို့ ဘာလဲဆိုပြီးဖွင့်ကြည့်လိုက်တော့ ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဗန်းမော်က အမည်မသိ လူတစ်ယောက်ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်လေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီကိုဗစ်ကာလဟာ ကာလကြာရှည် လော့ဒ်ဒေါင်းပိတ်ထားသည်ကို ပရိသတ်ကြီးလည်း အသိပါ။ ဒါ့ကြောင့် ပြည်သူတော်တော်များများ ဒုက္ခရောက်ကြရပါတယ်။ တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ ချို့တဲ့သူတွေ ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေကြရသူတွေအတွက် အရမ်းကို ပင်ပန်းခက်ခဲလွန်းတဲ့ ကာလကြီးပါ။ လှူဒါန်းသူတွေကလည်း လှူကြပေမယ့် တချို့ရပ်ရွာတွေက အတော်ကို ဝေးလံခေါင်ပါးလွန်းပါတယ် ။ ဒါလေးကတော့ ဗန်းမော်မြို့ကထူးခြားဖြစ်စဉ်လေး တစ်ခုပါ။ မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့နေစဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ရုတ်တရက် တွေးမိလိုက်တာ ဘာတိုင်သလည်းပေါ့။ ပြေးကောက်ပြီး ဖွင့်ကြည့်မိလိုက်တယ်။ အထဲမှာ […]
Month: November 2020
သကြားတစ်မျိုးတည်းကို အသုံးပြုပြီး မျက်နှာချေးချွတ်နည်း….
သကြားတစ်မျိုးတည်းကို အသုံးပြုပြီး မျက်နှာချေးချွတ်နည်း သကြားနဲ့ မျက်နှာကို သန့်ရှင်းရေးလုပ်ရအောင်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အဆင့်ဆင့်မျှဝေပေးသွားမယ်နော်။ ၁။ အရင်ဆုံး မျက်နှာသစ်ဆပ်ပြာ၊ ရေနွေးနဲ့ မျက်နှာကို စင်အောင်သစ်လိုက်ပါ။ ၂။ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို လက်ဖဝါးထဲ လောင်းထည့်လိုက်ပါ။ ၃။ လက်ချောင်းလေးတွေကို အသုံးပြုပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးလိုက်ပါ။ ၄။ အရမ်းမပွတ်ပဲ ညင်သာစွာပွတ်ပေးရပါမယ်။ ၅။ ရေနွေးနည်းနည်း ထည့်ပြီး ပွတ်နိုင်ပါတယ်။ ရေနွေးအများကြီးမထည့်ရဘူးနော်။ သကြားအရည်ပျော်သွားမှာစိုးလို့ပါ။ ၆။ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားမယ်။ ၇။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်မယ်။ ၈။ ပြီးရင်တော့ တဘက်နဲ့ ခြောက်အောင် ဖွဖွလေးသုတ်လိုက်မယ်။ ၉။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ Moisturizer တမျိုးမျိုး လိမ်းပေးထားလိုက်ပါမယ်။ […]
မနက်တိုင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ..
မနက်တိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ သိထားသင့်တယ် ထင်လို့ပါ။ သွားတိုက်ဆေးကို မနက်တိုင် သွားသန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာ မဟုတ်ဖူးနော်… သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ်နော်။ ( 1 )- အမဲစက်နဲ့ အမဲကွက်ပြသာနာများ သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် ( သို့ ) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါဗျာ ။ ( 2 )- ဝက်ခြံပြသာနာများ သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး […]
ဆံပင်ထူ ချင်တဲ့သူတွေ၊ မဲနက်ချင်သူတွေ ၊သန်ချင်သူတွေ ၊ ဆံပင်အကျွတ်သက်သာချင်တဲ့သူတွေအတွက်…..
ဆံပင် အတွက် ချက်အုန်းဆီ၂ဝသား ၊ထောလပက်ရွက်ရယ် ၊အပုတ်ခံထားတဲလက်ဖက်ရယ် ဆံပင်ထူချင်တဲ့သူတွေ၊ မဲနက်ချင်သူတွေ ၊သန်ချင်သူတွေ ၊ဆံပင်အကျွတ်သက်သာချင်တဲ့သူတွေအတွက် အိမ်တွင်းပစ္စည်းလေးတွေနဲ့ ကိုယ့်ဆံပင်ကို ဂရုစိုက်လို့ရပါတယ်ရှင်. ချက်အုန်းဆီလေးမွှေးလာရင် အပုတ်ခံထားတဲ့လက်ဖက်လေးတွေထည့်ပါ ။ လက်ဖက်ညွန့်လေးတွေရဲတတ်ပြီး တူးသွားတတ်တဲ့အတွက် မီးအရှိန်လေးလျော့ပြီး စိတ်ရှည်ရှည်တော့ချက်ရပါတယ်.. အုန်းဆီနံ့ကော လက်ဖက်နံ့ကလေးကော မွှေးလာပြီဆိုမှ ထောလပက်ရွက်လေးတွေကိုထည့်ပေးပါ။ ထောလပက်ရွက်လေးတွေပါ နွမ်းသွားပြီဆိုရင် ချလို့ရပါပြီ.အအေးခံပြီး ကိုယ်ခေါင်းလျော်မယ့်ရက်တွေမာ မလျော်ခင်၂နာရီလောက်ကြိုပြီး ဆံပင်အနှံ လိမ်းပြီးနှိပ်ထားပါ။ ပီးရင်ခေါင်းလျော်နေကျပုံစံမျိုးနဲ့ လျော်လို့ရပါပြီ ရှင့်… ဆန်ဆေးရည် ထပ်နှပ်ရင်တော့ ပိုကောင်းပါတယ်ရှင် ။ကိုယ်ကတော့ဆန်ဆေးရည်နဲ့ပါ နောက်တကြိမ်ထပ်နှပ်ပါတယ်ရှင် ကိုယ့်အတွက်ကတော့တစ်ခွက်ကို ခေါင်းလျော်ကြိမ်ရေ ၄ခေါက်စာ ပါ..တလကို ၃ခေါက်လောက်ချက်ရတယ် ဆံပင်သားအလှအပကို အထူးဂရုစိုက်ချင်တဲ့ မိန်းကလေးတွေအတွက် ကိုယ်လုပ်ဖြစ်တဲ့နည်းလမ်းကို ဝေမျှပေးတာပါ ခရစ်ဒစ် ======== Zawgyi, ဆံပင် အတွက် ချက်အုန်းဆီ၂၀သား ၊ထောလပက်ရွက်ရယ် […]
လပြည့်နေ့မှာပဲ ပြုလုပ်လိုရတဲ့ ဝိဇ္ဇာဝပြော အလှူတော် .
တစ်နေ့တွင် ကျွန်ုပ်သည် အိမ်မှ နာရီ၀က်ခန့်စောပြီး ထွက်လာကာ ဆူးလေဘုရားသို့တက်သွားပြီး ဘုရား ရှိခိုးလေ၏။ ပြန်ဆင်းခါနီးတွင် အသက် ၇၀ နှစ်နီးပါး ခန့်ရှိပြီဟုထင်ရသော ယောဂီအညိုရောင်၀တ်ဆင် ထား သည့် အဘွားကြီးတစ်ဦးသည် ကျွန်ုပ်အနီးသို့ ရောက် လာပြီး – ““လူလေးရေ … အမေ့ကို တစ်ခု ကူညီပါ ကွယ် …”” ဟု ပြောလေရာ ကျွန်ုပ်ကလည်း –““ဘာများ ကူညီရမှာပါလဲခင်ဗျ ..၊ ပိုက်ဆံ အလှူခံမှာဆိုရင်တော့ ကျွန်တော်က တောင် ပြန်ပြီး အလှူခံရလိမ့်မယ်အမေရေ …။ ကျွန်တော့်ဟာ ကျွန်တော်တောင် ထမင်းက ၀ချင် တာမဟုတ်ဘူး”” ဟု ပြန်ပြောလိုက်မိလေ၏။ အဘွားကြီးက သွား မရှိတော့သောပါးများ ခွက်၀င် သည်အထိ ပြုံးလေ၏။ ထို့နောက်တွင်မှ […]
တန်ဆောင်မုန်းလပြည့်ညတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း…..“ဆေးပေါင်းခသည့်ည”
တန်ဆောင်မုန်းလပြည့်ညတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။ မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။ ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။ နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။ ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။ […]
ရန်ကုန်မြို့မှာ မြွေကြီးတွေ အတွေ့ရများလာတဲ့ အကြောင်းရင်း နောက်ကွယ်…..
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့မှ နိုဝင်ဘာ ၂၃ရက်နေ့အထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင်မြွေများတွေ့ရှိမှု ခုနစ်ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် ကြီးမားသည့် စပါးအုံး မြွေများလည်း ပါဝင်ပါတယ်။ ဖော်ပြပါ ၁၂ ရက်အတွင်း မီးသတ်တပ်ဖွဲ့မှ ဖမ်းဆီးပေးခဲ့ရသည့် မြွေ ခုနစ်ကောင် အနက်နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်ပါတယ်။စပါးအုံးကဲ့သို့ အရွယ်အစားကြီးမားသည့် မြွေအမျိုးအစားအပါအဝင် မြွေတွေ့ရှိမှု များလာရခြင်းမှာ ၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှု တစုံတရာရှိနေနိုင်ခြင်းနှင့် အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် အချို့က ပြောပါတယ်။ “အခုလိုမျိုး လက္ခဏာတွေပြတယ်ဆိုရင်တော့ သတိထားဖို့လိုတယ်ပေါ့နော်။ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အောက်ခြေမှာ မြေအောက်မှာဖြစ်နေတဲ့ ဟာတွေကဘာတွေဖြစ်နေမှန်းမသိဘူး။ ငလျင်တွေ ဒီ့ထက်လှုပ်လာမလား။ ရေတွေ ဒီ့ထက်ခမ်းသွားမလား။ အဲ့ဒါမျိုးတွေနဲ့ဆိုင်တယ်လို့တော့ ထင်တယ်” […]
ပထမဆုံး အတွေ့ ကြုံမှာ ချစ်သူလေးကို ဘယ်လိုနမ်းမလဲ?
ပထမဆုံး အတွေ့ ကြုံမှာ ချစ်သူလေးကို ဘယ်လိုနမ်းမလဲ? အဆင့်(1) – နေရာ နဲ့ အချိန် က အရမ်းအရေးကြီးပါတယ်။ နှစ်ယောက်သား စကားအေးဆေးပြောလို့ ရမယ့် ပန်းခြံလိုနေရာမျိုးကိုရွေးချယ်ပါ။ ချစ်သူ က စိတ်လက်ကြည်သာနေချိန်ဖြစ်ပါစေ။ အဆင့်(2) – သူ့ ရဲ့ အလှအပ နဲ့ အပြုမူတွေအပေါ်ချီးမွမ်းမူလေးတွေလုပ်ပါ။ ဒီနေ့ ဝတ်လာတာ အရမ်းလိုက်တယ်၊ ချစ်ဖို့ ကောင်းတယ်ပေါ့။ သင်တို့ နှစ်ဦးရဲ့ စကားပွဲ ဟာ ကြည်နူးစရာလေးဖြစ်ပါစေ။ အဆင့်(3) – အနားကိုကပ်သွားပြီး လက်ကလေးကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်ပါ။ သူအလိုက်သင့်လေးပါလာရင် သင့်အတွက်ရာသီဥတု သာယာဖို့ များနေပါပြီ။ အဆင့်(4) – စကားလေးတွေပြောနေရင်း နဖူးလေး(သို့ ) ဆံပင်လေးတွေကို ဖွဖွလေး နမ်းပေးလိုက်ပါ။ သူ့ လက်မောင်းသားလေးတွေကို […]
သူတို့တကယ်ချစ်မိသွားတဲ့ မိန်းကလေးကို ဒီလိုလုပ်ပေးတယ်ဆိုတာ မယုံမရှိနဲ့….
ဘယ်မိန်းမကိုမှ အလိုလိုက်ပြီး “အဲ့လောက်မလုပ်ပေးနိုင်ဘူး” ဆိုတဲ့ယောင်္ကျား…. သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေးကို ခြေထောက်ကိုင်ပြီး ဖိနပ်စီးပေးဖို့ဝန်မလေးတတ်ကြဘူးဆိုတာ မယုံမရှိနဲ့ !! သူ့အမေကလွဲပြီး ဘယ်မိန်းမကမှ “ဆံပင်ကိုင်တာ .. ခေါင်းကိုင်တာမျိုး”ကိုလက်မခံတဲ့ယောင်္ကျား … သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးက ဆံပင်ဆောင့်ဆွဲတတ်တာမျိုး .. နားရွက်လိမ်ဆွဲတတ်တာမျိုးလေးကိုပဲ အပြုံးမပျက်ဘူးဆိုတာ မယုံမရှိနဲ့ !! ယောင်္ကျားသဘာဝ ကပြက်ကချော်နိုင်ပြီး အချိန်ကိုလေးစားရကောင်းမှန်း မသိတတ်တဲ့ယောင်္ကျား …… သူတို့တကယ်ချစ်သွားတဲ့ မိန်းကလေးနဲ့ ချိန်းထားတဲ့အချိန်နောက်ကျသွားရင် စိတ်ဆိုးမှာကြောက်တတ်တာကြောင့် အချိန်တိကျသွားတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ !! စိုးရိမ်ပူပန်တတ်တာဆိုတာ ဘာမှန်းမသိ သူတို့ကိုယ် သူတို့တောင် ဂရုစိုက်ရမှန်းမသိတဲ့ယောင်္ကျား ……. သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးနှာစီး/ချောင်းဆိုးတာလေးကအစ လိုက်ပြီးစိုးရိမ်တကြီးနဲ့ ဂရုစိုက်နေဖို့ မှာတတ်သွားကြတယ်ဆိုတာ မယုံမရှိနဲ့ !! ဘယ်သူတွေ ဘယ်လိုဆုံးမ ဆုံးမ .. မနာခံခဲ့ဘဲ ခပ်ဆိုးဆိုးအကျင်းတွေကိုပဲလုပ်ခဲ့တဲ့ယောင်္ကျား ……….. သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေး […]
ချစ်သူရှိတဲ့ သူတိုင်း အလွတ်ကျက်ထားသင့်တဲ့ စကား ( ၈ ) ခွန်း……
ချစ်သူရှိတဲ့ သူတိုင်း အလွတ်ကျက်ထားသင့်တဲ့ စကား ( ၈ ) ခွန်း အချစ်ရေးရေရှည်တည်မြဲဖို့ဆိုရင် နှစ်ဦးနှစ်ဖက် ထိန်းသိမ်းရမယ့်အပိုင်းလေးတွေ ရှိပါတယ်။ သင်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ဒီအချစ်ရေးကို အဆုံးထိခိုင်မြဲချင်တဲ့သူဆိုရင် သင့်ချစ်သူကောင်မလေးအတွက် သင့်ဘက်က လုပ်ဆောင်ပေးရမယ့်အရာလေးတွေ ရှိပါတယ်။ လူတိုင်းဟာ ချီးမွမ်းပြောဆိုတာ ခံချင်တတ်ကြတာချည်းပါပဲ။ ပြီးတော့ သူဟာ သင့်ဘ၀မှာ မရှိမဖြစ်အရေးပါတဲ့သူတစ်ယောက်ဆိုတာကိုလည်း သင်ပြောတာမျိုး ခံချင်မှာပါ။ အဲ့ဒီအချက်ကလေးတွေပေါ်မူတည်ပြီး သင့်ချစ်သူကောင်မလေးကို နေ့တိုင်းပြောဆိုပေးရမယ့် အရာလေးတွေ ပြောပြပေးချင်ပါတယ်။ ၁။ ကိုယ်မင်းကိုချစ်တယ် ဒီစကားကရိုးလွန်းတယ်လို့ ထင်ရပေမယ့် သင်တို့နှစ်ဦးအတွက် တကယ်ကို လိုအပ်ပါတယ်။ သင်အလုပ်မသွားခင်၊ ဒါမှမဟုတ် မနက်ပိုင်း ချစ်သူဆီဖုန်းဆက်တဲ့အခါ ၊ ညဘက်အိပ်ခါနီးဖုန်းဆက်တဲ့အခါတွေမှာ ဖုန်းချခါနီးတိုင်း သင့်ကောင်မလေးကို ချစ်တယ်ဆိုတဲ့ စကားလေး မပျက်မကွက်ပြောပါ။ ၂။ မင်းက […]









