သမင်ဖြူ(ခေါ်)ခရုသင်းရောဂါအတွက်ကိုယ်တွေ့ပျောက်ခဲ့တဲ့ဆေးနည်း ၂၀၀၅ ခုနှစ်က လားရှိုးမှာနေစဉ် ဘယ်ကနေဘယ်လိုဖြစ်လာမှန်းမသိဘဲ သမင်ဖြူ အရေပြားရောဂါ ကျနော်ဖြစ်လာတယ် ။ ဖြစ်ရတဲ့အကြောင်းဘယ်လိုဆိုတာ အစရှာမရဘူး ၊ အစားမှားခြင်းကစတာဘဲလို့သုံးသပ်မိတယ် ၊ အနာကလေးမပေါက်လိုက်နဲ့ ပျောက်တာနဲ့ သမင်ဖြူဖြစ်နေခဲ့တယ် ။ ခြေကလက်ကနေ အကွက်ကလေးတွေစဖြစလာပြီး မျက်နှာနှုတ်ခမ်းလေးတွေပါကူးလာတယ် ။ ဆေးတွွေလည်းစုံနေပြီ မပျောက်ဘူး ၊ ဘယ်ဆရာမှမတတ်နိုင်ဘူး ၊ အပြငး်ထွက်ရင် အကွက်လေးတွေကို သနပခါးလူးပြီးထွက်ရတယ် ။ သူငယ်ချင်း မိိတ်ဆွေတွေလည်းစုတ်တသပ်သပ်နဲ့စိတ်မကောင်းကြဘူး ၊ မန္တလေးကိိုဆင်းတော့ မမကြီးက ကျနော့်အဖြစ်ကိုမြငြ်ပီး ငါ့မောင်ဘဝတော့သွားပါပြိဆိုပြိး ငို်ပါတယ် ။ ကျနော်ကတော့ စိိတ်ဓာတ်မကျပါဘူး ၊ အနာသိရင် ဆေးရှိိပါတယ် ။ မမရယ် ငိုမနေပါနဲ့လို့နှစ်သိမ့်လို််က်ပါတယ်၊ ဒါနဲ့ မဖြစ်တောဘူ့း ကိိုယ့်ရောဂါကိုယ်ကုမှဘဲဆိုပြိး ဆေနည်းတွေရှာတယ်၊ ဖြစ်နိုင်တဲ့ဆေးနည်းတွေအတိုင်း ဆေးတွေဝယ်တယ် ။ […]
