မေးလေ့ရှိတာတွေပေါ့ …ကျန်ခဲ့တဲ့သူနဲ့ ချန်ခဲ့တဲ့သူက ဘယ်သူက ပိုပြီးနာကျင်ရလဲတဲ့ … များသောအားဖြင့်တော့ ကျန်ခဲ့တဲ့သူက ပိုပြီးနာကျင်ရတတ်တယ်လို့ ဖြေတတ်ကြတယ် ။ ဘာကြောင့်လဲဆိုရင် ကျန်ခဲ့တဲ့သူဆိုတာ မူလနေရာမှာရပ်ရင်းနဲ့ အမှတ်တရတွေ အများကြီးတွေကြားမှာ ပြန်မြင်ယောင်ရတဲ့အခါတိုင်း ပြန်ပြီးသတိတရနဲ့ နာကျင်ရတတ်တယ်တဲ့ ။ ချန်ခဲ့တဲ့သူကျတော့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေဖို့ကြိုးစားရင်းနဲ့ …သတိရဖို့အချိန်တွေ မရှိ ဖြစ်တတ်တယ်လို့ ထင်တတ်ကြတယ်လေ ။ ကျွန်မကျတော့ အဲ့လိုမတွေးဘူး ။ ချန်ခဲ့ခြင်း ကျန်ခဲ့ခြင်းတွေထက် တကယ်တမ်းကျတော့ ပိုချစ်တဲ့သူက ပိုပြီးနာကျင်ရပါတယ် ။တစ်ခါတစ်လေမှာ ချန်ခဲ့ရခြင်းမှာ မနီးစပ်ချင်လို့မဟုတ်ပဲ အခြေအနေအရဆိုတဲ့ အရာတွေရှိတယ် ။ ပြီးတော့ ပိုချစ်မိတဲ့သူမှာ .. ပိုပြီးအမှတ်ထားတတ်တဲ့ စိတ်လေးက အတိတ်တိုင်းကို တစိုက်မတ်မတ်လွမ်းတတ်တဲ့ စိတ်တွေရှိတယ်လေ ။ အမှတ်တရဆိုတာ အမှတ်ရတဲ့သူအတွက်သက်သက်ပါ ချန်ခဲ့တာ ကျန်ခဲ့တာတွေနဲ့ […]
Day: April 27, 2021
ဝေးပါစေလို့ ဆုမတောင်းခဲ့ပေမယ့် ရေစက်ကုန်တော့လဲ ဝေးသွားကြတာပဲ…
ဆုံပါစေလို့ ဆုမတောင်းခဲ့ပေမယ့်လဲရေစက်ရှိတော့လဲ ဆုံလာကြတာပဲလေ…. ဒါဆို လွမ်းစရာကို နာစရာနဲ့လဲ ဖြေစရာမလိုပါဘူးဥပေက္ခာနဲ့သာ နေရာယူပါ… အဆင်ပြေနေတုန်းတော့ အချစ်ဆုံးလို့ ပြောကြတာပဲ အလိုဆန္ဒတွေ မပြည့်ဝတော့မှ အမုန်းဆုံးဖြစ်သွားတတ်ကြတယ် ဒါကိုပဲ သင်ခန်းစာယူပါ အရမ်းလဲ ချစ်မပြနဲ့ အရမ်းလဲ မလွမ်းပြနဲ့ အချစ်ကြီးလို့ ရှုံးတာ မဟုတ်ဘူး ရိုးသားခြင်းကို ဟန်မဆောင်တတ်လို့ရှုံးတာ ဘာပဲဖြစ်ဖြစ်ပေါ့ ပြုံးပြုံးလေးနဲ့ ရှေ့ဆက်ပါ လမ်းခွဲခြင်းမှာ ဝမ်းနည်းမနေပါနဲ့ ပန်းတိုင်းက ရနံ့မရှိပေမယ့်ပန်းတိုင်းက တန်ဖိုးရှိပါတယ် တန်ဖိုးဘယ်လောက်ရှိရှိ တန်ဖိုးမဲ့တဲ့သူက တန်ဖိုးမထားတတ်ဘူးဆိုတာကိုလဲ နားလည်ပါ တန်ဖိုး နားလည်ပြီး တန်ဖိုးထားတတ်သူနဲ့တွေ့ဆုံနိုင်ကြ၍ ဘဝတွေလဲ အေးချမ်းပါစေနှလုံးသားတွေလဲ လှပနိုင်ကြပါစေ သုအလင်္ကာ(ရွှေသင်း) Credit ဆုံပါစေလို့ ဆုမတောင်းခဲ့ပေမယ့်လဲရေစက်ရှိတော့လဲ ဆုံလာကြတာပဲလေ…. ဒါဆို လွမ်းစရာကို နာစရာနဲ့လဲ ဖြေစရာမလိုပါဘူးဥပေက္ခာနဲ့သာ နေရာယူပါ… အဆင်ပြေနေတုန်းတော့ […]
မင်းရဲ့ ကောင်မလေးကို တန်ဖိုးထားပါ…
မင်းရဲ့ ကောင်မလေးကို တန်ဖိုးထားပါ… သူက မင်းရဲ့ ဖြစ် တည် မှု ကို သဘော ကျပြီးတော့ တခြား သူတွေ ဆန့်ကျင် ပြီး မင်း ကိုရွေး ချယ်ခဲ့ တာ …။ မင်းရဲ့ ကောင်မလေး ကို တန် ဖိုး ထား ပါ ။ သူ့ ကို ဂ ရု စိုက် တဲ့ သူ အများကြီး ထဲ က မှ မင်းဂ ရု စိုက် တာ ကို ပဲ မက် မော ခဲ့ တာ …။ မင်း ရဲ့ကောင်မလေးကို တန်ဖိုး ထား ပါ […]
လူတစ်ယောက်ကိုမြင်တာနဲ့ သူ့တို့ ရဲ့အတွင်းစိတ်ကို ထိုးဖောက်မြင်ရကြောင်း ပြောပြလာတဲ့ ကောင်းမြတ်စံ…..
ပရိတ်သတ်ကြီးရေ…. ထင်ရှားတဲ့ပါးချိုင့်လေးနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ကောင်းမြတ်စံဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ဇာတ်ကားတွေလည်းများစွာ ရိုက်ကူးထားပြီး ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။မင်းသားကောင်းမြတ်စံကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လို အပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။ ကောင်းမြတ်စံကတော့ လူတစ်ယောက်ကိုမြင်တာနဲ့ သူ့ရဲ့အတွင်းစိတ်ကိုဖောက်ထိုးမြင်နေရတယ်ဆိုပြီး အသွင်အပြင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာပါတယ်..။တကယ်လား ဟန်ဆောင်နေတာလားဆိုတာကို လူကိုကြည့်လိုက်တာနဲ့ အတွင်းစိတ်ကိုမြင်နေရတဲ့ အတွေ့အကြုံအသစ်တွေကို ကောင်း မြတ် စံက သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ “လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူရဲ့ အတွင်းစိတ်ကို ဖောက်ထိုးမြင်ရတယ်…တစ်ကယ်လား.. ဟန်ဆောင်နေတာလားဆိုတာ..ရုပ်အဆင်းအသွင်အပြင်နဲ့ မဆိုင်ဘူးနော်… အဲ့ဒါ ဘဝကသင်ပေးခဲ့တဲ့ အသိပညာ ✌🏻..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။အတွေ့အကြုံတွေကို ပြောပြလာတဲ့ မင်းသားကောင်းမြတ်စံကို […]
စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း
စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း စိုးရိမ်ပူပန်ခြင်းကို လူတိုင်းကြုံတွေ့ဖူးပါတယ်။ နေ့စဉ်ဘဝမှာ မမျှော်လင့်ဘဲ ကြုံလာတဲ့ အခြေအနေတွေ အပေါ် စိုးရိမ်ပူပန်မှုတော့ ရှိကြပါတယ်။ ဒါပေမယ့် လူတစ်ချို့ မှာတော့ စိုးရိမ်ပူပန်မှုကို မကြာခဏခံစားနေပြီး စိတ်ခံစားမှုသက်သက်တွင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကလည်း တခြားသော ရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ တူနေတတ်ပါတယ်။ ဥပမာအားဖြင့် စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်အောင့်တတ်ပါတယ်။ ရင်ဘတ်အောင့်တာဟာ ရုတ်တရက် နှလုံးထိခိုက်ခြင်းနဲ့ တခြားနှလုံးရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ မိမိက စိုးရိမ်ပူပန်မှု ကို မကြာခဏ ခံစားရတဲ့ သူဆိုရင် သူ့ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို သိထားသင့်ပါတယ်။ စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် လက္ခဏာတွေက ဘာလဲ စိုးရိမ်ပူပန်မှု လက္ခဏာဟာ လူတစ်ဦးခြင်းအပေါ်လိုက်ပြီး ကွာခြားပါတယ်။ လူတစ်ဦးထဲတောင်မှ တစ်ခါတရံ ခံစားရတဲ့လက္ခဏာတွေ […]
လက်ထပ်ပြီး နှစ်ပေါင်း30အကြာမှ မောင်နှမဖြစ်နေမှန်းသိခဲ့ရတဲ့လင်မယားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်
ဘဝဆိုတာက အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး ။ ဘယ်လောက်ပဲ ချစ်လွန်းအားကြီးတဲ့စုံတွဲဖြစ်နေပါစေ ခန့်မှန်းလို့မရတဲ့အရာတစ်ခုကြောင့် လမ်းခွဲသွားရတာမျိုးတွေရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက @ibcig အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူ၏ဆရာမဖြစ်သူရဲ့ စုံတွဲအကြောင်းကို ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ မင်္ဂလာသက်တမ်း နှစ် 30 ရှိနေပြီဖြစ်ပြီး ၊ သားသမီးများလည်းရှိနေကာ ၊ မြေးများပင်ရနေပြီဖြစ်တဲ့ စုံတွဲဖြစ်ကြောင်းသိရှိရပါတယ် ။ ၎င်းတို့ဟာ အတော်လေးချစ်ခင်ကြင်နာကြတဲ့စုံတွဲဖြစ်ပေမဲ့လည်း မကြာသေးခင်ကမှ ဖအေတူမအေကွဲ မောင်နှမတွေဖြစ်မှန်းသိခဲ့ကြတဲ့အတွက် လမ်းခွဲခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူဟာ ကုန်တင်ကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့အတွက် အလုပ်အရ မလေးရှားနိုင်ငံမြို့အတော်များများကို အမြဲသွားလာနေရသူဖြစ်တဲ့အတွက် ဘယ်သူမှမသိအောင် တိတ်တဆိတ်ခိုးပြီးလက်ထပ်ခဲ့ပါတယ် ။ ထို့ကြောင့် Terengganu ပြည်နယ်မှာရှိတဲ့ ဇနီးနဲ့ Johor ပြည်နယ်မှာရှိတဲ့ ဇနီးသည် နှစ်ဦးလုံးက အဆိုပါအဖြစ်ကိုလုံးဝရှာမတွေ့နိုင်လောက်ဘူးလို့ […]





