တန်ဖိုးဖြတ်လို့မရတဲ့ မှိုကွန်ချာကိုတွေ့ရင် မဖြစ်မနေ အရယူထားပါ ကျော် မှတ်ထားတာလေးကို မျှဝေတာပါ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က FB မသုံးစွဲကြပါဘူး နတ္ခတ္တရောင်ခြည် မဂ္ဂဇင်းကို လစဉ် ထွက်တာနဲ့ ဝယ်ဖတ်ပါတယ်။အဲ့ထဲမှာက အခုလို ဆေးဖက်ဝင်သော အကြောင်းရာတွေကို အကိုးကားနဲ ပါလေ့ရှိပါတယ် ။ လွယ်လွယ်ကူကူ အသုံးဝင်ပြီး အစွမ်းထက်သော အရာများကို မှတ့်ထားလေ့ရှိပါတယ်။ မှတ်ထားတဲ အကြောင်းရာလေးကဒီလိိုပါ ဟင်္သတ မြိုနယ် တောရွာဘက်က ဦးလေးတယောက်ဟာ အရိုးကင်ဆာ ဖြစ်လို ဆေးရုံက ခြေထောက့် တဖက် ဖြတ်ဖို ရက်ချိန်းပေးလိုက်ပါတယ်တဲ့ ထိုဦးလေးဟာ ခြေထောက်တဖက်တော့ မဖြတ်တော့ဘူး ဒီအတိုင်းသာ အသေခံသွားမယ်ဟု ဆိုကာ အရိုးကွဲမတတ့် ကိုက့်ခဲ နေသော ဝေဒနာကို ကြိတ်မှိတ်ပြီး အန်တုကာခံနေပြီး ဆေးရုံရက်ချိန်ကို မသွားတော့ပါဘူးတဲ့ […]
Month: April 2021
ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့ မင်းကွန်း ဆရာတော်ကြီး၏ မိန့်မှာချက်များ
ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့ မင်းကွန်း ဆရာတော်ကြီး၏ မိန့်မှာချက်များ ၁။ သူတကာတွေ လောဘကြီး သော်လည်း မိမိက လောဘမကြီးအောင် နေပါ။ ထိုသို့နေလျှင် သူတကာ ငတ်မွတ် ခေါင်းပါးခြင်း(ဒုဗိ ္ဘက္ခန္တရာယ်)ဘေးသင့် ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည် ၂။ သူတကာတွေ ဒေါသကြီး သော်လည်းမိမိက ဒေါသမကြီးအောင်နေပါ။ ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။ ၃။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ။ ထိုသို့နေလျှင် သူတကာ အနာ ရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။ ဤကားကျေးဇူးတော် ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသောသြဝါဒ ဖြစ်သည်။ ယနေ့ ယခု မျက်မှောက် အချိန်အခါ သည်ကား […]
အမျိုးသမီးဆေး မီးယပ်ရောဂါကိုနိမ်နင်း ပေးတဲ့ ဘဲဥပုပ်
အမျိုးသမီးဆေး မီးယပ်ရောဂါကိုနိမ်နင်း ပေးတဲ့ ဘဲဥပုပ် အမျိုးသမီးများ ဓမ္မတာမလာတော့သည့် (သွေးဆုံးချိန်)သည် အလွန်အရေးကြီးပါသည်။ ဓမ္မတာမလာသော အမျိုးသမီးများသည် မီးယပ် ရောဂါကို စတင်ခံစားရတတ်ပါသည်။ မီးယပ်ကို ပေါရာဏကထာ အဘိဓာန်က မိန်းမတို့၏ညောင်းညာမှု(မိန်းမဒူလာ)ဟုဆိုပါသည်။ မိးယပ်ရောဂါဖြစ်ပါလျှင်ညောင်းညာမည်၊ဖျားမည် ၊ကိုက်ခဲမည်၊နှာစေးချောင်းဆိုး၊ ဘာမှစားချင်စိတ်မရှိ စသည်တို့ဖြစ်တတ်ကြပြီး လူတဖြည်းဖြည်း ပိန်ကျကာ ရင်မရှိ၊တင်မရှိဖြစ်သွားတတ်သည်။ ထိုအမျိုးသမီးများကို မီးယပ်ပိန်၊မီးယပ် ခြောက်ဟု လူအများကခေါ်တတ်ကြသည်။သွေးဆုံးချိန်မှာ သွေးဟာမဆင်းဘဲ သားအိမ်ထဲအိမ် နေတတ်ပြီး ထိုသွေးများသွေးပုပ်များဖြစ်သွား တော့သည်။ထိုသွေးပုပ်များကြောင့် အမျိုးသမီးများ အမျိုးမျိုးသော မီးယပ်၏ ဝေဒနာကိုခံစားရခြင်းဖြစ် လေသည်။ မီးယပ်ရောဂါကို ပျောက်စေသောဘဲဥပုပ်မီးယပ်ရောဂါကို သက်သာပျောက်ကင်းစေနိုင် သည်ကဘဲဥပုပ်ဖြစ်သည်။ ဘယ်လိုဘဲဥပုပ်လည်း ဆိုပါလျှင် ဘဲမကြီးအကောင်ပေါက်ရန် ဝပ်ကျင်းထဲ ဝပ်သော်လည်းအကောင်မပေါက်သော ဘဲဥပုပ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဆေးနည်းမှာ ဘဲဥပုပ်(၁၀)လုံးလောက်အားတစ်နေ့လျှင်(၃)လုံး လောက်ပြုတ်၍ စားခြင်းဖြစ်ပါသည်။ဘဲဥပုပ်မရှိပါလျှင် ဘဲဥကောင်းကို အပ်ဖြင့်ထိပ်ကိုဖေါက်ပြီး […]
WIFI လိုင်းများပါ ထပ်မံပိတ်ဖို့အတွက် စစ်ကောင်စီညွှန်ကြား
Wifi လိုင်းများပါ ထပ်မံပိတ်ဖို့အတွက် စစ်ကောင်စီညွှန်ကြား (Fiber internet လိုင်းများမပါသေး) မြန်မာနိုင်ငံရှိ လက်ရှိအသုံးပြုနေတဲ့ Wireless Broadband Data Service စနစ်ဖြင့် ဝန်ဆောင်မူပေးနေသည့် အင်တာနက်ဝန်ဆောင်မူများအားလုံးကို ယနေ့မှစပြီး နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိမခြင်း ပိတ်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ထားကြားကြောင်း သိရသည်။ ဒါပေမယ့် ခုလိုညွှန်ကြားချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီများမှာ တစ်စုံတစ်ရာ ထုတ်ပြန်ချက်မထုတ်သေးဘူးလို့ သိရပါတယ်။ unicode Wifi လိုငျးမြားပါ ထပျမံပိတျဖို့အတှကျ စစျကောငျစီညှှနျကွား (Fiber internet လိုငျးမြားမပါသေး) မွနျမာနိုငျငံရှိ လကျရှိအသုံးပွုနတေဲ့ Wireless Broadband Data Service စနစျဖွငျ့ ဝနျဆောငျမူပေးနသေညျ့ အငျတာနကျဝနျဆောငျမူမြားအားလုံးကို ယနေ့မှစပွီး နောကျထပျညှှနျကွားခကြျတစျစုံတစျရာ မရှိမခွငျး ပိတျထားရနျ ပို့ဆောငျရေးနှငျ့ ဆကျသှယျရေးဝနျကွီးဌာနမှ ညှှနျထားကွားကွောငျး သိရသညျ။ […]
သင့်အိမ်မှာကလေးရှိလျှင် မဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဖက်ဝင် လင်းနေပင်
သင့်အိမ်မှာကလေးရှိလျှင် မဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဖက်ဝင် လင်းနေပင် နူးညံ့စွာ ၀မ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ပြုတတ်၏။ မြေအောက်ပင်စည်အသုံးပြုပုံ ၁။ လင်းနေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။ ၂။ လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ၀မ်းနာ၊ ၀မ်းရောင် ပျောက်၏။ ၃။ လင်းနေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။ ၄။ လင်းနေ ဆေးခြောက်နှင့် စမုန်ဖြူ […]
သေလောက်အောင်ချစ်လည်း ဒီလုပ်ရပ်မျိုးလုပ်ရင်တော့ မိန်းမတွေ(လုံးဝ) ခွင့်မလွှတ်တတ်ကျဘူး
သေလောက်အောင်ချစ်လည်း ဒီလုပ်ရပ်မျိုးလုပ်ရင်တော့ မိန်းမတွေ(လုံးဝ) ခွင့်မလွှတ်တတ်ကျဘူး အချစ်ကြီးတဲ့နေရာမှာ မိန်းကလေးတွေက နာမည်ကျော်ကြပါတယ်။ ဒီလို အချစ်ကြီးပေမယ့်လည်း မိန်းကလေးတွေမှာ ချစ်သူကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့အရာတွေလည်း ရှိပါတယ်။ အရာအားလုံးကို ခွင့်လွှတ်နိုင်ရင်တောင် လုံးဝ ခွင့်လွှတ်ပေးလို့ မရတဲ့ အရာတွေကတော့…. (၁) သစ္စာဖောက်တာ မိန်းကလေးတွေရဲ့ အမုန်းဆုံးအချက်ကတော့ သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ လူသိရှင်ကြားတွဲနေလျက်နဲ့ ကိုယ့်အပေါ် သစ္စာဖောက်သွားတာကို အမုန်းဆုံး ဖြစ်ပါတယ်။ စိတ်အလိုလိုက်ပြီး ဖြစ်သွားတာ ဖြစ်စေ၊ ခေတ္တဖြစ်ပြီး ပြီးသွားတာ ဖြစ်စေ မိန်းကလေးတွေက အရမ်းမုန်းပါတယ်။ (၂) အပြိုင်ထားတာ အချစ်ဆိုတာ ကိုယ့်အပေါ်ပဲ အာရုံစိုက်ပြီး ဂရုတစိုက်ချစ်ကြခြင်းလို့ မိန်းကလေးတွေက နားလည်ထားကြပါတယ်။ ဒါကို နောက်တစ်ယောက်ပါ ထားပြီး ဟိုကိုလည်း မစွန့်လွှတ်နိုင် ဒီလိုလည်း လက်မလွှတ်နိုင်ဆိုတဲ့ […]
ပရုတ်လုံး အနံ့လေး မွှေးလိုက်တာဆိုပြီး ပရုတ်လုံးအနံ့ ကြိုက်တတ်သူများ သိစေချင်လို့ပါ
ပရုတ်လုံး အနံ့လေး မွှေးလိုက်တာဆိုပြီး ပရုတ်လုံးအနံ့ ကြိုက်တတ်သူများ သိစေချင်လို့ပါ မပေါ့ဆ သင့်သည့် အဝတ်အ စားတွေကြားထဲ မှ ပရုတ်လုံး ၏အန္တရာယ်။ ပရုတ်လုံး၏အန္တရာယ်များ (ကလေးများအတွက် အလွန်အရေးကြီးပါသည်) ပရုတ်လုံးကို အင်္ဂလိပ်လို Mothballs လို့ခေါ်ကြပါတယ်။ Moth ဆိုတာ အလွယ်ပြောရရင် အဝတ်တွေထဲမှာနေတဲ့ ပိုးကောင်လေးတွေပါ။ သူတို့ရဲ့အစာက အဝတ်မျှင်တွေ၊ သိုးမွှေးတွေဖြစ်လို့ အဝတ်တွေထဲမှာနေပြီး ကိုက်ဖြတ်စားသောက်ကြပါတယ်။ အဲဒီ ပိုးမွှားတွေသေအောင်၊ ပြေးအောင်သုံးကြလို့ Mothballs လို့ခေါ်တာပါ။ ပရုတ်လုံးမှာ အဓိကပါဝင်ပစ္စည်းက Naphthalene မို့လို့ Naphthalene balls လို့လဲခေါ်ပါတယ်။ တစ်ချို့ပရုတ်လုံးမှာတော့ Paradichlorobenzene ပါပါတယ်။ Naphthalene နဲ့ Paradichlorobenzene တွေဟာ ပိုးမွှားသတ်ဆေး Insecticide or Pesticides တွေ ဖြစ်ပါတယ်။ […]
မိန်းကလေးများသို့ ပေးစာ (ဖတ်ကြည့်နော်)
မိန်းကလေးများသို့ ပေးစာ စိတ်ညစ်ညစ် ၊ ပျော်ပျော် လှလှပပ Smart ကျအောင်နေပါ။ဝင်ငွေထွက်ငွေ ကိုက်ညီချင့်ချိန်ပြီး စိတ်ချမ်းသာအောင် သုံးစွဲပါ ။ Stress တွေများလို့ ဝမ်းနည်းအသဲကွဲလို့ရင်ဖွင့်နေမယ့်အစား ခရီးသွားရင်း relax လုပ်ပါ။ တီထွင်ဆန်းသစ်မှုရှိပြီး သာလွန်ကောင်းမွန်တဲ့နေရာအတွက် ရည်မှန်းချက်ထားပါ။ အချိန်တွေကို အချစ်နဲ့ အမုန်းအကြားမှာပဲ ပုံချမထားပါနဲ့ သူများကိုယ့်ပေါ်ထားတဲ့ မလိုမုန်းထားအမြင်တွေအတွက် အချိန်ပေး မဖြေရှင်းပါနဲ့ ။ ချစ်ခင်သူတွေ ပေးတဲ့အကြံပေးချက်တွေကိုသာအလေးထားပါ။ Relationship ရှိသူတွေအတွက် သူရဲ့ အတိတ်လည်း စိတ်မဝင်စားနဲ့ ကိုယ့်ရဲ့အတိတ်တွေလည်း သင်ခန်းစာယူပြီးပြီဆိုတာနဲ့ နောက်ပြန်ရစ် ပြန်တွေးမနေနဲ့ ။Positve အတွေးသမားတွေနဲ့ အပေါင်းသင်းလုပ်ပါ ။Negative thinking သမားတွေနားကနေ ရှောင်ထွက်ပါ ။ ကိုယ်နဲ့မဆိုင် ၊ ကိုယ်မသိပဲ ကြားရုံကြားလိုက်တာလေးတွေနဲ့ ဝေဖန်ရေးလေကန်ရေး ၊ […]
အကို့အမေ က သိပ်ကိုတော်တဲ့အမျိုးသမီး သိပ်ကိုစိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီး…
ဒီနေ့ အကို ကျဆုံးတဲ့နေရာမှာရက်လည်လုပ်တယ် ကျွန်တော်အစောဆုံးရောက်သွားတယ် ယောင်လည်လည်နဲ့ပေါ့အကို့ အမေ ရောက်လာတယ် ကျွန်တော် သွားနူတ်ဆက်သင့်ပေမယ့် မသွားဘူးကျွန်တော်မှအားမပေးတတ်တာ အကို့အမေထက်အရင် ကျွန်တော်က ငိုမိနေမှာစိုးလို့ကျွန်တော်ငြိမ်ငြိမ်လေးပဲ ထိုင်နေတယိ အကို့အမေ က ကျွန်တော့်ဆီအရင် လာတယ် တည်တည်ငြိမ်ငြိမ်ပဲအကို ဒူးနာနေလို့ နည်းနည်းထော့နင်းနင်းဖြစ်နေတာကလွဲရင်ပေါ့ သမီး အငြိမ်းလားတဲ့ သမီးကိုအမေ ကျေးဇူးတင်လိုက်တာတဲ့ ကျွန်တော့်လက်ကိုကိုင်ပြီးပြောတယ် ကျွန်တော်မျက်ရည်တွေထိန်းမရခဲ့ဘူး အကို့အမေက ဆက်ပြောတယ် အငြိမ်းမငိုရဘူးတဲ့ အားတင်းထားတဲ့ သူတို့တွေက အမေတို့ကို ငိုစေချင်တာ အမေတို့ရင်ကွဲပက်လက်ဖြစ်တာကိုမြင်ချင်တာ သူတို့မြင်ချင်တဲ့ပုံစံကိုအမေတို့က မပြဘဲနေရမယ်တဲ့ အားတင်းထားရမယ်တဲ့ အငြိမ်းတို့က ဆက်တိုက်ရမယ်တဲ့ အခုလူတိုင်းက ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတဲ့အချိန်မှာ အမေသားကြောင့် တခြားသူတွေထပ်ပူလောင်တာကိုအမေမမြင်ချင်ဘူးတဲ့ ရက်လည်လုပ်တဲ့တောက်လျှောက်မှာ မျက်ရည်တစက်မှမကျခဲ့ဘူးဗျာ တခြားသူတွေကတော့ငိုကြတယ် အဲ့ငိုဲတဲ့သူတွေကို အကို့အမေက ပြန်လိုက်အားပေးနေတာများအကိုရယ် အကို့အမေရဲ့သွေးအပြည့်ရထားတဲ့အကို စိတ်ဓာတ်ခိုင်မာတယ် ဆိုတာ အံ့ဩစရာမရှိတော့ဘူး ဈာပနအခမ်းအနားမလုပ်တော့ဘူးတဲ့ […]
ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော် အစွမ်း
ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော် အစွမ်း ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော် မြန်မာဆေးကျမ်းများ အလိုအရ နလင်ကျော်သည် အေး၏။ အခိုးကို ပွင့်စေ၍ အဆိပ်ကိုနိုင်သည်။ (ဆေးဖက်အသုံးဝင်ပုံ) အသားခေါက်၊ အမြစ်ခေါက် (၁) ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်ကို (ဆားနှင့်)သွေး၍ လိမ်းပါက အခိုးပွင့်၍ သက်သာပျောက်ကင်းစေပါသည်။ (၂) ဖျားနာခြင်း၊ အညှော်မိခြင်း၊ အနာဝင်ခြင်း၊ ငန်းမန်းအားကြီးခြင်းအတွက် နလင်ကျော်ကို သွေး၍ သောက်ခြင်း၊ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ဝမ်းချုပ်ပါက နလင်ကျော်သွေးရည်ကို ဆားအနည်းငယ် […]









